11th FEB 2023 - Evening Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးစံရိပ်မွန် တန်ဖိုးသင့်တိုက်ခန်းများအတွက် ငွေပေးချေထားသော အတည်ပြုအမှာစာ ၆၅၀၀ ကျော်နေ၍ စုစုပေါင်းတိုက်ခန်းရေ တစ်သောင်း (၁၀,၀၀၀) အထိ တိုးမြှင့် ရောင်းချပေးသွားမယ်

📌 ၂။ တော်လှန်ရေးအတွက် ထန်တလန်က ပေးထားရတဲ့ အရင်းအနှီးကြီးမား၍ ပါဝင်နိူင်တဲ့ဘက်က ပါဝင်ကူညီရန် ဒုဝန်ကြီး မော်ထွန်းအောင်တိုက်တွန်း

📌 ၃။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အင်္ကုက္ကားတွင်တပ်စွဲထားသော ပျူစခန်းကို ကာကွယ်ရေးတပ်များ ယမန်နေ့ညကတိုက်ခိုက်၍ စကစတပ်နဲ့ပျူ ၁၅ ဦးခန့်သေဆုံး

📌 ၄။ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာရသူ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်များဖြစ်တယ်လို့ ယူနီဆတ်မြန်မာထုတ်ပြန်

📌 ၅။ လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် ရှိ Myanmar Cincerece Co,ltd အထည်ချုပ်စက်ရုံမှာ အလုပ်သမားများကို ဖိနှိပ်မှုများလုပ်ဆောင်နေ

📌 ၆။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာစစ်တပ်နှင့် ဆက်စပ်အဖွဲ့များက နိုင်ငံတစ်ဝှမ်းရှိ အရပ်သားအိမ်ခြေ ၅၅၄၈၄ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးစံရိပ်မွန် တန်ဖိုးသင့်တိုက်ခန်းများအတွက် ငွေပေးချေထားသော အတည်ပြုအမှာစာ ၆၅၀၀ ကျော်နေ၍ စုစုပေါင်းတိုက်ခန်းရေ တစ်သောင်း (၁၀,၀၀၀) အထိ တိုးမြှင့် ရောင်းချပေးသွားမယ်


နွေဦးစံရိပ်မွန် တန်ဖိုးသင့်တိုက်ခန်းများနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ၁၀ရက်နေ့မှာ စီမံကိန်းဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိူင်က အခုလိုညထပ်မံ အသိပေးဖော်ပြလိုက်ပါတယ်။


"ဖေဖော်ဝါရီ ၁၁ ရက်နေ့ အရောင်းစတင်မယ့် နွေဦးစံရိပ်မွန် တန်ဖိုးသင့်တိုက်ခန်းများအတွက် ငွေပေးချေထားသော အတည်ပြုအမှာစာ ၆၅၀၀ ကျော်ရရှိထားပြီး ဖြစ်ပါတယ်။ မူလရည်မှန်းချက်ထက် များစွာသာလွန်သော ပမာဏပါ။တော်လှန်ပြည်သူတို့ရဲ့ နွေဦးပန်းတိုင်ရောက်သည်အထိ ချီတက်မယ့် ဆုံးဖြတ်ချက်ကို ပြတ်သားရှင်းလင်းစွာ ပြသနေတာကြောင့် စုစုပေါင်းတိုက်ခန်းရေ တစ်သောင်း(၁၀,၀၀၀) အထိ တိုးမြှင့် ရောင်းချပေးသွားပါမယ်။ နွေဦးစံရိပ်မွန်အိမ်ယာများတွင် နောက်ဆုံးတိုးမြှင့်ခြင်းဖြစ်ပါတယ်ကိုယ်စားလှယ်များမှ ငွေလက်ခံရရှိထားပြီးသား စာရင်းများကို အသုတ်လိုက် အလှည့်ကျ စာရင်းသွင်းမှာဖြစ်လို့ ရက်အပိုင်းအခြားအလိုက် confirmation email ရောက်လာနိုင်ပါတယ်"လို့ဆိုပါတယ်။


နွေဦးစံရိပ်မွန် တန်ဖိုးသင့်တိုက်ခန်းများကို ရန်ကုန်တိုင်း မဂ်လာဒုံ၊တောင်ဒဂုံ၊ လှိုင်သာယာ မြို့နယ်သုံးခုရှိ စစ်တပ်ပိုင်မြေနေရာများမှာ စီမံကိန်းအကောင်အထည်ဖော်ဆောင် တည်ဆောက်သွားမှာဖြစ်ပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးအတွက် ထန်တလန်က ပေးထားရတဲ့ အရင်းအနှီးကြီးမား၍ ပါဝင်နိူင်တဲ့ဘက်က ပါဝင်ကူညီရန် ဒုဝန်ကြီး မော်ထွန်းအောင်တိုက်တွန်း


ဖေဖော်ဝါရီ ၁၁ ရက်


တော်လှန်ရေး အတွက် ထန်တလန် က ပေးထားရတဲ့ အရင်းအနှီးကြီးမား၍ ပါဝင်နိူင်တဲ့ဘက်က ပါဝင်ကူညီရန် ဒုတိယဝန်ကြီး မော်ထွန်းအောင်က ဖေဖော်ဝါရီ ၁၁ ရက်မှာ တိုက်တွန်းဆိုထားပါတယ်။


"တော်လှန်ရေး အတွက် ထန်တလန် က ပေးထားရတဲ့ အရင်းအနှီးကြီးပါဘိ။ကိုယ်က အလုပ်အကိုင်နဲ့ မိသားစုနဲ့ အခြေမပျက်လိုလို့ တော်လှန်ရေး ကိုအပြစ်မြင်လာမယ်ဆိုရင် ဒါလေးက reminder ဖြစ်ပြီး ကိုယ်ပါဝင်နိုင်တဲ့ပမာဏ ကနေ မပြတ်တမ်းပါဝင်နေဖို့ပါပဲ"လို့ ဆိုပါတယ်။ အိမ်ခြေ ၂၀၀၀ ကျော်ရှိသော ချင်းပြည်နယ် ထန်လန်မြို့ကို အကြမ်းဖက်စစ်တပ်ဟာ ၁၅ ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အင်္ကုက္ကားတွင်တပ်စွဲထားသော ပျူစခန်းကို ကာကွယ်ရေးတပ်များ ယမန်နေ့ညကတိုက်ခိုက်၍ စကစတပ်နဲ့ပျူ ၁၅ ဦးခန့်သေဆုံး


ဖေဖော်ဝါရီ ၁၁


စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အင်္ကုက္ကားတွင်တပ်စွဲထားသော ပျူစခန်းကို ကာကွယ်ရေးတပ်များ ယမန်နေ့ညကတိုက်ခိုက်၍ စကစတပ်နဲ့ပျူ ၁၅ဦးခန့်သေဆုံးခဲ့ကြောင်းကို ဖေဖော်ဝါရီ၁၁ရက်မှာ တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတည်ပြုဆိုပါတယ်။


ဖေဖော်ဝါရီ ၁၀ ရက် ၁၂ နာရီအချိန် တန့်ဆည်နယ်တွင် အခိုင်အမာတပ်စွဲထားသောအင်္ကုက္ကားစကစတပ်နဲ့ပျူအထိုင်စခန်းအား တန့်ဆည် PDF တပ်ရင်းများ၊ LDF များ၊လက်နက်ကြီး အဖွဲ့များ၊တန့်ဆည်ပ.က. များ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ပွဲဲကြာချိန် တစ်နာရီနီးပါးကြာမြင့်ပြီး တိုက်ပွဲတွင်းစကစတပ်က ()ဦးနှင့် ပျူ()ဦးသေဆုံးခဲ့ပြီး ဒါဏ်ရာရသူအများအပြားရှိကာ ကာကွယ်ရေးအဖွဲ့ဖက်မှ PDF ရဲဘော်တစ်ဦးနှင့် .က. ရဲဘော်တစ်ဦးကျဆုံးခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ်၊နှစ်လအတွင်း ဒုတိယအကြိမ်မြောက် ပျူ စခန်း သိမ်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာရသူ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်များဖြစ်တယ်လို့ ယူနီဆတ်မြန်မာထုတ်ပြန်


ဖေဖော်ဝါရီ ၁၁ ရက်။


ဖေဖော်ဝါရီလအတွင်းမှာ ယူနီဆတ်မြန်မာကအခုလို သတင်းထုတ်ပြန်ဖော်ပြခဲ့ပါတယ်။


"မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာရသူ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်များဖြစ်ကြပါတယ်။မြန်မာနိုင်ငံမှာဖြစ်စေ၊ အခြားမည်သည့်နေရာမှာဖြစ်စေ ကလေးသူငယ်တွေဟာ ဘယ်သောအခါမှ မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်နစ်နာရတဲ့သူတွေ မဖြစ်သင့်ပါဘူး။ မြေမြှုပ်မိုင်းအသုံးပြုမှုကို အခုပဲ ရပ်တန့်ဖို့လိုပါတယ်"လို့ဖော်ပြထားပါတယ်။


စစ်တပ်အာဏာလုယူပြီးနောက်ပိုင်း အရပ်သားများနေထိုင်ရာ ကျေးရွာများအတွင်းသို့ မြေမြုပ်မိုင်းများ ထောင်ထားခဲ့၍ မကြာခဏတက်နင်းပေါက်ကွဲကာ အရပ်သားသေဆုံးမှုတို့ရှိခဲ့ပါတယ်။


========================


📌📌 ၅။ လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် ရှိ Myanmar Cincerece Co,ltd အထည်ချုပ်စက်ရုံမှာ အလုပ်သမားများကို ဖိနှိပ်မှုများလုပ်ဆောင်နေ


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် ရှိ Myanmar Cincerece Co,ltd အထည်ချုပ်စက်ရုံမှာ အလုပ်သမားများကို ဖိနှိပ်မှုများလုပ်ဆောင်နေတယ်လို့ ဖေဖော်ဝါရီ၁၁ရက်မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWM ကအသိပေးဆိုပါတယ်။


"ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် ဆိပ်ကမ်းသာလမ်း အမှတ် ၇၀ Myanmar Cincerece Co,ltd အထည်ချုပ်စက်ရုံသည် စက်လိုင်း ၁၂ လိုင်း စက်ရုံရှိ လူဦးရေ ၈၅၀ နဲ့လည်ပတ်နေပြီး အဓိကချုပ်လုပ်နေတဲ့ ကုန်အမှတ်တံဆိပ်မှာ  AMERICAN HOLIC ဖြစ်ပါတယ်။လုပ်ငန်းခွင်အတွင်းအထည်စံချိန်မပြည့်ရင် ဝမ်တိန်ထိုးရမယ် အလုပ်ထုတ်မယ်လို့ စူပါတွေက ဖိအားပေး ခိုင်းစေနေပြီး မန်နေဂျာ ဒေါ်အေးသီတာဆန်း သည် ဝန်ထမ်းတွေကို အော်ဟစ်ရိုင်းပြစွာ ပြောဆိုပြီး အလုပ်သမားတွေ ကျွမ်းကျင်မှု  အလိုက် အထည်စံချိန်မပြည့်ရင် ဝမ်တိန်ထိုးပြီး အလုပ်ထုတ်မယ်လို့ ကြော်ငြာထားပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ထမင်းစားဆောင်မှာ ထမင်းစားခုံမရှိလို့ နေစဉ် မြေပြင်မှာထမင်းထိုင်စားနေရတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWM မှ သိရပါတယ်။ အောစူပါက အလုပ်သမားတွေကို အထည်ချုပ်ရာမှာ အထည်နဲ့ပစ်ပေါက်ပြီး အော်ဟစ်ဆဲဆိုတာ နားမခံနိုင်သည့်အတွက် မနက်မိုးလင်းအလုပ်ဝင်ရမဲ့အချိန်ကိုအလုပ်သမားများဟာ ကြောက်နေရတယ်လို့ပြောပါတယ်။


========================


📌📌 ၆။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာစစ်တပ်နှင့် ဆက်စပ်အဖွဲ့များက နိုင်ငံတစ်ဝှမ်းရှိ အရပ်သားအိမ်ခြေ ၅၅၄၈၄ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့


ဖေဖော်ဝါရီ ၁၁ ရက်။


ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ Data for Myanmar ကအခုလိုအသိပေးဖော်ပြပါတယ်။


"၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာစစ်တပ်နှင့် ဆက်စပ်အဖွဲ့များက နိုင်ငံတစ်ဝှမ်းရှိ အရပ်သားအိမ်ခြေ ၅၅၄၈၄ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်"လို့ဆိုပါတယ်။


ထိုအထဲမှာစစ်ကိုင်းတိုင်းဒေသကြီးတွင် အိမ်ခြေ ၄၃၂၉၂ လုံး၊ မကွေးတိုင်း ဒေသကြီးတွင် ၈၈၆၃ လုံး၊ ချင်းပြည်နယ်တွင် ,၄၈၄ လုံးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အိမ်ခြေ ၁၈၄၅ လုံးတို့ဆုံးရှုံးခဲ့ရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ချင်းပြည်နယ်တို့ရှိ အရပ်သားနေအိမ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး အရပ်သားများကိုလည်း အကြောင်းမဲ့သတ်ဖြတ်မှုတို့ရှိခဲ့ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment