၂၀၂၃ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ဒေသအလိုက် လွတ်မြောက်နယ်တွေဖော်ထုတ်ရေးဟာ အရေးကြီးတဲ့ ရည်မှန်းချက်တွေ ဖြစ်လာမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
📌 ၂။ တနင်္သာရီတိုင်းဟာ စစ်ရေးအရ အရေးကြီးတဲ့နေရာဒေသဖြစ်ကာထိန်းချုပ်စိုးမိုးနိူင်ပါက အခွန်များများရနိူင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော
📌 ၃။ ဒရုန်းတပ်ဖွဲ့များရဲ့ အောင်မြင်မှုများကို ဆက်လက်ထိန်းထားဖို့လိုမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ဆို
📌 ၄။ ၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲ နှစ်လို့ ကာကွယ်ရေးဒုဝန်ကြီးဆို
📌 ၅။ ပြည်သူ့အခြေပြုကျောင်းများနှင့် ကျောင်းများ တည်ရှိရာဒေသတွင် လေကြောင်းရန်ကာကွယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်းလမ်းညွှန်ထုတ်ပြန်
📌 ၆။ မုံရွာ PDF အတွက် ပြုလုပ်တဲ့ "Project Sallawaddy - ပရောဂျက် သလ္လာဝတီ" ကမ်ပိန်း သိန်း ၆၀၀ ကျော်ရရှိထားပြီး ဆက်လက်ပါဝင်ထောက်ပို့နိူင်
📌 ၇။ ထိုင်းနိူင်ငံ မဲဆောက်အချုပ်ထောင်ရှေ့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်ရှေ့ကို မြန်မာဒုက္ခသည်အရေး ဆန္ဒပြ
📌 ၈။ အမေရိကန်ပြည်ထောင်စုရှိ နွေဦးလက်ဖက်ရည်ဝိုင်းမှ တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၇၀၀၀ ကျော်ရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ဒေသအလိုက် လွတ်မြောက်နယ်တွေဖော်ထုတ်ရေးဟာ အရေးကြီးတဲ့ ရည်မှန်းချက်တွေ ဖြစ်လာမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
ဖေဖော်ဝါရီ ၆ ရက်
ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့ခုခံတော်လှန်စစ် မေးကြဖြေကြမယ် Myanmar Global Townhall တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကအခုလိုပြောကြားခဲ့ပါတယ်။
"ရှေ့မှာ ဒီတော်လှန်ရေးဟာ တစ်နှစ်မဟာဗျူဟာ စီမံချက်အတိုင်း ကွက်စေ့၊ ကွက်ပြည့် ဖြစ်လာမယ်။ပိုပြီးတော့ စစ်ကောင်စီကို အထိနာအောင်ဆောင်ရွက်နိူင်လိမ့်မယ်။ ဒီထဲမှာမှ စစ်ဒေသအလိုက် လွတ်မြောက်နယ်တွေဖော်ထုတ်ရေးဆိုတာလည်း အရေးကြီးတဲ့ ရည်မှန်းချက်တွေဖြစ်မယ်။ဒီ့အတွက်လည်းအရေးကြီးတဲ့ အကောင်အထည်ဖော်မှုတွေ ခုကတည်းက စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ စကစဟာ မြို့နယ်၃၇မြို့နယ်ကို စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ထားပြီး စိုးမိုးမှုမရှိတဲ့နယ်မြေက ရဲများကို မြို့ပေါ်သို့ ပြန်လည်ခေါ်ယူလျက်ရှိပါတယ်။
========================
📌📌 ၂။ တနင်္သာရီတိုင်းဟာ စစ်ရေးအရ အရေးကြီးတဲ့နေရာဒေသဖြစ်ကာထိန်းချုပ်စိုးမိုးနိူင်ပါက အခွန်များများရနိူင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော
ဖေဖော်ဝါရီ ၆
ဖေဖော်ဝါရီ ၅ ရက်ကျင်းပတဲ့ ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲ တတိယအကြိမ်(ဥရောပဒေသဆိုင်ရာ)fundraising အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကအခွန်ကောက်ခံနိုင်မှုနှင့်ပတ်သက်၍ အခုလိုဆိုလိုက်ပါတယ်။
"တနင်္သာရီဟာ သိပ်ကိုအရေးကြီးပါတယ်။တကယ်သာ ကိုယ့်ဧရိယာကို ကိုယ်ထိန်းနိူင်ရင် စစ်ကိုင်းတိုင်းလိုပဲ စိုးမိုးနိူင်ရင် စစ်ကိုင်းလိုပဲ အခွန်အတုပ်တွေ ရနိူင်တယ်လို့မြင်ပါတယ်။ တနင်္သာရီဟာ နောက်ထပ် ၆ လဆိုရင် စစ်ကိုင်းလိုများဖြစ်လာမလားလို့လည်း မျှော်မိတယ်"လို့ဆိုပါတယ်။ တနင်္သာရီတိုင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များစိုးမိုးနိုင်သောနေရာများရှိနေပြီးတော့ ရေကြောင်းကုန်သွယ်မှု အဓိကလုပ်ဆောင်နေတဲ့ရေလမ်းကြောင်း ထွက်ပေါက်ရှိရာမြို့လည်းဖြစ်ပါတယ်။
========================
📌📌 ၃။ ဒရုန်းတပ်ဖွဲ့များရဲ့ အောင်မြင်မှုများကို ဆက်လက်ထိန်းထားဖို့လိုမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ဆို
ဖေဖော်ဝါရီ ၆ ရက်
ဖေဖော်ဝါရီ ၅ ရက် နွေဦးအောင်လံ campaign (ပထမအကြိမ်)ရလဒ်မျှဝေခြင်းနှင့် ကံစမ်းမဲအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က အခုပြောကြားခဲ့ပါတယ်။
"ဖက်ဒရယ်ဝင်းဆိုတာ တိုက်ပွဲတိုင်းလိုလိုမှာ ရန်သူက အင်မတန်စိုးရိမ်ကြောက်ရွံရတဲ့ ဒရုန်းအဖွဲ့ဆိုလို့ရှိရင်မမှားဘူးပေါ့။တချို့ဆိုရင် ကျနော်တို့ပြန်သိရတာက ဖက်ဒရယ်ဝင်းကို ထိုးစစ်တောင် ပြန်ဆင်ပြီး အညိုးထားတယ်လို့ ပြန်ကြားရတယ်။ဒါကလည်းအောင်မြင်မှုတစ်ခုပါပဲ။ဒီအောင်မြင်မှုတွေကို ကျနော်တို့ ဆက်ထိန်းထားနိူင်ဖို့ လိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် ပုံစံမတူသော နည်းပညာမြင့် ဒရုန်းတွေကိုလည်း တိုက်ပွဲများမှာ မြင်တွေ့ရလာမှာဖြစ်တယ်လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း Federal Wings ကဒရုန်းစစ်ဆင်ရေး ၄၃၇ ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀၀ ဦးခန့်သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။
========================
📌📌 ၄။ ၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲ နှစ်လို့ ကာကွယ်ရေးဒုဝန်ကြီးဆို
ဖေဖော်ဝါရီ ၆
၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲ နှစ်လို့ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိူင်ကောင်းရွက်ပြောပါတယ်။ ဖေဖော်ဝါရီ ၅ ရက်ကျင်းပတဲ့ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲ တတိယအကြိမ်(ဥရောပဒေသဆိုင်ရာ) fundraising အခမ်းအနားမှာပြောပါတယ်။
"ဒီပွဲက နိူင်ကိုနိူင်ရမယ်။၂၀၂၃ဟာ ကျနော်တို့ရဲ့ အောင်ပွဲနှစ်ပဲ။အဲဒါကိုကြိုးစားပြီးတော့မှ လက်နက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ ဒရုန်းကိုလည်း ကျနော်တို့အဆင့်မြှင့်တယ်။နည်းပညာတွေလည်း ကျနော်တို့ပံ့ပိုးသွားမှာပါ။အဖွဲ့တွေနဲ့အပြန်အလှန်ချိတ်ဆက်ပြီး အားကောင်းကောင်းနဲ့ ကိုယ့်အားကိုယ်ကိုးပြီးကြိုးစားဆောင်ရွက်ကြပါမယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာလုယူပြီးနောက်ပိုင်းမှာ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပြီး ၂ နှစ်တာ ကာလအတွင်းဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။
========================
📌📌 ၅။ ပြည်သူ့အခြေပြုကျောင်းများနှင့် ကျောင်းများ တည်ရှိရာဒေသတွင် လေကြောင်းရန်ကာကွယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်းလမ်းညွှန်ထုတ်ပြန်
ဖေဖော်ဝါရီ ၆ ရက်
ပြည်သူ့အခြေပြုကျောင်းများနှင့် ကျောင်းများ တည်ရှိရာဒေသတွင် လေကြောင်းရန်ကာကွယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်းလမ်းညွှန်ကိုဖေဖော်ဝါရီလအတွင်းမှာ NUGရဲ့ပညာရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။ ပြည်သူ့အခြေပြုကျောင်းများနှင့် ကျောင်းများ တည်ရှိရာဒေသတွင် လေကြောင်းရန်ကာကွယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်းလမ်းညွှန်ကို ပညာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ၅ရက် လူမှုကွန်ရက်စာမျက်နှာမှာထုတ်ပြန်ထားပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို စကစတပ်များဟာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်၍ ကလေးငယ်များသေဆုံးခဲ့ရပါတယ်။
========================
📌📌 ၆။ မုံရွာ PDF အတွက် ပြုလုပ်တဲ့ "Project Sallawaddy - ပရောဂျက် သလ္လာဝတီ" ကမ်ပိန်း သိန်း ၆၀၀ ကျော်ရရှိထားပြီး ဆက်လက်ပါဝင်ထောက်ပို့နိူင်
ဖေဖော်ဝါရီ ၆
မုံရွာ PDF အတွက် ပြုလုပ်တဲ့ "Project Sallawaddy - ပရောဂျက် သလ္လာဝတီ" ကမ်ပိန်း သိန်း၆၀၀ ကျော်ရရှိထားပြီး ဆက်လက်ပါဝင်ထောက်ပို့နိူင်တယ်လို့သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ OFP Fundraisers ကအသိပေးဖော်ပြပါတယ်။
"နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း ၁၆၀ ကျော် ဆင်နွှဲခဲ့ပြီးဖြစ်သော အညတရ အညာသူရဲကောင်းများ နဲ့ စုဖွဲ့ထားသော မုံရွာ PDF အတွက် ပြုလုပ်တဲ့ "Project Sallawaddy - ပရောဂျက် သလ္လာဝတီ" ကမ်ပိန်းကို ဖေဖော်ဝါရီလ ၁၁ရက်နေ့အထိပြုလုပ်သွားမှာပါ။ ယနေ့အထိ အလှူငွေသိန်း 600 ကျော်ရရှိထားပြီး စစ်ရေးအရှိန်မြှင့်နိုင်ဖို့၊ စားနပ် ရိက္ခာ၊ ပစ္စည်း ကိရိယာစုံလင်စွာ တပ်ဆင်နိုင်ဖို့ စသည်တို့အတွက် ထပ်မံလိုအပ်နေပါသေးတယ်။ အလှူငွေအားလုံး မုံရွာကို ၁၀၀ရါခိုင်နှုန်း ပေးပို့သွားမှာဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
ဆက်လက် လှူဒါန်းလိုသူများ OFP fundraiser အဖွဲ့ဖြစ်တဲ့ We Are One -page ကိုဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
========================
📌📌 ၇။ ထိုင်းနိူင်ငံ မဲဆောက်အချုပ်ထောင်ရှေ့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်ရှေ့ကို မြန်မာဒုက္ခသည်အရေး ဆန္ဒပြ
ဖေဖော်ဝါရီ ၆ ရက်
ထိုင်းနိူင်ငံ မဲဆောက်အချုပ်ထောင်ရှေ့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်ရှေ့ကို မြန်မာဒုက္ခသည်အရေးကို ဖေဖော်ဝါရီ၆ရက် မနက်ပိုင်းမှာ Maesot Myanmar Refugee Voice က ဆန္ဒပြခဲ့ကြတာလို့သတင်းရရှိပါတယ်။
မဲဆောက်အချုပ်ထောင်ရှေ့တွင် ဖမ်းဆီးထားသော မြန်မာဒုက္ခသည်များ ပြန်လွတ်ရေးနဲ့ ဒုက္ခသည်များ လုံခြုံရေး တို့ကို စာတန်းများကိုင်ဆောင် ဆန္ဒပြခဲ့တာလို့သိရပါတယ်။ အလားတူ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးအိမ်ရှေ့တွင် "မြန်မာဒုက္ခသည်များကို လေးစားအသိမှတ်ပြုပါ" မြန်မာဒုက္ခသည် လုံခြုံရေး စတာတွေကို ပြသခဲ့ကြပါတယ်။
လတ်တလော မြန်မာဒုက္ခသည်များကို ထိုင်းနိူင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူမှုများပြားလျက်ရှိနေတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၈။ အမေရိကန်ပြည်ထောင်စုရှိ နွေဦးလက်ဖက်ရည်ဝိုင်းမှ တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၇၀၀၀ ကျော်ရရှိ
ဖေဖော်ဝါရီ ၆
အမေရိကန်ပြည်ထောင်စုရှိ နွေဦးလက်ဖက်ရည်ဝိုင်းမှ တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၇၀၀၀ ကျော်ရရှိခဲ့ကြောင်းကိုဖေဖော်ဝါရီ၆ရက်နေ့မှာ နွေဦးလက်ဖက်ရည်ဝိုင်းကအသိပေးဖော်ပြခဲ့ပါတယ်။
"နွေဦးလက်ဖက်ရည်ဂိုင်းမှ ဖေဖော်ဝါရီလ ရောင်းရငွေနဲ့အလှူငွေရရှိငွေ အမေရိကန်ဒေါ်လာ ၁၇၆၆၀ ဒေါ်လာရရှိပါတယ်"လို့ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုရှိ နွေဦးလက်ဖက်ရည်ဝိုင်းမှ လစဥ် အစားအစာများ ချက်ပြုတ် ဖန်တီးရောင်းချကာ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေပေးလျက်ရှိပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment