23rd MAY 2023 - Evening Daily News by Radio NUG



၂၀၂၃ မေလ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌  ၁။စစ်ကောင်စီရဲ့ လေယာဥ်ကို တားဆီးဖို့ နည်းလမ်းပေါင်းစုံရှာဖွေပြီး တားဆီးဖို့လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား

📌  ၂။ ကုလသမဂ္ဂအနေနဲ့ စစ်တပ်က ကိုယ်စားပြုခွင့်မရအောင် တတ်နိူင်တဲ့ဘက်ကနေ ဆောင်ရွက်ပေးတဲ့အရာတွေရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းအသိပေးပြောကြား

📌  ၃။ စစ်ကိုင်းမြို့နယ်အတွင်းရှိ ပဒူတိုက်နယ်ရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့

📌  ၄။ ကျွန်းလှမြို့နယ်၊လယ်လှကျေးရွာအတွင်းရှိ ဒေသခံများကို မဲနှိုက်ခိုင်းကာ မဲပေါက်သူဒေသခံရွာသူရွာသားအယောက်(၃၀)ကို ပျူစောထီးသင်တန်းမဖြစ်မနေတက်ရမည်ဟု ဖိအားပေးစေခိုင်း

📌  ၅။ အကြမ်းဖက်စစ်အုပ်စု၏တပ်က ကျေးရွာများကို စစ်ကြောင်းထိုး၍ အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုများပိုမိုလုပ်ဆောင်လာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။စစ်ကောင်စီရဲ့ လေယာဥ်ကို တားဆီးဖို့ နည်းလမ်းပေါင်းစုံရှာဖွေပြီး တားဆီးဖို့လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား


မေလ၂၃ရက်


မေလ၂၂ရက် အမေရိကန်နိူင်ငံ Fremont Downtown Event Center မှာကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က လေယာဥ်ကို တားဆီးဖို့ နည်းလမ်းနှင့်ပတ်သက်ပြီး အခုလိုပြောကြားထားပါတယ်။


"တော်လှန်ရေးလုပ်နေတဲ့နယ်မြေတွေမှာ နယ်မြေစိုးမိုးနေတာတွေ အများကြီးတွေ့ရတယ်။အဲဒီမှာ ကျနော်တို့ရဲ့ အစိုးရလုပ်ငန်းတွေ အများကြီးလုပ်နေတာ ရှိတယ်။တစ်ခုပြောနေတာက သူတို့ရဲ့လေယာဥ်ကို ဘယ်လိုတားဆီးမလဲ။ကျနော်တို့လည်း အဲဒါကိုနည်းလမ်းပေါင်းစုံနဲ့ရှာဖွေပြီး တားဆီးဖို့လုပ်နေတာတွေရှိတယ်။ဒါက တော်လှန်ရေးအတွက် အရေးကြီးတဲ့ ဟာလည်းဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


အဆိုပါ စိုးမိုးနယ်မြေများတွင် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များရှိပြီး ချွတ်ချော်မှုနဲ့လွဲမှားမှုအချို့ရှိသော်လည်း တိုးတက်မှုများကျယ်ပြန့်စွာရှိနေကြောင်းဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ ကုလသမဂ္ဂအနေနဲ့ စစ်တပ်က ကိုယ်စားပြုခွင့်မရအောင် တတ်နိူင်တဲ့ဘက်ကနေ ဆောင်ရွက်ပေးတဲ့အရာတွေရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းအသိပေးပြောကြား


မေလ၂၃


မေလ၂၂ရက် အမေရိကန်နိူင်ငံ Fremont Downtown Event Center မှာကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ကုလသမဂ္ဂမှာဆောင်ရွက်ပေးနေတဲ့ကိစ္စရပ်တွေနှင့်ပတ်သက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောဆိုထားပါတယ်။


"UNက ပြည်သူ့အသံမကြားဘူးလားဆိုရင်ကြားတယ်။ပြည်သူ့အသံမလေးစားဘူးလားဆိုလေးစားပါတယ်။တချို့အရာတွေမှာ UNကို ကျေးဇူးတင်စရာရှိပါတယ်။စစ်တပ်က ကိုယ်စားပြုခွင့်မရအောင် တတ်နိူင်တဲ့ဘက်ကနေ ဆောင်ရွက်ပေးတဲ့ဟာတွေရှိတယ်ဆိုတာ ဒီနေရာကနေ အသိပေးတင်ပြလိုပါတယ်"လို့ဆိုပါတယ်။


ကုလသမဂ္ဂတွင် အဖွဲ့ဝင်၁၉၃နိူင်ငံရှိပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိူင်ငံ၁၅နိူင်ငံ အမြဲတမ်းအဖွဲ့ဝက်နိူင်ငံ၅နိူင်ငံရှိပြီး ကုလသမဂ္ဂအစည်းအဝေးများစွာရှိကြောင်း၊ ထိုအစည်းအဝေးများတွင် စစ်ကောင်စီမပါဝင်ရေးကို NUGအစိုးရ နိူင်ငံခြားရေးဝန်ကြီးဌာနကဆောင်ရွက်တယ်လို့သိရပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းမြို့နယ်အတွင်းရှိ ပဒူတိုက်နယ်ရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့


မေလ၂၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ပဒူတိုက်နယ်ရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တယ်လို့ မေလ၂၃ရက်မှာ စစ်ရေးသတင်းကို 96 Soldiers-PDFကအသိပေးဆိုပါတယ်။


"မေလ ၂၂ရက်နေ့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အတွင်းရှိ ပဒူတိုက်နယ်ရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပါတယ်။ အဆိုပါတိုက်ပွဲတွင် 96 Soldiers-PDF နှင့် နယ်မြေခံ ပကဖများ တပ်ရင်းတပ်ဖွဲ့များစုပေါင်း၍ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။


စခန်းအား အောင်မြင်စွာသိမ်းပိုက်ရန်ကြိုးစားတိုက်ပွဲဝင်နေစဥ်အတွင်း ရဟတ်ယာဥ်ဖြင့် အကြိမ်ကြိမ်လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်။


စစ်ကောင်စီတပ်များဟာ စစ်ကိုင်းတိုင်းတွင် လေကြောင်းစစ်ဆင်ရေးကိုသာ အဓိကအသုံးပြုလျက်ရှိပြီး အရပ်သားရာနဲ့ချီသေဆုံးသည့်အထိတိုက်ခိုက်မှုတို့ရှိခဲ့ပါတယ်။


========================


📌📌 ၄။ ကျွန်းလှမြို့နယ်၊လယ်လှကျေးရွာအတွင်းရှိ ဒေသခံများကို မဲနှိုက်ခိုင်းကာ မဲပေါက်သူဒေသခံရွာသူရွာသားအယောက်(၃၀)ကို ပျူစောထီးသင်တန်းမဖြစ်မနေတက်ရမည်ဟု ဖိအားပေးစေခိုင်း


မေလ၂၃


စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊လယ်လှကျေးရွာအတွင်းရှိ ဒေသခံများကို မဲနှိုက်ခိုင်းကာ မဲပေါက်သူဒေသခံရွာသူရွာသားအယောက်(၃၀)ကို ပျူစောထီးသင်တန်းမဖြစ်မနေတက်ရမည်ဟု ဖိအားပေးစေခိုင်းမှုများရှိတယ်လို့ မေလအတွင်းမှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကအသိပေးဆိုပါတယ်။


"မေလ၂၀ရက်နေ့မှာလည်း ကျွန်းလှမြို့နယ်၊လယ်လှကျေးရွာအတွင်းရှိ ဒေသခံများကို မဲနှိုက်စေပြီးမဲပေါက်သည့်ဒေသခံရွာသူရွာသားအယောက်(၃၀)ကို ပျူစောထီးသင်တန်းမဖြစ်မနေတက်ရမည်ဟု ဖိအားပေးစေခိုင်းလာတာတွေရှိနေတယ်လို့ ဒေသခံတွေမှတဆင့် သိရပါတယ်"လို့ဆိုပါတယ်။


မဲပေါက်သည့် အိမ်ထောင်စုတွင် အမျိုးသားမရှိပါက တလတသိန်းခွဲနှုန်းပေးဆောင်ရမည်ဖြစ်ကြောင်းသက်မှတ်ချက်များလည်းရှိတယ်လို့သိရပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်အုပ်စု၏တပ်က ကျေးရွာများကို စစ်ကြောင်းထိုး၍ အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုများပိုမိုလုပ်ဆောင်လာ


မေလ၂၃


အကြမ်းဖက်စစ်အုပ်စု၏တပ်က ကျေးရွာများကို စစ်ကြောင်းထိုး၍ အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုများပိုမိုလုပ်ဆောင်လာတယ်လို့ မေလ၂၂ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPကဆိုပါတယ်။


"AAPP မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အကြမ်းဖက်စစ်အုပ်စု၏တပ်က ကျေးရွာများကို စစ်ကြောင်းထိုး၍ အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုများ ပြုလုပ်လာပါတယ်။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ တမာခေါကျေးရွာနှင့် တောင်စု(အနောက်)ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေသောကြောင့် အဆိုပါ ကျေးရွာနှစ်ရွာမှ ဒေသခံ ၈၀၀ နီးပါးမှာ ကြောက်ရွံ့ထိတ်လန့်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်"လို့ဖော်ပြပါတယ်။


ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်ရာဒေသများကို စီးနင်း၍ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လာသောကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment