24th APR 2023 - Morning Daily News by Radio NUG


၂၀၂၃ ဧပြီလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ၇၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ်  မကွေးတိုင်း မြိုင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကျပ်ငွေ ၁၀ သိန်းလှူဒါန်း၍ အာဟာရဒါန ကျွေးမွေး

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၃။ စစ်တပ်မှ အဓ္ဓမအာဏာသိမ်းယူပြီးနောက် နေရပ်စွန့်ခွာသူဦးရေနှင့် အလုပ်လက်မဲ့ဦးရေ တိုးပွားလာပြီးပညာရေးကဏ္ဍ ဖျက်ဆီး ခံရတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

📌 ၄။ ကမ္ဘာ့အလုပ်သမားနေ့ May Day လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြရန် NUG အလုပ်သမားဝန်ကြီးဌာန အသိပေးနှိုးဆော်

📌 ၅။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ Non CDMအရာထမ်းနဲ့အမှုထမ်းများကို အမည်ပျက်စာရင်းသွင်း၍ ဝန်ထမ်းအဖြစ်မှ NUGအလုပ်သမားဝန်ကြီးဌာနကထုတ်ပယ်.

📌 ၆။ မင်းတပ်မြို့ ခလရ (၂၇၄) ရှိ အကြမ်းဖက်စကစတပ်များ မင်းတပ်မြို့နယ် တိုက်နယ် အမှတ်()ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ စာသင်ကျောင်းနှင့် ပြည်သူနေအိမ်များ ထိခိုက်ပျက်စီး

📌 ၇။ အင်းတော် အောင်းကုန်းရွာတွင်ရှိနေသော စကစတပ်များက ရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီး

📌 ၈။ ကောလင်းမြို့နယ် ယောကုန်းမှာ ရှိနေသောစကစစစ်ကြောင်း နောက်ကြောင်းပြန်အလှည့် ရှားချောင်းရွာအနီး မိုင်းမိ၍ ငါးဦးထိခိုက်

📌 ၉။ ပေါင်းတည်မြို့နယ် ပဲခူးရိုးမအတွင်း အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးနဲ့ စကစတပ်ဖွဲ့ဝင်()ဦး သေဆုံးပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ()ဦး အပြင်းအထန်ဒဏ်ရာရ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ၇၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ်  မကွေးတိုင်း မြိုင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကျပ်ငွေ ၁၀ သိန်းလှူဒါန်း၍ အာဟာရဒါန ကျွေးမွေး


ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ၇၁ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ်  မကွေးတိုင်း မြိုင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကျပ်ငွေ ၁၀ သိန်းလှူဒါန်း၍ အာဟာရဒါန ကျွေးမွေးခဲ့ပါတယ်။


ဧပြီ၂၃ရက်မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ၇၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် လှူဒါန်းကျွေးမွေးခဲ့တာလို့ သတင်းရရှိပါတယ်။


"ယနေ့ကျရောက်သော ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ၇၁ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ်  မကွေးတိုင်း မြိုင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကျပ်ငွေ ၁၀ သိန်းတိတိ လှုဒါန်းပေးအပ်ခဲ့ပါတယ်"လို့ မှတ်တမ်းများအရသိရပါတယ်။


ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက်လည်း အာဟာရအလှုဒါနအဖြစ် ကျွေးမွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ 


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


ဧပြီ၂၃ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၆/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။


 အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ စစ်တပ်မှ အဓ္ဓမအာဏာသိမ်းယူပြီးနောက် နေရပ်စွန့်ခွာသူဦးရေနှင့် အလုပ်လက်မဲ့ဦးရေ တိုးပွားလာပြီးပညာရေးကဏ္ဍ ဖျက်ဆီး ခံရတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော


စစ်တပ်မှ အဓ္ဓမအာဏာသိမ်းယူပြီးနောက် နေရပ်စွန့်ခွာသူဦးရေနှင့် အလုပ်လက်မဲ့ဦးရေ တိုးပွားလာပြီးပညာရေးကဏ္ဍ ဖျက်ဆီး ခံရတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ဆိုပါတယ်။


ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ ၂၀၂၃ ခုနှစ်၊ ဖွံဖြိုးတိုးတက်မှုအတွက် ဘဏ္ဍာရေးဆိုင်ရာဖိုရမ်၊ အထွေထွေရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။


"စစ်တပ်မှ အဓ္ဓမအာဏာသိမ်းယူပြီးနောက် ပြည်သူများအပေါ် လူမဆန်သော ရက်စက်မှုများ ကျူးလွန်ခဲ့ရာ၊ လူပေါင်း (၃၄၂၂) ကျော်အထိ ရက်စက်စွာသတ်ဖြတ်ခံခဲ့ရကြောင်း၊ လူပေါင်း (.) သန်းမှာနေရပ်စွန့်ခွာနေရကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသူပေါင်း (၁၈) သန်းခန့်ရှိကြောင်း၊ နိုင်ငံ့လူဦးရေ၏ထက်ဝက်ခန့်မှာ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရကြောင်း၊ နေရပ်စွန့်ခွာသူဦးရေနှင့် အလုပ်လက်မဲ့ဦးရေ တိုးပွားလာခြင်း၊ ပညာရေးကဏ္ဍ ဖျက်ဆီး ခံရခြင်းများသည် လူသားအရင်းအမြစ်များ လျော့ကျဆုံးရှုံးလာပြီး၊ စိတ်မကောင်းစွာပင် ကဏ္ဍအားလုံးတွင် နိမ့်ကျယိုယွင်းလာနေကြောင်း" သံအမတ်ကြီးကဆိုပါတယ်။


ထို့အပြင်မြန်မာနိုင်ငံသည် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်၊ ငွေကြေးချမ်းသာမညီမျှမှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးလုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိရေး လုပ်ငန်းများနှင့် ရေရှည်ကြီးပွား တိုးတက်မှုရရှိရေးဆိုင်ရာ အသွင်ကူးပြောင်းမှု လုပ်ငန်းများကို အပြည့်အဝဆောင်ရွက်ရန် ကတိကဝတ်ပြု ဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် မိမိတို့၏ အောင်မြင်မှုရရှိထားသည့် လုပ်ငန်းစဉ်များအားလုံးမှာ စစ်တပ်၏ အာဏာသိမ်းမှုနှင့် ပြည်သူများအပေါ် ရက်စက်သော အကြမ်းဖက်မှုများကြောင့် နှောင့်နှေးရပ်တန့် ခဲ့ရကြောင်း သံအမတ်ကြီးက ထပ်လောင်းဆိုပါတယ်။


========================


📌📌 ၄။ ကမ္ဘာ့အလုပ်သမားနေ့ May Day လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြရန် NUG အလုပ်သမားဝန်ကြီးဌာန အသိပေးနှိုးဆော်


ကမ္ဘာ့အလုပ်သမားနေ့ May Day လှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်ကြရန်NUG အလုပ်သမားဝန်ကြီးဌာနက ဧပြီ၂၃ရက်မှာ အသိပေးနှိုးဆော်ထားပါတယ်။


"လာမည့်မေလ ()ရက်နေ့သည် ကမ္ဘာ့အလုပ်သမားနေ့ (May Day)ဖြစ်ပြီး အလုပ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ အတွက် ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့ကြသော အလုပ်သမား သူရဲကောင်းများအား ဦးညွှတ်အလေးပြုပါတယ်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က တရားမဝင် အာဏာလုယူပြီး တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအား နည်းမျိုးစုံဖြင့် အကြမ်းဖက် ဖိနှိပ်လျက်ရှိသည်။ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများလည်း အဆိုးရွားဆုံး ပျက်စီးပျောက်ဆုံးလျက်ရှိပါတယ်"လို့ ဆိုပါတယ်။


ထို့အတွက် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်း ရေး သန္နိဋ္ဌာန်ဖြင့် 2023 May Day နေ့တွင်လုပ်သားထုရဲ့ သွေးစည်းသံ၊ တချီတည်း ရုန်းပြီး အောင်ပွဲခံ” “United Voice of Workers, Fight for Federal Future” ဟူသည့် ကြွေးကြော်သံ ဆောင်ပုဒ်ဖြင့် နွေဦးတော်လှန်ရေးနှင့် အလုပ်သမား အခွင့်အရေးတိုက်ပွဲ အရှိန်မြှင့်တင်ခြင်းကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် အလုပ်သမားသမဂ္ဂများ၊ မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။


၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (2023 May Day) တွင် မြန်မာအလုပ်သမားထု၏ ကြွေးကြော်သံပါတီရှပ်အင်္ကျီများ ဝတ်ဆင်၍ May Day လှုပ်ရှားမှု (Campaign) တွင် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမား များ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုး ဆော်ထားပါတယ်။


========================


📌📌 ၅။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ Non CDMအရာထမ်းနဲ့အမှုထမ်းများကို အမည်ပျက်စာရင်းသွင်း၍ ဝန်ထမ်းအဖြစ်မှ NUGအလုပ်သမားဝန်ကြီးဌာနကထုတ်ပယ်.


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ Non CDMအရာထမ်းနဲ့အမှုထမ်းများကို အမည်ပျက်စာရင်းသွင်း၍ ဝန်ထမ်းအဖြစ်မှ NUGအလုပ်သမားဝန်ကြီးဌာနက ထုတ်ပယ်လိုက်ပါတယ်။ ဧပြီ၂၃ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနကကြေညာချက်အမှတ် (/၂၀၂၃)ကိုထုတ်ပြန်ခဲ့ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည်  နိုင်ငံ့ဝန်ထမ်း များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် မထမ်းဆောင်ဘဲ ဓမ္မဘက်မှရပ်တည်၍ ပြည်သူနှင့်တသားတည်း ဖြစ်စေရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြစေရန် အကြိမ်ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်ပါတယ်လို့ဆိုပါတယ်။


 အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင် ခဲ့ကြသည့် ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းသူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေး နှင့် ဖိအားကင်းစင်ရေး တို့အတွက် အလေးထားဆောင်ရွက်လျက် ရှိတယ်လို့လည်းဖော်ပြပါတယ်။


သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းနှင့် ဥပဒေနှင့်အညီပြန်ဆပ်ရန်မလိုတော့သည့် လစာ ချေးငွေများအား အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်းများစသည့် အမျိုးမျိုးသော ဖိနှိပ်မှုများကို ကျူးလွန်နေသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ အောက်ဖေါ်ပြပါ ဝန်ထမ်းများအား အမည်ပျက်စာရင်းသွင်း လိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ် (Dismiss) လိုက်တယ်လို့ဆိုပါတယ်။


ထုတ်ပယ်ရာတွင်အရာထမ်း၊အမှုထမ်း ၂၀၆ဦးအမည်စာရင်းကို ကြေညာခဲ့ပါတယ်။


========================


📌📌 ၆။ မင်းတပ်မြို့ ခလရ (၂၇၄) ရှိ အကြမ်းဖက်စကစတပ်များ မင်းတပ်မြို့နယ် တိုက်နယ် အမှတ်()ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ စာသင်ကျောင်းနှင့် ပြည်သူနေအိမ်များ ထိခိုက်ပျက်စီး


ချင်းပြည်နယ် မင်းတပ်မြို့ ခလရ (၂၇၄) ရှိ အကြမ်းဖက်စကစတပ်များ မင်းတပ်မြို့နယ် တိုက်နယ် အမှတ်()ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ စာသင်ကျောင်းနှင့် ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဧပြီ၂၃ရက်မှာ Chin Defence Force -Mindatကအသိပေးဆိုပါတယ်။


"မင်းတပ်မြို့ ခလရ (၂၇၄) ရှိ အကြမ်းဖက်စကစများသည်  ၂၂..၂၀၂၃ ရက်နေ့ ညနေ၄:၀၀တွင် မင်းတပ်မြို့နယ် တိုက်နယ် အမှတ်()ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများပြုလုပ်ခဲ့သဖြင့် စာသင်ကျောင်းနှင့် ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးလျက်ရှိပါတယ်"လို့ဆိုပါတယ်။


ဧပြီ၂၃ရက်ညနေ ၄း၀၀ နှင့် ၅း၀၀ အချိန်တွင်လည်း မင်းတပ်မြို့နယ် တိုက်နယ် အမှတ် () ဖက်သို့ လက်နက်ကြီးများဖြင့် ပြည်သူများအားထိခိုက်စေလိုသည့် ရည်ရွယ်ချက်ရှိရှိဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။


သို့ဖြစ်၍ မင်းတပ်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဘေးရန်မှ ကာကွယ်နိုင်ရန်နှင့် ထိခိုက်မှုနည်းပါးစေရန်အတွက် သတိဖြင့်နေထိုင်ပေးကြပါရန်အသိပေးထားပါတယ်။


========================


📌📌 ၇။ အင်းတော် အောင်းကုန်းရွာတွင်ရှိနေသော စကစတပ်များက ရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း၊ အင်းတော် အောင်းကုန်းရွာတွင်ရှိနေသော စကစတပ်များက ရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဧပြီ ၂၃ရက်မှာ အင်းတော် IR Teamက အတည်ပြုဆိုပါတယ်။


"အင်းတော် အောင်းကုန်းရွာတွင်ရှိနေသော စခများမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အောင်းကုန်းရွာရှိ နေအိမ်များကို မီးပတ်ရှို့နေကြောင်း သိရပါတယ်"လို့ဆိုပါတယ်။


လတ်တလောမှာ ဒေသခံနဲ့အနီးနားကျေးရွာမှ ပြည်သူများတိမ်းရှောင်နေရတယ်လို့သိရပါတယ်။


၂၀၂၃ ခုနှစ် ဧပြီလ (၁၀) ရက်နေ့အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ဒသမ သန်းကျော်ရှိလာပြီ ဖြစ်ပါတယ်။


 ဒီအထဲကမှ လူဦးရေ ဒသမ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်ပါတယ်။


========================


📌📌 ၈။ ကောလင်းမြို့နယ် ယောကုန်းမှာ ရှိနေသောစကစစစ်ကြောင်း နောက်ကြောင်းပြန်အလှည့် ရှားချောင်းရွာအနီး မိုင်းမိ၍ ငါးဦးထိခိုက်


ကောလင်းမြို့နယ် ယောကုန်းမှာ ရှိနေသော စကစစစ်ကြောင်း နောက်ကြောင်းပြန်အလှည့် ရှားချောင်းရွာအနီး မိုင်းမိ၍ ငါးဦးထိခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဧပြီ၂၃ရက်မှာ ကောလင်း တော်လှန်ရေးအင်အားစုက အတည်ပြုဆိုပါတယ်။


"ဧပြီ၂၂ရက်နေ့တွင် ယောကုန်း၌ ရှိနေသော စကစစစ်ကြောင်း နောက်သို့ပြန်အလှည့်တွင် ရှားချောင်းရွာအနီး၌ မိုင်းမိတယ်လို့သိရပါတယ်။ အထိခိုက် ( ) ဦးထိရှိပြီးပ.က. မှ မိုင်းဆွဲခဲ့တယ်လို့သိရပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စကစတပ်များဟာ စစ်ကိုင်းတိုင်းအတွင်း ပြောက်ကျားတိုက်ခိုက်မှုများကို မကြာခဏရင်ဆိုင်နေကြရပါတယ်။


========================


📌📌 ၉။ ပေါင်းတည်မြို့နယ် ပဲခူးရိုးမအတွင်း အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးနဲ့ စကစတပ်ဖွဲ့ဝင်()ဦး သေဆုံးပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ()ဦး အပြင်းအထန်ဒဏ်ရာရ 


ပေါင်းတည်မြို့နယ် ပဲခူးရိုးမအတွင်း အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦး အပါအဝင်စကစတပ်ဖွဲ့ဝင်၂ဦး သေဆုံးပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ()ဦး အပြင်းအထန်ဒဏ်ရာရ ခဲ့ပါတယ်။


ဧပြီ၂၃ရက်မှာ စစ်ရေးသတင်းကို ပဲခူးတိုင်းစစ်ဒေသခွဲကအတည်ပြုဆိုပါတယ်။


ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်‌ ကျေးရွာအုပ်စု၊ သစ်ပုတ်တာဝါတိုင်အထိုင်စခန်းမှ ပေါက်ခေါင်းမြို့သို့ ပြန်ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို ဧပြီလ(၂၁)ရက်နေ့ ညနေ (၄း၁၅)နာရီခန့်တွင် မရိုးကျွန်းရွာနှင့် ဒိုးနွယ်ရွာအကြား၌ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၃၊ တပ်ခွဲ၄၊ တပ်ခွဲ၅၊ တပ်ခွဲ၁ (အဖွဲ့၂) ပူးပေါင်းတပ်ဖွဲ့ Eagle စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်လို့ဖော်ပြပါတယ်။


ထိုသို့ကြားဖြတ်တိုက်ခိုက်ရာ ရှေ့ဆုံးကား၌ ပြည်သူများလိုက်ပါလာသဖြင့် လွှတ်ပေးလိုက်ပြီး ၎င်းကားနောက်မှ ကပ်ပါလာသော ဗိုလ်မှူး ပါဝင်သည့်ကားနှင့် ဆိုင်ကယ်()စီးကို ပစ်ခတ်တိုက်ခိုက်ရာ နေရာ၌ပင် စစ်ကောင်စီတပ်ဖွဲ့ဝင် ()ဦးသေဆုံး၍  ()ဦး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။ 


အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် မိနစ်(၂၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။


အဆိုပါကြားဖြတ်တိုက်ခိုက်မှု၌ အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးသူ()ဦးတွင် ဗိုလ်ကြီးတစ်ဦးပါဝင်ပြီး ဒဏ်ရာအပြင်းအထန်ရရှိသူ ()ဦးတွင် ဗိုလ်မှူးတစ်ဦးပါဝင်၍ ယခုအခါ အရေးပေါ်ဆေးကုသမှု ခံယူရလျက်ရှိတယ်လို့သိရပါတယ်။ 


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment