23rd APR 2023 - Morning Daily News by Radio NUG


၂၀၂၃ ဧပြီလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေရဲ့ ရပ်တည်မှုကို မြန်မာပြည်သူ တရပ်လုံးကိုယ်စား ကျေးဇူးတင်ရတယ်လို့ ဝန်ကြီးချုပ်

📌 ၂။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျည်းကန်ကျေးရွာတွင် အကြမ်းဖက်စစ်အုပ်စုမှ MI 35 ရဟတ်ယာဉ်တစ်စီးဖြင့် တိုက်နယ်ဆေးရုံအား ဗုံးကြဲတိုက်ခိုက်ခဲ့မှုဖြစ်စဥ်ကို NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

📌 ၃။ တော်လှန်ရေးအတွက် အရေးကြီး ထိစပ်နေရာတွေ ကိုဝိုင်းဝန်းထောက်ပို့ရမယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား

📌 ၄။ ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Thomas Andrews နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးတို့မှကိုယ်စားလှယ်တို့တွေ့ဆုံ

📌 ၅။ "အကြွေးပြန်ယူမယ် သိန်း ၅၀၀ ကမ်ပိန်း"အတွက်အလှူငွေ ၁၆၀ သိန်းကျော်သာ ရရှိသေး၍ ပြည်သူလူထုက ဝိုင်းဝန်းပေးကြရန် PDF ခရမ်းအသိပေး

📌 ၆။ အကြမ်းဖက်စစ်ကောင်စီဘက်မှ တိုက်လေယာဉ်များ၊ ဟောင်ဝစ်ဇာများ၊ လက်နက်ကြီးများဖြင့် ကရင်ပြည်နယ်ရှိ ကာကွယ်ရေးတပ်များကို အဆက်မပြတ်ပစ်ခတ်ခဲ့

📌 ၇။ ကမ္မ-မြစ်ခြေ လမ်းပိုင်းတစ်နေရာမှာ ကျထိုးရဲစခန်းမှ လာရောက်ကင်းပုန်းဝပ်နေသော ရဲနှင့် ပျူစောထီးများကို ကာကွယ်ရေး တပ်များအလစ်အငိုက်တိုက်ခိုက်၍ ရဲတစ်ဦးသေဆုံး

📌 ၈။ စဉ့်ကူးမြို့နယ် မင်းပန်းတောင်ပေါ် ဘုန်းကြီးကျောင်းရှိ စကစတပ်ဖွဲ့ဝင်(၇၀)အား Drone ဖြင့် တိုက်ခိုက်ရာ၃ဦးသေဆုံး

📌 ၉။ UECဒုညွန်ချုပ် စိုင်းကျော်သူ သေနတ်နဲ့ပစ်ခတ်ခံရ၍ သေဆုံး

📌 ၁၀။ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်ဘန်နာကိုင်ဆွဲ၍ လူငယ်များနှင့် အမျိုးသမီးများက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေရဲ့ ရပ်တည်မှုကို မြန်မာပြည်သူ တရပ်လုံးကိုယ်စား ကျေးဇူးတင်ရတယ်လို့ ဝန်ကြီးချုပ်


တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေရဲ့ ရပ်တည်မှုကို မြန်မာပြည်သူ တရပ်လုံးကိုယ်စား ကျေးဇူးတင်ရတယ်လို့ ဧပြီလအတွင်းကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့အစည်းအဝေး ၁၅/၂၀၂၃ တွင် ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုပါတယ်။


''တိုင်းရင်းသား မဟာမိတ်အဖွဲ့အချို့ရဲ့ ထုတ်ပြန်စာတွေထဲမှာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ လူမှုဘဝအားလုံး ဖျက်ဆီးခံနေရတဲ့ အခြေအနေမျိုးကို လွတ်မြောက်နိုင်ဖို့အတွက် စစ်ကောင်စီကို တော်လှန် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ အတူတကွ ခိုင်မာစွာ လက်တွဲ တိုက်ပွဲဝင်မယ်လို့ ကတိပြုကြတာတွေကိုလည်း တွေ့ရတာမို့ မြန်မာပြည်သူ တရပ်လုံးကိုယ်စား ကျေးဇူးတင်ရပါတယ်။''လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။


ဒါ့အပြင် ''စစ်ကောင်စီဟာ ပြည်သူတွေ ပန်းလာကြမယ့် အချိန်မျိုးကိုစောင့်ပြီး တော်လှန်ရေးနဲ့ ပြည်သူကို ခွဲထုတ်ဖို့ နည်းမျိုးစုံ စဉ်းစားလာနိုင်သလို တစ်ဖက်က တိုင်းရင်းသား မဟာမိတ်တွေကိုလည်း နည်းမျိုးစုံနဲ့ သွေးခွဲတာတွေ လုပ်လာနိုင်တယ်လို့ ဝန်ကြီးချုပ်ကသတိပေးဆိုခဲ့ပါတယ်။


========================


📌📌 ၂။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျည်းကန်ကျေးရွာတွင် အကြမ်းဖက်စစ်အုပ်စုမှ MI 35 ရဟတ်ယာဉ်တစ်စီးဖြင့် တိုက်နယ်ဆေးရုံအား ဗုံးကြဲတိုက်ခိုက်ခဲ့မှုဖြစ်စဥ်ကို NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျည်းကန်ကျေးရွာတွင် အကြမ်းဖက်စစ်အုပ်စုမှ MI 35 ရဟတ်ယာဉ်တစ်စီးဖြင့် တိုက်နယ်ဆေးရုံအားဗုံးကြဲတိုက်ခိုက်ခဲ့မှုဖြစ်စဥ်ကို NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။


ဧပြီလ ၂၂ရက်မှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက အသေးစိတ်အချက်အလက်များဖော်ပြပါတယ်။


၂၀၂၃ ခုနှစ်၊ဧပြီလ (၁၈) ရက် နေ့ နံနက် (၁၁)နာရီ ()မိနစ် အချိန်တွင် မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ (Mi 35)  တိုက်ခိုက်ရေး ရဟတ်ယာဉ်သည် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် မကြီးကန်ရွာရှိ တိုက်နယ် ဆေးရုံနှင့် စာသင်ကျောင်းများအား တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


ဖြစ်စဥ်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဆေးရုံအဆောက်အဦး ပျက်စီးခဲ့ပြီး ကုသရေးပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။


ထိုသို့ လေကြောင်းဖြင့် မိနစ်(၂၀) ခန့်ကြာ ပစ်ခတ်ပြီးနောက် ပုလဲမြို့နယ်၊ အင်မထီး ကျေးရွာတွင်ရှိသော အင်အား(၇၀)ခန့်ရှိ အကြမ်းဖက်စစ် အုပ်စုများ နှင့်ပျူ စောထီးများ ကို (Mi 17) သယ်ယူပို့ ဆောင်ယာဉ်()စီးဖြင့် ကြိမ်တိုင် အင်အားဖြည့်ခဲ့တယ်လို့ဆိုပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ အသိပေးကြေညာထားပါတယ်။


========================


📌📌 ၃။ တော်လှန်ရေးအတွက် အရေးကြီး ထိစပ်နေရာတွေ ကိုဝိုင်းဝန်းထောက်ပို့ရမယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား


တော်လှန်ရေးအတွက် အရေးကြီး ထိစပ်နေရာတွေ ကိုဝိုင်းဝန်းထောက်ပို့ရမယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ဧပြီ၂၂ရက်မှာ သုံးသပ်ပြောထားပါတယ်။


"တော်လှန်ရေးဖြစ်လာတော့ အရင်က သိပ်အစေးမကပ်တဲ့ ဌာနေသား အချင်းချင်း ကျောကပ်သွားတယ်။ စစ်ကောင်စီက ဒါကိုမုန်းတယ်။ ကျနော်တို့က ဒီအရေးကြီး ထိစပ်နေရာတွေကို pockets of resistance ကနေ defense strongholds for revolution ဖြစ်အောင် ဝိုင်းဝန်းထောက်ပို့ရမယ်"လို့ ဆိုပါတယ်။


လက်ရှိမှာ ပြည်သူများ ကလစ်နှိပ်၍ ရရှိလာသော ဝင်ငွေများကို တော်လှန်ရေးအင်အားစုများထံ ပြန်လည်စီးဆင်းလျက်ရှိသလို EODရှယ်ယာများနဲ့ ငွေတိုက်စာချုပ်မှ ရရှိသောဝင်ငွေများမှာလည်း တော်လှန်ရေးအတွက် အသုံးပြုလျက်ရှိပါတယ်။


========================


📌📌 ၄။ ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Thomas Andrews နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးတို့မှကိုယ်စားလှယ်တို့တွေ့ဆုံ


ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Thomas Andrews နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးတို့မှ ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ပါတယ်။


ဧပြီ၂၂ရက်မှာ NUG ဂျပန်နိူင်ငံဆိုင်ရာ ကိူယ်စားလှယ်ရုံးက အသိပေးဖော်ပြပါတယ်။


 ဧပြီလ ၂၂ရက်နေ့ (စနေနေ့)တွင် ကုလသမဂ္ဂ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ (United Nations Special Rapporteur for Myanmar) Mr. Thomas Andrews သည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံး အပါအဝင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ အချို့နှင့်တွေ့ဆုံခဲ့ပါတယ်လို့ဆိုပါတယ်။


ဦးစွာပထမ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့လာရောက်ကာ ကိုယ်စားလှယ် ဦးစောဘလှသိန်း အပါအဝင် ရုံးအဖွဲ့ဝင်တချို့နှင့် တွေ့ဆုံပြီးအပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါတယ်။


ထို့နောက် ဂျပန်နိုင်ငံရောက်တိုင်းရင်းသားခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီးမှ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လူငယ်များ၊ မြန်မာ့အရေးထောက်ခံအားပေးသော ဂျပန်လူမျိုးအချို့နှင့် တွေ့ဆုံကာ တက်ရောက်လာသူများထံမှ မေးမြန်းသော မေးခွန်းများကို ပြန်လည်ဖြေကြားဆွေးနွေးပြီး အကြံပြုချက်များကို မှတ်ယူခဲ့တယ်လို့သိရပါတယ်။


အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် နေ့စဉ်နှင့်အမျှ အခြေအနေဆိုးရွားလာနေသည့် မြန်မာ့အရေးနှင့်ပတ်သက်၍ အာရှဒေသတွင်း ဒီမိုကရေစီအင်အားကြီးနိုင်ငံတခုဖြစ်သည့် ဂျပန်နိုင်ငံအား ယခုထက်ပိုမို ဖိအားပေးတိုက်တွန်းသွားရန်အတွက် ဂျပန်နိုင်ငံသို့ ရောက်ရှိလာရခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးကိုယ်စားလှယ်မှ ပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ "အကြွေးပြန်ယူမယ် သိန်း ၅၀၀ ကမ်ပိန်း"အတွက်အလှူငွေ ၁၆၀ သိန်းကျော်သာ ရရှိသေး၍ ပြည်သူလူထုက ဝိုင်းဝန်းပေးကြရန် PDF ခရမ်းအသိပေး


အကြွေးပြန်ယူမယ် သိန်း ၅၀၀ ကမ်ပိန်း´´ အတွက်အလှူငွေ ၁၆၀ သိန်းကျော်သာ ရရှိသေး၍ ပြည်သူလူထုက ဝိုင်းဝန်းပေးကြရန် PDF ခရမ်းအသိပေးဆိုပါတယ်။


ဧပြီ၂၂ရက်မှာ ကမ်ပိန်းနဲ့ ပတ်သက်လို့ PDF ခရမ်းကဆိုပါတယ်။


အကြွေးပြန်ယူမယ် သိန်း ၅၀၀ ကမ်ပိန်း" အတွက် အလှူငွေ ၁၆၀ သိန်းကျော်သာ ရရှိပါသေးတယ်ခင်ဗျာ အခုဆို ၁၂ ရက်မြောက်ခဲ့ပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။


ခရမ်းPDFဟာ ဧပြီ၁၄ရက်နေ့က ခရမ်းမြို့နယ် လဝကရုံးကို စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲခဲ့ရာ ရန်သူ့ဘက်က ထိခိုက်ကျဆုံးမှုတို့ရှိခဲ့ပြီးလက်နက် နှစ်လက် သိမ်းဆည်းရရှိခဲ့ပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်ကောင်စီဘက်မှ တိုက်လေယာဉ်များ၊ ဟောင်ဝစ်ဇာများ၊ လက်နက်ကြီးများဖြင့် ကရင်ပြည်နယ်ရှိ ကာကွယ်ရေးတပ်များကို အဆက်မပြတ်ပစ်ခတ်ခဲ့


အကြမ်းဖက်စစ်ကောင်စီဘက်မှ တိုက်လေယာဉ်များ၊ ဟောင်ဝစ်ဇာများ၊ လက်နက်ကြီးများဖြင့် ကရင်ပြည်နယ်ရှိ ကာကွယ်ရေးတပ်များကို အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဧပြီ၂၂ရက်  နံနက်()နာရီ၌ YAK130 JetFighterဖြင့် ()ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကော်ပရာစစ်ကြောင်းက အတည်ပြုဆိုပါတယ်။


"ဧပြီ၂၂ရက် အကြမ်းဖက်စစ်ကောင်စီဘက်မှ နံနက်()နာရီ၌ YAK130 JetFighterဖြင့် ()ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ထို့နောက် နံနက် ()နာရီခန့်မှစ၍ ဟောင်ဝစ်ဇာများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုး ဝင်ရောက်ရန် ကြိုးစားသဖြင့် ကျောက်မိုင်းဒေသတွင် မိမိတို့တော်လှန်ရေးပူးပေါင်းအဖွဲ့များဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တယ်"လို့ဆိုပါတယ်။


ရန်သူ့ဘက် ထိခိုက်မှုအား စီစစ်ဆဲဖြစ်ပြီး ရန်သူဘက်မှ လေကြောင်းပစ်ကူ၊  လက်နက်ကြီးပစ်ကူများဖြင့် အကြိမ်ရေများစွာ ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ဘူးလို့ဆိုပါတယ်။


စကစ၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူများပိုင်ဆိုင်သော လယ်ယာမြေများပျက်ဆီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များ ထိခိုက်သေဆုံးခဲ့တယ်လို့ ကော်ပရာစစ်ကြောင်းက ဆိုပါတယ်။


========================


📌📌 ၇။ ကမ္မ-မြစ်ခြေ လမ်းပိုင်းတစ်နေရာမှာ ကျထိုးရဲစခန်းမှ လာရောက်ကင်းပုန်းဝပ်နေသော ရဲနှင့် ပျူစောထီးများကို ကာကွယ်ရေး တပ်များအလစ်အငိုက်တိုက်ခိုက်၍ ရဲတစ်ဦးသေဆုံး


ကမ္မ-မြစ်ခြေ လမ်းပိုင်းတစ်နေရာမှာ ကျထိုးရဲစခန်းမှ လာရောက်ကင်းပုန်းဝပ်နေသော ရဲနှင့် ပျူစောထီးများကို ကာကွယ်ရေးတပ်များ အလစ်အငိုက်တိုက်ခိုက်၍ ရဲတစ်ဦးသေဆုံးခဲ့ပါတယ်။


ဧပြီ၂၂ရက်မှာ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖက အတည်ပြုဆိုပါတယ်။


"ဧပြီ၂၀ရက် ည၉:၃၀ အချိန်ခန့်တွင် ကမ္မ-မြစ်ခြေ လမ်းပိုင်းတစ်နေရာ၌ ကျထိုးရဲစခန်းမှ လာရောက်ကင်းပုန်းဝပ်နေသော ရဲနှင့် ပျူစောထီး ၆ဦးခန့်ကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တပ်ခွဲ()ရဲဘော်များက အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ယင်းဖြစ်စဥ်‌ကြောင့်ရန်သူ့ဘက်မှရဲ()ဦး သေဆုံးသွားကြောင်းသိရှိရပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၈။ စဉ့်ကူးမြို့နယ် မင်းပန်းတောင်ပေါ် ဘုန်းကြီးကျောင်းရှိ စကစတပ်ဖွဲ့ဝင်(၇၀)အား Drone ဖြင့် တိုက်ခိုက်ရာ၃ဦးသေဆုံး


စဉ့်ကူးမြို့နယ် မင်းပန်းတောင်ပေါ် ဘုန်းကြီးကျောင်းရှိ စကစတပ်ဖွဲ့ဝင်(၇၀)အား Drone ဖြင့် တိုက်ခိုက်ရာ ၃ဦးသေဆုံးခဲ့ပါတယ်။


ဧပြီ ၂၁ရက်မှာ စစ်ရေးသတင်းကို စဉ့်ကူးမြို့နယ်(ပကဖ)က အသိပေးဖော်ပြပါတယ်။


ဧပြီ ၁၉ရက် စဉ့်ကူးမြို့နယ် ပျဉ်းပင်ရွာဘက်မှ မင်းပန်းတောင်နှင့် ထီးကျင်တောင်ဘက်သို့ စစ်ကြောင်းထိုးလာခဲ့ပါတယ်။စစ်ကြောင်းထိုးပြီးအပြန် မင်းပန်းတောင်ဘုန်းကြီးကျောင်ဝန်းအတွင်း ရောက်ရှိချိန် ဧပြီ၂၀ရက်နေ့ မိမိတို့ပူးပေါင်းအဖွဲ့များမှ Drone ()စီးဖြင့် ဗုံးသီး()လုံးချ၍ တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုမှာ စကစတပ်က သုံးဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရပါတယ်။


ဗုံးသီးကျဲချမှုကြောင့် စကစများဘက်မှ (၈၀)မမဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များဖြင့်ပါ ရမ်းသမ်းပစ်ခတ်နေခဲ့သော်လည်း ပူးပေါင်းအဖွဲ့များမှာ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


စစ်ဆင်ရေးကို ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ)Nine PDF တပ်ဖွဲ့၊Northern Tigers Group နှင့်စဉ့်ကူးမြို့နယ်(ပကဖ) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၉။ UECဒုညွန်ချုပ် စိုင်းကျော်သူ သေနတ်နဲ့ပစ်ခတ်ခံရ၍ သေဆုံး


ရန်ကုန်မြို့ သင်္ကန်းကျွန်းအောင်ရတနာဆေးရုံက ပြန်လာတဲ့ UECဒုညွန်ချုပ် စိုင်းကျော်သူ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။


ဧပြီ၂၂ရက် မွန်းလွဲပိုင်းမှာ UECဒုညွန်ချုပ် စိုင်းကျော်သူ ပစ်ခံရတာလို့ For the yangon မြို့ပြပြောက်ကျားအဖွဲ့က အတည်ပြုဆိုပါတယ်။


"သူသေဆုံးသွားတယ်ဆိုတာ ဟုတ်ပါတယ်။ ကားပေါ်မှာရှိနေတုန်းပစ်ခဲ့တာပါ။ အချက်၂၀ပစ်ခဲ့တာပါ"လို့ ဆိုပါတယ်။


ဖြစ်စဥ်တွင် ဝေဇယန္တာလမ်းပေါ်၁၆ လမ်းဆုံအရောက်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။


၄င်းဟာ နိူင်ငံတော်၏ အတိုင်ပင်ခံကို စကစကစွဲဆိုတဲ့အမှုမှာ တရားလိုလုပ်သူဖြစ်တယ်လို့လည်း For the yangonက ဖော်ပြပါတယ်။


========================


📌📌 ၁၀။ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်ဘန်နာကိုင်ဆွဲ၍ လူငယ်များနှင့် အမျိုးသမီးများက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား


ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်ဘန်နာကိုင်ဆွဲ၍ လူငယ်များနှင့် အမျိုးသမီးများက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားခဲ့ပါတယ်။


ဧပြီလ ၂၂ ရက်နေ့မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ်‌ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။


ယင်းလှုပ်ရှားမှုကို စစ်ကောင်စီမှ အဓမ္မပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်သည့်အနေဖြင့်ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်ဘန်နာကိုင်ဆွဲ၍ လူငယ်များနှင့် အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှုနှင့်အတူ ချီတက်လှုပ်ရှားခဲ့ကြပါတယ်။


ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်) DDMSC အနေဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်ရေး လူထုလှုပ်ရှားမှုကို နိုင်ငံတဝှမ်း သက်ဆိုင်ရာဒေသအလိုက် စုဖွဲ့ထားကြသည့် တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်လုပ်ဆောင်လျှက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment