2nd FEB 2023 - Morning Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးကြီး စတင်ချိန်မှစ၍ ယနေ့အချိန်ထိ ရဲရင့်တက်ကြွစွာ ကြံ့ကြံ့ခံရပ်တည် တိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်းပြည်သူတယောက်ချင်းစီတိုင်းကို ကျေးဇူးတင်တယ်လို့ ဝန်ကြီးချုပ်ဆို

📌 ၂။ CDM ဝန်ထမ်းများအားလုံးကို နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်၍ ရာထူးတစ်ဆင့် တိုးမြှင့်ခန့်အပ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကြေညာ

📌 ၃။ ပြည်သူတွေဟာ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် နဲ့ ထိုက်တန်လွန်းတဲ့ ခမ်းနားတဲ့ နိုင်ငံသားပြည်ထောင်စုသားတွေဖြစ်ကြောင်း သက်သေပြလိုက်တယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်ဆို

📌 ၄။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ချက်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်

📌 ၅။ ဗိုလ်လုပ် ချင်သူများနေတယ်ဆိုရင် ပြည်သူကို အားလျော့စိတ်ပျက်စေမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး သတိပေး

📌 ၆။ မြန်မာပြည်အရေးကို ဝိုင်း၀န်းပေးဖို့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်ဝန်ရုံးမှာကျင်းပတဲ့ နွေဦးတော်လှန်ရေးနှစ်ပတ်လည်အခမ်းအနားမှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆိုခဲ့

📌 ၇။ အိမ်ပြန်လမ်းကို နေ့စဉ်ဝင်ကလစ်ပေးဖို့ Click2donate တိုက်တွန်း

📌 ၈။ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ ၆၀မမ လက်လုပ်လက်နက်ကြီးများ ထုတ်လုပ်အောင်မြင်၍ စမ်းသပ်ပစ်ခတ်

📌 ၉။ စစ်ကိုင်းတပ်မ ၃၃ မှ ပွင့်ဗိုလ် နှင့် စစ်ကောင်စီ တပ်သား ၅ဦးမောင်းနှင်းလာသော Honda Fit ကားအမျိုးစားကို အုန်းတောလမ်းပိုင်းနှင့် ဆားတောင်လမ်းပိုင်း ကြားတွင် မိုင်းဖောက်ခွဲခံရ၍ အားလုံးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးကြီး စတင်ချိန်မှစ၍ ယနေ့အချိန်ထိ ရဲရင့်တက်ကြွစွာ ကြံ့ကြံ့ခံရပ်တည် တိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်းပြည်သူတယောက်ချင်းစီတိုင်းကို ကျေးဇူးတင်တယ်လို့ ဝန်ကြီးချုပ်ဆို


နွေဦးတော်လှန်ရေးကြီး စတင်ချိန်မှစ၍ ယနေ့အချိန်ထိ ရဲရင့်တက်ကြွစွာ ကြံ့ကြံ့ခံရပ်တည် တိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်းပြည်သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်တယ်လို့ ဖေဖော်ဝါရီ ၁ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုလိုက်ပါတယ်။


"နွေဦးတော်လှန်ရေးကြီး စတင်ချိန်မှစ၍ ယနေ့အချိန်ထိ ရဲရင့်တက်ကြွစွာ ကြံ့ကြံ့ခံရပ်တည် တိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်းပြည်သူတယောက်ချင်းစီအား အထူးပင် ဦးညွတ်လေးစား ကျေးဇူးတင်ရှိပါတယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ကစတင်တဲ့ စစ်တပ် အာဏာလုယူမှုဟာ ယနေ့ထက်တိုင်အောင်မြင်ခြင်းမရှိဘဲ လူထုသပိတ်များ၊ ခုခံတွန်းလှန်စစ်များနဲ့ အသည်းအသန်ရင်ဆိုင်နေကြရပါတယ်။


========================


📌📌 ၂။ CDM ဝန်ထမ်းများအားလုံးကို နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်၍ ရာထူးတစ်ဆင့် တိုးမြှင့်ခန့်အပ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကြေညာ


CDM ဝန်ထမ်းများအားလုံးကို နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်၍ ရာထူးတစ်ဆင့် တိုးမြှင့်ခန့်အပ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကြေညာလိုက်ပါတယ်။ ဖေဖော်ဝါရီ ရက်အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှု ကို () နှစ်တိတိ ရဲရဲဝံ့ဝံ့ရွပ်ရွပ်ချွံချွံ ခိုင်မာသော စိတ်ဖြင့် လုပ်ဆောင်လျက်ရှိသည့် ပြည်သူ့သူရဲကောင်းများနှင့် နိုင်ငံ့သူရဲကောင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းဆိုင်ရာ ထုတ်ပြန်ကြေညာချက်ကိုကြေညာခဲ့ပါတယ်။


"ပြည်သူ့သူရဲကောင်း CDM များ အားလုံးကို တော်လှန်ရေးအလွန်ကာလတွင် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်မှာဖြစ်တယ်လို့ဆိုထားပြီးနိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများ၏ အကြမ်းဖက်စစ်အုပ်စုမှ အာဏာသိမ်းခြင်းနေ့ရက် မတိုင်ခင် အချိန်ထိ ထမ်းဆောင်ခဲ့သော ရာထူးတာဝန်များမှ နေ၍ ရာထူးတစ်ဆင့် တိုးမြှင့်ခန့်အပ်သွားမှာဖြစ်တယ်"လို့ဖော်ပြပါတယ်။


အဆိုပါ ရာထူးတိုးမြှင့်ခြင်းအမိန့်သည် ယခု ကြေညာချက် ထုတ်ပြန်သည့် ဖေဖော်ဝါရီလ ရက်နေ့၊ ၂၀၂၃ ခုနှစ်မှစတင်၍ အကျိုးသက်ရောက်မှုရှိမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင်နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများဖြစ်သည့် နေ့စားဝန်ထမ်းများ (အချိန်ပိုင်းနည်းပြ၊ သရုပ်ပြများ အပါအဝင်) ကို ဖေဖော်ဝါရီလ ရက်နေ့၊ ၂၀၂၃ ခုနှစ် မှစတင်ကာ အမြဲတမ်းဝန်ထမ်းများ အဖြစ် အတည်ပြုခန့်ထားလိုက်တယ်လို့ဆိုပါတယ်။


အလားတူအကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းရန်ကြိုးစားသည့် အချိန်မှ စတင်၍ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများ ထုတ်ယူခြင်း မရှိခဲ့သော လုပ်ခလစာငွေများနှင့် ချီးမြှင့်ငွေများ အားလုံးကို တော်လှန်ရေး အလွန်ကာလတွင် တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။


========================


📌📌 ၃။ ပြည်သူတွေဟာ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် နဲ့ ထိုက်တန်လွန်းတဲ့ ခမ်းနားတဲ့ နိုင်ငံသားပြည်ထောင်စုသားတွေဖြစ်ကြောင်း သက်သေပြလိုက်တယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်ဆို


ပြည်သူတွေ ဟာ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် နဲ့ ထိုက်တန်လွန်းတဲ့ ခမ်းနားတဲ့နိုင်ငံသားပြည်ထောင်စုသားတွေဖြစ်ကြောင်း သက်သေပြလိုက်တယ်လို့NUG နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ဖေဖော်ဝါရီ၁ရက်နေ့မှာ ပြောပါတယ်။

 

"တိတ်ဆိတ်ခြင်း မှ တဆင့် အကျယ်လောင်ဆုံး ထပ်မံ ဟစ်ကြွေးပြလိုက်တယ်။ငါတို့ဟာ လွတ်လပ်မှုနဲ့ ထိုက်တန်ကြောင်း ၊တရားမျှတမှုနဲ့ ထိုက်တန် ကြောင်း ၊လှပတဲ့ အနာဂါတ်တွေ နဲ့ထိုက်တန်ကြောင်း ၊ပြည်သူ့အာဏာ ပြည်သူ့လက်ထဲမှာ ရှိကြောင်း ထပ်မံ ဟစ်ကြွေး သက်သေပြလိုက်ကြတယ်။ ကျွန်မတို့ပြည်သူတွေဟာ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် နဲ့ ထိုက်တန်လွန်းတဲ့ ခမ်းနားတဲ့ နိုင်ငံသားပြည်ထောင်စုသားတွေဖြစ်ကြောင်း ထုထည်ကြီးမားစွာ ကျေးဇူးတင်စိတ်နဲ့အတူ အာဏာရှင် အမြန်ဆုံး နိဂုံးသတ်ဖို့ တာဝန်တွေ ဆထက်ထမ်းပိုးလို့ကြိုးစားပါ့မယ်"လို့ ဝန်ကြီးကဆိုပါတယ်။


ဖေဖော်ဝါရီ၁ရက်နေ့  နံနက် ၁၀ နာရီမှ ညနေ၃နာရီ အထိ တိတ်ဆိတ် ငြိမ်သက်ခြင်း အသံတိတ်သပိတ်ကို ပြည်သူလူထုအများစုတစ်ခဲနက်ပါဝင်ခဲ့ကြပါတယ်။


========================


📌📌 ၄။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ချက်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်


နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ချက်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့တယ်လို့ ဖေဖော်ဝါရီ၁ရက်နေ့မှာ နိူင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský ဦးဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ဖေဖော်ဝါရီ ၁ရက်နေ့လည်ပိုင်းက တက်ရောက်ခဲ့ပါတယ်။


 အဆိုပါအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်မှ-

" ချက်သမ္မတနိုင်ငံနှင့် ပြည်သူများမှ မြန်မာပြည်အရေး ရပ်တည်ပေးမှုများ အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ်၏ ခေါင်းဆောင်မှုနှင့် ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း မိမိတို့ အနေနှင့် အတုယူခဲ့ရပါကြောင်း၊ ယနေ့သည် စစ်အုပ်စု၏အာဏာသိမ်းရန် ကြိုးပမ်းမှု နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း မြန်မာပြည်သူများအနေနှင့် မိမိတို့၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီအရေးအတွက် သေနတ်ပြောင်းဝအောက်သို့ မည်သည့်အခါမှ ဒူးထောက်အရှုံးပေးလိမ့်မည်မဟုတ်ကြောင်း"ပြောကြားခဲ့ပါတယ်။


ဒါ့အပြင် ၂၀၂၃ ခုနှစ်သည် နိုင်ငံတကာမှ အကြမ်းဖက်စစ်အုပ်စုအား အလိုမရှိကြောင်း ပြတ်ပြတ်သားသား ရပ်တည်ပြနိုင်မည့် နှစ်တစ်နှစ်ဖြစ်လာလိမ့်မည်ဟု မျှော်လင့် ပါကြောင်း၊ နိုင်ငံတကာ၏ အားပေးထောက်ခံမှုဖြင့် မြန်မာပြည်သူများ လိုလားတောင့်တနေသည့် တရားမျှတမှု၊ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီတို့အား ဆောင်ကြဥ်းပေးနိုင်ရန် မိမိတို့မှ အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းဆိုခဲ့ပါတယ်။


ဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးခွန်ဘီထူး၊ နိုင်ငံ‌ရေးအကျဥ်းသားများ ကူညီစောင့်ရှောက်‌ရေးအသင်းမှ တွဲဖက်အတွင်းရေးမှူးဦးဘိုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဒေါ်နီလာသိန်းတို့လည်း တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ ဗိုလ်လုပ် ချင်သူများနေတယ်ဆိုရင် ပြည်သူကို အားလျော့စိတ်ပျက်စေမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး သတိပေး


ဗိုလ်လုပ် ချင်သူများနေတယ်ဆိုရင် ပြည်သူကို အားလျော့စိတ်ပျက်စေမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ဖေဖော်ဝါရီ ၁ရက်နေ့ PDFရဲဘော်များသို့ ပြောကြားရာမှာ ဆိုပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒေသအလိုက် အကြမ်းဖက်စစ်တပ်ကို မောင်းထုတ်ဖို့ ပြည်သူ့လွတ်မြောက်ရေးဖော်ဆောင်ဖို့ရည်ရွယ်ပြီး ကာကွယ်ရေးစည်းနဲ့ အုပ်ချုပ်ရေးစည်း စည်းနှစ်ခု တပြိုင်တည်းချပြီး အကောင်ထည်ဖော်နေတာဖြစ်တယ်။ ကာကွယ်ရေးတာဝန်ရှိတဲ့သူတွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ ကိုယ့်အလုပ်ကိုယ်သိပြီး ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်ကြရမှာ ဖြစ်တယ်။ တချိန်တည်းမှာပဲ PDF ပကဖ၊ ပအဖတာဝန်ရှိသူတွေကြား အပြန်အလှန်နားလည်မှု၊ အချင်းချင်းညှိနှိုင်းမှု၊ ရိုင်းပင်းမှုနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်တယ်။ ငါတို့တစ်ယောက်တစ်ပေါက်ဖြစ်တယ်။ အချင်းချင်းစိတ်ဝမ်းကွဲတယ်။ အားပြိုင်တယ်။ ဗိုလ်လုပ်ချင်သူများနေတယ်ဆိုရင် ပြည်သူကို အားလျော့စိတ်ပျက်စေမှာ ဖြစ်တယ်။ ပြည်သူ့မျက်နှာ ထောက်ထားပြီး ငါတို့ ညီညွတ်ကြရမယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့မှာ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်အချို့ဟာ မပြေလည်တဲ့ဆက်ဆံရေးတချို့တို့ရှိနေကြပါတယ်။


========================


📌📌 ၆။ မြန်မာပြည်အရေးကို ဝိုင်း၀န်းပေးဖို့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်ဝန်ရုံးမှာကျင်းပတဲ့ နွေဦးတော်လှန်ရေးနှစ်ပတ်လည်အခမ်းအနားမှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆိုခဲ့


မြန်မာပြည်အရေးကို ဝိုင်း၀န်းပေးဖို့ပြင်သစ်နိုင်ငံ ပါရီမြို့တော်ဝန်ရုံးမှာကျင်းပတဲ့ နွေဦးတော်လှန်ရေးနှစ်ပတ်လည်အခမ်းအနားမှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးက ဆိုခဲ့ပါတယ်။


"ပြည်တွင်းက ပြည်သူတွေက ဆိတ်ငြိမ်မှုနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတယ်။ လေးစားတယ်။ ဒါတွေကို နိုင်ငံတကာသိဖို့အတွက်  အသံထုတ်ဖို့လည်း လိုအပ်နေသေးတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်ဝန်ရုံးမှာကျင်းပတဲ့ နွေဦးတော်လှန်ရေး နှစ်ပတ်လည်အခမ်းအနားမှာ မြန်မာ့ပြည်သူတွေအပေါ် အမြဲအားပေးထောက်ခံသူ ပါရီမြို့တော်ဝန်ဘုတ်အဖွဲ့ဝင် Mr.Jean-Luc Romeo- Michael အတူ အဖွင့်စကားပြောကြားပြီး နွေဦးတော်လှန်ရေးသူရဲကောင်းများကို ဦးညွတ်ခဲ့ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် မြန်မာပြည်အရေးကို ဝိုင်း၀န်းပေးဖို့၊ ပြည်တွင်းရဲ့ အသံတိတ်သပိတ်နဲ့ နိုင်ငံတကာရဲ့ တက်ကြွတဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို အတူတကွ  ပေါင်းစပ်ဖို့လူ့အခွင့်ရေးရာဝန်ကြီးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။


========================


📌📌 ၇။ အိမ်ပြန်လမ်းကို နေ့စဉ်ဝင်ကလစ်ပေးဖို့ Click2donate တိုက်တွန်း


အိမ်ပြန်လမ်းကို နေ့စဉ်ဝင်ကလစ်ပေးဖို့ Click2donate ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်မယ့် အနေအထားဖြစ်ပါတယ်။ အိမ်ပြန်လမ်းကို နေ့စဉ်ဝင်ကလစ်ပါ"လို့ ဆိုပါတယ်။

လူကြီးတွေအတွက်လည်း အိမ်ပြန်လမ်းမှာ တရားတွေဝင်နာလို့ရမယ် လူငယ်တွေအတွက်လည်း lofi music လေးတွေ cover song လေးတွေ သီချင်းလေးတွေကိုလည်းဝင်ရောက်နားဆင်နိုင်မယ့် music အစီအစဉ်လေးတွေလည်းရှိမယ်လို့ဆိုပါတယ်။


Click2 donate ဟာ ပြည်သူများ ကလစ်နှိပ်၍ ရရှ်လာသော ငွေကြေးကို တော်လှန်ရေး အင်အားစုများထံ ပြန်လည် စီးဆင်းတာလည်းဖြစ်ပါတယ်။


========================


📌📌 ၈။ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ ၆၀မမ လက်လုပ်လက်နက်ကြီးများ ထုတ်လုပ်အောင်မြင်၍ စမ်းသပ်ပစ်ခတ်


မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ ၆၀မမ လက်လုပ်လက်နက်ကြီးများ ထုတ်လုပ်အောင်မြင်၍ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ ဖေဖော်ဝါရီ၁ရက်နေ့မှာ မြေအောက်လျှပ်စီးပြောက်ကြားတပ်ဖွဲ့က အသိပေးဆိုပါတယ်။

"ကျွန်တော်တို့ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ  စကစတပ် များအတွက် 60 မမ RPG စမ်းသပ်အောင်မြင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ 


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ စကစတပ်များကို ခုခံတိုက်ပွဲဆင်နွှဲရန် လက်လုပ်မိုင်းများ၊ ၆၀မမ၊၈၀မမလက်နက်ကြီးများ၊ စနိူက်ပါသေနတ်များ တီထွင်ထုတ်လုပ်အောင်မြင်လျက်ရှိပါတယ်။


========================


📌📌 ၉။ စစ်ကိုင်းတပ်မ ၃၃ မှ ပွင့်ဗိုလ် နှင့် စစ်ကောင်စီ တပ်သား ၅ဦးမောင်းနှင်းလာသော Honda Fit ကားအမျိုးစားကို အုန်းတောလမ်းပိုင်းနှင့် ဆားတောင်လမ်းပိုင်း ကြားတွင် မိုင်းဖောက်ခွဲခံရ၍ အားလုံးသေဆုံး


စစ်ကိုင်းတပ်မ ၃၃ မှ ၂ပွင့်ဗိုလ် နှင့် စစ်ကောင်စီ တပ်သား ၅ဦးမောင်းနှင်းလာသော Honda Fit ကားအမျိုးစားကို အုန်းတောလမ်းပိုင်းနှင့် ဆားတောင်လမ်းပိုင်း ကြားတွင် မိုင်းဖောက်ခွဲခံရ၍ အားလုံးသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ရက်နေ့ စစ်ရေးသတင်းကိုမြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ ကအသိပေးဆိုပါတယ်။


" ဖေဖော်၀ါရရီလ ရက်နေ့တွင် စစ်ကိုင်းတပ်မ ၃၃ မှ ၂ပွင့်ဗိုလ် နှင့် စစ်ကောင်စီ တပ်သား ၅ဦးမောင်းနှင်းလာသော Honda Fit ကားအမျိုးစားကို အုန်းတောလမ်းပိုင်းနှင့် ဆားတောင်လမ်းပိုင်း ကြားတွင် နံနက် နာရီ တွင်မိုင် ၃လုံးဖြင့် ဖောက်ခွဲခဲ့တယ်"လို့ဆိုပါတယ်။


အဆိုပါဖောက်ခွဲမှုကြောင့် စကစများ မောင်းနှင်လာသော Honda Fit ကားအမျိုးစားရပ်တန့်ပျက်စီးသွား၍ လိုက်ပါလာသော ၂ပွင်ဗိုလ်တစ်ဦး နှင့် တပ်သား ဦး အားလုံးကျဆုံးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ပျက်စီးရပ်တန့်သွားသော ကားအား မြေအောက်လျှပ်စီး ပြောက်ကျားအဖွဲ့မှ  မီးရှို့ဖျက်ဆီးခဲ့ကာ မြေအောက်လျှပ်စီပြောက်ကျားတပ်ဖွဲ့မှ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment