၂၀၂၃ မေလ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကာကွယ်ရေးဝန်ကြီးဌာနမှ အသစ်ထုတ်ပေးသော ဂုဏ်ပြုမှတ်တမ်းလွှာများကိုမေလ (၂၅) ရက်နေ့မှ စတင်၍ QR Code ကို Scan ဖတ်၍ အတု၊ အစစ် စစ်ဆေးနိုင်မည်
📌 ၂။ ထိုင်းနိူင်ငံ ရွေးကောက်ပွဲအနိူင်ရပါတီဟာ မြန်မာအရေးအတွက် သော့ပွင့်လာတဲ့တံခါးတစ်ချပ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား
📌 ၃။ အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ် သင်ကြားမယ့် စစ်ကျွန်ပညာရေးကို မိဘများအနေနဲ့သပိတ်ဆက်လက်မှောက်ရန်တိုက်တွန်း
📌 ၄။ မန္တလေးယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒေသခံ ခုခံကာကွယ်ရေး တပ်ဖွဲ့များ ထံသို့ ၉မမ semi auto အလက် (၂၀) ထောက်ပံ့ ကူညီပေးအပ်
📌 ၅။ ဝက်လက်မြို့နယ် လိန်ပင်ကျေးရွာအနီး စကစတပ်များယနေ့မနက် တိုက်မိုင်းထိ၍ ထိခိုက်ဒဏ်ရာရ
📌 ၆။ ရေဦးမြို့နယ်ရှိ ဖိန်းကားရွာကို အကြမ်းဖက်စစ်တပ်က ယနေ့မနက်မီးရှို့ဖျက်ဆီး
📌 ၇။ လုံခြုံရေးတင်းကြပ်နေသည့်ကြားမှ ရန်ကုန်မြို့တစ်နေရာတွင်စစ်အာဏာရှင်ဆန့်ကျင်ရေး စာသား ချိတ်ဆွဲ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကာကွယ်ရေးဝန်ကြီးဌာနမှ အသစ်ထုတ်ပေးသော ဂုဏ်ပြုမှတ်တမ်းလွှာများကိုမေလ (၂၅) ရက်နေ့မှ စတင်၍ QR Code ကို Scan ဖတ်၍ အတု၊ အစစ် စစ်ဆေးနိုင်မည်
မေလ၂၅
မေလ၂၅ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာများထုတ်ပေးခြင်းနှင့်ပတ်သက်ပြီး အခုလို တရားဝင်အသိပေးထုတ်ပြန်လိုက်ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်ပေးအပ်သည့် အလှုရှင် ဂုဏ်ပြုမှတ်တမ်းလွှာများကို အတုအယောင်များ ပြုလုပ်၍သော်လည်းကောင်း၊ ပုံမှားပုံဖျက်ပြုလုပ်၍ သော်လည်းကောင်း သက်ဆိုင်ရာအလှုရှင်များထံသို့ အင်အားစုအချို့က ပြန်လည်ပေးအပ်နေကြောင်း တွေ့ရှိရပါတယ်"လို့ဆိုပါတယ်။
အဆိုပါမသမာမှုများရန်မှ ကာကွယ်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အလှုရှင်များထံသို့ ပြန်လည်ပေးပို့သည့် ဂုဏ်ပြုလွှာ မှတ်တမ်းပုံစံအသစ်ကို
ပြောင်းလဲထုတ်ဝေလိုက်တယ်လို့ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်၊ မေလ (၂၅) ရက်နေ့မှ စတင်၍ ပြောင်းလဲထုတ်ဝေလိုက်သော ဂုဏ်ပြုမှတ်တမ်းများတွင် ပါဝင်လာသည့် QR Code ကို Scan ဖတ်၍ စစ်ဆေးနိုင်မည် ဖြစ်ကြောင်းသိရပါတယ်။
ဂုဏ်ပြုမှတ်တမ်းလွှာ စစ်ဆေးရာတွင် ပြုလုပ်ရမည့် နည်းလမ်းများ ကိုကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်အသေးစိတ်ဖော်ပြထားပြီးအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အတုအယောင်ပြုလုပ်ခြင်း၊ ပုံမှားပုံဖျက်ပြုလုပ်ခြင်းများကိုလည်း စောင့်ကြည့်လေ့လာနေပြီး လိုအပ်သလို အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် စီစဥ်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
========================
📌📌 ၂။ ထိုင်းနိူင်ငံ ရွေးကောက်ပွဲအနိူင်ရပါတီဟာ မြန်မာအရေးအတွက် သော့ပွင့်လာတဲ့တံခါးတစ်ချပ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား
မေလ၂၅
မေလအတွင်း သတင်းဌာနတစ်ခုသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကပြောကြားရာတွင် ထိုင်းရွေးကောက်ပွဲတွင် အနိုင်ရပါတီနှင့်ပတ်သက်ပြီး အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။
"တကယ်တမ်းဆိုရင်တော့ ဒါကျနော်တို့အတွက် တံခါးသော့ပွင့်လာပြီလို့ပြောလို့ရတယ်။ပြီးတော့ သူတို့နဲ့ကျနော်နဲ့ ချိတ်ဆက်မှုကလည်း ဒီ့ထက်အားကောင်းလာမယ်လို့မြင်တယ်"လို့ဝန်ကြီးကဆိုပါတယ်။
မေလ၁၄ရက်က ကျင်းပတဲ့ ထိုင်းနိူင်ငံရဲ့ရွေးကောက်ပွဲမှာ Move Forward ပါတီဟာ မဲရလဒ်အများဆုံးနဲ့ အနိူင်ရရှိခဲ့ပြီး ခေါင်းဆောင် မစ္စတာ ပီတာ လင်ဂျာရွန်ရတ်က သတင်းစာရှင်းလင်းပွဲမှာ မြန်မာအရေးကို ကူညီဆောင်ရွက်မယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ် သင်ကြားမယ့် စစ်ကျွန်ပညာရေးကို မိဘများအနေနဲ့သပိတ်ဆက်လက်မှောက်ရန်တိုက်တွန်း
မေလ၂၅ရက်
မေလ၂၅ရက်နေ့မှာ ကျောင်းအပ်နှံရာသီနဲ့ပတ်သက်လို့ ဆိပ်ဖြူမြို့နယ် လွှတ်တော်ကိုယ် စားလှယ်ဒေါ်သက်မွန်အေးက အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ် သင်ကြားမယ့် စစ်ကျွန်ပညာရေးကို မိဘများအနေနဲ့သပိတ်ဆက်လက်မှောက်ရန်တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
"စစ်ကောင်စီရဲ့ ကျောင်းတွေမှာ ကိုယ့်ကလေးကို မိဘတွေအနေနဲ့ ကျောင်းမအပ်သင့်ပါဘူး။ လက်ရှိက မိဘနှင့်ကလေးတွေမှာ ဒီအခြေအနေ အရာအားလုံးခက်ခဲကြပါတယ်။NUGက မူဝါဒချမှတ်ထားပြီးပါပြီ။ယခု ကျောင်းမတက်ရတဲ့ကလေးတွေအတွက် အသက်အရွယ်အလိုက် ဉာဏ်ရည်ပေါ်မူတည်ပြီး အတန်းတင်စနစ်လာပါလိမ့်မယ်။လက်ရှိကျောင်းမတက်ရလို့ ကလေးတွေနဲ့မိဘတွေ ခံစားချက်ကို နားလည်ပါတယ်။စနစ်ကောင်းတခုရဖို့ အရင်းအနှီးကြီးတာကြောင့် အားလုံးနားလည်ပေးကြလို့လည်း ကျေးဇူးတင်ရပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီတပ်များဟာ စာသင်ကျောင်း၊ဘုန်းကြီးကျောင်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးစသည်တို့ကို ခံတပ်သဖွယ် တပ်စခန်းချ နေရာယူမှုများလည်းရှိပါတယ်။
"အခုစစ်ကောင်စီဖွင့်မည့်ကျောင်းဆိုတာကလည်း စစ်ကျွန်သက်တမ်းရှည်အောင်လုပ်မည့် နိုင်ငံရေးအသုံးချခံကျောင်းတွေပဲဖြစ်မှာပါ။ သူတို့အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင်လုပ်ဖို့ပဲဖြစ်တယ်။ သူတို့မှာ ဆရာဆရာမအင်အားလုံလောက်မှုမရှိပါဘူး။ နောက်ဆုံးပြောချင်တာကတော့ စစ်ဗိုလ်တွေကပြည်သူကို စိုးမိုးဗိုလ်ကျထားတဲ့ စနစ်ကို အမြစ်ဖြတ်တော်လှန်ဖို့လိုပါတယ်။ သူတို့ကအာဏာကို မတရားရယူထားတဲ့အဖွဲ့အစည်းဖြစ်သလို ပြည်သူ့ဘဏ္ဏာတွေနဲ့ပြည်သူကို နိပ်စက်မှုတွေလုပ်နေသူတွေဖြစ်တယ်။ သူတို့ဟာ အဓမ္မဝါဒီတွေဖြစ်တယ်"လို့ NUGပညာရေး ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကလည်းယခင်ကပြောကြားထားပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပြည်သူလူထု၏ ပညာရေးအဆက်ပြတ်မှု မဖြစ်စေရေးအတွက် CDM ဆရာ/မများ၊ ပညာရေးဝန် ထမ်းများ စုစုပေါင်းအင်အားတစ်သိန်းခွဲကျော်ဖြင့် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးဝမ်းကျောင်း ပညာနှင့် ဆရာအတတ်သင်ပညာရပ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် online, on ground သင် ကြားရေး များအပြင် Digital Based Learning စနစ်များဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိပါတယ်။
ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေသော online ကျောင်း (၇၀)ကျော်ရှိပြီး အသိအမှတ်ပြုမူဝါဒနှင့်အညီ ဖွင့်လှစ် သင်ကြားခြင်း၊ on ground ကျောင်းပေါင်း (၅၀၀၀) ကျော်၊ ဆရာ/မပေါင်း (၆၀,၀၀၀) ကျော်နှင့် ကျောင်းသား/ သူပေါင်း (၇၅၀,၀၀၀) ကျော်ခန့် ပညာသင်ကြားလျက်ရှိပါတယ်။
========================
📌📌 ၄။ မန္တလေးယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒေသခံ ခုခံကာကွယ်ရေး တပ်ဖွဲ့များ ထံသို့ ၉မမ semi auto အလက် (၂၀) ထောက်ပံ့ ကူညီပေးအပ်
မေလ၂၅
မန္တလေးယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒေသခံ ခုခံကာကွယ်ရေး တပ်ဖွဲ့များထံသို့ ၉မမ semi auto အလက် (၂၀) ထောက်ပံ့ ကူညီပေးအပ်ခဲ့တယ်လို့ မေလအတွင်းမှာ မန္တလေးယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသိပေးဆိုပါတယ်။
မိဘပြည်သူ့တို့၏ ထောက်ပံ့ ကူညီပေးမှု နဲ့ 9mm semi auto ထုတ်ထားခြင်း ဖြစ်ပါတယ်။
ကျေးလက်နေ ပြည်သူ့များ၏ အသက် အိုးအိမ်စည်းစိမ်များ ထိပါး နှောက်ယှက်နေသော စကစ ရန် မှ ကြိုတင် ကာကွယ်ရန်.အတွက် ကျေးရွာ ၏ လုံခြုံရေးတာဝန်များ ထမ်းဆောင်ရာတွင် အဆင်ပြေစေရန် ဒေသခံ ခုခံကာကွယ်ရေး တပ်ဖွဲ့များ ထံသို့ ၉မမ semi auto အလက် (၂၀) ထောက်ပံ့ ကူညီပေးအပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထို့အပြင် စကစလက်အောက်ခံရဲများကို ခုခံတိုက်ခိုက်ရန် ၉မမ semi auto အလက်(၃၀) Project ကိုလည်း မကြာမီဖော်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၅။ ဝက်လက်မြို့နယ် လိန်ပင်ကျေးရွာအနီး စကစတပ်များယနေ့မနက် တိုက်မိုင်းထိ၍ ထိခိုက်ဒဏ်ရာရ
မေလ၂၅
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် လိန်ပင်ကျေးရွာအနီး စကစတပ်များယနေ့မနက် တိုက်မိုင်းထိ၍ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဝက်လက်တော်လှန်ရေးအင်အားစုများထံကသိရပါတယ်။
"မေလ၂၅ရက်မနက်၅နာရီ၂၀အချိန်ဝက်လက်မှထွက်ခွါလာသောစကစစစ်ကြောင်းလိန်ပင်ကျေးရွာအားဝင်ရောက်စဥ်တိုက်မိုင်း နှစ်ပွိုင့်မိထားပါတယ်။အကြမ်းဖက်စကစ များလိန်ပင်ကျေးရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးဒဏ်ရာရ စကစများကိုသယ်ဆောင်ကာဝက်လက်မြို့တွင်းပြန်လည်ဝင်ရောက်သွားပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့လက်အောက်ခံအဖွဲ့အစည်းတို့ဟာ တစ်နိူင်ငံလုံးမှာ အဆောက်အအုံပေါင်း ခြောက်သောင်းကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
========================
📌📌 ၆။ ရေဦးမြို့နယ်ရှိ ဖိန်းကားရွာကို အကြမ်းဖက်စစ်တပ်က ယနေ့မနက်မီးရှို့ဖျက်ဆီး
မေလ၂၅
စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်ရှိ ဖိန်းကားရွာကို အကြမ်းဖက်စစ်တပ်က ယနေ့မနက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မေလ၂၅ရက်မှာ ရေဦးပကဖ ကအတည်ပြုဆိုပါတယ်။
"မနက်၇နာရီ၁၀မိနစ်စကစတပ်များ ဖိန်းကားရွာအနီးရောက်ရှိကာ ရေဦးပကဖ တပ်ခွဲမှ မိုင်းပဒေသာဖြင့် ကြိုဆိုထားပြီးဖြစ်ပါတယ်။ အထိအခိုက်မသိရသေးပါ။ နံနက်ပိုင်း(၈)နာရီ မှာ စကစတပ်များက ဖိန်းကားကျေးရွာကို စတင်မီးရှို့နေပါတယ်"လို့ဆိုပါတယ်။
လတ်တလောမှာ မြေပြင်အခြေအနေကို စုံစမ်းအတည်ပြုနေပြီး နီးစပ်ရာရွာများမှ ပြည်သူများဘေးလွတ်ရာသို့ တိမ်းရှောင်ရန်လိုအပ်တယ်လို့လည်းသိရပါတယ်။
========================
📌📌 ၇။ လုံခြုံရေးတင်းကြပ်နေသည့်ကြားမှ ရန်ကုန်မြို့တစ်နေရာတွင်စစ်အာဏာရှင်ဆန့်ကျင်ရေး စာသား ချိတ်ဆွဲ
မေလ၂၅ရက်
မေလ၂၅ရက် မနက်ပိုင်းစမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)မှ “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဟူသောစစ်အာဏာရှင်ဆန့်ကျင်ရေး စာသား ချိတ်ဆွဲခြင်း လှုပ်ရှားခဲ့ပါတယ်။
ယနေ့ မေလ ၂၅ရက်နေ့တွင် စစ်ကောင်စီတပ်များ လုံခြုံရေးအင်မတန် တင်းကြပ်နေသည့်ကြားမှ အောင်မြင်စွာလုပ်ဆောင်နိူင်ခဲ့တာဖြစ်ပါတယ်။
ပြည်သူတစ်ယောက်ချင်းစီတိုင်း၏ လူ့အခွင့်အရေးများ ဆုံးရှုံးနေရခြင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သောနည်းလမ်းများဖြင့် မတရားဖိနှိပ်အုပ်ချုပ်နေသောကြောင့်ဖြစ်ပါတယ်။ပြည်သူလူထု၏ အာဏာ၊အခွင့်အရေးများ၊လုံခြုံအေးချမ်းသော ဘဝနေထိုင်မှုအခြေအနေများကို ဤနွေဦးတော်လှန်ရေးကြီးဖြင့် ပြန်လည်သိမ်းပိုက်ကြရန်၊တော်လှန်ရေးတွင် မိမိ တတ်နိုင်သည့် နေရာမှအင်တိုက်အားတိုက်ပါဝင်ပေးပါရန် ကျွန်ုပ်တို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)မှ အလေးအနက်တောင်းဆိုပါတယ်လို့ဖော်ပြဆိုထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment