19th APR 2023 - Morning Daily News by Radio NUG



၂၀၂၃ ဧပြီလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အရပ်သားတွေကို ထိခိုက်မှုနည်းနိုင်သမျှ နည်းစေဖို့ စနစ်ကျတဲ့ စီမံဆောင်ရွက်မှုတွေကို အရင်ကထက်ပိုပြီး သေချာပြင်ဆင်ထားဖို့အစိုးရအဖွဲ့ကို ယာယီသမ္မတ ဒူဝါလရှီးလမှာကြား

📌 ၂။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံရဲ့အခြေအနေတွေကို ငြိမ်းချမ်းစွာအဖြေရှာဖို့ထက်၊ ပြည်သူတွေအပေါ်မှာ လက်နက်အားကိုး ဖြေရှင်းနေတယ်လို့ဆို

📌 ၃။ တော်လှန်ရေးအင်အားစုများ၊ စီစဉ်ဆောင်ရွက်ရတဲ့ အခြေအနေမျိုးတွေကို ဘယ်လိုနည်းနဲ့မှ နောက်ကြောင်းပြန်လှည့်လို့ မရဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြား

📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၅။ လူမှု ဩဇာရှိတဲ့သူတွေကို စကစရဲ့ ဗျူဟာအရ သိမ်းသွင်းပြီး စိတ်ဓာတ် စစ်ဆင်ရေး လုပ်နေတယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်သတိပေးဆို

📌 ၆။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRSH) ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်မှ ပဇီကြီးကျေးရွာခံများနှင့် တွေ့ဆုံအားပေးစကားပြော၍ ထောက်ပံ့မှုများပေးအပ်ခဲ့

📌 ၇။ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမကျေးရွာအခြေစိုက် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံကိုPDFများက ရှော့တိုက်ဒုန်းများနဲ့ပစ်ခတ်

📌 ၈။ မကွေးတိုင်း မြိုင်နယ်မြောက်ပိုင်း အုတ်ဖိုမကျီးကန်ရွာကို စကစတပ်မှ ရဟတ်ယာဥ်နဲ့လာရောက်ပစ်ခတ်

📌 ၉။ သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်အတွင်း စကစတပ်က လေကြောင်းတိုက်ခိုက်မှု ()ကြိမ်ရှိခဲ့ပြီး စစ်ဘေးရှောင်ပြည်သူလေးထောင်ကျော်ရှိနေ

📌 ၁၀။ အကြမ်းဖက်စစ်အုပ်စုက မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတဝှမ်း အကျဉ်းချခံထားရသူ အကျဉ်းသား (၃၁၁၃) ဦး လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား၂ဦးသာ ပါဝင်ခဲ့

📌 ၁၁။ နွေဦးအင်းလျား ကွန်ဒိုရဲ့အပေါ်ဆုံးထပ် ခေါင်မိုးပေါ်တွင် မိုးပျံဥယျာဉ် sky garden ပါရှိမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အရပ်သားတွေကို ထိခိုက်မှုနည်းနိုင်သမျှ နည်းစေဖို့ စနစ်ကျတဲ့ စီမံဆောင်ရွက်မှုတွေကို အရင်ကထက်ပိုပြီး သေချာပြင်ဆင်ထားဖို့အစိုးရအဖွဲ့ကို ယာယီသမ္မတ ဒူဝါလရှီးလမှာကြား


အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ အရပ်သားတွေကို ထိခိုက်မှုနည်းနိုင်သမျှ နည်းစေဖို့ စနစ်ကျတဲ့ စီမံဆောင်ရွက်မှုတွေကို အရင်ကထက်ပိုပြီး သေချာပြင်ဆင်ထားဖို့ အစိုးရအဖွဲ့ကို ယာယီသမ္မတ ဒူဝါလရှီးလမှာကြားခဲ့ပါတယ်။ ဧပြီ၁၈ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၅ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။


"ဒီလို မြေပေါ်၊ မြေအောက် နေရာအသီးသီးကနေ နေ့စဥ်နေ့တိုင်း တွန်းလှန်နေတာကြောင့်လည်း မြေပြင်မှာ ရင်မဆိုင်ရဲတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင်ဟာ သူ့ရဲ့လက်တဆုပ်စာ နောက်လိုက်တွေနဲ့ အတူ ကြောက်ကန် ကန်ပြီး အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ရက်စက်မှုတွေကို တနေ့တခြားပိုမို လုပ်ဆောင်လျှက်ရှိနေတာကိုလည်း အခုထက်ပို သတိကြီးကြီးထား ကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ အရပ်သားတွေကို ထိခိုက်မှု နည်းနိုင်သမျှ နည်းစေဖို့ စနစ်ကျတဲ့ စီမံဆောင်ရွက်မှုတွေကို အရင်ကထက်ပိုပြီး သေချာပြင်ဆင်ထားဖို့ လိုအပ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက် စစ်ခေါင်းဆောင်ရဲ့  အလိမ်အညာတွေကို ဖြောင့်မတ်မှန်ကန်တဲ့ ပြည်တွင်း ပြည်ပ မီဒီယာတွေက တဆင့် စနစ်တကျ ပြန်လည် တိုက်ဖျက်နိုင်ဖို့လည်း အရေးတကြီး လုပ်ဆောင်သင့်တယ်လို့ ယာယီသမ္မတကဆိုပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံရဲ့အခြေအနေတွေကို ငြိမ်းချမ်းစွာအဖြေရှာဖို့ထက်၊ ပြည်သူတွေအပေါ်မှာ လက်နက်အားကိုး ဖြေရှင်းနေတယ်လို့ဆို


ဧပြီ ၁၈ရက် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း () နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။


"အခုအချိန်မှာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံရဲ့အခြေအနေတွေကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ထက်၊ ပြည်သူတွေအပေါ်မှာ အနိုင့်အထက်၊ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လက်နက်အားကိုး ဖြေရှင်းနေတာဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူတွေဟာ နည်းမျိုးစုံသော ဒုက္ခအပေါင်းကို ကြုံတွေ့နေကြရပါတယ်။ ဒီရက်ပိုင်းအတွင်း ထန်တလန်မြို့နယ် အတွင်းမှာရှိတဲ့ ခွာဖိုကျေးရွာ၊ ဖလမ်းမြို့နယ်အတွင်းမှာရှိတဲ့ ဝေဘူလမြို့၊ ရမ်ထလိုကျေးရွာ၊ ဟားခါးမြို့နယ်အတွင်းမှာရှိတဲ့  နှီယာလှောန်းရွာသစ်နဲ့ သီဖူးကျေးရွာ၊ မင်းတပ်မြို့နယ်အတွင်းမှာရှိတဲ့ ပန်းပါကျေးရွာစတဲ့နေရာဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ အတွက် ကလေးသူငယ်တွေ၊ ခရစ်ယာန်ဓမ္မဆရာတွေအပါအဝင် အရပ်သား ပြည်သူတွေ သေဆုံးဒဏ်ရာရရှိခဲ့ရတဲ့အတွက်လည်း မိမိအနေနဲ့ များစွာ ဝမ်းနည်းကြေကွဲရပါ ကြောင်း ဖော်ပြလိုပါတယ်"လို့ဆိုပါတယ်။ 


ဧပြီ ၁၁ရက်နေ့က ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စကစတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ၁၆၈ဦး သေဆုံးခဲ့ပြီး အများစုမှာ အမျိုးသမီးနဲ့ကလေးငယ်များပါဝင်ခဲ့ပါတယ်။


========================


📌📌 ၃။ တော်လှန်ရေးအင်အားစုများ၊ စီစဉ်ဆောင်ရွက်ရတဲ့ အခြေအနေမျိုးတွေကို ဘယ်လိုနည်းနဲ့မှ နောက်ကြောင်းပြန်လှည့်လို့ မရဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြား


တော်လှန်ရေးအင်အားစုများ၊ စီစဉ်ဆောင်ရွက်ရတဲ့ အခြေအနေမျိုးတွေကို ဘယ်လိုနည်းနဲ့မှ နောက်ကြောင်းပြန်လှည့်လို့ မရဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားပါတယ်။


ဧပြီ ၁၈ရက်ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း () နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကပြောပါတယ်။


"ကျွန်တော့အနေနဲ့ တော်လှန်ရေးအင်အားစုများ၊ စီစဉ်ဆောင်ရွက်ရတဲ့ အခြေအနေမျိုးတွေကို ဘယ်လိုနည်းနဲ့မှ နောက်ကြောင်းပြန်လှည့်လို့မရ၊ နောက်ဆုတ်လို့ မရဘူးဆိုတာကတော့ ရှင်းရှင်းလင်းလင်း ဖြစ်နေပါပြီ။ ဒါကြောင့် ဒီကနေ့ တွေ့ကြုံနေရတဲ့ ငိုညည်းသံတွေကို သွေးစည်းရန် အခြေခံအချက်များအဖြစ်နဲ့ အားသစ်သွားကြဖို့ပဲရှိပါတယ်။ ငိုညည်းသံများဟာ သွေးစည်းရန် အခြေခံအချက်များအဖြစ်နဲ့ပဲ ဆက်လက်ဆောင်ရွက်သွားကြရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ဆောင်ရွက်နေတယ်ဆိုတာကိုလည်း ကျွန်တော် ယုံကြည်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကို ပြည်နယ်အုပ်ချုပ်ခွင့်နဲ့ ဖျားယောင်းမှုတို့ရှိနေပြီး အတုအယောင် ငြိမ်းချမ်းရေးစကားများ ကမ်းလှမ်းလျက်ရှိပါတယ်။


========================


📌📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


ဧပြီ ၁၈ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်ထွန်းဖေ()နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင် အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ လူမှု ဩဇာရှိတဲ့သူတွေကို စကစရဲ့ ဗျူဟာအရ သိမ်းသွင်းပြီး စိတ်ဓာတ် စစ်ဆင်ရေး လုပ်နေတယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်သတိပေးဆို


လူမှုဩဇာရှိတဲ့သူတွေကို စကစရဲ့ ဗျူဟာအရ သိမ်းသွင်းပြီး စိတ်ဓာတ် စစ်ဆင်ရေး လုပ်နေတယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင် သတိပေးဆိုပါတယ်။ ဧပြီ၁၈ရက်မှာ ဒုဝန်ကြီးဦးမော်ထွန်းအောင်က စကစရဲ့ဗျူဟာကို သုံးသပ်ပြောပါတယ်။


"လူမှုဩဇာရှိတဲ့သူတွေကို စကစ ရဲ့ ဗျူဟာအရ သိမ်းသွင်းပြီး၊ စိတ်ဓာတ် စစ်ဆင်ရေးလုပ်နေတယ် ဆိုတာကို နားလည်ဖို့လိုတယ်။ဒီဟာကို တုန့်ပြန်နိုင်တဲ့ နည်းလမ်းကလည်း ကိုယ့်လက်ထဲ မှာရှိပြီးသားပဲ ဖြစ်တယ်။ သာမန် အချိန်နဲ့ အခြေအနေမှာ ကိုယ့် သဘော ကိုယ်ဆောင်ခြင်းက ပြသနာ မရှိပေမယ့် ဒီကာလမှာတော့ ကိုယ့်ရဲ့ ကြားနေခြင်းက စကစရဲ့ စိတ်ဓာတ်ရေးရာ စစ်ဆင်ရေးမှာ စီးမျောမိခြင်းပဲ ဖြစ်တယ်။ ရန်သူက ကိုယ့်ကို မညှာပါဘူး၊ ကိုယ်တွေကလည်း ရှိရာ၊ ရရာ လက်နက်နဲ့ ခုခံတယ်ဆိုတာကို ဆက်တိုက် သတင်းစကားပေးနေခြင်းဖြစ်တယ်"လို့ဆိုပါတယ်။


အကြမ်းဖက် စစ်ကောင်စီဟာ ခံဝန်ထိုးပြီး အနုပညာပြန်လုပ်တဲ့ အနုပညာရှင်အချို့ကို သင်္ကြန်ရက်အတွင်း မဏ္ဍပ်မှာ လူသိရှင်ကြားဖျော်ဖြေခိုင်းမှုတို့ရှိခဲ့ပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRSH) ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်မှ ပဇီကြီးကျေးရွာခံများနှင့် တွေ့ဆုံအားပေးစကားပြော၍ ထောက်ပံ့မှုများပေးအပ်ခဲ့


စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRSH) ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်မှ ပဇီကြီးကျေးရွာခံများ နှင့် တွေ့ဆုံ အားပေးစကားပြော၍ ထောက်ပံ့မှုများပေးအပ်ခဲ့တယ်လို့ ဧပြီ၁၈ရက်မှာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRSH)က သတင်းထုတ်ပြန်ပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအား အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူလူထု၏ ထိခိုက်ဆုံးရှုံးနစ်နာမှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ(CRSH) ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်မှ ပဇီကြီးကျေးရွာခံများ နှင့် တွေ့ဆုံဆွေးနွေး အားပေးစကားများပြောကြားခဲ့တယ်"လို့ဆိုပါတယ်။


ထို့နောက် CRSHမှ ကိုယ်စားလှယ်များနှင့် ချိတ်ဆက်၍ ပြည်တွင်းပြည်ပမှ ကူညီထောက်ပံ့မှုများအား သွားရောက်ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ ဧပြီ၁၁ရက်နေ့ စစ်ကိုင်းတိုင်း ကန့်ဘလူ ပဇီကြီးရွာကို စကစတပ်က လေကြောင်းတိုက်ခိုက်မှုတွင် ၁၆၈ဦး သေဆုံးခဲ့ပြီးအများစုမှာကလေးငယ်နဲ့ အမျိုးသမီးများပါဝင်ပါတယ်။


========================


📌📌 ၇။ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမကျေးရွာအခြေစိုက် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံကိုPDFများက ရှော့တိုက်ဒုန်းများနဲ့ပစ်ခတ်


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမကျေးရွာအခြေစိုက် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံကိုPDFများက ရှော့တိုက်ဒုန်းများနဲ့ပစ်ခတ်ခဲ့တယ်လို့ စစ်ရေးသတင်းကို ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ၁၈ရက်မှာ  ထုတ်ပြန်ပါတယ်။


ဧပြီလ (၁၆)ရက်နေ့၊ ညနေ()နာရီမှ (:၁၀)နာရီအထိ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမကျေးရွာအခြေစိုက် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မင်းဘူးခရိုင် အမှတ်()တပ်ရင်းနှင့် ဒေသခံ တပ်ရင်းများ ပူးပေါင်းကာ  ရှော့တိုက်ဒုန်းများ၊ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။


ပစ်ခတ်တိုက်ခိုက်ရာတွင် ရန်သူ့တပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် အဆောက်အဦအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထုတ်လုပ်ရေးစက်ရုံပျက်စီးကာ ရန်သူ့တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား ()ဦး ထိခိုက်ဒဏ်ရာ(အနည်းငယ်) ရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(စစ်ရုံးချုပ်) ကာကွယ်ရေးဝန်ကြီးဌာန ကဖော်ပြပါတယ်။


========================


📌📌 ၈။ မကွေးတိုင်း မြိုင်နယ်မြောက်ပိုင်း အုတ်ဖိုမကျီးကန်ရွာကို စကစတပ်မှ ရဟတ်ယာဥ်နဲ့လာရောက်ပစ်ခတ်


မကွေးတိုင်း မြိုင်နယ်မြောက်ပိုင်း အုတ်ဖိုမကျီးကန်ရွာကို စကစတပ်မှ ရဟတ်ယာဥ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဧပြီ၁၈ရက်မနက် ၁၁ နာရီဝန်းကျင်မှာ အောင်ဆန်းသွေးပြောက်ကျားတပ်ဖွဲ့ကဆိုပါတယ်။


"မကွေးတိုင်း မြိုင်နယ်မြောက်ပိုင်း အုတ်ဖိုမကျီးကန်ရွာကို စကစမှ မနက် ၁၁ နာရီဝန်းကျင်အချိန်မှာ  MI.35ဖြင့် လာရောက်ပစ်ခတ်ခဲ့ကာ၂စီးမှာ လူချ၍ ဆေးရုံရှိ လူနာများကိုပါ ပစ်သွားခဲ့တယ်"လို့ဆိုပါတယ်။ ထို့အပြင် ရွာကိုလည်း မီးရှို့ခဲ့ပြီး ဆေးရုံကိုပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ စကစတပ်များသည် ရွာအတွင်းမွှေနှောက်မီးရှို့နေပြီး လူများထိခိုက်မှု ရှိမရှိအတည်ပြုနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၉။ သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်အတွင်း စကစတပ်က လေကြောင်းတိုက်ခိုက်မှု ()ကြိမ်ရှိခဲ့ပြီး စစ်ဘေးရှောင်ပြည်သူလေးထောင်ကျော်ရှိနေ


သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်အတွင်းစကစတပ်ကလေကြောင်းတိုက်ခိုက်မှု ()ကြိမ်ရှိခဲ့ပြီးစစ်ဘေးရှောင်ပြည်သူလေး ထောင်ကျော်ရှိနေတယ်လို့ တကောင်းပကဖ က ဒေသအခြေအနေကို ဧပြီ၁၈ရက်မှာ အသိပေးဆိုပါတယ်။


"သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်အတွင်း စကစဘက်မှ ဧပြီ(၁၅)ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု ()ကြိမ် ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်တစ်လုံး ပျက်ဆီးဆုံးရှုံးကာ နွားသုံးကောင်သေဆုံးခဲ့ပါတယ်။ ဧပြီ(၁၆)ရက်နေ့တွင် စကစတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်မှာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာတစ်လျှောက်ရှိ ပြည်သူများအား ရှောင်တိမ်းခိုင်းရာ ဥသျှစ်ကုန်း၊ မိုင်းဒိုင်း၊ ပေကုန်း၊ ရင်ခွင်၊ ညောင်ကုန်း၊ ကျောက်အိုက်၊ ဆူးတော အစရှိသည့်ရွာများမှ ပြည်သူများရှောင်တိမ်းနေရပြီး စစ်ဘေးရှောင်ပြည်သူလေးထောင်ကျော်ရှိနေပါတယ်"လို့ဆိုပါတယ်။


ယခုအချိန်တွင် စစ်ရှောင်ပြည်သူများ သောက်သုံးရေ အခက်တွေ့နေပြီး ဝမ်းပျက်၊ ဝမ်းလျှောရောဂါများနှင့် ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။


========================


📌📌 ၁၀။ အကြမ်းဖက်စစ်အုပ်စုက မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတဝှမ်း အကျဉ်းချခံထားရသူ အကျဉ်းသား (၃၁၁၃) ဦး လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား၂ဦးသာ ပါဝင်ခဲ့


အကြမ်းဖက်စစ်အုပ်စုက မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတဝှမ်း အကျဉ်းချခံထားရသူ အကျဉ်းသား (၃၁၁၃) ဦး လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား၂ဦးသာ ပါဝင်ခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPက  ဧပြီ ၁၈ရက်မှာ အသိပေးဆိုပါတယ်။


"အကြမ်းဖက်စစ်အုပ်စုသည် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတဝှမ်း အကျဉ်းချခံထားရသူ အကျဉ်းသား (၃၁၁၃) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ () ဖြင့် လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့ပြီး ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသားနှစ်ဦးသာ ပါဝင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၄၀၃) ဦးရှိပြီး ထိုအထဲမှ  (၁၇၄၉၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ  (၅၆၀၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


========================


📌📌 ၁၁။ နွေဦးအင်းလျား ကွန်ဒိုရဲ့အပေါ်ဆုံးထပ် ခေါင်မိုးပေါ်တွင် မိုးပျံဥယျာဉ် sky garden ပါရှိမယ်


နွေဦးအင်းလျား ကွန်ဒိုရဲ့အပေါ်ဆုံးထပ် ခေါင်မိုးပေါ်တွင် မိုးပျံဥယျာဉ် sky gardenပါရှိမှာဖြစ်ပါတယ်။ Spring Inya ကွန်ဒိုတိုက်ခန်းများကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက် တွင် စတင်ရောင်းချမည် ဖြစ်ကာ EOD ကိုယ်စားလှယ်များထံတွင် ဝယ်ယူလိုသည့် အခန်းအမျိုးအစား အလိုက် စာရင်းစတင် ပေးသွင်းနိုင်ပြီလို့လည်းသိရပါတယ်။


အထပ်မြင့် ကွန်ဒိုဖြစ်ပြီး အပေါ်ဆုံးထပ်၏ ခေါင်မိုးပေါ်တွင် မိုးပျံဥယျာဉ် sky garden ရှိမှာဖြစ်ကာ အင်းလျားရှုခင်းကို အပေါ်စီးမှ မြင်ရမည့် နေရာများတွင် Inya View Gym နှင့် ရေကူးကန်တို့ ပါဝင်မှာဖြစ်ပါတယ်။ Spring Inya Condo ကို ပါရမီလမ်းမပေါ်ရှိ အကြမ်းဖက်တပ်ပိုင် မြေနေရာ ဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက် နေရာတွင် ဆောက်လုပ်မှာဖြစ်ပြီးတော့ ကွန်ဒိုအခန်းပေါင်း ၇၅၀ ရောင်းချပေးနိုင်မှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment