Radio NUG 8th JAN 2023 8-30 PM


၂၀၂၃ ဇန်နဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဖက်ဆစ် စစ်တပ်ကို လက်နက်တပ်ဆင်ပေးနေတဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှ သပိတ်မှောက်ကြရန် NUG နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်းပြောကြား

📌 ၂။ နွေဦးတော်လှန်ရေးဟာ နှစ်ပေါင်း ၇၀ ကျော်ကြာ ကြီးစိုးခဲ့တဲ့ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းဖို့အတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၃။ တရားမဝင်နည်းလမ်းနဲ့အာဏာရယူထားတဲ့ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပခွင့်မရှိဘူးလို့ဆို

📌 ၄။ ဒီပဲယင်း ဆပ်ပြာကျင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကြောင်းဟာ ယနေ့မနက်မှာလည်း ကုန်းရိုးကျေးရွာကို မီးရှို့ဖျက်ဆီး

📌 ၅။ သုံးခွမြို့နယ် ကတုံးပေါ်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာ ရဲ ဦး သေဆုံး၍သေနတ်နှစ်လက်သိမ်းဆည်းရရှိ

📌 ၆။ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ မင်းရွာတွင် တပ်စွဲထားသောအကြမ်းဖက်စစ်တပ်အား MSPDF ထုတ်လက်လုပ်အီနာဂါများကို ဒရုန်းနဲ့ကြဲချ

📌 ၇။ စစ်ကိုင်းတပ်မ ၃၃ မှ မုံရွာဘက်သို့ထွက်ခွာလာသော စစ်ကားများကို ယနေ့မနက် မြင်းမူမြို့နှင်ဝမ်းပြည့်ကျေးရွာကြားဖောက်ခွဲတိုက်ခိုက်

📌 ၈။ အင်းတော်မြို့နယ် ပင်ဝယ်ရွာမှာရှိနေတဲ့ စကစတပ်များ တွဲကားနှစ်စီးထံမှ PDF အယောင်ဆောင်၍ ငွေကျပ် ၁၀ သိန်း သေနတ်ပြတောင်းယူခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဖက်ဆစ် စစ်တပ်ကို လက်နက်တပ်ဆင်ပေးနေတဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှ သပိတ်မှောက်ကြရန် NUG နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်းပြောကြား


ဇန်နဝါရီလအတွင်းမှာ စစ်တပ်ထုတ်ကုန်များနဲ့ပတ်သက်လို့ ဖက်ဆစ် စစ်တပ်ကို လက်နက်တပ်ဆင်ပေးနေတဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှ သပိတ်မှောက်ကြရန် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။ 


"ကျမတို့ ပြည်သူလူထုအနေနဲ့ ကျည်ကွယ်၊မျက်ကွယ်ကနေ လုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ ဒီလုပ်နိုင်တာတွေများစွာထဲက တစ်ခုကတော့ ဖက်ဆစ် စစ်တပ်ကို လက်နက်တပ်ဆင်ပေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ သူနဲ့ဆက်စပ် စီးပွားရေးလုပ်ငန်းမှန်သမျှကို ၊ထုတ်ကုန်မှန်သမျှကို မသုံးစွဲပဲနဲ့ ပြည်သူလူထုအနေနဲ့ သပိတ်မှောက်ပေးကြပါ။ ဆန့်ကျင်ပေးကြပါလို့ ပန်ကြားလိုပါတယ်"ဝန်ကြီးကဆိုပါတယ်။


 လက်ရှိမှာ အကြမ်းဖက် စစ်တပ်ရဲ့ ထုတ်ကုန်များဖြစ်တဲ့ မြန်မာဘီယာနဲ့ မိုင်တဲဆင်းကတ်၊ ငွေဖြည့်ကတ် စတဲ့ အရာများကို စစ်ကိုင်းတိုင်းအတွင်းသို့ ရောင်းဝယ်ဖောက်ကားသယ်ဆောင်ခွင့်အား ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ပင်တားမြစ်ထားပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးဟာ နှစ်ပေါင်း ၇၀ ကျော်ကြာ ကြီးစိုးခဲ့တဲ့ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းဖို့အတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


ဇန်နဝါရီ ရက် စစ်တပ်ထုတ်ကုန် သပိတ်မှောက်ရေး တိုက်တွန်းပြောကြားရာမှာပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုထည့်သွင်းပြောကြားလိုက်ပါတယ်။ 


"ဒီနေ့ ကျနော်တို့ရဲ့တော်လှန်ရေးဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော်ကြာကြီးစိုးခဲ့တဲ့ဘလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းဖို့အတွက် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ အသက်ဆက်ရန်အတွက် နောက်ဆုံးအခြေအနေ ရောက်ရှိနေပြီ ဖြစ်၍ စစ်တပ်ထုတ်ကုန်များကို မသုံးကြရန်လည်းဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၃။ တရားမဝင်နည်းလမ်းနဲ့အာဏာရယူထားတဲ့ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပခွင့်မရှိဘူးလို့ဆို


တရားမဝင်နည်းလမ်းနဲ့အာဏာရယူထားတဲ့ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပခွင့်မရှိဘူးလို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ကပြောပါတယ်။


ဇန်နဝါရီ ရက် Zomi Federal Union Information Session ရဲ့ ဆွေးနွေးပွဲမှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ကဆိုပါတယ်။


"ကိုယ်လိုချင်တဲ့ရလဒ်တစ်ခုမရတိုင်း အာဏာထသိမ်းတဲ့ စရိုက်ဆိုးကို ရိုက်ချိုးဖို့လိုနေပြီဖြစ်ပါတယ်။ နောက်တစ်ချက် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရွေးကောက်ပွဲဆိုတာ တရားမဝင်နည်းလမ်းနဲ့အာဏာရယူထားတဲ့ စစ်အုပ်စုက ကျင်းပခွင့်မရှိဘူးဆိုတာ ကျနော်တို့ခဏခဏပြောပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို တုံ့ပြန်မှုနဲ့ရှင်းလင်းတဲ့သတင်းစကား မကြာခင် ထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။


========================


📌📌 ၄။ ဒီပဲယင်း ဆပ်ပြာကျင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကြောင်းဟာ ယနေ့မနက်မှာလည်း ကုန်းရိုးကျေးရွာကို မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကြောင်းဟာ ယနေ့မနက်မှာလည်း ကုန်းရိုးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ရက် မနက်ပိုင်းမှာ စကစတပ်စစ်ကြောင်းဟာ ကုန်းရိုးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ကအတည်ပြုဆိုပါတယ်။


"ဆပ်ပြာကျင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စကစတပ်များဟာ ယနေ့မနက်အစောပိုင်းမှာ---အင်ဘုတ်ကျေးရွာမှတဆင့် ဝန်းရံ ကုန်းရိုးကျေးရွာဘက်ကို ဝင်ရောက်ပြီး ကုန်းရိုးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။


ဒီပဲယင်းမြို့နယ်တွင်း စကစတပ်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်း ကျေးရွာ ပေါင်း၂၂ ရွာ၌ အိမ်ခြေ စုစုပေါင်း ၂၉၀၀  ကျော် မီးရှို့ဖျက်စီးခဲ့ပြီး ၊ယခုအချိန်တွင် ဒီပဲယင်းမြို့နယ်၌ အာဏာသိမ်းပြီးချိန်မှစ၍ နေအိမ် စုစုပေါင်း ၄၂၀၀ ကျော် မီးရှို့ခံခဲ့ရပြီဖြစ်ကာ စစ်ကိုင်းတိုင်းအတွင်း ပျက်စီးဆုံးရှုံးမှု အများဆုံးမြို့နယ် ဖြစ်လာခဲ့ပါတယ်။


========================


📌📌 ၅။ သုံးခွမြို့နယ် ကတုံးပေါ်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာ ရဲ ဦး သေဆုံး၍သေနတ်နှစ်လက်သိမ်းဆည်းရရှိ


ရန်ကုန်တိုင်း သုံးခွမြို့နယ် ကတုံးပေါ်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာ ရဲ၃ဦး သေဆုံး၍သေနတ်နှစ်လက်သိမ်းဆည်းရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ရက် နံနက် နာရီအချိန်မှာ အဆိုပါရဲကင်းစခန်းကို တိုက်ခိုက်ခဲ့တာလို့ နယ်မြေခံသတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။


"ရဲတွေသေပြီး သေနတ်ပါသွားတယ်လို့ကြားတယ်"လို့ သုံးခွဒေသခံကအတည်ပြုဆိုပါတယ်။ သုံးခွမြို့နယ် ကတုံးပေါ်ကျေးရွာရဲကင်းစခန်းကို ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီးနောက်စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ မင်းရွာတွင် တပ်စွဲထားသောအကြမ်းဖက်စစ်တပ်အား MSPDF ထုတ်လက်လုပ်အီနာဂါများကို ဒရုန်းနဲ့ကြဲချ


မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ မင်းရွာတွင် တပ်စွဲထားသောအကြမ်းဖက်စစ်တပ်အား MSPDF ထုတ်လက်လုပ်အီနာဂါများကို ဒရုန်းနဲ့ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ရက်မှာ စစ်ရေးသတင်းကို စစ်ကိုင်းခရိုင်တပ်ရင်း အမှတ်()-MSPDF ကအတည်ပြုဆိုပါတယ်။


"ဇန်နဝါရီ ရက်နေ့ နေ့လည် နာရီမိနစ် ၃၀ အချိန်ခန့်တွင် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ မင်းရွာတွင် တပ်စွဲထားသောအကြမ်းဖက်မီးရှို့စစ်တပ်အားကျွန်ုပ်တို့စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်()-MSPDFနှင့်အတူ ညီနောင်မဟာမိတ်တပ်များပူးပေါင်း၍ MSPDFထုတ်လက်လုပ်အီနာဂါများဖြင့်ဝေဟင်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုက်ခိုက်မှုမှာ စကစတပ်များ ထိခိုက်သေဆုံးမှုကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။


စစ်ဆင်ရေးကိုစစ်ကိုင်းခရိုင်တပ်ရင်းအမှတ်()-MSPDF CDSOM အနောက်ပိုင်းတိုက်ခိုက်ရေး(001)တပ်ခွဲ၊-ပခုက္ကူခရိုင် တပ်ရင်း(10) ခွဲ(3)PHOENIX အထူးပြောက်ကျားတပ်ဖွဲ့ - ရေစကြို၊အညာသားပြောက်ကျားတပ်ဖွဲ့၊ရဲဘော်ညီနောင်တပ်ဖွဲ့ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၇။ စစ်ကိုင်းတပ်မ ၃၃ မှ မုံရွာဘက်သို့ထွက်ခွာလာသော စစ်ကားများကို ယနေ့မနက် မြင်းမူမြို့နှင်ဝမ်းပြည့်ကျေးရွာကြားဖောက်ခွဲတိုက်ခိုက်


စစ်ကိုင်းတပ်မ ၃၃ မှ မုံရွာဘက်သို့ထွက်ခွာလာသော စစ်ကားများကို ယနေ့မနက် မြင်းမူမြို့နှင်ဝမ်းပြည့်ကျေးရွာကြားဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ရက် နံနက် နာရီ ၄၇ မိနစ်အချိန်တွင် စစ်ကိုင်းတပ်မ ၃၃ မှ မုံရွာဘက်သို့ထွက်ခွာလာသောစစ်ကားများကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ People's Army To Fight Dictatorship(PAFD) ကအတည်ပြုဆိုပါတယ်။


"ဇန်နဝါရီလ ရက်နံနက် နာရီ ၄၇ မိနစ်အချိန်တွင်စစ်ကိုင်းတပ်မ ၃၃ မှ မုံရွာဘက်သို့ထွက်ခွာလာသော စစ်ကား တစ်စီးလျှင် ၃၀ ခန့်မျှပါသော စစ်ကားနှစ်စီးအနက် နောက်တစ်စီးအားမြင်းမူမြို့နှင်ဝမ်းပြည့်ကျေးရွာကြားတွင် အထူးပြုလုပ်ထားသောပြင်းအားမိုင်းဖြင့်တိုက်ခိုက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


တော်လှန်ရေးရဲဘော်များ၏တိုက်ခိုက်မှုကြောင့် ကားမှာမိုင်းထိပျက်စီး၍ ရှေ့သို့ဆက်မမောင်းနိုင်တော့ပဲ ထိုးရပ်သွားကာထိုပျက်စီးနေသောကားနှင့်သေဆုံးဒဏ်ရာရသူများကိုမြင်းမူမြို့ရှိစစ်များမှကားတစ်စီးဖြင့်မိုးကာအုပ်၍လာရောက်သယ်ယူသွားတယ်လို့အတည်ပြုဆိုပါတယ်။


စစ်ဆင်ရေးကို People's Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU).People's Knight Defense Force Myinmu(PKDF.MMU).TAUNGTHA People  DefenseForce(TTAPDF).D.B.B.F.MMUမဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၈။ အင်းတော်မြို့နယ် ပင်ဝယ်ရွာမှာရှိနေတဲ့ စကစတပ်များ တွဲကားနှစ်စီးထံမှ PDF အယောင်ဆောင်၍ ငွေကျပ် ၁၀ သိန်း သေနတ်ပြတောင်းယူခဲ့


ဇန်နဝါရီ ရက်နေ့မှာ အင်းတော် တော်လှန်ရေးအင်အားစုကအခုလိုအတည်ပြုဆိုပါတယ်။


"မနေ့ညနေ နာရီအချိန်တွင် ပင်ဝယ်ရွာမှာရှိနေသော စကစတပ်များဟာ တွဲကား၂ စီးထံမှ pdf အယောင်ဆောင်ကာသေနတ်ဖြင့် ချိန်ပြီး ပိုက်ဆံ ၁၀ သိန်း ဓားပြတိုက်တောင်းယူသွားကြောင်းသိရပါတယ်"လို့ဖော်ပြပါတယ်။ ခရီးသွား ကားဆရာများအနေနဲ့ စကစတပ်လမ်းကြောင်းတွေကို ထောက်လှမ်းပြီး ဂရုစိုက်သွားလာကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment