3rd FEB 2023 - Evening Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။တရားဥပဒေစိုးမိုးရေးကို ဟန်ချက်ညီညီဆောင်ရွက်နိုင်သဖြင့် တော်လှန်ရေး၏ နောက်ဆက်တွဲ ဆိုးကျိုးများကို အတတ်နိုင်ဆုံးလျော့ချနိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ်ဆို

📌 ၂။ CDMဝန်ထမ်းတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်ချက် ရှေ့ဆက်ထမ်းရမယ့်နိုင်ငံ့တာဝန်တွေအတွက် တကယ့်ကိုအားရှိစေတယ်လို့ မွန်ပြည်နယ် ဘီးလင်းအမတ် ဒေါ်သိရီရတနာဆို

📌 ၃။ ဘာလင်မြို့ အာဏာသိမ်းစစ်တပ်ရဲ့ကိုယ်စားပြုသံရုံးရှေ့မှာ မြန်မာပြည်သူများ ဆန္ဒဖေါ်ထုတ်

📌 ၄။ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာကျေးရွာက ပျူများကို ကာကွယ်ရေးတပ်များ ယနေ့မနက်ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်က၂ ဦးနဲ့ပျူ ဦးသေဆုံး

📌 ၅။ မြန်မာနိုင်ငံက ကလေးငယ် သိန်းခန့်ဟာ ကာကွယ်ဆေးထိုးနှံခွင့်မရခြင်းဖြစ်‌နေတယ်လို့Unicef Myanmayကထုတ်ပြန်

📌 ၆။ အီတလီ ပါလီမန် အထက်လွှတ်တော်တွင် မြန်မာအရေးဆွေးနွေးတင်ပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။တရားဥပဒေစိုးမိုးရေးကို ဟန်ချက်ညီညီဆောင်ရွက်နိုင်သဖြင့် တော်လှန်ရေး၏ နောက်ဆက်တွဲ ဆိုးကျိုးများကို အတတ်နိုင်ဆုံးလျော့ချနိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ်ဆို


ဖေဖော်ဝါရီလ ရက်တွင်ကျင်းပပြုလုပ်‌သည့်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုထည့်သွင်း‌ ပြောကြားခဲ့ပါတယ်။


"အုပ်ချုပ်မှုတည်ဆောက်ရာတွင် စနစ်တကျဖြစ်ရေး ကြိုးပမ်းကြရန် တိုက်တွန်းလိုကြောင်း၊ စနစ်တစ်ခုကိုသေချာတည်ဆောက်ထားနိုင်လျှင် အနာဂတ် ဖက်ဒရယ် နိုင်ငံတည်ဆောက်ရေးတွင် အထောက်အပံ့ဖြစ်မှာသေချာကြောင်း၊ တော်လှန်ရေးအစိုးရဖြစ်သော်လည်း အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကိုလည်း ဟန်ချက်ညီညီဆောင်ရွက်နိုင်သဖြင့် ယနေ့တော်လှန်ရေး၏နောက်ဆက်တွဲ ဆိုးကျိုးများကို အတတ်နိုင်ဆုံးလျော့ချနိုင်ခဲ့ကြောင်း၊ စစ်အာဏာရှင်တိုက်ဖျက်ရေးသာမက တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေသောဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ကို ထူထောင်ဖို့ ဆောင်ရွက်နေတဲ့ခရီးလမ်းတစ်လျှောက်တွင် စည်းစနစ်တကျသွားလိုသော ပန်းတိုင်ကို အမြန်ဆုံးရရှိအောင် နည်းမှန်လမ်းမှန်ဖြင့်ဆောင်ရွက်ရန်လိုကြောင်း" ဝန်ကြီးချုပ်ကဆိုပါတယ်။


လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထိန်းချုပ်နယ်မြေများမှာ တရားစီရင်ရေးလုပ်ငန်းများစတင်ရန် တရားရုံးများဖွင့်လှစ်ထူထောင်ထားပြီးဖြစ်ပါတယ်။


========================


📌📌 ၂။ CDMဝန်ထမ်းတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်ချက် ရှေ့ဆက်ထမ်းရမယ့်နိုင်ငံ့တာဝန်တွေအတွက် တကယ့်ကိုအားရှိစေတယ်လို့ မွန်ပြည်နယ် ဘီးလင်းအမတ် ဒေါ်သိရီရတနာဆို


ဖေဖော်ဝါရီ


ရှေ့ဆက်ထမ်းရမယ့်နိုင်ငံ့တာဝန်တွေအတွက် တကယ့်ကိုအားရှိစေတယ်လို့မွန်ပြည်နယ် ဘီးလင်းအမတ် ဒေါ်သိရီရတနာဆိုလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ CDM ဝန်ထမ်းတွေအတွက်ထုတ်ပြန်ချက်နှင့်ပတ်သပ်၍ မွန်ပြည်နယ် ဘီးလင်းအမတ် ဒေါ်သိရီရတနာကအခုလို ပြောကြားခဲ့ပါတယ်။


"သူတို့အတူရုန်းကန်ခဲ့ကြတယ်။သူတို့အတူဒုက္ခခံခဲ့ရတယ်။သူတို့နဲ့အတူပဲပန်းဝင်ကြမယ်။ရှေ့ဆီမှာမြင်နေရပြီ။လက်တွဲမဖြုတ်စတမ်း ဆက်သွားကြစို့နော်။ကျေးဇူးလည်းတင်တယ် ..ဂုဏ်လည်းယူရင်းဦးညွှတ်ပါတယ်။သူတို့နဲ့အတူလက်တွဲပြီးရှေ့ဆက်ထမ်းရမယ့်နိုင်ငံ့တာဝန်တွေအတွက် တကယ့်ကိုအားရှိလှပါတယ်"လို့ဆိုထားပါတယ်။


မွန်ပြည်နယ် ဘီးလင်းအမတ်၏ ပြောစကားများကို CDMဝန်ထမ်းအများစုက လူမှုကွန်ရက်တွင်ထောက်ခံရေးသားခဲ့ပြီး ယခုအချိန်အထိ ကျောင်းသားCDMဖြစ်ကြောင်းမှတ်ချက်ပေးရေးသားထားကာ ကျန်းမာရေးဂရုစိုက်ရန်မှာကြားမှုတို့ရှိခဲ့ပါတယ်။ CDM ဝန်ထမ်းများအားလုံးကို နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်၍ရာထူးတစ်ဆင့် တိုးမြှင့်ခန့်အပ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကြေညာခဲ့ပါတယ်။


ဖေဖော်ဝါရီ ရက်အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှု ကို () နှစ်တိတိ ရဲရဲဝံ့ဝံ့ရွပ်ရွပ်ချွံချွံ ခိုင်မာသော စိတ်ဖြင့် လုပ်ဆောင်လျက်ရှိသည့် ပြည်သူ့သူရဲကောင်းများနှင့် နိုင်ငံ့သူရဲကောင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းဆိုင်ရာ ထုတ်ပြန်ကြေညာချက်ကိုကြေညာခဲ့ပါတယ်။


ဒါ့အပြင်အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းရန်ကြိုးစားသည့် အချိန်မှ စတင်၍ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများ ထုတ်ယူခြင်း မရှိခဲ့သော လုပ်ခလစာငွေများနှင့် ချီးမြှင့်ငွေများ အားလုံးကို တော်လှန်ရေး အလွန်ကာလတွင် တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။


========================


📌📌 ၃။ ဘာလင်မြို့ အာဏာသိမ်းစစ်တပ်ရဲ့ကိုယ်စားပြုသံရုံးရှေ့မှာ မြန်မာပြည်သူများ ဆန္ဒဖေါ်ထုတ်


ဖေဖော်ဝါရီ


ဂျာမဏီနိူင်ငံ ဘာလင်မြို့ အာဏာသိမ်းစစ်တပ်ရဲ့ကိုယ်စားပြုသံရုံးရှေ့မှာ မြန်မာပြည်သူများ ဆန္ဒဖေါ်ထုတ်ခဲ့ကြတယ်လို့ ဖေဖော်ဝါရီ၂ရက်နေ့ မှာ CRPH, NUG Support Team Germany - Deutschland ကအသိပေးဖော်ပြပါတယ်။


"ဂျာမဏီနိုင်ငံတစ်ဝှမ်းနဲ့ ဥရောပနိုင်ငံတချို့က တော်လှန်ရေးမိသားစုများသည်ဖေဖေါ် ဝါရီလ ရက် နေ့လည် နာရီ ၃၀ မှ နာရီ ၃၀ အထိ ဘာလင်မြို့ အာဏာသိမ်းစစ်တပ်ရဲ့ကိုယ်စားပြုသံရုံးအရှေ့မှာစုစည်းခဲ့ကြပြီးအကြမ်းဖက်စစ်တပ်ကို မြန်မာပြည်သူများနည်းတူ လုံးဝလက်မခံကြောင်း၊ ပြည်သူများ ဆုံးရှုံးသွားသည့်လွတ်လပ်မှု၊ တရားမျှတခြင်း တို့ကို ပြန်လည်ရယူရန်ပြည်သူများနှင့်အတူ အဆင်သင့်ဖြစ်နေကြောင်းကိုပြသခြင်း အနေဖြင့် သွားရောက်ဆန္ဒဖေါ်ထုတ်ခဲ့ကြတယ်"လို့ဆိုပါတယ်။


ဆန္ဒပြပွဲဖြစ်မြောက်အောက် စီစဥ်ဆောင်ရွက်ပေးရာမှာGerman Solidarity with Myanmar Democracy e.V. ၊အစားအသောက်ချက်ပြုတ်လှူဒါန်းပေးခဲ့ကြသူများFor Federal Myanmar- Berlin Germany e.V ၊ငွေတိုက်စာချူပ်နဲ့ "KIM နဲ့ပြည်သူအတူတူ" ကံစမ်းမဲလက်မှတ်များဝိုင်းဝန်းကူညီရောင်းချပေးခဲ့ကြသူများ၊ ရထားတစ်တန် ကားတစ်တန်ဖြင့်ကြမ်းတမ်းတဲ့ ရာသီဥတုကိုအံတုလို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ပူးပေါင်းပါဝင်ခဲ့ကြသူများ အားလုံးကိုအထူးပင် ကျေးဇူးတင်ရှိတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာကျေးရွာက ပျူများကို ကာကွယ်ရေးတပ်များ ယနေ့မနက်ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်က၂ ဦးနဲ့ပျူ ဦးသေဆုံး


ဖေဖော်ဝါရီ ရက်


ဖေဖော်ဝါရီ ရက်နေ့မှာ စစ်ရေးသတင်းကို မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ကအခုလိုအတည်ပြုထုတ်ပြန်‌ပြောဆိုခဲ့ပါတယ်။


"စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာကျေးရွာဟာ စကစတပ် နေထိုင်တဲ့ရွာဖြစ်ပြီး တစ်ရွာလုံးနီးပါး စကစတပ်ခေါ်ထားပြီး အနီးနားရွာတွေကို မီးရှို့နေ၍  မြောက်အောက်လျှပ်စီပြောက်ကျားတပ်ဖွဲ့မှ ဒီမနက် ဖေဖော်၀ါရီ ၃ရက်နေ့ နံနက် ၇း၄၅ မိနစ် အချိန်တွင် ၆၀ မမ ၂လုံး ၈၀ လုံးနဲ့ စုစုပေါင်း လုံး ဖြင့်ရွာ ထဲကို ပစ်သွင်းခဲ့ပါတယ်"လို့ဆိုပါတယ်။ 


တိုက်ခိုက်မှုကြောင့် စကစတပ်က၂ဦးနဲ့ ပျူ၆ဦးသေဆုံးကာ ထိခိုက်မှုများလည်းရှိနိုင်တယ်လို့ဆိုပါတယ်။ စကစ ဘက်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံက ကလေးငယ် သိန်းခန့်ဟာ ကာကွယ်ဆေးထိုးနှံခွင့်မရခြင်းဖြစ်‌နေတယ်လို့ Unicef Myanmay ကထုတ်ပြန်


ဖေဖော်ဝါရီ


မြန်မာနိုင်ငံက ကလေးငယ် သိန်းခန့်ဟာ ကာကွယ်ဆေးထိုးနှံခွင့်မရခြင်းကြောင့် ကြိုတင်ကာကွယ်နိုင်တဲ့ရောဂါများ ဖြစ်ပွားနိုင်ချေ အလွန်များပြားနေတယ်လို့ ဖေဖော်ဝါရီ ရက်မှာ Unicef Myanmay ကအသိပေးဖော်ပြပါတယ်။


"မြန်မာနိုင်ငံက ကလေးငယ် သိန်းခန့်ဟာ ကာကွယ်ဆေးထိုးနှံခွင့်မရခြင်းကြောင့် ကြိုတင်ကာကွယ်နိုင်တဲ့ရောဂါများ ဖြစ်ပွားနိုင်ချေ အလွန်များပြားနေပါတယ်။"လို့ဆိုပါတယ်။ အကြမ်းဖက် စကစတပ်များကြောင့် တိုင်းရင်းသားဒေသမှ အမျိုးသမီး၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတို့ဟာ စစ်ဘေးရှောင် နေထိုင်နေကြရပြီး အများစုဟာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းဝေးနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၆။ အီတလီ ပါလီမန် အထက်လွှတ်တော်တွင် မြန်မာအရေးဆွေးနွေးတင်ပြ


ဖေဖော်ဝါရီ


အီတလီ ပါလီမန် အထက်လွှတ်တော်တွင် ဖေဖော်ဝါရီလ ရက်နေ့၊ အီတလီ ပါလီမန် အထက်လွှတ်တော်တွင် မြန်မာအရေးဆွေးနွေးတင်ပြခဲ့ကြတယ်လို့သိရပါတယ်။အထက်လွှတ်တော်အမတ်များဖြစ်သည့် Sandra Zampa နှင့်  Susanna Camusso တို့သည် မြန်မာပြည်၏ စစ်အာဏာသိမ်းမှု နှစ်အတွင်း မြန်မာ ပြည်သူ ပြည်သားများသည် ဇွဲလုံ့လနှင့် ရဲရင့် ပြတ်သားစွာဖြင်အာဏာရှင်တွန်းလှန်ခြင်းကို ပြောဆို တင်ပြခဲ့ကြတယ်လို့ မြန်မာကွန်မြူနတီအီတလီက ဆိုပါတယ်။


ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ် အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ကို နိုင်ငံတကာက လျစ်လျူရှုထားကြောင်းလည်း ရှုတ်ချကြခဲ့ကြပါတယ်။ ထို့နောက်၂၀၂၀ နိုဝင်ဘာလ ရက်နေ့တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆီးနိတ်လွှတ်တော်မှ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment