16th APL 2023 - Evening Daily News by Radio NUG



၂၀၂၃ ဧပြီလ ၁၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUGအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များပူးပေါင်းပြီး PDFများကိုလက်နက်ခဲယမ်းများတပ်ဆင်ရေးကို အားထည့်ဆောင်ရွက်လျက်ရှိတယ်လို့ ယာယီသမ္မတအသိပေးပြောကြား

📌 ၂။ စစ်ကောင်စီအပေါ်မှာ ဒီ့ထက်ပိုပြီးတော့ ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ ထိထိရောက်ရောက်အရေးယူ ဖို့လိုတယ်လို့ NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပြောကြား

📌 ၃။ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါအားလုံးကို အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ရန် အရေးကြီးတယ်လို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား

📌 ၄။ မြင်းမူမြို့နယ် ဘိုးမင်းကြီး ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသောစစ်ကောင်စီတပ်များ လက်နက်ကြီးနဲ့ပစ်ခတ်ခံရ၍ ၈ဦးသေဆုံး

📌 ၅။ သုံးဆယ်မြို့နယ် သင်္ကြန်မဏ္ဍပ်မိုင်းပေါက်ကွဲကာ ရဲတစ်ဦးသေဆုံးပြီးလေးဦးထက်မနည်းထိခိုက်ဒဏ်ရာရ

📌 ၆။ ကနီမြို့နယ် မုန့်လုံးသပိတ်ယနေ့မနက်ကျင်းပ

📌 ၇။ Los Angeles မြန်မာကောင်စစ်ဝန်ရုံးရှေ့ကန့်ဘလူ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုအတွက် မြန်မာများစုဝေးကာ ကန့်ကွက် ရှုတ်ချ

📌 ၈။ ဧပြီလ ၁၇ ရက်နေ့ - နှစ်ဆန်းတစ်ရက်နေ့ည၈နာရီအချိန်  တစ်နိုင်ငံလုံး မီးပိတ်သပိတ်ကိုဆင်နွှဲရန် တော်လှန်ရေးအင်အားစုများတိုက်တွန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUGအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များပူးပေါင်းပြီး PDFများကိုလက်နက်ခဲယမ်းများတပ်ဆင်ရေးကို အားထည့်ဆောင်ရွက်လျက်ရှိတယ်လို့ ယာယီသမ္မတအသိပေးပြောကြား


ဧပြီ၁၆ရက်


ဧပြီ၁၆ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့သည့် အစိုးရသက်တမ်း ()နှစ်ပြည့်နေ့တွင် နိုင်ငံတော််ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူလူထုကို ပြောကြားသည့် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"စစ်အာဏာရှင်နဲ့ စစ်အုပ်စုများကို လက်နက်စွဲကိုင်ပြီးတော်လှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFများနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို လက်နက်ထောက်ပံ့ရေးအပိုင်းတွေ ကြီးမားတဲ့ စိန်ခေါ်မှုများရှိနေပါတယ်။မိမိတို့အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များပူးပေါင်းပြီး လက်နက်ခဲယမ်းများတပ်ဆင်ရေးကို အားထည့်ဆောင်ရွက်လျက်ရှိပါတယ်"လို့ဆိုပါတယ်။


သို့သော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးချင်းစီတိုင်း လက်နက်ရအောက်တက်လက်ကြိုးစားရမှာဖြစ်တယ်လို့ ယာယီသမ္မတကထပ်လောင်းဆိုပါတယ်။ လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း၃၀၃ရင်း၊မြို့နယ်ပကဖ အဖွဲ့ပေါင်း၂၆၀ခန့်ရှိနေပြီ ဖြစ်ပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီအပေါ်မှာ ဒီ့ထက်ပိုပြီးတော့ ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ ထိထိရောက်ရောက်အရေးယူ ဖို့လိုတယ်လို့ NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပြောကြား


ဧပြီ၁၆ရက်


"ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သတ်သည့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းစာရှင်းလင်းပွဲမှာ NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလိုပြောကြားခဲ့ပါတယ်။


"ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ထိုက်သင့်တဲ့အရေးယူမှု မရှိခဲ့တာကို ဝမ်းနည်းဖွယ်ရာ တွေ့ရပါတယ်။တကယ့်တကယ်တော့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်၂၆၆၉မှာ ပါပြီးသားဖြစ်တယ်။ဒီဆုံးဖြတ်ချက်ရှိပြီးသားအပေါ်မှာ အခုလိုမျိုးထပ်လောင်းပြီးတော့ အစုလိုက် အပြုံလိုက် စစ်ရာဇဝတ်မှုကျူးလွန်တဲ့အပေါ်မှာကုလသမဂ္ဂ အနေနဲ့ ဒီ့ထက်ပိုပြီးတော့ ထိထိရောက်ရောက် နဲ့အရေးယူဆောင်ရွက် ဖို့လိုတယ်။ကိုယ်တိုင်ဆုံးဖြတ်ချက်ချခဲ့တဲ့ အပေါ်မှာ လိုက်ပါဆောင်ရွက်ခြင်း မရှိဘဲ ချိုးဖောက်ခဲ့

တဲ့စစ်ကောင်စီအပေါ်မှာ ဒီ့ထက်ပိုပြီးတော့ ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ ထိထိရောက်ရောကိအရေးယူ ဖို့လိုတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဧပြီ၁၁ရက် စစ်ကိုင်းတိုင်း ကန့်ဘလူ ပဇီကြီးကျေးရွာကို စကစတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ လူဦးရေ ၁၇၄ဦးသေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်နဲ့အမျိုးသမီးများဖြစ်ကြပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါအားလုံးကို အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ရန် အရေးကြီးတယ်လို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား


ဧပြီ၁၆ရက်


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကပြောပါတယ်။


USA  Minnesota ပြည်နယ်တွင်  ကျင်းပသော မြန်မာ့နှစ်သစ် ၁၃၈၅ ကူးပြောင်းခြင်း  တော်လှန်အတာသင်္ကြန်ပွဲတော်သို့  တော်လှန်သင်္ကြန် အဖွင့်အမှာစကားမှာ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါအားလုံးကို အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ရန် အရေးကြီးလှတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကပြောကြားခဲ့ပါတယ်။


"ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ အချက်(၁၀)ချက်ကိုလည်း မြန်မာနိုင်ငံတွင်  အမြန်ဆုံး အကောင်အထည်ဖော်ရန်လိုအပ်နေပြီး ၎င်းနှင့်အတူ အာဆီယံ၏ဆုံးဖြတ်ချက် အချက်()ချက် ကိုလည်း မြန်မာနိုင်ငံတွင် အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်လှပါတယ်။ တစ်ဖက်မှာလည်း အကြမ်းဖက်စစ်အုပ်စုများနှင့် ၎င်းတို့၏ အကြမ်းဖက်ခြင်းကို ကူညီအားပေး နေသော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်၊ စီးပွားရေးနှင့် နိုင်ငံများကိုလည်း ထိထိရောက်ရောက်အရေးယူ ဒဏ်ခတ်ပိတ်ဆို့ရန်လွန်စွာ အရေးကြီးနေပါတယ်။ တစ်ချိန်တည်းမှာပင် အကြမ်းဖက်စစ်ကောင်စီကို လုံး၀ ရှုတ်ချသည်သာမက သူတို့ကျုးလွန်ထားသော စစ်ရာဇ၀တ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံး ICC မှတစ်ဆင့် အမြန်ဆုံးအရေးယူပြီး ရုရှားသမ္မတနှင့် အပေါင်းအပါကို ဖမ်း၀ရမ်းထုတ်ထားသကဲ့သို့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါအားလုံးကို အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ရန် အရေးကြီးလှပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် မြန်မာနှင့် ယူကရိန်းတော်လှန်ရေးသည် ပထဝီနိုင်ငံရေးအရသော်လည်းကောင်း၊ ကမ္ဘာ့စီးပွားရေး၊ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးအတွက် များစွာအရေးကြီးလှတယ်လို့ ဒေါက်တာဆာဆာကထပ်လောင်းပြောပါတယ်။


========================


📌📌 ၄။ မြင်းမူမြို့နယ် ဘိုးမင်းကြီး ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသောစစ်ကောင်စီတပ်များ လက်နက်ကြီးနဲ့ပစ်ခတ်ခံရ၍ ၈ဦးသေဆုံး


ဧပြီ၁၆ရက်


" ဧပြီ ၁၆ ရက်နေ့ နံနက် ၈နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ် ဘိုးမင်းကြီး ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အင်အား ၈၅ ယောက်ခန့်ရှိ စစ်ကောင်စီတပ်သားများကို ၈၀ မမ များဖြင့် ၈တြိမ် ၆၀ မမဖြင့် နှစ် တြိမ်တိုင် ပစ်ခက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား ၈ဦးသေဆုံးပြီး ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်"လို့People’s knight Defense Force Myinmuကဆိုပါတယ်။


စစ်ကောင်စီဘက်က လက်နက် ကြီး လက်နက် ငယ်များဖြင့် ပြန်လည် ပစ်ခက်ခဲ့ပြီး မိမိတို ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒက်ရာ ရှိခဲ့တယ်လို့ဆိုပါတယ်။ စစ်ဆင်ရေးကို People's knight Defense Force Myinmu (PKDF-MMU) Dog Killers  Defense Force ( DKPDF -MMU) ၊၊ D.B.B.F-MMU စသောမဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၅။ သုံးဆယ်မြို့နယ် သင်္ကြန်မဏ္ဍပ်မိုင်းပေါက်ကွဲကာ ရဲတစ်ဦးသေဆုံးပြီးလေးဦးထက်မနည်းထိခိုက်ဒဏ်ရာရ


ဧပြီ၁၆ရက်


ပဲခူးတိုင်း၊ သာယာဝတီခရိုင်သုံးဆယ်မြို့နယ် သင်္ကြန်မဏ္ဍပ်မိုင်းပေါက်ကွဲကာ ရဲတစ်ဦးသေဆုံးပြီးလေးဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဧပြီ၁၆ရက်မှာ စစ်ရေးသတင်းကို သာယာဝတီဂဠုန်တပ်ဖွဲ့ကအတည်ပြုဆိုထားပါတယ်။


"ဧပြီ၁၅ရက် ည၈နာရီ၅၀အချိန် We Love Thonze သင်္ကြန်မဏ္ဍပ်အား လုံခြုံရေးယူပေးနေသော စကစအဖွဲ့များကိုမိုင်းခွဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


မိုင်းပေါက်ကွဲ၍ ရဲတပ်ဖွဲ့ဝင် လေးဦးထက်မနည်းမိုင်းစထိမှန်၍ ဒဏ်ရာရကာ တစ်ဦးနေရာတင်သေဆုံးခဲ့တယ်လို့သိရပါတယ်။


ကန့်ဘလူပဇီကြီးရွာကို စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၇၀ ကျော်သေဆုံးခဲ့ရသည့်အဖြစ်အပျက်အတွက် ပြည်သူတစ်ရပ်လုံးမှ မစာမနာ အပျော်သင်္ကြန်ပြုလုပ်နေခြင်းအား တင်းတင်းကျပ်ကျပ်တားမြစ်တယ်လို့လည်း သာယာဝတီဂဠုန်တပ်ဖွဲ့ကဆိုပါတယ်။


========================


📌📌 ၆။ ကနီမြို့နယ် မုန့်လုံးသပိတ်ယနေ့မနက်ကျင်းပ


ဧပြီ၁၆ရက်


ဧပြီ၁၆ရက်မှာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ မုန့်လုံးသပိတ်ကိုကျင်းပခဲ့တယ်လို့ ဒေသခံသတင်းအရင်းများကအတည်ပြူုဆိုပါတယ်။


"ကနီမြို့နယ် တွင် ဒေသခံပြည်သူများဦးဆောင်၍ သင်္ကြန် အတတ်နေ့တွင် မုန့်လုံးစတုဒီသာ ကျွေးရင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်"လို့ဆိုပါတယ်။


မုန့်လုံးသပိတ်တွင် အမျိုးသမီးအများစုပါဝင်ဆင်နွှဲခဲ့ပြီး ကနီမြို့နယ်ဟာ ယခုအချိန်အထိ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ဆင်နွှဲ မပြတ်ရှိနေပါတယ်။


========================


📌📌 ၇။ Los Angeles မြန်မာကောင်စစ်ဝန်ရုံးရှေ့ကန့်ဘလူ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုအတွက် မြန်မာများစုဝေးကာ ကန့်ကွက် ရှုတ်ချ


ဧပြီ၁၆ရက်


ဧပြီ ၁၅ ရက်နေ့တွင် အမေရိကန်နိူင်ငံ Los Angeles မြန်မာကောင်စစ်ဝန်ရုံးရှေ့တွင် ကန့်ဘလူ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုအတွက် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများ စုဝေးကာ ကန့်ကွက် ရှုတ်ချခဲ့ပါတယ်။


စစ်တပ်က အရပ်သားများနှင့် အမျိုးသမီးများကို သတ်ဖြတ်ခြင်းအပေါ် သိမ်းကျုံးလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့မှုအပေါ်  ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြတယ်လို့သိရပါတယ်။


အမေရိကန်နိူင်ငံရှိ မြို့တော်နဲ့ပြည်နယ်များတွင်လည်းမြန်မာနိူင်ငံက ကန့်ဘလူ ပဇီကြီးရွာ ကိုစကစတပ်ကလေကြောင်းတိုက်ခိုက်မှုအတွက် ရှုတ်ချပွဲများဆက်တိုက်ကျင်းပလျက်ရှိပါတယ်။


========================


📌📌 ၈။ ဧပြီလ ၁၇ ရက်နေ့ - နှစ်ဆန်းတစ်ရက်နေ့ည၈နာရီအချိန်  တစ်နိုင်ငံလုံး မီးပိတ်သပိတ်ကိုဆင်နွှဲရန် တော်လှန်ရေးအင်အားစုများတိုက်တွန်း


ဧပြီ၁၆ရက်


ဧပြီလ ၁၇ ရက်နေ့ - နှစ်ဆန်းတစ်ရက်နေ့ည၈နာရီအချိန်  တစ်နိုင်ငံလုံး မီးပိတ်သပိတ်ကိုဆင်နွှဲရန် တော်လှန်ရေးအင်အားစုများကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအက်အားစု GSCBက တိုက်တွန်းလိုက်ပါတယ်။


"ဧပြီလ ၁၇ ရက်နေ့ - နှစ်ဆန်းတစ်ရက်နေ့သည် ဖက်ဆစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကန့်ဘလူမြို့၊ ပဇီကြီးကျေးရွာတွင် ကျဆုံးခဲ့ကြသည့် အရပ်သားပြည်သူ တစ်ရာကျော်၏ ရက်လည်နေ့လည်း ဖြစ်ပါတယ်။


ထို့ကြောင့် နှစ်ဆန်းတစ်ရက်နေ့တွင် ပြည်သူအပေါင်းတို့၏ ပြုသမျှသော ကောင်းမှု၊ ဆုတောင်းမှုများသည် ပဇီကြီးအတွက် ရပ်တည်မှု၊ ပြည်သူ့အတွက် ပြည်သူမှရပ်တည်ကြောင်း ပြသကြရန်  အလေးအနက် တိုက်တွန်းနှိုးဆော်ပါတယ်။ည ( ) နာရီတွင်လည်း တစ်နိုင်ငံလုံး မီးပိတ်သပိတ်ကိုဆင်နွှဲ၍ အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို ကန့်ကွက် ရှုတ်ချကြောင်း၊ ဆန့်ကျင်ကြောင်း ပြသကြရန် ဖြစ်တယ်"လို့ဆိုထားပါတယ်။


မြန်မာနှစ်သစ်ကူးနေ့တွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့မှ ပြုသည့်ကောင်းမှု ကုသိုလ်များနှင့်  ဆုတောင်းမှုများသည် ပဇီကြီးအတွက်ဖြစ်ကာထိုနေ့ ဆိုင်ရာ ဘာသာရေးအဆောက်အဆုံများသို့ သွားရောက်ဆုတောင်းမှုများသည် ပဇီကြီးအတွက်ပင်ဖြစ်တယ်လို့ဆိုပါတယ်။


နှစ်ဆန်းတစ်ရက်နေ့ လမ်းဆုံ၊ လမ်းခွ၊ ရပ်ကွက်အတွင်း အန္တရာယ်ကင်းဆုတောင်းပွဲများတွင် ပဇီကြီး ကျေးရွာဖြစ်ရပ်အတွက် ဆုတောင်း၊ အမျှဝေပေးရန်နဲ့..နှစ်ဆန်းတစ်ရက်နေ့ ထွက်ပေါ်လာသည့် အမျှဝေသံများသည် ပဇီကြီးကျဆုံးပြည်သူများအတွက် ဖြစ်တယ်လို့ဆိုပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment