4th FEB 2023 - Evening Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ကုလသမဂ္ဂဆုံးဖြတ်ချက် စစ်ကောင်စီက လုံးဝမလိုက်နာဘဲ လုပ်ချင်ရာလုပ်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ ကြားကာလအခြေခံပညာပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြုကြောင်း အွန်လိုင်းကျောင်း ၁၅ ကျောင်းကို ပညာရေးဝန်ကြီးဌာနက ထပ်မံကြေညာ

📌 ၃။ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာလိုက်တာဟာ  ပြည်သူတွေအပေါ် ပိုပြီး အကြမ်းဖက် နှိပ်ကွက်ဖို့ဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြား

📌 ၄။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အိမ်ရှင်အဖြစ်ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အကြမ်းဖက်စစ်ကောင်စီကို ဖိတ်ကြားမှု မပြု

📌 ၅။ အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့မှာ NUG နိူင်ငံခြားရေးဝန်ကြီး အဖွဲ့နှင့်မြန်မာမိသားစုများတွေ့ဆုံမည်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကုလသမဂ္ဂဆုံးဖြတ်ချက် စစ်ကောင်စီက လုံးဝမလိုက်နာဘဲ လုပ်ချင်ရာလုပ်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


ဖေဖော်ဝါရီလ () ရက်နေ့တွင်ပြုလုပ်သည့်တွေ့ဆုံမေးမြန်းမှု တစ်ခုမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ကအခုလို ပြောကြားထားပါတယ်။


"ကျနော်တို့နိူင်ငံနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက ပထမဦးဆုံး အရေးတယူဆုံးဖြတ်လိုက်တာမှာ ကန့်ကွက်မဲ မရှိဘဲ ဆုံးဖြတ်နိူင်တာတွေ့ရတော့ အရမ်းကိုအားရပါတယ်။ကျနော်တို့ရဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်ဟာ အခုအချိန်အထိ စစ်ကောင်စီက လုံးဝမလိုက်နာပါဘူး။ သူတို့ကတော့ ဒီလိုအကျင့်ပဲရှိပါတယ်။ ကမ္ဘာကဘယ်လိုပဲ ပြောပြော သူလုပ်ချင်ရာ လုပ်မယ်ဆိုတဲ့အကျင့်ရှိပြီးသားဆိုတော့ ထိထိရောက်ရောက် လုပ်နိူင်ဖို့၊ ကုလသမဂ္ဂလည်း သိက္ခာရှိရှိနဲ့ သူ့ရဲ့လမ်းညွှန်ချက်တွေကို နိူင်ငံတွေကလိုက်နာဖို့ သူလုပ်ရမယ့် တာဝန်တွေကို သူစဥ်းစားပြီးတော့ လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"လို့ဆိုပါတယ်။


ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာအရေးဆုံးဖြတ်ချက်တွင်သမ္မတ ဦးဝင်းမြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို မဖြစ်မနေ လွှတ်ပေးဖို့ တောင်းဆိုထားပြီး မြန်မာအရေးကို အမြန်ဆုံးတည့်ငြိမ်အောင်ဖြေရှင်းဖို့နဲ့ အကြမ်းဖက်မှုများရပ်တန့်ဖို့တို့ပါဝင်ပါတယ်။


========================


📌📌 ၂။ ကြားကာလအခြေခံပညာပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြုကြောင်း အွန်လိုင်းကျောင်း ၁၅ ကျောင်းကို ပညာရေးဝန်ကြီးဌာနက ထပ်မံကြေညာ


ဖေဖော်ဝါရီ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက အွန်လိုင်းကျောင်း ၁၅ ကျောင်းကို အသိပေးကြေညာခဲ့ပါတယ်။


ပြည်သူ့ပညာရေးကျောင်း အသိအမှတ်ပြု မူဝါဒ၁၁ချက်နှင့် သတင်းအချက်အလက်နဲ့နည်းပညာ လုံခြုံရေး လမ်းညွှန်များကို လိုက်နာပါမည်ဟု ဝန်ခံကတိပြုထားသော အွန်လိုင်းကျောင်းများကို ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြုလိုက်တယ်လို့ ဖော်ပြထားပါတယ်။ အသိအမှတ်ပြုလိုက်သော အွန်လိုင်း ပညာရေးကျောင်းများတွင် ဧရာဝတီဖက်ဒရယ် စကူးလ်၊ ပဲခူးဖက်ဒရယ် စကူးလ်၊နွေဦးဖက်ဒရယ်စကူးလ် စတဲ့ အွန်းလိုင်းကျောင်း၁၅ ကျောင်းတို့ပါဝင်ပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာလိုက်တာဟာ  ပြည်သူတွေအပေါ် ပိုပြီး အကြမ်းဖက် နှိပ်ကွက်ဖို့ဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြား


ဖေဖော်ဝါရီလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ စစ်အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦး‌အောင်မျိုးမင်းက အခုလိုဆိုလိုက်ပါတယ်။


"အခုလို စစ်အုပ်ချုပ်ရေးကြေညာလိုက်တာ အဲဒီဒေသတွေက ပြည်သူတွေအပေါ် ပိုပြီး အကြမ်းဖက် နှိပ်ကွက်ဖို့ပါ။ ဒါ့အပြင် အဲဒီဒေသတွေကို ဘယ်လိုမှ အုပ်ချုပ်နိူင်စွမ်းမရှိတော့ဘူးဆိုတာ သက်သေကိုလည်းပြနေပါတယ်။ ဥပဒေမဲ့ လုပ်ရပ်တွေကို တရားဥပဒေအသွင် ဖန်တီးပြီးတော့ မတရားမှုတွေကိုပိုမိုလုပ်ဆောင်ဖို့ အမြင့်မားဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ပေးမှုကို တရားဝင်ဖြစ်အောင် လုပ်ဆောင်နိူင်ဖို့ ဖန်တီးတာပါ"လို့ဆိုပါတယ်။ ဖေဖော်ဝါရီလ ရက်နေ့ကအသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီမှ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနဲ့ ပြည်နယ် ()ခုမှ မြို့နယ် (၃၇)ခုကို စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာကြောင်း ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာခဲ့တဲ့ မြို့နယ်တွေမှာ ကယားပြည်နယ်အတွင်းက ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနဲ့ ဘောလခဲမြို့နယ်တို့ပါဝင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးက (၁၁) မြို့နယ်၊ မကွေးတိုင်းဒေသကြီးက ()မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးက ()မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးက ()မြို့နယ်၊ ချင်းပြည်နယ်က ()မြို့နယ်၊ မွန်ပြည်နယ်က ()မြို့နယ်၊ ကရင်ပြည်နယ်က ()မြို့နယ်တို့ ပါဝင်ပါတယ်။


========================


📌📌 ၄။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အိမ်ရှင်အဖြစ်ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အကြမ်းဖက်စစ်ကောင်စီကို ဖိတ်ကြားမှု မပြု


အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်တွင် ဖေဖေါ်ဝါရီလ ရက် နေ့မှ ရက်နေ့အထိ ကျင်းပနေပါတယ်။ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Ms.Retno Masudi က နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲ၌ မြန်မာအရေးကိစ္စကို အလေးထားဆွေးနွေးခဲ့ကြပါတယ်။


မြန်မာအကြမ်းဖက်စစ်ကောင်စီကိုဖိတ်ကြားမှု မပြုသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း ဖိတ်ကြားမှု မရှိသေးသည်ကို တွေ့ရတယ်လို့ နိူင်ငံတကာ သတင်းမီဒီယာတွေကဖော်ပြပါတယ်။ နိုင်ငံတကာအသိုက်အဝန်းအနေနှင့် အမျိုးသားညီညွတ်ရေးအစိုးရအား တိုးမြှင့်ဆက်ဆံရန် ကိစ္စရပ်တွင် အာဆီယံသည် နှောင့်နှေးနေပြီး အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ် ချက်ချီးယား ဥရောပသမဂ္ဂတို့က တိုးမြှင့်ဆက်ဆံမှုများရှိနေပါတယ်။


========================


📌📌 ၅။ အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့မှာ NUG နိူင်ငံခြားရေးဝန်ကြီး အဖွဲ့နှင့်မြန်မာမိသားစုများတွေ့ဆုံမည်


အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့မှာ NUG နိူင်ငံခြားရေးဝန်ကြီး အဖွဲ့နဲ့ မြန်မာမိသားစုများ တွေ့ဆုံမည့် အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ရက်နေ့ ကျင်းပမှာဖြစ်တယ်လို့ NYCBC ကအမှုဆောင် ဦးနေတင်မြင့်ကပြောပါတယ်။


ဦးနေတင်မြင့်-(NYCBCကအမှုဆောင်)

ကျွန်တော်တို့လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ  အမေရိကန်နိုင်ငံကိုရောက်ရှိလာမယ့် ကျွန်တော်တို့ရဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပြီးတော့ ဒီမှာရှိနေတဲ့ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး ဒါ့အပြင် နယူးယောက်မှာရှိနေတဲ့ ကျွန်တော်တို့ရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ် အမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်း တို့ပေါ့လေ သူတို့နဲ့ တွေ့ဆုံပွဲလေးလုပ်ထားပါတယ်။ အဲ့လိုလုပ်ထားတဲ့ ရည်ရွယ်ချက်ကလည်း နယူးယောက်မှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေက သူတို့သိချင်တဲ့ဉစ္စာလေးတွေ မေးမြန်းချင်တဲ့ကိစ္စလေးတွေ စသဖြင့်ဉစ္စာကို လူကိုယ်တိုင်တွေ့ရပြီးတော့ မေးမြန်းခွင့်ကိုလုပ်ပေးချင်တဲ့အတွက် ကျွန်တော်တို့ ဒီပွဲလေးကို စီစဉ်ရခြင်းဖြစ်ပါတယ်။ အဲ့ပွဲစီစဉ်ရတဲ့အတွက် ကျွန်တော်တို့ ရလဒ်ကောင်းတွေ ရလာပြီးတော့ ကျွန်တော်တို့ နယူးယောက်မှာရှိတဲ့ မြန်မာပြည်သူလူထုသာမက အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျွန်တော်တို့ရဲ့တက်ကြွလှုပ်ရှားသူတွေ မြန်မာ့အရေးကို စိတ်ပါဝင်စားသူတွေ အားလုံးတက်ရောက်ဖို့လည်း ကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်။ အဲ့အတွက် ကျွန်တော်တို့ ၂၀၂၃ မှာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့နှစ်ဖြစ်တဲ့အတွက် စစ်အောင်နိုင်ရေးအနိုင်တိုက်ဖို့အတွက် ဒီလိုလူတွေက ဒီလိုတက်ကြွလှုပ်ရှားသူတွေက တစ်ထောင့်တစ်နေရာက ပိုပြီးတော့ အားဖြည့်ပြီးတော့ တက်အားသရွေ့ ဖြည့်စွမ်းပေးနိုင်လိမ့်မယ်လို့ယုံကြည်ပြီးတော့ အခက်အခဲကြားက ကျင်းပပေးရခြင်းဖြစ်ပါတယ်"


မြန်မာ့နွေဦးတော်လှန်ရေးမှာ အမေရိကန်နိူင်ငံရောက် ပြည်ထောင်စုဖွား တိုင်းရင်းသားများလည်း တစ်တပ်တစ်အားပါဝင်နေလျက်ရှိပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment