2nd FEB 2023 - Evening Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးအောင်ကိုအောင်မြင်ရမယ်လို့ ယုံကြည်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလကဆို

📌 ၂။ ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပသည့် မြန်မာ့နွေဦးတော်လှန်ရေး () နှစ်ပြည့် ဆန္ဒပြပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်ဝေစိုးနှင့် ဒေါ်ခင်မမမျိုးတို့ တက်ရောက်ခဲ့

📌 ၃။ ပြင်သစ်အောက်လွှတ်တော်တွင် ပြင်သစ်မြန်မာချစ်ကြည်ရေးအဖွဲ့မှ ဥက္ကဌအောက်လွှတ်တော်အမတ် Mr Alain David နှင့်အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တို့က NUG အစိုးရ ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

📌 ၄။ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ ငြိမ်းချမ်းရေးနိုဘယ်ဆု အမည်စာရင်းတင်သွင်းခံရ 

📌 ၅။ တိတ်ဆိတ်ငြိမ်သက်ခြင်း အသံတိတ် သပိတ်ကို မြို့ပေါင်း ၁၅၀ ကျော် ပါဝင်ခဲ့ကြ

📌 ၆။ ဟုမ္မလင်းမြို့နယ်ရွှေပြည်အေးမြို့အား PDFများသိမ်းပိုက်နိူင်ခဲ့တယ်လို့သတင်းထုတ်ပြန် 

📌 ၇။ ကော့သောင်းတွင် ပျူစောထီးခေါင်းဆောင်ပစ်ခတ်ခံရပြီး  အလောင်း လာကောက်သည့် စစ်ကားကိုပါ  မိုင်းဆွဲရာ စကစတပ်သား ဦးထပ်မံသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးအောင်ကိုအောင်မြင်ရမယ်လို့ ယုံကြည်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလကဆို


ဖေဖော်ဝါရီ ရက်နွေဦးတော်လှန်ရေး () နှစ်ပြည့်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုသတင်းစကားပါးဆိုလိုက်ပါတယ်။


"ဒီတော်လှန်ရေးဟာ တိုင်းရင်းသားပြည်သူအားလုံးနဲ့ တော်လှန်ရေးအင်အားစုအားလုံး ညီညီညွတ်ညွတ် ဆင်နွှဲနေကြတဲ့ပွဲမို့လို့ အောင်ကိုအောင်မြင်ရမယ်လို့ ကျနော့်အနေနဲ့ လုံးဝယုံကြည်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ်အရှန်မြှင့်တင်လျက်ရှိပြီး တစ်နှစ်တာမဟာဗျူဟာ စီမံချက်များကိုရေးဆွဲလျက် အမျိုးသားညီညွတ်ရေးအစိုးရဟာ အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။


တစ်ဆက်တည်းသတင်းတွေအရ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ Facebook အကောင့်အဟက်ခံရပြီး အိုင်တီအဖွဲ့က ကြိုးပမ်းလုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။"ကျွန်ုပ်၏ Facebook Page အကောင့် အဟက်ခံရပါတယ်။ ကျွန်ုပ်တို့၏ အိုင်တီအဖွဲ့သည် Facebook Team နှင့် ဆက်ဆံနေပြီး မကြာမီပြေလည်မည်ဟု မျှော်လင့်ပါတယ်။ အဆင်မပြေမှုများအတွက် တောင်းပန်အပ်ပါတယ်"လို့ ဖေဖော်ဝါရီ ရက်နေ့ ညပိုင်းမှာ ယာယီသမ္မတ ဒူဝါလရှီးလက Twitter ကနေတဆင့်အသိပေးပြောကြားထားပါတယ်။


========================


📌📌 ၂။ ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပသည့် မြန်မာ့နွေဦးတော်လှန်ရေး () နှစ်ပြည့် ဆန္ဒပြပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်ဝေစိုးနှင့် ဒေါ်ခင်မမမျိုးတို့ တက်ရောက်ခဲ့


မြန်မာ့နွေဦးတော်လှန်ရေး () နှစ်ပြည့်အဖြစ် ဖေဖော်ဝါရီ () ရက်နေ့က ယူကေနိုင်ငံ၊ လန်ဒန်မြို့လယ်ရှိ Trafalgar Square တွင် ကျင်းပသည့် ဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတို့ တက်ရောက်ခဲ့ပါတယ်။ 


ဆန္ဒပြပွဲသို့မြန်မာပြည်တွင်းမှ ပြည်သူလူထုက အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန့်ကျင်ဆန္ဒပြကြသကဲ့သို့ ယူကေရောက် တိုင်းရင်းသားညီအစ်ကို မောင်နှမများကလည်း လန်ဒန်မြို့လယ်ရှိ Trafalgar Square တွင် ဆန္ဒပြပွဲ ကျင်းပခဲ့ကြခြင်းဖြစ်ပါတယ်။


အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူများအား ချက်ချင်းလွှတ်ပေးရေး၊ စကစက တစ်တိုင်းပြည်လုံးကို မီးရှို့ပြာချနေခြင်းနှင့် အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းတို့အား ချက်ချင်းရပ်တန့်ရေး၊ စကစက ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများအတွက် တရားစီရင်မှုများ ပြုလုပ်နိုင်ရေးတို့အတွက် ပြည်ပရောက် တော်လှန်ရေးမိသားစုများက မြန်မာ့အရေး အားပေးထောက်ခံကြသော ယူကေပြည်သူများ၊ ယူကေပါလီမန်အမတ်များနှင့်အတူ ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ ပြင်သစ်အောက်လွှတ်တော်တွင် ပြင်သစ်မြန်မာချစ်ကြည်ရေးအဖွဲ့မှ ဥက္ကဌအောက်လွှတ်တော်အမတ် Mr Alain David နှင့်အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တို့က NUG အစိုးရ ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ


ဖေဖော်ဝါရီ ရက်


ဖေဖော်ဝါရီလ ရက် နေ့လည် ၁နာရီ မှ နာရီထိ  ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်း၊  ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင်၊ ကိုယ်စားလှယ်ရုံးအဖွဲ့၀င် Maé Robbine တို့အား ပြင်သစ်အောက်လွှတ်တော်တွင် ပြင်သစ်မြန်မာချစ်ကြည်ရေးအဖွဲ့မှ ဥက္ကဌအောက်လွှတ်တော်အမတ် Mr Alain David နှင့်အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တို့ကလက်ခံတွေ့ဆုံ၍ဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။


အထက်ပါဆွေးနွေးပွဲတွင် ပြည်ထောင်စု၀န်ကြီးများက မြန်မာ့နွေဦးတော်လှန်ရေး တိုးတက်မှုအခြေအနေများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏လမ်းပြမြေပုံအပါအ၀င် မြန်မာ လူထု၏ နွေဦးတော်လှန်ရေးတွင်အရေးကြီးပါ၀င်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


ဒါ့အပြင်စကစမှပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကိုလည်း ပြင်သစ်လွှတ်တော်၊ ပြင်သစ်အစိုးရနှင့် နိုင်ငံတကာက လက်မခံကြရန် တောင်းဆိုခဲ့တယ်လို့သတင်းရရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြင်သစ်အောက်လွှတ်တော်တို့ တရားဝင်တွေ့ဆုံချိတ်ဆက်လုပ်ဆောင်ရန်တင်ပြချက်ကို လက်ခံပြီး တွေ့ဆုံရန် အစီအစဥ်များကို ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၄။ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ ငြိမ်းချမ်းရေးနိုဘယ်ဆု အမည်စာရင်းတင်သွင်းခံရ 


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ကို ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းလိုက်တယ်လို့ Peace Research Institute Oslo (PRIO) က ထုတ်ပြန်ကြေညာချက်လိုက်ပါတယ်။ 


သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်တပ် အာဏာသိမ်းတာကို ကန့်ကွက်ဆန့်ကျင် ရှုတ်ချခဲ့ပြီး နိုင်ငံတကာအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုဖို့ တောင်းဆိုခဲ့သလို မြန်မာပြည်သူတွေရဲ့ အသံကိုလဲ ကုလသမဂ္ဂကတဆင့် တကမ္ဘာလုံးကို သိအောင် ပြောဆိုနိုင်သူဖြစ် ပါတယ်။


NUCC ကတော့ အာဏာရှင်ကို အဆုံးသတ်စေပြီး မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် ကြိုးစားဖော်ဆောင်နေတဲ့အဖွဲ့ဖြစ်ကြောင်းနဲ့ ပြည်သူကိုယ်စားပြု လွှတ်တော် အမတ်တွေနဲ့ နိုင်ငံရေးပါတီတွေ လူမှုအဖွဲ့အစည်းတွေနဲ့ သပိတ်အဖွဲ့တွေ စသဖြင့် ဘက်ပေါင်းစုံပါဝင်တဲ့  အဖွဲ့ ဖြစ်တယ်လို့ Peace Research Institute Oslo (PRIO) ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


နိုဘယ်ဆု ဆု အနက် ငြိမ်းချမ်းရေးနိုဘယ်ဆုပေးပွဲကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ နှစ်စဥ် ဒီဇင်ဘာလမှာ ကျင်းပလေ့ရှိပြီး အမည်စာရင်းကို ဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထားတင်သွင်းဖို့ သတ်မှတ်ထားကြပြီး မတ်လအတွင်းဆန်ခါ တင်စာရင်းကို ပြုစုထုတ်ပြန်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 


၁၉၉၁ ခုနှစ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကရရှိခဲ့ပြီး အဆိုပါဆုကြေးငွေ အမေရိကန်ဒေါ်လာ . သန်းကိုလဲ မြန်မာပြည်သူတွေရဲ့ ပညာရေး၊ကျန်းမာရေးအတွက် ရံပုံငွေမတည်လှုဒါန်းပေးခဲ့တာပါ။


========================


📌📌 ၅။ တိတ်ဆိတ်ငြိမ်သက်ခြင်း အသံတိတ် သပိတ်ကို မြို့ပေါင်း ၁၅၀ ကျော် ပါဝင်ခဲ့ကြ


တိတ်ဆိတ်ငြိမ်သက်ခြင်း အသံတိတ် သပိတ်ကို မြို့ပေါင်း ၁၅၀ ကျော် ပါဝင်ခဲ့တယ်လို့ဖေဖော်ဝါရီ၁ရက်နေ့ ရလဒ်ကို Data for myanmar ကအသိပေးဖော်ပြပါတယ်။


"၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်၊ အာဏာသိမ်း () နှစ်ပြည့်အနေနဲ့ မြန်မာတစ်နိုင်ငံလုံး အသံတိတ်သပိတ်ဆင်နွှဲခဲ့ရာမှာ မြို့ပေါင်း ၁၅၀ ကျော် ပါဝင်ခဲ့ကြပါတယ်"လို့ဖော်ပြပါတယ်။ ဖေဖော်ဝါရီ၁ရက်နေ့  နံနက် ၁၀ နာရီမှ ညနေ၃နာရီ အထိ တိတ်ဆိတ် ငြိမ်သက်ခြင်း အသံတိတ်သပိတ်ကို ပြည်သူလူထုအများစုတစ်ခဲနက်ပါဝင်ခဲ့ကြပါတယ်။


========================


📌📌 ၆။ ဟုမ္မလင်းမြို့နယ်ရွှေပြည်အေးမြို့အား PDFများသိမ်းပိုက်နိူင်ခဲ့တယ်လို့သတင်းထုတ်ပြန် 


စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ရွှေပြည်အေးမြို့အား PDFများသိမ်းပိုက်နိူင်ခဲ့တယ်လို့ဖေဖော်ဝါရီ၂ရက်နေ့မှာ စစ်ရေးသတင်းကို ခန္တီးခရိုင်အမှတ်၁တပ်ရင်း-ဟုမ္မလင်းကအသိပေးဖော်ပြပါတယ်။


"ဖေဖော်ဝါရီ၁ရက်နေ့က နအဖခေတ်ဗိုလ်ချူပ်သာအေးတည်ထားခဲ့သောဟုမ္မလင်းမြို့နယ်ရွှေပြည်အေးမြို့အား ခန္တီးခရိုင်အမှတ်၁တပ်ရင်း-ဟုမ္မလင်း၊HPDFHPDF-124HPDFမိုးကြိုးစသည့်မဟာမိတ်တပ်ပေါင်းစုမှ စီးနင်းသိမ်းပိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


စစ်ကောင်စီတပ်မှရဟတ်ယဉ်ဖြင့်သုံးကြိမ်လာရောက်ပစ်ခတ်ခဲ့သော်လည်း မဟာမိတ်တပ်ပေါင်းစုမှ အထိအခိုက်အကျအရှုံးမရှိပဲယခုထက်ထိရွှေပြည်အေးမြို့အား‌ထိန်းထားနိူင်ဆဲ ဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ ကော့သောင်းတွင် ပျူစောထီးခေါင်းဆောင်ပစ်ခတ်ခံရပြီး  အလောင်း လာကောက်သည့် စစ်ကားကိုပါ  မိုင်းဆွဲရာ စကစတပ်သား ဦးထပ်မံသေဆုံး


ဖေဖော်ဝါရီ


တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့နယ်ခွဲတွင်ကော့သောင်းတွင် ပျူစောထီးခေါင်းဆောင်ပစ်ခတ်ခံရပြီး  အလောင်း လာကောက်သည့် စစ်ကားကိုပါ  မိုင်းဆွဲရာ စကစတပ်သား ဦးထပ်မံသေဆုံးခဲ့ကြောင်းကို

ဖေဖော်ဝါရီ၂ရက်မှာ စစ်ရေးသတင်းကို ကော့ သောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှအသိပေးဖော်ပြပါတယ်။


ဖေဖော်ဝါရီလ ရက် နံနက် နာရီ မိနစ် ၂၀ ခန့်က ခမောက်ကြီး မြို့နယ်ခွဲ မာရမ်းကျေးရွာ နေ ပျူစောထီး ဒုခေါင်းဆောင်ဆန်းတင်ကို ၎င်း၏ နေအိမ်မှာပင် ကော့သောင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ M16 A1 သေနတ် လက်၊ ကျည်ဘောက်အရှည် တစ်ခု၊ ကျည်ဆံ ၂၈ တောင့်၊ ဓားမြောင် လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ဖော်ပြပါတယ်။


 သေဆုံးသွားတဲ့ ပျူစောထီး  ဆန်းတင်၏ ရုပ်အလောင်းကို  အကြမ်းဖက်စစ်တပ်က ကားအကြီး စီး အင်အား ၆၀ ခန့်ဖြင့် ခမောက်ကြီးမြို့မှ မာရမ်းကျေးရွာဘက်သို့ လာရောက်ရာ ရှမ်း ကိုးရွာ ရွာချင်း ဆက်လမ်းမပေါ် အောင်ချမ်းသာကျေးရွာနှင့် ဆိပ်ဖူးကျေးရွာအကြား ပလက်ခွ တံတားအ နီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဦးသေဆုံးပြီး ဦးဒဏ်ရာရရှိခဲ့ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment