25th FEB 2023 - Morning Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၂။ CDM တွေကို ချီးမြှောက်ဖို့အတွက်  စဉ်းစားထားပြီးသား ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို

📌 ၃။သဘာဝဘေးအန္တရာယ်များနှင့် ဘေးအန္တရာယ်‌ဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေများ လျှော့ချခြင်း (Disaster Risk Reduction)” ဆွေးနွေးပွဲကျင်းပမယ်

📌 ၄။ အကြမ်းဖက် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း (၄၇) မြို့နယ်ထိရှိလာ

📌 ၅။ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) နှစ်ပတ်လည် အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အား ဖိတ်ကြားမှုအပေါ် ရုပ်သိမ်းရန်တောင်းဆို

📌 ၆။ aungpwe appက ဝင်ငွေတိုးလာပြီး တစ်ရက်ထဲ ဆယ်သိန်းကျော်ရရှိ

📌 ၇။ ရွှေဘိုမြစ်ကြီးနား လမ်းမကြီးပေါ်ရှိ စံပယ်နံ့သာစကစတပ်အထိုင်စခန်းအား လက်နက်ကြီးဖြင့် တိုက်ခိုက်

📌 ၈။ မုံရွာမြို့ ညောင်ပင်ဆောက် လဝက ရုံးတွင်တပ်စွဲထားသော  စကစ များကို RPG-7 ဖြင့်အလစ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်က လေးဦးပွဲချင်းပြီးသေဆုံး

📌 ၉။ သင်္ကြန်ကာလ ရန်ကုန်မြို့တွင် ကျင်းပမည့် Rangoon Thingyan Festival တွင် ပါဝင်မည့် Yellow Claw အဖွဲ့အား ပြည်သူလူထုအနေဖြင့် ကန့်ကွက်စာပေးပို့ကြပါရန် YRF က တောင်းဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (/၂၀၂၃) ကို ဖေဖော်ဝါရီ ၂၄ ရက်  နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါတယ်။


အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ() နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်  အခက်အခဲများနှင့် သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ CDM တွေကို ချီးမြှောက်ဖို့အတွက်  စဉ်းစားထားပြီးသား ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို


CDM တွေကို ချီးမြှောက်ဖို့အတွက်  စဉ်းစားထားပြီးသား ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆိုပါတယ်။ ဖေဖော်ဝါရီလအတွင်း လူထုတွေ့ဆုံပွဲမှာ ပညာရေးဝန်ကြီးက အသိပေးဆိုပါတယ်။


“CDM / Non CDM မူဝါဒ နဲ့ပတ်သက်ပြီး တစ်ခါတည်းပြောပြထားပါမယ်။ CDM တွေကို ချီးမြှောက်ဖို့ အတွက် အထူးပြောစရာမလိုဘူး သူတို့ဘဝ နောင်အနာဂတ်လုံခြုံဖို့အတွက် သားသမီးတွေအတွက် စဉ်းစားထားပြီးသားဖြစ်တယ်"လို့ဆိုပါတယ်။ 


ဒါ့အပြင် CDM နဲ့ပတ်သက်သော မူဝါဒကို ဥပဒေအဖြစ်ပြောင်းလဲသွားမှာဖြစ်ပြီးတော့ Non CDM အားလုံးကို အရေးယူဆောင်ရွက်သွားမှာမဟုတ်ဘဲ ခံဝန်များလည်း ပါဝင်မှာဖြစ်တယ်လို့ ဝန်ကြီးကဆိုထားပါတယ်။


========================


📌📌 ၃။သဘာဝဘေးအန္တရာယ်များနှင့် ဘေးအန္တရာယ်‌ဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေများ လျှော့ချခြင်း (Disaster Risk Reduction)” ဆွေးနွေးပွဲကျင်းပမယ်


သဘာဝဘေးအန္တရာယ်များနှင့် ဘေးအန္တရာယ်‌ဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေများ လျှော့ချခြင်း (Disaster Risk Reduction)” ဆွေးနွေးပွဲကျင်းပမယ်လို့ သတင်းရရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှသဘာဝဘေးအန္တရာယ်များနှင့် ဘေးအန္တရာယ်‌ဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေများ လျှော့ချခြင်း (Disaster Risk Reduction)” ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ (တနင်္ဂနွေနေ့) မြန်မာစံတော်ချိန် () နာရီတွင် ကျင်းပသွားမှာဖြစ်ပါတယ်။


ဆွေးနွေးပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများ၊ ဘေးအန္တရာယ်‌ဆိုင်ရာ ထိခိုက် ဆုံးရှုံးနိုင်ခြေများ လျှော့ချခြင်း၏ အရေးပါပုံများနှင့် တစ်ဦးတစ်ယောက်မှစ၍ မည်သို့မည်ပုံ ပါဝင်နိုင်သည်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပြင်ပပညာရှင်တစ်ဦးတို့မှ ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်။


ဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန Ministry of Natural Resources and Environmental Conservation - NUG လူသားချင်း စာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန Ministry of Humanitarian Affairs and Disaster Management - NUG Public Voice Television Radio NUGတို့၏ Facebook စာမျက်နှာတို့တွင် တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း (၄၇) မြို့နယ်ထိရှိလာ


အကြမ်းဖက် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း (၄၇) မြို့နယ်ထိ ရှိလာတယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်မှာ Data for Myanmar က အသိပေးဖော်ပြပါတယ်။


"စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ ဝက်လက်နဲ့ အရာတော်မြို့နယ်တွေကို  စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့  စစ်ကောင်စီက  ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အဲဒါကြောင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ထိ အခြေအနေအရ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း (၄၇) မြို့နယ် ရှိလာပြီ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။


ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစိုးရအဖွဲ့အစည်းအဝေးတွင်ပြောကြားချက်အရလည်း-"စစ်ကောင်စီဟာ နယ်မြေထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့ ဒေသတွေမှာ စစ်အုပ်ချုပ်ရေးနဲ့ စစ်ဖက်တရားစီရင်ရေးကို ပြဌာန်းတယ်လို့ပြောပြီး ပြည်သူတွေကို အနိုင်ကျင့်ခြိမ်းခြောက်မှုတွေ၊ ရက်စက်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ ပြည်သူ့အင်အားကို ချိ့နဲ့အားနည်းအောင် ပိုတိုးပြီး လုပ်ဆောင်လာမှာဖြစ်တယ်"လို့ဆိုထားပါတယ်။


========================


📌📌 ၅။ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) နှစ်ပတ်လည် အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အား ဖိတ်ကြားမှုအပေါ် ရုပ်သိမ်းရန်တောင်းဆို


ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) နှစ်ပတ်လည် အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အား ဖိတ်ကြားမှုအပေါ်ရုပ်သိမ်းရန် တောင်းဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်မှာ  ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ထံသို့  အိတ်ဖွင့်ပေးစာတစ်စောင်ကို အာရှဒေသ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကွန်ရက် (ANNI) က ပေးပို့ခဲ့ပါတယ်။


၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်မှ ၁၆ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် လူတွေ့ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) နှစ်ပတ်လည် အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) အား ဖိတ်ကြားမှုအပေါ် မိမိတို့ လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက် လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (“အလုပ်အဖွဲ့”) နှင့် အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကွန်ရက် (ANNI) တို့က အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပါတယ်လို့ ဖော်ပြပါရှိပါတယ်။


"MNHRC သည် ကျရှုံးနေသော စစ်အုပ်စု၏ တရားမဝင်အာဏာသိမ်းမှု စတင်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့ မှစ၍ မြန်မာစစ်အုပ်စုကို ကိုယ်စားပြုသော အဖွဲ့အစည်းသာဖြစ်သကဲ့သို့ မြန်မာပြည်သူများအပေါ် စစ်အုပ်စုက ကျူးလွန်နေသော ဆိုးရွားလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများတွင်လည်း အလိုတူအလိုပါ ဖြစ်နေသဖြင့် MNHRC အား ဖိတ်ကြားထားမှုကို ရုပ်သိမ်းရန် မိမိတို့မှ လေးနက်စွာ တိုက်တွန်းတောင်းဆိုအပ်ပါတယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၆။ aungpwe appက ဝင်ငွေတိုးလာပြီး တစ်ရက်ထဲ ဆယ်သိန်းကျော်ရရှိ


aungpwe appက ဝင်ငွေတိုးလာပြီး တစ်ရက်ထဲ ဆယ်သိန်းကျော်ရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်မှာ Click2donate က အသိပေးဆိုပါတယ်။


"အောင်ပွဲဟာ မနေ့က ဝင်ငွေသိသိသာသာကို တိုးလာပါတယ်ခင်ဗျာ iOS တခုထဲနဲ့တင်ပဲ ဆယ်သိန်းကျော်ရလိုက်ပါတယ်။ ဆယ်သိန်းကနေ သိန်းတစ်ရာဖြစ်လာဖို့ အားလုံးဝိုင်းတွန်းကြရအောင်လားခင်ဗျာ"လို့ ဆိုပါတယ်။ တော်လှန်စိတ်ရှိပြီး iphone ကိုင်တဲ့ လူတိုင်း aungpwe app နဲ့ eain pyan lann appလေးကို ကလစ်ပေးကြဖို့တိုက်တွန်းထားပါတယ်။


"တော်လှန်စိတ်ရှိပြီး android ကိုင်သူတိုင်းEain pyan lann app လေးဒေါင်းပေးကြပါ ကလစ်ပေးကြပါခင်ဗျာ။ အရင်လို တနေ့သိန်းတစ်ရာကျော်ရတဲ့နေ့တွေ ပြန်သွားဖို့ အင်အားတွေတက်လာနေပါပြီ"လို့ click2donateက ဆိုထားပါတယ်။


========================


📌📌 ၇။ ရွှေဘိုမြစ်ကြီးနား လမ်းမကြီးပေါ်ရှိ စံပယ်နံ့သာစကစတပ်အထိုင်စခန်းအား လက်နက်ကြီးဖြင့် တိုက်ခိုက်


ရွှေဘိုမြစ်ကြီးနား လမ်းမကြီးပေါ်ရှိ စံပယ်နံ့သာစကစတပ်အထိုင်စခန်းအား လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်မှာ စစ်ရေးသတင်းကို လင်းယုန်နီ ကအသိပေးဆိုပါတယ်။


"ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ရွှေဘိုမြစ်ကြီးနား လမ်းမကြီးပေါ်ရှိ စံပယ်နံ့သာ အထိုင် စခန်းအား နယ်မြေခံ ပကဖ အဖွဲ့များနှင့် လင်းယုန်နီကန့်ဘလူ အဖွဲ့တို့မှ လက်နက်ကြီးဖြင့် ()ချက် ပစ်ခက်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


အဆိုပါ လက်နက်ကြီးကျည်ဟာ  စခန်းအတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး ပွင့်အဆင့်ရှိ စကစတပ်က တစ်ဦးထိခိုက်သေဆုံးခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရသူများလည်းရှိတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၈။ မုံရွာမြို့ ညောင်ပင်ဆောက် လဝက ရုံးတွင်တပ်စွဲထားသော  စကစ များကို RPG-7 ဖြင့်အလစ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်က လေးဦးပွဲချင်းပြီးသေဆုံး


မုံရွာမြို့ ညောင်ပင်ဆောက် လဝကရုံးတွင်တပ်စွဲထားသော  စကစ များကို RPG-7 ဖြင့် အလစ်ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ စကစတပ်က လေးဦးပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်မှာ မုံရွာမြို့ ညောင်ပင်ဆောက် လဝကရုံးတွင်တပ်စွဲထားသော  စကစ များကို RPG-7 ဖြင့်ပစ်ခတ်ခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)က အတည်ပြု ဆိုပါတယ်။


" မုံရွာမြို့ ညောင်ပင်ဆောက် လဝကရုံးတွင်တပ်စွဲထားသော  စကစ များကို RPG-7 ဖြင့် အလစ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ပစ်ခတ်တိုက်ခိုက်မှုကြောင့် စကစတပ်က လေးဦး နေရာတင်သေဆုံးခဲ့ပါတယ်။ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - တပ်ရင်း - တပ်ရင်း - အထူးကွန်မန်ဒိုတပ်ဖွဲ့ ( Monywa The Boys ) မုံရွာခရိုင်တပ်ရင်း - တပ်ခွဲ - 5 / Teachers People Defense Force PDF မုံရွာခရိုင်တပ်ရင်း - ( Lightning People Defence Force )   မော်လိုက်ခရိုင် တပ်ရင်း - Spring Dove Garuda King JJF PDF - South Monywa တို့ ပူပေါင်းဆင်နွှဲခဲ့ပါတယ်။


========================


📌📌 ၉။ သင်္ကြန်ကာလ ရန်ကုန်မြို့တွင် ကျင်းပမည့် Rangoon Thingyan Festival တွင် ပါဝင်မည့် Yellow Claw အဖွဲ့အား ပြည်သူလူထုအနေဖြင့် ကန့်ကွက်စာပေးပို့ကြပါရန် YRF က တောင်းဆို


သင်္ကြန်ကာလ ရန်ကုန်မြို့တွင် ကျင်းပမည့် Rangoon Thingyan Festival တွင် ပါဝင်မည့် Yellow Claw အဖွဲ့အား ပြည်သူလူထုအနေဖြင့် ကန့်ကွက်စာပေးပို့ကြပါရန် YRF က တောင်းဆိုထားပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရန်ကုန် YRF က အသိပေးဆိုပါတယ်။


"စစ်ကောင်စီသည် ၎င်းတို့၏ အုပ်ချုပ်မှုယန္တရားအား အသက်ဝင်စေရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ပွဲလမ်းသဘင်များ ကျင်းပကာ လူစည်ကားအောင် ပြုလုပ်ရန်ကြိုးပမ်းခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သင်္ကြန်ကာလတွင်လည်း ၎င်းတို့ဖြင့် စီးပွါးရေးဆက်နွယ်မှု မကင်းသည့် အဖွဲ့နှင့် လူပုဂ္ဂိုလ်များမှလည်း နိုင်ငံတကာ DJ များဖိတ်ခေါ်ကာ ပွဲကျင်းပရန် စီစဉ်လျက်ရှိပါတယ်။ ထိုပွဲများထဲတွင် Rangoon Music Festival သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Rangoon Music Festival headliner အဖြစ် Yellow Claw အား ဖိတ်ခေါ်ထားသည်ဟု သတင်းအတိအကျရရှိထားသဖြင့် ကျွန်ုပ်တို့ တော်လှန်ရေး အင်အားစုများသည် အောက်ပါစာအား Yellow Claw ထံသို့ email ပေးပို့ခဲ့သော်လည်း ယနေ့အချိန်ထိ အကြောင်းပြန်ခြင်းမရှိခဲ့ပါ"လို့ဆိုထားပါတယ်။


Yellow Claw အနေဖြင့် ထိုဖျော်ဖြေပွဲအပါအဝင် တော်လှန်ရေးကာလအတွင်းပြုလုပ်မည့် အခြားဖျော်ဖြေပွဲများအားလုံးတွင် ပါဝင်ပတ်သက်ခြင်းမပြုရန် ကျွန်ုပ်တို့မှ တောင်းဆိုထားပြီး ပြည်သူများအနေဖြင့်လည်း  Yellow Claw Email နှင့် Social media စာမျက်နှာများသို့ comment အားဖြင့်သော်လည်းကောင်း၊ message ပို့ခြင်းဖြင့်သော်လည်းကောင်း ဝိုင်းဝန်းပြုလုပ်ပေးကြပါရန် တောင်းဆိုအပ်ပါတယ်လို့ ရန်ကုန်YRFကဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment