4th APL 2023 - Morning Daily News by Radio NUG


၂၀၂၃ ဧပြီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ လိမ်လည် ဖြား‌ယောင်း သွေးခွဲတာတွေနောက်ကို မလိုက်မိဖို့ ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါးဆို

📌 ၂။ အကြမ်းဖက်စစ်ကောင်စီကို အဆုံးသတ်နိုင်မယ့် နေ့ရက်တွေ အမြန်ရောက်လာနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေ

📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၄။ ပြည်သူထောက်ခံမှုနဲ့ ရပ်တည်နေတဲ့ ပါတီတွေဟာ ပါတီဖျက်သိမ်းတယ်လို့ ကြေညာရုံနဲ့ ပျက်သွားမှာမဟုတ်ဘူးလို့ဆို

📌 ၅။ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ပခုက္ကူ တပ်မ ၁၀၁ မှ ပြည်သူ့စစ်သား ဦး နှင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြည့်သူ့ရဲ ဦးတို့ လက်နက်နဲ့အတူ အလင်းဝင်လာ၍ သိန်း၇၀၀ ကျော် ဂုဏ်ပြုချီးမြှင့်

📌 ၆။ မီးရှို့နေတဲ့ ဘီလူးစစ်ကြောင်းအပေါ် ဒရုန်းနဲ့ကြဲချတဲ့ ဗုံးသီးတည့်တည့်ကျထိမှန်

📌 ၇။ ကန့်ဘလူခရိုင် ထန်းကုန်းတိုက်နယ်ရှိ အင်းလယ်ကြီးရွာအား  စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး

📌 ၈။ မန္တလေးခရိုင်အမှတ် ()တပ်ရင်းMN PDFမှ MA3နှစ်လက်သိမ်းယူနိုင်ခဲ့

📌 ၉။ အကြမ်းဖက်စစ်အုပ်စုကနေ လုပ်ကြံဖန်တီးမယ့် အတုအယောင် "အပျော်သင်္ကြန်ကို ပြည်သူလူထုကသပိတ်မှောက်ရန် တိုက်တွန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ လိမ်လည် ဖြား‌ယောင်း သွေးခွဲတာတွေနောက်ကို မလိုက်မိဖို့ ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါးဆို


အကြမ်းဖက်စစ်အုပ်စုရဲ့ လိမ်လည်ဖြား‌ယောင်း သွေးခွဲတာတွေနောက်ကို မလိုက်မိဖို့ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါးဆိုလိုက်ပါတယ်။ ဧပြီ () ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကားပါးပြောပါတယ်။


"အကြမ်းဖက်စစ်အုပ်စုသုံးနေကျ နည်းဗျူဟာတစ်ခုဖြစ်တဲ့ တော်လှန်ရေးအုပ်စုတွေ နဲ့ ပြည်သူအကြား လိမ်လည်ဖြား‌ယောင်း သွေးခွဲတာတွေနောက်ကို မလိုက်မိဖို့ အထူး သတိထားကြရမှာဖြစ်ပါတယ်။ ညီညွတ်ခြင်းကသာ တော်လှန်ရေးအောင်မြင်ဖို့ အားတစ်ရပ်ဖြစ်ပါတယ်။"


လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ နယ်မြို့များနဲ့ ကျေးရွာများကို PDFယူနီဖောင်းဝတ်ဆင်၍ အယောင်ဆောင်ကာ စစ်ကြောင်းထိုးပြီး လုယက်ဖျက်ဆီးမှုများ၊ သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီကို အဆုံးသတ်နိုင်မယ့် နေ့ရက်တွေ အမြန်ရောက်လာနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေ


အကြမ်းဖက်စစ်ကောင်စီကို အဆုံးသတ်နိုင်မယ့် နေ့ရက်တွေ အမြန်ရောက်လာနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဧပြီလအတွင်း ကျင်းပတဲ့ စီဒီအမ်အောင်မြင်ရေး ကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုပါတယ်။


"အခုရက်ပိုင်းမှာဆိုရင် အကြမ်းဖက်စစ်တပ်ဟာ အချို့နေရာတွေမှာ လူစိမ်းဝင်ရောက်လာမှုများကို  စောင့်ကြည့်ဖို့ဆိုတာမျိုးတွေအထိ ညွှန်ကြားနေကြောင်း သိရှိရပါတယ်။ ဒါကြောင့်မို့ မိမိတို့ရဲ့ လုံခြုံရေးအတွက် ဘက်ပေါင်းစုံက အထူးဂရုပြုကြဖို့အတွက် သတိပေးလိုပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့လည်း တော်လှန်ရေးအင်အားစုများအားလုံးနဲ့ ပူးပေါင်းပြီး ဒီအကြမ်းဖက်စစ်ကောင်စီကို အဆုံးသတ်နိုင်မယ့် နေ့ရက်တွေကို အမြန်ရောက်လာနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စစ်ရေးအရှိန်ကိုမြှင့်တင်လျက်ရှိပြီး ကရင်နီဒေသ၊ ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ စကစတပ်များဟာ အထိနာကျဆုံးလျက်ရှိပါတယ်။


========================


📌📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


ဧပြီ ၃ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းတို့ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (/၂၀၂၃)ကို ကျင်းပခဲ့ရာ အစည်းအဝေး၌ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊  ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ငန်း‌ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ တွဲဘက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းတို့မှ ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၄။ ပြည်သူထောက်ခံမှုနဲ့ ရပ်တည်နေတဲ့ ပါတီတွေဟာ ပါတီဖျက်သိမ်းတယ်လို့ ကြေညာရုံနဲ့ ပျက်သွားမှာမဟုတ်ဘူးလို့ဆို


ပြည်သူထောက်ခံမှုနဲ့ ရပ်တည်နေတဲ့ ပါတီတွေဟာ ပါတီဖျက်သိမ်းတယ်လို့ ကြေညာရုံနဲ့ ပျက်သွားမှာမဟုတ်ဘူးလို့ ဧပြီလအတွင်း နိုင်ငံရေးပါတီများနဲ့ပတ်သက်လို့ ဒုဝန်ကြီး ဦးကျော်နီက သုံးသပ်ဆိုပါတယ်။


"နိုင်ငံရေးမှာလည်း မိမိ ပြည်သူထောက်ခံမှုနဲ့ ရပ်တည်နေတဲ့ ပါတီတွေဟာ တခြားသူတွေက ပါတီဖျက်သိမ်းတယ်လို့ ကြေညာရုံနဲ့ ပျက်သွားမှာမဟုတ်ဘူး။ သူ့ကိုထောက်ခံသူ ပြည်သူတွေရှိနေသရွေ့ ပါတီတွေဟာ ရှင်သန်နေဦးမှာပဲ။ လူထုထောက်ခံမှုမရှိဘဲ တခြားသူတွေက စာရွက်ပေါ်အသိအမှတ်ပြုတာကိုသာ အားထားနေရတဲ့ ပါတီတွေကတော့ အဲဒီ ထောက်ခံချက် စက္ကူရွက်ရရှိရေးအတွက်ပဲ ကြိုးစားနေမှာပဲ။ နွေဦးတော်လှန်ရေးမှာ ပြည်သူအတွက် ပေးဆပ်တဲ့ ပါတီတွေနဲ့ ရန်သူကိုလုပ်ကျွေးတဲ့ ပါတီတွေ ကွဲပြားသွားတာပေါ့"လို့ဆိုပါတယ်။


စစ်ကောင်စီ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ကို နိုင်ငံရေးပါတီ အဖြစ်မှ ဖျက်သိမ်းခဲ့ပါတယ်။


========================


📌📌 ၅။ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ပခုက္ကူ တပ်မ ၁၀၁ မှ ပြည်သူ့စစ်သား ဦး နှင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြည့်သူ့ရဲ ဦးတို့ လက်နက်နဲ့အတူ အလင်းဝင်လာ၍ သိန်း၇၀၀ ကျော် ဂုဏ်ပြုချီးမြှင့်


မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ပခုက္ကူ တပ်မ ၁၀၁ မှ ပြည်သူ့စစ်သား ဦး နှင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြည့်သူ့ရဲ ဦးတို့လက်နက်နဲ့အတူ အလင်းဝင်လာ၍ သိန်း၇၀၀ ကျော် ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်လို့ ဧပြီ၃ရက်နေ့မှာ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးဆိုပါတယ်။


"မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ပခုက္ကူ တပ်မ ၁၀၁ မှ ပြည်သူ့စစ်သား ဦး နှင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြည့်သူ့ရဲ ဦးတို့သည် ယနေ့ ဧပြီ၃ရက် မနက် ၀၉:၄၀အချိန်တွင် ယခင်က ချိတ်ဆက်ထားသော တပ်တွင်းကိစ္စရပ်များအရ MA-3 ၃လက်, G4- ၂လက်, G3-၂လက်နှင့် ကျည် ၄၁၁ တောင့်ဖြင့် အလင်းဝင်ရောက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


အလင်းဝင်လာသူများအား တစ်ဦးလျှင် အလှုငွေ - ၁၀၆ သိန်းကျပ်စီဖြင့် စုစုပေါင်း ၇၄၂ သိန်းကျပ်အား မြိုင် ပကဖ ခေါင်းဆောင် ဗိုလ်လက်ယာအဖွဲ့မှ ပေးအပ်ချီးမြင့်ခဲ့ပါတယ်။


========================


📌📌 ၆။ မီးရှို့နေတဲ့ ဘီလူးစစ်ကြောင်းအပေါ် ဒရုန်းနဲ့ကြဲချတဲ့ ဗုံးသီးတည့်တည့်ကျထိမှန်


ဧပြီ ()ရက်နေ့တွင် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ တောင်ဖီလာကျေးရွာအတွင်း. အကြမ်းဖက်ဝင်ရောက်လာသော ဘီလူးစစ်ကြောင်းအပေါ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)က ဆိုပါတယ်။


" ဧပြီ ()ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ တောင်ဖီလာကျေးရွာအတွင်း. အကြမ်းဖက်ဝင်ရောက်လာသော တပ်မ(၉၉)လက်အောက်ခံ ဘီလူးစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့များမှ Drone အသုံးပြု၍ နေ့လည်(၁နာရီ၃၀မိနစ်)အချိန်ခန့်တွင် ရွာအား မီးတင်ရှို့နေစဥ် Bomb-သီး()လုံးချတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုတွင် ဗုံးသီးမှာ စကစတပ်အုပ်စုအတွင်း တည့်တည့်ကျပြီး ထိခိုက်သေဆုံးမှုရှိနိူင်တယ်လို့ဆိုပါတယ်။


အဆိုပါ Drone စစ်ဆင်ရေးကို Black Eagle Defence Force-MMU Black Eagle Drone တပ်ခွဲ နှင့် T.G.R Women Drone Force-Myaung Chaung U Peoe's Defence Force-CHU PDF Myaung Special People's Defense Force-MSPDF လျှပ်တပြတ်စွန်ညို ပျောက်ကြားစစ်သည်တော်များအဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၇။ ကန့်ဘလူခရိုင် ထန်းကုန်းတိုက်နယ်ရှိ အင်းလယ်ကြီးရွာအား  စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး


ကန့်ဘလူခရိုင်ထန်းကုန်းတိုက်နယ်ရှိ အင်းလယ်ကြီးရွာအား  စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ ဒုတိယအကြိမ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဧပြီ၃ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က အသိပေးဆိုပါတယ်။


"ဧပြီ ရက်နေ့ ညနေ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ အင်းလယ်ကြီးရွာအား  စစ်ကောင်စီတပ်နှင့် ပျူစောထီးစု‌ပေါင်းအင်အား ၁၀၀ ကျော်မှ ဒုတိယအကြိမ်မြောက်  မီးရှို့ဖျက်ဆီးနေကြောင်း‌ မြေပြင်သတင်းပေးပို့ချက်များအရသိရပါတယ်"လို့ဆိုပါတယ်။


၎င်းစစ်ကောင်စီစစ်ကြောင်းသည် ဧပြီ ရက်နေ့တွင် ဉာဏ်အင်းရွာအား အကြမ်းဖက်မီးရှို့ဖျက်ဆီးပြီးနောက် ညနေ နာရီဝန်းကျင်တွင် အင်းလယ်ကြီးရွာထဲသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်‌ခတ်ဝင်ရောက်ပြီး တစ်ညအိပ်တပ်စွဲထားခြင်း ဖြစ်တယ်လို့သိရပါတယ်။


ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူရှာဖွေပြီးနောက်ဧပြီ၄ရက်ညနေ နာရီ ၁၀ မိနစ်တွင် အင်းလယ်ကြီးရွာအား အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၈။ မန္တလေးခရိုင်အမှတ် ()တပ်ရင်းMN PDFမှ MA3နှစ်လက်သိမ်းယူနိုင်ခဲ့


မန္တလေးခရိုင်အမှတ် ()တပ်ရင်းMN PDFမှ MA3နှစ်လက်သိမ်းယူနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဧပြီ၃ရက်မှာ လက်နက်သိမ်းဆည်းရရှိခဲ့မှုကို မန္တလေးခရိုင်အမှတ် ()တပ်ရင်းMN PDFမှအသိပေးဆိုပါတယ်။


"ကျည်တစ်ချက်မဖောက်ခဲ့ရဘဲကျွန်ုပ်တို့မန္တလေးခရိုင်အမှတ် ()တပ်ရင်းMN PDFမှ MA3နှစ်လက်သိမ်းယူနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ဖြစ်စဥ်မှာ စကစတပ်သားများ ထွက်ပြေးကာ ဖွက်ထားခဲ့သော သေနတ်နှစ်လက်ကို MNPDF Myitngeက သိမ်းဆည်းရမိခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။


========================


📌📌 ၉။ အကြမ်းဖက်စစ်အုပ်စုကနေ လုပ်ကြံဖန်တီးမယ့် အတုအယောင် "အပျော်သင်္ကြန်ကို ပြည်သူလူထုကသပိတ်မှောက်ရန် တိုက်တွန်း


အကြမ်းဖက်စစ်အုပ်စုကနေ လုပ်ကြံဖန်တီးမယ့် အတုအယောင် "အပျော်သင်္ကြန်ကို ပြည်သူလူထုကသပိတ်မှောက်ရန် ဧပြီ၃ရက်နေ့မှာ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုက တိုက်တွန်းလိုက်ပါတယ်။


"ပြည်သူ့တော်လှန်ရေးကြီး ခရီးမဆုံးသေးတဲ့ ယခုနှစ်သင်္ကြန်ကလည်းအပျော်သင်္ကြန်မဟုတ်ဘဲတော်လှန်သင်္ကြန်ပဲဖြစ်ရပါလိမ့်မယ်။ အကြမ်းဖက်စစ်အုပ်စုကနေ လုပ်ကြံဖန်တီးမယ့် အတုအယောင် "အပျော်သင်္ကြန်" နဲ့ သင်္ကြန်အကြောင်းပြ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင် အခမ်းအနားတွေကို လုံးဝ (လုံးဝ) မပူးပေါင်း၊ မပါဝင်ကြဖို့၊ သပိတ်မှောက်ကြဖို့ လေးလေးနက်နက် တိုက်တွန်းနှိုးဆော်ချင်ပါတယ်"လို့ဖော်ပြထားပါတယ်။


အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုဘက်ကသင်္ကြန်ကို အကြောင်းပြုပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီးတော့ တိုင်းပြည် အခြေအနေအရပ်ရပ်က ပုံမှန်ဖြစ်နေသယောင် တော်လှန်ရေးကို မှေးမှိန်သေးသိမ်အောင် လုပ်ကြံဖန်တီးမယ့်ပွဲလည်းဖြစ်တယ်လို့ ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment