3rd FEB 2023 - Morning Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတဒူဝါလရှီးလ၏ လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာတိုက်ခိုက်ခံရကာ ဖေဖော်ဝါရီ၂ရက်နေ့ စာမျက်နှာပြန်လည်ရရှိ

📌 ၂။ ပြည်သူ့ရင်ခွင် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ တော်လှန်ရေးအရှိန်အဟုန်နှင့် ကိုက်ညီအောင် အချိန်နဲ့ တပြေးညီ စနစ်တကျဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

📌 ၃။ ပဉ္စမအကြိမ်ပြည်ထောင်စုလွှတ်တော်ကျင်းပပြီးစီး

📌 ၄။ စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ဟာ နီးသထက်နီးလာပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား

📌 ၅။ မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ယူကေပါလီမန်မှာ ကျင်းပသည့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေး

📌 ၆။ တော်လှန်ရေးကို တစ်ဆစ်ချိုး၍ ပိုပိုပြီး‌ ရှေ့ဆက်ဆောင်ရွက်နိုင်ရန်အတွက်  ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းလာနိုင်ခဲ့တယ်လို့ ဝန်ကြီး ဒေါက်တာတူးခေါင်ဆို

📌 ၇။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) ပထမအကြိမ် စတင်ဖြေဆိုမည့်ရက် ထုတ်ပြန်ကြေညာ

📌 ၈။ ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင်  ယုံကြည်ချက်ကြောင့် ကိုယ်လက်အဂါ စွန့်လွှတ်သူများအတွက် ကူညီစောင့်ရှောက်မှု အစီအစဉ် ရန်ပုံငွေပွဲ ကျင်းပခဲ့

📌 ၉။ မြန်မာနိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွါပြည်သူ ဒသမ သန်းကျော်ရှိလာပြီးပြည်သူ ၁၇ ဒသမ သန်းက လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလိုအပ်

📌 ၁၀။ ရောင်နီလာရာလမ်း ရုပ်ရှင်ကို ဂျပန်နိုင်ငံ တိုကျိုမြို့အပါအဝင် နာဂိုရာ နှင့် ကျူးရှူး အစရှိတဲ့ မြို့ကြီးများမှာ ပြသသွားမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတဒူဝါလရှီးလ၏ လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာတိုက်ခိုက်ခံရကာ ဖေဖော်ဝါရီ၂ရက်နေ့ စာမျက်နှာပြန်လည်ရရှိ


အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတဒူဝါလရှီးလ၏ လူမှုကွန်ယက်ဖေ့ဘွတ် စာမျက်နှာတိုက်ခိုက်ခံရကာ ဖေဖော်ဝါရီ ရက်နေ့ စာမျက်နှာပြန်လည်ရရှိခဲ့တယ်လို့ ယာယီသမ္မတရုံးဖေ့ဘုတ်စာမျက်နှာ တာဝန်ခံက ဖေဖော်ဝါရီလ () ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။


" ဖေဖော်ဝါရီလ () ရက်နေ့တွင် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်သည့်အနေဖြင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ တိတ်ဆိတ်ခြင်းသပိတ်အား အောင်ပွဲခံနေကြစဉ် () နာရီဝန်းကျင်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတကြီး၏ လူမှုကွန်ယက်ဖေ့ဘွတ် စာမျက်နှာသည် မသမာသူ ရန်သူ့ဘက်တော်သားများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ စာမျက်နှာပေါ်မှ ပို့စ်များ အားလုံးလည်း ပျောက်ပျက်သွားခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ နည်းပညာအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကြောင့် ယနေ့နံနက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့) တွင် လက်ဝယ် ခိုင်ခိုင်မာမာပြန်လည်ရရှိခဲ့ပြီး ဖေ့ဘွတ်စာမျက်နှာ လုံခြုံရေးအား အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


ရန်သူသည် အွန်လိုင်းတိုက်ခိုက်မှုများကို ယခင်ကထက် ဖိဖိစီးစီး အားထုတ်လုပ်ဆောင်လာနေသောကြောင့် ဆိုရှယ်မီဒီယာကိုအသုံးပြုနေကြသော တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မိသားစုဝင်များ အားလုံး ပိုမို သတိထားကြရန်နှင့် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်များအား သက်ဆိုင်ရာဌာနများတွင် ရယူပြီး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ကြဖို့ တိုက်တွန်းသတိပေးအပ်ပါတယ်လို့လည်းဆိုထားပါတယ်။


========================


📌📌 ၂။ ပြည်သူ့ရင်ခွင် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ တော်လှန်ရေးအရှိန်အဟုန်နှင့် ကိုက်ညီအောင် အချိန်နဲ့ တပြေးညီ စနစ်တကျဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား


ပြည်သူ့ရင်ခွင် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ တော်လှန်ရေးအရှိန်အဟုန်နှင့် ကိုက်ညီအောင် အချိန်နဲ့ တပြေးညီ စနစ်တကျဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက  ဖေဖော်ဝါရီ ရက်မှာကျင်းပတဲ့ ၁၉ ကြိမ်မြောက် ပြည်သူ့ရင်ခွင် ခိုလှုံရေး အကောင်အထည်ဖော်ဆောင်မှု ကော်မတီ၏ (/၂၀၂၃) အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ 


"ပြည်သူ့ရင်ခွင် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ တော်လှန်ရေးအရှိန်အဟုန်နှင့် ကိုက်ညီအောင် အချိန်နဲ့ တပြေးညီ စနစ်တကျဆောင်ရွက်ကြရန်"ဝန်ကြီးချုပ်က မှာကြားပါတယ်။ 


အတွင်းရေးမှူး အဖွဲ့ဝင်များက ပြည်သူ့ရင်ခွင် လုပ်ငန်းစဉ်နဲ့ စပ်လျဉ်း၍ လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ကော်မတီဝင်များ ပြည်ထောင်စုဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဝင် ဦးဝင်းနိုင်၊ ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦး နှင့် ကော်မတီဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၃။ ပဉ္စမအကြိမ်ပြည်ထောင်စုလွှတ်တော်ကျင်းပပြီးစီး


ဖေဖေါ်ဝါရီလ () ရက် နေ့ နံနက် ၁၀ နာရီတွင် ပဉ္စမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယနေ့နှင့် နောက်ဆုံးနေ့အစည်းအဝေးကို Zoom မှတဆင့် ကျင်းပခဲ့ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ပေါင်း နှစ်ရာ့ရှစ်ဆယ်ကျော်နှင့်  သံတမန်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ အစည်းအဝေးတွင် လွှတ်တော်ကော်မတီအချို့မှ အစီရင်ခံစာများတင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အချို့မှ အမျိုးသားညီညွတ်ရေးအစိုးရအား မေးခွန်းများမေးမြန်းခဲ့ပြီးအစိုးရတာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ပြီးပဉ္စမအကြိမ်ပြည်ထောင်စုအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကာ ဆဌမအကြိမ်အစည်းအဝေးကျင်းပမည့် နေ့ရက်အချိန်တို့ကို ကြိုတင်ကြေငြာပေးမည်ဟု နာယကက ပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ဟာ နီးသထက်နီးလာပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား


စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ဟာ နီးသထက်နီးလာပြီလို့ ဖေဖော်ဝါရီ ရက်နေ့ PDF ရဲဘော်များသို့ ပြောကြားရာမှာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဆိုပါတယ်။


"ဒီတစ်ကြိမ် အာဏာသိမ်းမှုဟာ စစ်အုပ်စုအနေနဲ့ ကိုယ့်သေတွင်း ကိုယ်တူးတဲ့လုပ်ရပ်လို့ ပြောရမှာ ဖြစ်တယ်။ အခုဆိုရင် စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ဟာ နီးသထက်နီးလာပြီ။ စစ်မြေပြင်က ငါတို့ ရဲဘော်တွေကတော့ ရန်သူမှာ လေကြောင်းသာမရှိရင် ငါတို့နိုင်နေပြီလို့ ပြောလေ့ရှိကြတယ်။ ဒီစကားဟာ အမှန်တရားပဲ ဖြစ်တယ်။ ရန်သူမှာ လူအားမရှိတော့ဘူး။ စိတ်ဓာတ်အားမရှိတော့ဘူး။ လက်နက်အားကိုးတစ်ခုနဲ့ လေကြောင်းက အလစ်ငိုက်တိုက်ခိုက်ဖို့၊ စစ်ကြောင်းဖွဲ့ပီး အရပ်သားအိုးအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့၊ အပြစ်မဲ့ပြည်သူတွေကို ညှင်းပမ်းသတ်ဖြတ်ဖို့ ဒီအလုပ်ပဲလုပ်နိုင်တော့တယ်"လို့ဝန်ကြီးကဆိုပါတယ်။ ပြည်သူ့ခုခံစစ် တစ်နှစ်ကျော်ကာလအတွင်းမှာ စကစတပ်ဖွဲ့ဝင် နှစ်သောင်းကျော်သေဆုံးခဲ့ပါတယ်။


========================


📌📌 ၅။ မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ယူကေပါလီမန်မှာ ကျင်းပသည့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် ဖေဖော်ဝါရီ () ရက်နေ့က ယူကေနိုင်ငံ၊ လန်ဒန်မြို့တော်ရှိ ယူကေပါလီမန်တွင် All Parties Parliamentary Group (APPG) က ဦးစီးကျင်းပသည့် အစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာ့အရေးနဲ့စပ်လျဉ်းလို့ ဆွေးနွေးခဲ့ပါတယ်။


ထို့နောက်အကြမ်းဖက်စစ်အုပ်စုက လက်ရှိမြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများအပေါ် အကြမ်းဖက်လုပ်ရပ်များအား အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်အုပ်စုကြောင့် အတိဒုက္ခရောက်နေကြရရှာသော မြန်မာပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးတို့အတွက်  လိုအပ်သော အကူအညီအထောက်အပံ့များကို အင်္ဂလန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံက ကြီးမှူးချိတ်ဆက်ပြီး နိုင်ငံတကာက အချိတ်အဆက်မိမိ ဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်းဆွေးနွေးပြောကြားခဲ့ပါတယ်။


ထိုအစည်းအဝေးကို All-Party Parliamentary Group (APPG) on Global Health Co-chair ဖြစ်သူ Lord Nigel Crisp က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ပါလီမန်အမတ်များ၊ လူ့အခွင့်အရေးစောင့်ရှောက်မှုနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆောင်ရွက်မှုအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များက တက်ကြွစွာ ပါဝင်ဆွေးနွေး၍ စစ်ဘေးသင့် မြန်မာပြည်သူများ၏ လတ်တလောကြုံတွေ့နေရသော ဒုက္ခများကို ကယ်ဆယ်နိုင်ရေး၊ တော်လှန်ရေးအလွန်ကာလတွင် လိုအပ်မည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ လူ့အခွင့်အရေးချိုးဖောက်မှုခံရသူများကို ပြန်လည်ကုစားပေးရေး လုပ်ငန်းများ အစရှိသည်တို့ကို ရင်းနှီးနွေးထွေးစွာ ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ကြပါတယ်။


========================


📌📌 ၆။ တော်လှန်ရေးကို တစ်ဆစ်ချိုး၍ ပိုပိုပြီး‌ ရှေ့ဆက်ဆောင်ရွက်နိုင်ရန်အတွက်  ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းလာနိုင်ခဲ့တယ်လို့ ဝန်ကြီး ဒေါက်တာတူးခေါင်ဆို


တော်လှန်ရေးကို တစ်ဆစ်ချိုး၍ ပိုပိုပြီး‌ ရှေ့ဆက်ဆောင်ရွက်နိုင်ရန်အတွက်  ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းလာနိုင်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ရက်မှာကျင်းပပြုလုပ်တဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံဆွေးနွေးရာမှာ ဝန်ကြီး ဒေါက်တာတူးခေါင်က ဆိုပါတယ်။


 ၂၀၂၃ ခုနှစ်သည် တော်လှန်ရေးကို တစ်ဆစ်ချိုး၍ ပိုပိုပြီး‌ ရှေ့ဆက်ဆောင်ရွက်နိုင်ရန်အတွက် အဓိကကျသည့် အုပ်ချုပ်ရေးပိုင်းတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ပြီးခဲ့သည့်နှစ်က ဖွဲ့စည်းပြီးနောက် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းလာနိုင်ခဲ့ကြောင်း၊  တော်လှန်ရေးသည် မြေပြင်တွင် ဦးစီးဦးဆောင်ကာ ဆောင်ရွက်နေကြသူများ၏ စွန့်လွှတ်စွန့်စားမှု၊ ကြိုးပမ်းအားထုတ်မှုသည် အားလုံး၏ ခွန်အားဖြစ်ကြောင်း"ဝန်ကြီးက ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး  ဌာနဆိုင်ရာအသီးသီး၏ တာဝန်ရှိသူများမှ ဌာနလုပ်ငန်းများနှင့် သက်ဆိုင်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များနှင့်လိုအပ်ချက် များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။ အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ခရိုင်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၇။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) ပထမအကြိမ် စတင်ဖြေဆိုမည့်ရက် ထုတ်ပြန်ကြေညာ


အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA)  ပထမအကြိမ် စတင်ဖြေဆိုမည့်ရက်ကို အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ၂ရက်နေ့ မှာအသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ  အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဧပြီလအထိ ပထမအကြိမ်နှင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှ အောက်တိုဘာလအထိ ဒုတိယအကြိမ် ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်နှင့်အညီ အွန်လိုင်း (Online) ဖြင့် ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့မှ စတင် ဖြေဆိုနိုင်ပြီဖြစ်ကြောင်းဖော်ပြပါတယ်။


ဖြေဆိုမှုကို၂၀၂၃ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင် ပထမအကြိမ်ဖြေဆိုခြင်း ပြီးစီးမည် ဖြစ်ကြောင်း ကြေညာထားပါတယ်။ မြေပြင် (On-ground) တွင် ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ သည် မိမိတို့ သက်ဆိုင်ရာ မြို့နယ်၊ စာဖြေဌာနများ၏ သတ်မှတ်ရက်တွင် စတင်ဖြေဆိုနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၈။ ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင်  ယုံကြည်ချက်ကြောင့် ကိုယ်လက်အဂါ စွန့်လွှတ်သူများအတွက် ကူညီစောင့်ရှောက်မှု အစီအစဉ် ရန်ပုံငွေပွဲ ကျင်းပခဲ့


ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင်  ယုံကြည်ချက်ကြောင့် ကိုယ်လက်အဂါ စွန့်လွှတ်သူများအတွက် ကူညီစောင့်ရှောက်မှု အစီအစဉ် ရန်ပုံငွေပွဲ ကျင်းပခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီ၂ရက်နေ့မှာ အသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနနှင့် ယူကေနိုင်ငံမှ Community leaders, Fundraisers များစုပေါင်း၍ ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင် ၂၀၂၃ခုနှစ်၊ ဇန်န၀ါရီလ (၁၄)ရက်နေ့က မိမိတို့၏ ယုံကြည်ချက်နှင့် ပြည်သူ့တော်လှန်ရေးအတွက် အလုပ်အကိုင်၊ အိမ်၊ မိသားစု၊ ချစ်ခင်သူတွေ အားလုံးကို စွန့်ထားခဲ့ရုံသာမက အသက်နှင့် ခန္ဓာပါ ပေးအပ်ထားကြသော တော်လှန်ရေး ညီအစ်အကိုမောင်နှမများကို ရည်ရွယ်၍  ယုံကြည်ချက်ကြောင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအတွက် ကူညီစောင့်ရှောက်မှု အစီအစဉ်ရန်ပုံငွေပွဲ ကျင်းပခဲ့ပါတယ်လို့ဆိုပါတယ်။


အဆိုပါပွဲမှ ရရှိလာသော ရန်ပုံငွေ ထိုင်းဘတ်ငွေ (၄၁၀,၃၅ဝိ/-) တိတိ ကို အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာနသို့  ယုံကြည်ချက်ကြောင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအတွက် ကူညီစောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန်  ပြန်လည်လှူဒါန်းခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။ ကျန်ရှိလွှဲပြောင်းဆဲ ရန်ပုံငွေများကိုလည်း ဆက်လက်လှူဒါန်းသွားမှာဖြစ်တယ်လို့ဖော်ပြပါတယ်။ 


========================


📌📌 ၉။ မြန်မာနိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွါပြည်သူ ဒသမ သန်းကျော်ရှိလာပြီးပြည်သူ ၁၇ ဒသမ သန်းက လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလိုအပ်


မြန်မာနိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွါပြည်သူ ဒသမ သန်းကျော်ရှိလာပြီးပြည်သူ ၁၇ ဒသမ သန်းက လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလိုအပ်နေတယ်လို့  မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာကို UN OCHA Myanmar က ဖော်ပြပါတယ်။


"အာဏာသိမ်းယူပြီး () နှစ်အကြာမှာ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ ပိုမိုမြင့်တက်လာပြီး အကူအညီရောက်ရှိ ဆောင်ရွက်နိုင်ရေးအခြေအနေတွေကလည်း ပိုမိုဆိုးရွားလာနေပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွာပြည်သူ ဒသမ သန်းကျော်ရှိလာပြီး ၂၀၂၃ ခုနှစ်မှာ ပြည်သူ ၁၇ ဒသမ သန်း (စုစုပေါင်းလူဦးရေရဲ့ ၃ပုံ၁ပုံနီးပါး) က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်မယ်လို့ ခန့်မှန်းထားပါတယ်"လို့ဖော်ပြပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ တိုင်းရင်းသားနယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင် စစ်ကြောင်းထိုးမှုတွေ အဆက်မပြတ်ထိုး စစ်ဆင်လျက်ရှိနေတယ်လို့သိရပါတယ်။


========================


📌📌 ၁၀။ ရောင်နီလာရာလမ်း ရုပ်ရှင်ကို ဂျပန်နိုင်ငံ တိုကျိုမြို့အပါအဝင် နာဂိုရာ နှင့် ကျူးရှူး အစရှိတဲ့ မြို့ကြီးများမှာ ပြသသွားမယ်


ရောင်နီလာရာလမ်း ရုပ်ရှင်ကို ဂျပန်နိုင်ငံ တိုကျိုမြို့အပါအဝင် နာဂိုရာ နှင့် ကျူးရှူး အစရှိတဲ့ မြို့ကြီးများမှာ ပြသသွားမယ်လို့သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ရက်နေ့မှာ ရောင်နီရာလာလမ်းပြသရေးကော်မတီကဆိုပါတယ်။


"ရောင်နီလာရာလမ်း ရုပ်ရှင်ကို ဂျပန်နိုင်ငံ တိုကျိုမြို့အပါအဝင် နာဂိုရာ နှင့် ကျူးရှူး အစရှိတဲ့ မြို့ကြီးများမှာ ပြသသွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။ 


ရုပ်ရှင် ပြသမယ့် နေ့ရက်နဲ့ အချိန်များကတော့ Tokyo လပိုင်း () ရက်နေ့ :၀၀ ~ :၀၀ အထိ Nagoya လပိုင်း () ရက်နေ့ညနေ  :၀၀ ~ :၀၀အထိ Kyushu လပိုင်း  ၁၂ ရက်နေ့ နေ့လည်  :၀၀ ~ :၀၀အထိတို့ ဖြစ်ပါတယ်။ ရုပ်ရှင်လက်မှတ် များကို ကြေညာထားတဲ့ အဖွဲ့အစည်းများမှ တဆင့် ဝယ်ယူအားပေးကြဖို့ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment