2nd APL 2023 - Evening Daily News by Radio NUG


၂၀၂၃ ဧပြီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲတိုင်းမှာ ပြန်လည်တိုက်ခိုက်ဖို့ထက် လက်နက်ချအညံ့ခံတဲ့နည်းလမ်းနှင့် တပ်ဆုတ်ထွက်ပြေးတဲ့ နည်းလမ်းကို လက်တွေ့ပိုပြီး ကျင့်သုံးလာတာကို တွေ့ရှိရတယ်လို့ပြောကြား

📌 ၂။ ချင်းပြည်နယ်ဟာ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်လာနိူင်တဲ့အနေအထားဖြစ်ရောက်ရှိနေပြီ

📌 ၃။ သံအမတ်ကြီး ဦးကျော်မိုးထွန်း The Fletcher School of law and Diplomacy မှကျောင်းသားများ နှင့် Tufts University တွင်တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့

📌 ၄။ ပျဉ်းတောဦးရွာ (Tuingo) နဲ့ မင်းလှရွာ (Zotlang) ကြားရှိ နတ်တံခါးချောင်းကနေ စစ်ကောင်စီတပ်သား‌တွေစစ်ကြောင်းထိုးလာလို့ ယနေ့မနက် တိုက်ပွဲပြန်လည်ဖြစ်ပွား 

📌 ၅။ ဒီပဲယင်းနယ်အနောက်ခြမ်းကျေးရွာများ ရက်ဆက်တိုက် လေကြောင်းပစ်ခတ်မှုခံနေရ

📌 ၆။ ဆားတောင်မြို့ရဲစခန်းမှအများပြည်သူကားများအား အနိုင်ကျင့်ပိုက်ဆံကောက်ခံနေသောရဲများတိုက်ခိုက်ခံရ၍ နှစ်ဦးသေဆုံး

📌 ၇။ ကန့်ဘလူမြို့နယ် လျှော်ဖြူကုန်းကျေးရွာသို့ဝင်ရောက်ကာစကစတပ်များက မီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲတိုင်းမှာ ပြန်လည်တိုက်ခိုက်ဖို့ထက် လက်နက်ချအညံ့ခံတဲ့နည်းလမ်းနှင့် တပ်ဆုတ်ထွက်ပြေးတဲ့ နည်းလမ်းကို လက်တွေ့ပိုပြီး ကျင့်သုံးလာတာကို တွေ့ရှိရတယ်လို့ပြောကြား


ဧပြီ၂ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၃)တွင်ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလို‌ ပြောကြားလိုက်ပါတယ်။


"ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ် ကြည့်မယ် ဆိုရင် အကြမ်းဖက်စစ်တပ်ဟာ အင်အားချိနဲ့နေပြီဆိုတာ ပိုပြီးပေါ်လွင်လာပါတယ်။ တိုက်ပွဲတိုင်းမှာ ပြန်လည်တိုက်ခိုက်ဖို့ထက် လက်နက်ချအညံ့ခံတဲ့နည်းလမ်း ဒါမှမဟုတ် တပ်ဆုတ်ထွက်ပြေးတဲ့ နည်းလမ်းကို လက်တွေ့ပိုပြီး ကျင့်သုံးလာတာကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့ စစ်ရေးစစ်ရာမှာ အတွေ့အကြုံများစွာ ကြွယ်ဝနေပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲညီညီ ပူးပေါင်းတိုက်စစ်ဆင် ဖော်ဆောင်နိုင်မှုတွေကိုလည်း ကျယ်ပြန့်စွာ လုပ်ဆောင်လာနိုင်တာကို တွေ့ရတဲ့အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါတယ်"လို့ဆိုပါတယ်။


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုး မြို့ပြစစ်ဆင်ရေးတိုက်ပွဲမတ်လ ၂၅ ရက်နေ့ မှ ၂၆ ရက်နေ့အထိ ()ရက်တာတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်မှ ကျဆုံးသူဦးရေ(၁၅)ဦး နှင့်အထက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာပြင်းထန်ရရှိသူများပြား၍ တပ်ပျက်ကာ စစ်ကြောင်းလိုက်ထွက်ပြေးမှုများရှိခဲ့ပါတယ်။


========================


📌📌 ၂။ ချင်းပြည်နယ်ဟာ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်လာနိူင်တဲ့အနေအထားဖြစ်ရောက်ရှိနေပြီ


ဧပြီ၂ရက်


ဧပြီလအတွင်းကျင်းပတဲ့ CDF-Matupi ရဲဘော်များအတွက်  live concert ဖြင့် ရန်ပုံငွေရှာဖွေခြင်းအခမ်းအနားတွင် ဆက်သွယ်ရေး၊သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က အခုလိုပြောကြားလိုက်ပါတယ်။


"အဓိက ကျနော်တို့တော်လှန်ရေး နှစ်နှစ် ကျော်လာခဲ့ပြီ။နှစ်နှစ်ကျော်လာတဲ့ကာလမှာ ချင်းပြည်နယ်ကစပြီးတော့ လက်နက်ကိုင်တော်လှန်လာခဲ့ကြတာ အခုဆိုရင် တော်တော်လေးခရီးရောက်လာခဲ့တယ်။ဒီလိုခရီး ရောက်လာခြင်းကလည်း ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု၊နိူင်ငံတကာမှာရောက်နေတဲ့ နိူင်ငံတကာရောက်မြန်မာပြည်ဖွားတွေရဲ့ တော်လှန်ရေးရန်ပုံငွေ ပံ့ပိုးမှုတွေကြောင့်အများကြီး ရှေ့ဆက် ုဖတ်သန်းနိူင်ခဲ့တယ်။အခုဆိုလို့ရှိရင် ချင်းပြည်နယ်က ခေါင်းဆောင်တွေ၊ ERO တွေရဲ့ကြိုးပမ်းအားထုတ်မှုနဲ့ ဒီကာလမှာ လက်နက်ကိုင်တော်လှန်လာကြတဲ့ မြေပြင်က ကြိုးပမ်းမှုတွေနဲ့ ချင်းပြည်နယ်ဟာ ၇၀ ရာခိုင်နှုန်းကနေ၈၀ရါခိုင်နှုန်းအထိ ထိန်းချုပ်လာနိူင်တဲ့အနေအထားဖြစ်တယ်လို့သိထားရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ စစ်အုပ်စုဟာ ချင်းပြည်နယ်ကို မြေပြင် ၊ဝေဟင် တိုက်ခိုက်မှုများ အင်အားအလွန်အကျွံ အသုံးပြုလျက်ရှိနေပါတယ်။


========================


📌📌 ၃။ သံအမတ်ကြီး ဦးကျော်မိုးထွန်း The Fletcher School of law and Diplomacy မှကျောင်းသားများ နှင့် Tufts University တွင်တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့


ဧပြီ၂ရက်


အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်ရှိ Tufts University တွင် The Fletcher School of and Diplomancy မှ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အထူးဖိတ်ကြားကာ International Responsibility in Responding to Myanmar's Crisis Panel ကို မတ်လ ၃၁ ရက်နေ့တွင် အဆိုပါတက္ကသိုလ်ရှိ ASEAN Auditorium ခန်းမ၌ကျင်းပခဲ့တယ်လို့သိရပါတယ်။


၎င်းပွဲကို ဦးဆောင်ကျင်းပသော မြန်မာကျောင်းသားများမှ တက်ရောက်လာသော ဧည့်ပရိတ်သပ်များ အမေရိကန် တက္ကသိုလ်အသီးသီးမှ ကျောင်းသားများ မြန်မာ့အရေးစိတ်ဝင်စားသော ဧည့်သည်တော်များကို နှုတ်ခွန်းဆက်စကားနှင့်အတူ မြန်မာစစ်တပ် လူသားမဆန်စွာ ပြုလုပ်မှုများ အကြမ်းဖက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။


ထို့နောက် အဆိုပါတက္ကသိုလ်သို့ State Department Fellow အစီစဉ်ဖြင့်ရောက်ရှိနေသော US Foreign Service Officer MR David Muehlke နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့မှ လက်ရှိဖြစ်ပေါ်နေသော မြန်မာ့အရေးတုံ့ပြန်မှု့နှင့် ပတ်သက်ပြီး နိုင်ငံတကာ တာဝန်ရှိမှု ကိစ္စရပ်များကို ဦးဆောင်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


တက်ရောက်လာသော ကျောင်းသားများ မြန်မာ့အရေး စိတ်ဝင်စားသူများ နှင့် တက်ကြွလှုပ်ရှားသူများ မေးခွန်းများကို သံအမတ်ကြီးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


========================


📌📌 ၄။ ပျဉ်းတောဦးရွာ (Tuingo) နဲ့ မင်းလှရွာ (Zotlang) ကြားရှိ နတ်တံခါးချောင်းကနေ စစ်ကောင်စီတပ်သား‌တွေစစ်ကြောင်းထိုးလာလို့ ယနေ့မနက် တိုက်ပွဲပြန်လည်ဖြစ်ပွား 


ဧပြီ၂ရက်


ကလေးမြို့ မြောက်ဘက် ပျဉ်းတောဦးရွာ (Tuingo) နဲ့ မင်းလှရွာ (Zotlang) ကြားရှိ နတ်တံခါးချောင်းကနေ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးလာလို့ယနေ့မနက် တိုက်ပွဲပြန်လည်ဖြစ်ပွား နေတယ်လို့ ကလေးတော်လှန်ရေးအင်အားစုများက စစ်ရေးသတင်းကိုအတည်ပြုဆိုထားပါတယ်။


လတ်တလော ကလေးမြို့ အမြောက်တပ်မှ လက်နက်ကြီးဖြင့်ပစ်ကူနေပြီး တမြို့လုံးအိမ်တွေတုန်ခါနေတယ်လို့သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဟာယနေ့ထိ အကျအဆုံးမရှိသေးဘူးလို့ဆိုပါတယ်။


မတ် ၃၁ ရက်က ဒဏ်ရာရနေတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးကို ၎င်းတို့ရဲဘော်တွေက ဒဏ်ရာနဲ့အတူကျန်ရစ်ခဲ့လို့  အရေးပေါ်ဆေးကုသမှုပေးခဲ့ပေမယ့် ဒဏ်ရာအခြေအနေဆိုးရွားလို့သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုများကဆိုပါတယ်။


========================


📌📌 ၅။ ဒီပဲယင်းနယ်အနောက်ခြမ်းကျေးရွာများ ရက်ဆက်တိုက် လေကြောင်းပစ်ခတ်မှုခံနေရ


ဧပြီ၂ရက်


စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနယ်အနောက်ခြမ်းကျေးရွာများ ရက်ဆက်တိုက် လေကြောင်းပစ်ခတ်မှုခံနေရတယ်လို့ ဧပြီ၂ရက်နေ့မှာ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကအတည်ပြုဆိုပါတယ်။


"ဒီပဲယင်းနယ်အနောက်ခြမ်းကျေးရွာများ ရက်ဆက် လေကြောင်းပစ်ခတ်မှုခံနေရပါတယ်။မုံရွာ နမခမှ တက်လာသော Mi 35 ရဟတ်ယာဉ်သည် ဒီပဲယင်းနယ် ကြည် ဘုရားထွက်ရွာ တစ်ဝိုက်တွင် ယနေ့မနက်တတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေကြောင်း သိရပါတယ်။စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ဘေးလွတ်ရာတွင်သာ ထပ်မံရှောင်တိမ်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်"လို့ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးကဆိုပါတယ်။


စိုင်ပြင်မြို့မှ စိုင်ပြင်- ဒီပဲယင်းလမ်းတစ်လျှောက်ကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာမှုကြောင့် ကျေးရွာ ၁၀ ရွာအထက်မှ စစ်ဘေးရှောင်ထောင်ချီ စစ်ဘေးတိမ်းရှောင်နေရသည်မှာ () ရက်ခန့်ရှိပြီဖြစ်တယ်လို့သတင်းရရှိထားပါတယ်။


========================


📌📌 ၆။ ဆားတောင်မြို့ရဲစခန်းမှအများပြည်သူကားများအား အနိုင်ကျင့်ပိုက်ဆံကောက်ခံနေသောရဲများတိုက်ခိုက်ခံရ၍ နှစ်ဦးသေဆုံး


ဧပြီ၂ရက်


ဧပြီ၂ရက်နေ့မှာ စစ်ရေးသတင်းကို People's Army To Fight Dictatorshipကအခုလို အတည်ပြုဆိုပါတယ်။


"ဧပြီလ၂ရက်နေ့ နံနက်၅နာရီ၁၈မိနစ်အချိန်ခန့်တွင်စစ်ကိုင်းမြို့နယ်ဆားတောင်မြို့ရဲစခန်းမှအများပြည်သူကားများအားအနိုင်ကျင့်ပိုက်ဆံကောက်ခံနေသောရဲများကိုလက်နက်ငယ်များဖြင့်အလစ်အငိုက်ဖမ်း၍ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှတိုက်ခိုက်ခဲ့ရာရဲနှစ်ဦးပွဲချင်းပြီးသွေးအိုင်ထဲတွင်လဲကျသေဆုံးခဲ့ပါတယ်လို့ဆိုပါတယ် အချိန်အနည်းငယ်ကြာအောင်အပြန်အလှန်တိုက်ခိုက်မှု့ရှိခဲ့သော်လည်းတော်လှန်ရေးရဲဘော်များမှာအထိအခိုက်မရှိအောင်မြင်စွာပြည်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။


စစ်ဆင်ရေးကို People's Army To Fight Dictatorship(PAFD) နှင့်(PAFD)တပ်ခွဲ DK PDF-MMU People's Knight Defence Force Myinmu(PKDF MMU) နှင့် (D.B.B.F-MMU) စသည့်မဟာမိတ်တပ်ဖွဲ့များမှပူပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၇။ ကန့်ဘလူမြို့နယ် လျှော်ဖြူကုန်းကျေးရွာသို့ဝင်ရောက်ကာစကစတပ်များက မီးရှို့ဖျက်ဆီး


ဧပြီ ရက်


စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် လျှော်ဖြူကုန်းကျေးရွာသို့ဝင်ရောက်ကာစကစတပ်များက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဧပြီ၂ရက်နေ့မှာ ကိုးတောင်ဘို့ တော်လှန်ရေးအင်အားစုက အတည်ပြုဆိုပါတယ်။


"ကန့်ဘလူမြို့နယ်၊ချပ်ကုန်းကျေးရွာမှာ မနေ့ညကပြာပုံဝပ်တဲ့ ကိုးတောင်ဘို့မှ အကြမ်းဖက်စကစတပ်နဲ့ပျူများအင်အား၅၃ဦးသည် ချပ်ကုန်းရွာမှ ယနေ့မနက်မြောက်ဘက်သိုပြန်ခေါက်၍ လျှော်ဖြူကုန်းကျေးရွာသို့ဝင်ရောက်ကာ မီးရှို့နေကြောင်းသိရပါတယ်"လို့ဆိုပါတယ်။


ကန့်ဘလူမြို့နယ်၊လျှော်ဖြူကုန်းကျေးရွာဟာစကစတပ်များရဲ့ဖျက်ဆီးမီးရှို့မှုဒုတိယအကြိမ်မြောက် ခံရခြင်းဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment