၂၀၂၃ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။၂၀၂၃ ခုနှစ် ဟာ စစ်အာဏာရှင်စနစ်ရဲ့ နိဂုံးဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ အားထုတ်ကြိုးပမ်းနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ NUG နိူင်ငံခြားရေးဝန်ကြီးဌာနရုံး ဝါရှင်တန်ဒီစီရုံးဖွင့်လှစ်
📌 ၃။ တိုင်းဒေသကြီးတွေမှာ ၇၀ ရာခိုင်နှုန်းလောက်ထိန်းချုပ်ထားနိုင်တဲ့မြို့၇၃ မြို့ရှိနေပြီလို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အသိပေးဆို
📌 ၄။ စစ်ပွဲတွေကြားက ကလေးတွေအတွက် အစွမ်းရှိသမျှကြိုးပမ်းလုပ်ဆောင်သွားကြဖို့ လူ့အခွင့်ရေးရာဝန်ကြီးတိုက်တွန်း
📌 ၅။ "အသွင်ကူးပြောင်းကာလ နစ်နာခဲ့တဲ့ လူတွေအတွက် ရာဇဝတ်ကောင်တွေကို အပြစ်ပေးအရေးယူဖို့လိုအပ်တယ်လို့ တရားရေးဝန်ကြီး ဦးသိန်းဦးပြောကြားလိုက်
📌 ၆။ အမေရိကန်လွှတ်တော်အမတ် Ted W. Lieu နဲ့ NUG လူ့အခွင့်ရေးရာဝန်ကြီးဌာန အကြံပေးတို့တွေ့ဆုံ
📌 ၇။ မြန်မာဒုက္ခသည် အရေး မဲဆောက်နဲ့ ဘန်ကောက်ရှိ UNHCR ရုံး တပြိုက်နက်တည်း ဆန္ဒပြခံရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။၂၀၂၃ ခုနှစ် ဟာ စစ်အာဏာရှင်စနစ်ရဲ့ နိဂုံးဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ အားထုတ်ကြိုးပမ်းနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
ဖေဖော်ဝါရီ ၁၃
ဖေဖော်ဝါရီ ၁၂ ရက်ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၆) နှစ်မြောက် အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကအခုလိုထည့်သွင်း ပြောဆိုခဲ့ပါတယ်။
"၂၀၂၃ ဟာ စစ်အာဏာရှင်စနစ်ရဲ့ နိဂုံးဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း စစ်ရေး အုပ်ချုပ်ရေး နိုင်ငံခြားရေး ဘဏ္ဍာရှာဖွေရေး ကဏ္ဍအသီးသီးကို One Year Plan အနေနဲ့ ချမှတ်ပြီး ဘက်ပေါင်းစုံ တပြိုင်နက် အားထုတ်ကြိုးပမ်းနေသလို ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်တွေကို ပြည်သူတွေအနေနဲ့ မှန်မှန်ကန်ကန် သတင်းရရှိနိုင်အောင်၊ တစ်ဖက်က အကြမ်းဖက်စစ်ကောင်စီရဲ့ ယုတ်မာရက်စက်မှု လူမဆန်မှုတွေကို ပြည်တွင်းတင်မက နိုင်ငံတကာအဖွဲ့အစည်းများကပါ သိရှိနိုင်အောင် သတင်းပြန်ကြားရေးကဏ္ဍကလည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်ဆိုတာကိုလည်း အသိပေး ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ စစ်ရေးအရ အထိနာကျဆုံးလျက်ရှိပြီး သံတမာန်ရေးမှာလည်း အသိအမှတ်ပြုမှုမရှိသလောက်ဖြစ်နေပါတယ်။
========================
📌📌 ၂။ NUG နိူင်ငံခြားရေးဝန်ကြီးဌာနရုံး ဝါရှင်တန်ဒီစီရုံးဖွင့်လှစ်
ဖေဖော်ဝါရီ ၁၃
NUG နိူင်ငံခြားရေးဝန်ကြီးဌာနရုံး ဝါရှင်တန်ဒီစီရုံးကို ဖေဖော်ဝါရီ၁၃ရက် ညနေပိုင်းမှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း အသိပေးဖော်ပြခဲ့ပါတယ်။ ရုံးခန်းဖွင့်လှစ်ခြင်းကို NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ပြည်ထောင်စုဝန်ကြီးများ၊ နိူင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့တက်ရောက်ခဲ့ပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရကို သံတမာန်ရေးရာအရ အသိအမှတ်ပြု၍ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခွင့်ပြုရာတွင် ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ ချက်နိူင်ငံ၊နော်ဝေနိူင်ငံနဲ့ သြစတြေးလျနိူင်ငံတို့ပါဝင်ပါတယ်။
========================
📌📌 ၃။ တိုင်းဒေသကြီးတွေမှာ ၇၀ ရာခိုင်နှုန်းလောက်ထိန်းချုပ်ထားနိုင်တဲ့မြို့၇၃ မြို့ရှိနေပြီလို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အသိပေးဆို
ဖေဖော်ဝါရီ ၁၃ ရက်။
ဖေဖော်ဝါရီ ၁၂ ရက် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တကမ္ဘာလုံးရှိ ပြည်သူလူထု၊ အွန်လိုင်းတွေ့ဆုံမေးမြန်းပွဲ၏ ဒုတိယမြောက်နေ့ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က အခုလိုအသိပေး ဆိုခဲ့ပါတယ်။
" စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းဒေသတွေမှာ မြို့တွေကို ၇၀ ရာခိုင်နှုန်းလောက်ထိန်းချုပ်ထားနိုင်တဲ့မြို့စုစုပေါင်း ၇၃ မြို့လောက် ရှိပါပြီ”လို့ဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင် ထိန်းချုပ်မှုရရှိထားတဲ့နယ်မြေတွေကို စစ်ကောင်စီတပ် စစ်ကြောင်းများထိုးဖောက်ဖို့ခက်ခဲပြီး လက်နက်ကြီး၊ လေကြောင်းပစ်ကူများနဲ့သာ တိုက်ခိုက်နိူင်တော့တယ်လို့ ပြည်ထဲရေးဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၄။ စစ်ပွဲတွေကြားက ကလေးတွေအတွက် အစွမ်းရှိသမျှကြိုးပမ်းလုပ်ဆောင်သွားကြဖို့ လူ့အခွင့်ရေးရာဝန်ကြီးတိုက်တွန်း
ဖေဖော်ဝါရီ ၁၃
စစ်ပွဲတွေကြားက ကလေးတွေအတွက် အစွမ်းရှိသမျှကြိုးပမ်းလုပ်ဆောင်သွားကြဖို့လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက ဖေဖော်ဝါရီ ၁၃ ရက် ကလေးများနေ့မှာ တိုက်တွန်း ပြောကြားထားပါတယ်။
"ဒီနေ့ဟာမြန်မာနိုင်ငံကလေးများနေ့ပါ။စစ်ပွဲတွေကြားက ကလေးတွေ၊မိသားစုနဲ့ ဝေးနေရတဲ့ ကလေးတွေ၊စစ်ရှောင်ရွာပုန်းတွေက ကလေးတွေ၊ဗုံးသံ၊ လက်နက်ကြီးသံ လေယာဥ်သံကြားက ကလေးတွေရဲ့ဘဝတွေအတွက်
အစွမ်းရှိသမျှကြိုးပမ်းလုပ်ဆောင်သွားကြပါစို့"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာကလေးငယ်များအပါအဝင် မြန်မာနိုင်ငံရှိ လူဦးရေ ၁.၅ သန်းကျော်ဟာ မိမိတို့ရဲ့ နေအိမ် အသိုက်အဝန်းတွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ယူနီဆတ်မြန်မာကထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ "အသွင်ကူးပြောင်းကာလ နစ်နာခဲ့တဲ့ လူတွေအတွက် ရာဇဝတ်ကောင်တွေကို အပြစ်ပေးအရေးယူဖို့လိုအပ်တယ်လို့ တရားရေးဝန်ကြီး ဦးသိန်းဦးပြောကြားလိုက်
ဖေဖော်ဝါရီ ၁၃ ရက်။
"အသွင်ကူးပြောင်းကာလ နစ်နာခဲ့တဲ့ လူတွေအတွက် ရာဇဝတ်ကောင်တွေကို အပြစ်ပေးအရေးယူဖို့လိုအပ်တယ်လို့ တရားရေးဝန်ကြီး ဦးသိန်းဦးက ဖေဖော်ဝါရီ၁၂ရက်အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တကမ္ဘာလုံးရှိ ပြည်သူလူထု၊ အွန်လိုင်းတွေ့ဆုံမေးမြန်းပွဲ၏ ဒုတိယမြောက်နေ့ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ပြောဆိုခဲ့တာပါ။
"အသွင်ကူးပြောင်းကာလ အမှန်တရားပေါ်ပေါက်ရေးပေါ့။နစ်နာခဲ့တဲ့လူတွေအတွက် မေ့ပျောက်လို့မရပါဘူး။ဒါကြောင့်အမှန်တရားပေါ်ပေါက်ရေး လုပ်ငန်းစဥ်မှာ ကော်မရှင်တွေဖွဲ့စည်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ ထိခိုက်နစ်နာအောင် လုပ်ခဲ့တဲ့ရာဇဝတ်ကောင်တွေကို ကျနော်တို့အပြစ်ပေးအရေးယူဖို့လိုပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်း သုံးထောင်နီးပါး သတ်ဖြတ်ခဲ့ပြီးလူပေါင်း တစ်သောင်း ကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
========================
📌📌 ၆။ အမေရိကန်လွှတ်တော်အမတ် Ted W. Lieu နဲ့ NUG လူ့အခွင့်ရေးရာဝန်ကြီးဌာန အကြံပေးတို့တွေ့ဆုံ
ဖေဖော်ဝါရီ ၁၃ ရက်
ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အမေရိကန်လွှတ်တော်အမတ် Ted W. Lieuနဲ့NUG လူ့အခွင့်ရေးရာဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးတို့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။
"အမေရိကန်လွှတ်တော်အမတ် Ted W. Lieu တွေ့ဆုံပြီး ရိုဟင်ဂျာအပါအဝင်လူနည်းစုအရေး ၊ လူ့အခွင့်အရေးအခြေအနေ နှင့်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအလိမ်အညာကြောင်းတွေဆွေးနွေးဖြစ်ခဲ့တယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်ဟာ ရခိုင်ပြည်နယ်မှာ လူနည်းစုများအပေါ် ဖယ်ရှားရှင်းလင်းခဲ့မှုတို့ရှိခဲ့ပြီး ၄င်းလူနည်းစုများဟာ ဘဂ်လားဒေ့ရှ်နိူင်ငံသို့ထွက်ပြေးတိမ်းရှောင်မှုတို့ရှိခဲ့ပါတယ်။
========================
📌📌 ၇။ မြန်မာဒုက္ခသည် အရေး မဲဆောက်နဲ့ ဘန်ကောက်ရှိ UNHCR ရုံး တပြိုက်နက်တည်း ဆန္ဒပြခံရ
ဖေဖော်ဝါရီ ၁၃
မြန်မာဒုက္ခသည် အရေး မဲဆောက်နှင့်ဘန်ကောက်ရှိ UNHCR ရုံးတို့ တပြိုက်နက်တည်းဆန္ဒပြခံရတယ်လို့ ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်းမှာ Maesot Refugee Voiceမှသိရပါတယ်။
"ဟုတ်ပါတယ်။ ကျနော်တို့ ဒီနေ့မနက်လှုပ်ရှားတာမှာ ဘန်ကောက်က refugeeအကိုတစ်ယောက်က သူလည်းပါချင်တယ်။မြန်မာဒုက္ခသည်တွေ ခံစားနေရတာ ရင်ဘတ်ချင်းတူတယ်လို့ဆိုတာနဲ့ ကျနော်တို့တစ်ပြိုင်နက်တည်းလှုပ်ရှားဖြစ်ပါတယ်။မဲဆောက်ရုံးမှာတော့ ရုံးအဖွဲ့ကားနဲ့အထွက် သူတို့လူကြီးတွေမြင်သွားတယ်ဗျ။ ကားထဲကနေလေ"လို့ Maesot Refugee Voice အဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။
ထိုင်းနိူင်ငံ မဲဆောက် အချုပ်ထောင်ရှေ့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ်ရှေ့ကိုလည်း Maesot Refugee Voiceက လှုပ်ရှားခဲ့ပါသေးတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment