18th MAR 2023 - (Ethnic language program-CHO_DAAI) by Radio NUG


📌 (ချင်း တိုင်းရင်းသား - Daai ဒိုင်ရ် ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၃ မတ်လ ( ၁၈ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ 


📌📌 ၁။ ကန်ပက်လက်မှာ ကိုယ်ထူကိုယ်ထ ကားလမ်းသစ် ဖွင့်လှစ်

 

ကန်ပက်လက်မြို့နယ်မှာ ကိုယ်ထူကိုယ်ထ ဖောက်လုပ်တဲ့ မော်တော်ကားလမ်းသစ် ဖွင့်လှစ်လိုက်တယ်လို့ ကန်ပက်လက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၆ ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။

 

ကိုယ်ထူကိုယ်ထဖွင့်တဲ့ ကားလမ်းသစ်ဟာ ကန်ပက်လက်မြို့နယ်ဒေသတစ်ခုရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းကို ဆက်သွယ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ကားလမ်းသစ်ဖွင့်ပွဲအခမ်းအနားမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိ သူတွေ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) တာဝန်ရှိသူတွေ၊ ဒေသအုပ်ချုပ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေ၊ CNF/A တာဝန်ရှိသူတွေနဲ့ ဒေသခံပြည်သူအများစု တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

အခုဖွင့်လှစ်လိုက်တဲ့ မော်တော်ကားလမ်းသစ်ရဲ့အကွာအဝေးဟာ မိုင်ကျော်ပြီး ချင်းပြည်နယ်၊ တောင်ပိုင်းမြို့နယ် ခု လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေဖို့ ရည်ရွယ်တာလို့ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

 

လက်ရှိကန်ပက်လက်မြို့နယ်ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်း ဆက်သွယ်ထားတဲ့ ကျင်ဒွေးလမ်းပိုင်း ဟန့်တားပိတ် ဆို့ခံထားရပြီး စစ်ကောင်စီက ခရီးသွားအရပ်သားပြည်သူတွေကို မတရားစွပ်စွဲဖမ်းဆီးတာမျိုး ရှိနေတာပါ။

 

ဒါကြောင့် အရေးပေါ်သွားလာရေး၊ စားဝတ်နေရေး၊ လူမှုရေးအခက်အခဲကြုံတွေ့နေရတာ နှစ်ကျော်လာတာနဲ့အမျှ အခုလို လမ်းပိုင်းကို မဖြစ်မနေဖောက်လုပ်ရတာလို့ ဆိုပါတယ်။

 

ကိုယ်ထူကိုယ်ထ ကားလမ်းသစ်ဖောက်လုပ်ဖို့ ဒေသခံပြည်သူတွေရဲ့ ငွေကြေးနဲ့ လုပ်အားပါဝင်မှု၊ ပြည်ပနိုင်ငံ ရောက်နေသူတွေ ရဲ့ ဖေးမကူညီမှုနဲ့ တခြားအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုတွေကြောင့် အကောင်အထည်ဖော်နိုင်ခဲ့တာလို့လည်း ကန်ပက် လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မှတ်တမ်းတင်ထားပါတယ်။ 

 

========================

 

📌📌 ၂။ မတူပီမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ

 

မတူပီမြို့နယ်၊ ထယ်ဘွေးစခန်းက စစ်ကောင်စီစစ်ကြောင်းကို ဝလံပီ - ကလားကြားမှာ မတ်လ ၁၄ ရက်နေ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ တယ်လို့ CDF မတူပီက သတင်းထုတ်ပြန်ပါတယ်။ 

 

တစ်နာရီကြာတဲ့ မိုင်းဆွဲတိုက်ခိုက်မှုနဲ့ အပြန်အလှန်ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက် သေပြီး ထိခိုက်ဒဏ်ရာရသူ များတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ CDF မတူပီ ရဲဘော်တွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

 

ခုရက်ပိုင်းမှာ မတူပီ - ပလက်ဝလမ်း၊ မတူပီ - ဘွေရားလမ်းနဲ့ မတူပီ - မင်းတပ်ကားလမ်းမကြီးတွေကို ပြည်သူတွေအနေနဲ့ လတ်တလောအသုံးမပြုကြဖို့ မတ်လ ၁၅ ရက်နေ့က အစောပိုင်းမှာ CDF မတူပီက အသိပေးထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

၂၀၂၃ မတ်လထဲ ချင်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းတွေမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံ ချင်းကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။

 

========================

 

📌📌 ၃။ တပ်တွင်းသတင်းမှန်ပေးပို့သူကို ဆုငွေချီးမြှင့်မယ်လို့ CDF မင်းတပ် ဖိတ်ခေါ်နေ

 

စစ်ကောင်စီရဲ့ တပ်တွင်းသတင်းမှန်ပေးပို့သူတွေကို ဆုငွေချီးမြှင့်မယ်လို့ CDF မင်းတပ်က မတ်လ ၁၄ ရက်နေ့ကထုတ်ပြန် ကြေညာလိုက်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် CDM မဝင်နိုင်ပေမယ့် ပြည်သူတွေ အကျိုးဖြစ်စေမယ့် စစ်ကောင်စီ လှုပ်ရှားမှု တပ်တွင်းသတင်း မှန်တွေကို ပေးလေ့ရှိကြတာကြောင့် အခုလိုထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

 

၂၀၂၁ သြဂုတ်လ ဆန်းပိုင်းမှာ လက်နက်နဲ့အတူ CDM ဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆုကြေးငွေ ကျပ်သိန်း (၅၀) ချီးမြှင့်မယ်လို့ အစောဆုံးထုတ်ပြန်ဖူးသလို CDM ဝင်ရောက်လာသူတွေကို အသီးသီး ဆုချီးမြှင့်လျက်ရှိတယ်လို့လည်း CDF မင်းတပ်က ဆိုပါတယ်။

 

ပြည်သူတွေ အန္တရာယ်ကင်းစေဖို့ ရည်ရွယ်ပြီး CDF မင်းတပ်ထံ စစ်ကောင်စီရဲ့ တပ်တွင်းလှုပ်ရှားမှုသတင်းမှန်တွေ ပေးပို့နိုင်သ လို ဒီလိုသတင်းခိုင်မာမှုပေါ်မူတည်ပြီး ထိုက်တန်တဲ့ဆုကြေးငွေ ထပ်မံချီးမြှင့်သွားမယ်လို့ CDF မင်းတပ်က ဖိတ်ခေါ်နေ တာဖြစ်ပါတယ်။

 

========================

 

📌📌 ၄။ မကွေးတိုင်းကျောက်ထုမြို့မှ ချင်းပြည်နယ်မင်းတပ်မြို့သို့ စစ်ကောင်စီယာဉ်တန်းဦးတည်ထွက်ခွာနေ

 

ကျောက်ထုတပ်ထဲသို့ဝင်လာတဲ့ စစ်ကောင်စီယာဉ်တန်း (၈၀) ဝန်းကျင်ထဲက (၃၅) စီးဟာ မတ်လ ၁၆ရက်နေ့မှာ မင်းတပ်မြို့ဘက်သို့ ဦးတည်ထွက်ခွာနေပြီလို့ စစ်ကောင်စီတပ်ရဲ့လှုပ်ရှားမှုကို စောင့်ကြည့်နေတဲ့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

 

မိဘပြည်သူများအနေဖြင့် ကျောက်ထု-မင်းတပ်-မတူပီလမ်းမကြီး အသုံးမပြုကြဖို့ မတ်လ ၁၃ ရက်နေ့က CDF မင်းတပ်က သတိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီယာဥ်တန်းဟာ မတ်လ (၁၀) ရက်နေ့က ပခုက္ကူ (၁၀၁) တပ်ရင်းကနေ စတင်ထွက်ခွာလာခဲ့ပြီး  မတ်လ ၁၃ ရက်နေ့၊ ထပြင်းကျေးရွာ အနောက်ဘက် ထပြင်းပုံညာလမ်းပိုင်းတစ်နေရာ ရောက်လာချိန်မှာ ကျောက်ထု PDF (YRPA) နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 

 

ဒီစစ်ယာဉ်တန်းဟာ ကျောက်ထုတပ်သို့ဝင်ကြပြီး ထီးလင်း မြို့နယ်ဘက်ကို တချို့၊ မင်းတပ်ဘက်သို့တချို့  ဦးတည်ထွက်ခွာနေကြပြီး ထွက်ခွာဖို့ပြင်နေသေးတဲ့ စစ်ကားတချို့ကျန်နေသေးသလို မြေပြင်စစ်ကြောင်းတွေလည်း ရှိတယ်လို့ ယောအလင်းတန်းက ဖော်ပြထားပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

Related Posts:

No comments:

Post a Comment