25th MAY 2023 - Morning Daily News by Radio NUG


၂၀၂၃ မေလ ၂၅ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၂။ စစ်ကောင်စီကို ပြည်သူအားလုံးက တော်လှန်နေပြီး အခြေအနေ အချိန်အခါကောင်းကို စောင့်နေတယ်လို့ဆို

📌 ၃။ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံရသောမြန်မာ ပြည်သူများကို အကူအညီပေးနိုင်ရန် ယူရိုငွေ တစ်သန်းတန်ဖိုးရှိသော အရေးပေါ်အကူအညီများကို ပြင်သစ်နိုင်ငံက ပေးရန်ဆုံးဖြတ်

📌 ၄။ ကသာမြို့နယ်၊ မင်းလယ်ကျေးရွာနှင့် ကဒတ်ချောင်းကျေးရွာကြားတိုက်ပွဲ ဖြစ်ပွားပြီးနောက် မင်းလယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်၍ အရပ်သား အမျိုးသမီးနှစ်ဦး ကျည်ထိမှန်သေဆုံး

📌 ၅။  သပိတ်ကျင်းမြို့နယ်မှာ ကာကွယ်ရေးတပ်များက နှစ်ရက်ဆက်တိုက် ဝေဟင်မြေပြင်က တိုက်ခိုက်၍ စကစတပ်များအထိနာ

📌 ၆။  မုံရွာမြို့နယ် ခင်မွန်ရွာအနီး တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို သွားရောက်တိုက်ခိုက်ရာ စကစတပ်က သုံးဦးသေဆုံး

📌 ၇။ လျှပ်စစ်မီး ပြတ်တောက်သည့်ဒဏ်ကို ပြည်သူများဆိုးရွားစွာ ခံစားနေရ၊ ပြည်သူ့အစိုးရလက်ထက် လျှပ်စစ်မီးပေးခြင်းနဲ့ အကြမ်းဖက်စစ်ကောင်စီတို့ လျှပ်စစ်မီးပေးခြင်းတို့ကို လူမှုကွန်ရက်တွင် နှိုင်းယှဥ်ပြောဆို၍ အဆိုတော်ဗျူဟာကို စစ်အုပ်စုကဖမ်းဆီး

📌 ၈။ Non CDMဆရာမအယောက် (၆၀) ကျော်ကို ခေတ္တထိန်းသိမ်းထားခဲ့ပြီး ပြန်လွှတ်ပေးချိန်တွင်ရွှေထည်ပစ္စည်းများလုံးဝ သိမ်းယူခဲ့ခြင်းမရှိ

📌 ၉။ ဒေါလျားခူ နှင့် တနီးလာလဲ တောင်ပေါ်တစ်ကြော (၁၀)ရက်ကြာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ()ဦး၊ဗိုလ်အဆင့်ရှိသူ()ဦး အပါအဝင် စစ်ကောင်စီတပ်သား(၄၀)နီးပါး သေဆုံးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၅/၂၀၂၃)ကို မေလ၂၄ ရက်မှာ ကျင်းပခဲ့ပါတယ်။

အစည်းအဝေးမှာ  ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတို့မှ အမှာစကားအသီးသီးပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး  ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ပြောကြားခဲ့ပြီး၊မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့တယ်လို့သိရပါတယ်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီကို ပြည်သူအားလုံးက တော်လှန်နေပြီး အခြေအနေ အချိန်အခါကောင်းကို စောင့်နေတယ်လို့ဆို


စစ်ကောင်စီကို ပြည်သူအားလုံးကတော်လှန်နေပြီးအခြေအနေ အချိန်အခါကောင်းကိုစောင့်နေတယ်လို့ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောကြားခဲ့ပါတယ်။

မေလ၂၂ရက်ကျင်းပတဲ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ နွေဦးတော်လှန်ရေးထောက်ပို့ မိသားစုဝင်တွေနဲ့ ပြည်ထောင်စုဝန်ကြီးများ တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောပါတယ်။

"စစ်ကောင်စီကို အကုန်လုံးက တော်လှန်နေတာဖြစ်တယ်။ ပှံမှန်ပြန်ရောက်တယ်လို့မထင်နဲ့။ အခြေအနေအရ အချိန်တစ်ခုကို ပြည်သူလူထုကစောင့်နေတာလို့ထင်တယ်။ အဲဒီအချိန်လေး မကြာခင်ရောက်လာမယ်လို့ ထင်တယ်" လို့ ဝန်ကြီးကဆိုပါတယ်။

လက်ရှိမှာ စစ်ရေးအရှိန်မြင့်လာတာကို တွေ့ရှိရပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးနယ်မြေတွေမှာလည်း လုပ်ငန်းဆောင်ရွက်ချက်တွေ တိုးတက်လာတယ်လို့ ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၃။ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံရသောမြန်မာ ပြည်သူများကို အကူအညီပေးနိုင်ရန် ယူရိုငွေ တစ်သန်းတန်ဖိုးရှိသော အရေးပေါ်အကူအညီများကို ပြင်သစ်နိုင်ငံက ပေးရန်ဆုံးဖြတ်


မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံရသော မြန်မာ ပြည်သူများကိုအကူအညီပေးနိုင်ရန် ယူရိုငွေ တစ်သန်းတန်ဖိုးရှိသော အရေးပေါ်အကူအညီများကို ပြင်သစ်နိုင်ငံကပေးရန် ဆုံးဖြတ်လိုက်တယ်လို့ မေလ၂၄ရက်မှာ ပြင်သစ်သံရုံး ရန်ကုန်ကထုတ်ပြန်ပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံခဲ့သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းရှိ ပြည်သူများကို အကူအညီပေးနိုင်ရန် ယူရိုငွေ တစ်သန်းတန်ဖိုးရှိသော အရေးပေါ် လူသားချင်းစာနာမှု အကူအညီများကို ပေးအပ်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့တယ်လို့ဖော်ပြပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံရသော မြန်မာ ပြည်သူများကို နိုင်ငံတကာအနေနဲ့ UKနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ပြင်သစ်နိုင်ငံတို့မှ စတင်ပံ့ပိုးမှုများ လုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၄။ ကသာမြို့နယ်၊ မင်းလယ်ကျေးရွာနှင့် ကဒတ်ချောင်းကျေးရွာကြားတိုက်ပွဲ ဖြစ်ပွားပြီးနောက် မင်းလယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်၍ အရပ်သား အမျိုးသမီးနှစ်ဦး ကျည်ထိမှန်သေဆုံး


ကသာမြို့နယ်၊ မင်းလယ်ကျေးရွာနှင့် ကဒတ်ချောင်းကျေးရွာကြားတိုက်ပွဲ ဖြစ်ပွားပြီးနောက် မင်းလယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်၍ အရပ်သား အမျိုးသမီးနှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။

 မေလ ၁၈ ရက်နေ့ ညနေပိုင်းအချိန် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မင်းလယ်ကျေးရွာနှင့် ကဒတ်ချောင်းကျေးရွာကြား၌ အင်အား ၇၀ ခန့်ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏ အမှတ် ၄၁၅ ခြေမြန်တပ်ရင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ထို့နောက် မေလ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မင်းလယ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ တပ်က ရောက်ရှိလာပြီး အရပ်သားများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ ဒေါ်ညိုညိုနှင့် မအေးအေးအောင်တို့၏ ရင်ဘတ်ကို ကျည်ထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ပြီး တခြားဒေသခံ သုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ AAPPဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၅၆၇) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၅။  သပိတ်ကျင်းမြို့နယ်မှာ ကာကွယ်ရေးတပ်များက နှစ်ရက်ဆက်တိုက် ဝေဟင်မြေပြင်က တိုက်ခိုက်၍ စကစတပ်များအထိနာ


သပိတ်ကျင်းမြို့နယ်မှာ ကာကွယ်ရေးတပ်များကနှစ်ရက်ဆက်တိုက် ဝေဟင်မြေပြင်က တိုက်ခိုက်၍ စကစတပ်များ အထိနာခဲ့တယ်လို့ မေ(၂၄)ရက်မှာ စစ်ရေးသတင်းကို တကောင်းပကဖက အသိပေးဆိုပါတယ်။

"သပိတ်ကျင်းမြို့နယ် မတောင်ကျေးရွာအား တပ်စွဲထားသော စစ်ကောင်စီအင်အား (၈၅)ယောက်အား မေ(၂၂)ရက်ညနေ ()နာရီခန့်တွင် ဝေဟင်မှ ဒရုန်းဖြင့် ()ကြိမ်တိတိ တိုက်ခိုက်ခဲ့ပါတယ်။ 60 mm ဗုံးသီး ၅လုံးချနိုင်ခဲ့ပြီး ၃လုံးထိရောက်စွာ ပေါက်ကွဲအောင်မြင်ခဲ့ပါတယ်။ စစ်ကောင်စီအများအပြား ထိခိုက်ဒဏ်ရာအများအပြားရှိခဲ့တယ်"လို့ဆိုပါတယ်။

စစ်ကောင်စီတပ်သားများသည် မေ(၂၃)ရက်နေ့တွင်လည်း ဆက်လက်စစ်ကြောင်းထိုးလာပြီး ပေါ်တော်မှုကျေးရွာသို့ ရောက်ချိန်တွင် အချိန် ၁၁နာရီခွဲ၌ လက်နက်ကြီးချထားသော နေရာအား 40mmများ လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ပြီး စစ်သား၂ယောက်ပြေးတက်လာချိန်တွင် လက်နက်ငယ်၂ယောက်လုံးထိမှန်ပြီး ၁ယောက်ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၆။  မုံရွာမြို့နယ် ခင်မွန်ရွာအနီး တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို သွားရောက်တိုက်ခိုက်ရာ စကစတပ်က သုံးဦးသေဆုံး


မုံရွာမြို့နယ် ခင်မွန်ရွာအနီး တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို သွားရောက်တိုက်ခိုက်ရာ စကစတပ်က သုံးဦးသေဆုံးခဲ့တယ်လို့ မေလ ၂၃ ရက်မှာ စစ်ရေးသတင်းကို မုံရွာခရိုင်အမှတ် () တပ်ရင်း - Aung San Forceက အသိပေးဆိုပါတယ်။

"မေလ ၂၂ ရက် နေ့လည် :၁၅ မိနစ်အချိန်ခန့်တွင် မုံရွာမြို့နယ် ခင်မွန်ရွာအနီး တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကျွန်ုပ်တို့ မုံရွာခရိုင်အမှတ် () တပ်ရင်း - Aung San Force နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော MRDA -တပ်ရင်း () -တပ်ခွဲ () စေတန်တပ်ဖွဲ့  5/UG တို့မှ ပူးပေါင်း၍ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ()ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသွားသော စကစများလည်းရှိတယ်လို့သိရပါတယ်။


========================


📌📌 ၇။ လျှပ်စစ်မီး ပြတ်တောက်သည့်ဒဏ်ကို ပြည်သူများဆိုးရွားစွာ ခံစားနေရ၊ ပြည်သူ့အစိုးရလက်ထက် လျှပ်စစ်မီးပေးခြင်းနဲ့ အကြမ်းဖက်စစ်ကောင်စီတို့ လျှပ်စစ်မီးပေးခြင်းတို့ကို လူမှုကွန်ရက်တွင် နှိုင်းယှဥ်ပြောဆို၍ အဆိုတော်ဗျူဟာကို စစ်အုပ်စုကဖမ်းဆီး


လျှပ်စစ်မီး ပြတ်တောက်သည့်ဒဏ်ကို ပြည်သူများဆိုးရွားစွာ ခံစားနေရပြီး နေ့စဥ်လူမှုဘဝတွေကိုပါ ထိခိုက်လာတယ်လို့ သတင်းရရှိပါတယ်။

မေလ၂၄ ရက် မေးမြန်းစုံစမ်းရာမှာ radio NUGကို ပြည်သူအများက တညီတညွတ်တည်းပြောပါတယ်။

"ပေးကိုမပေးတော့တာလို့တောင်ပြောလို့ရတယ်။ အုပ်စုခွဲမီးပေးတယ်ဆိုတယ်။ လာတော့ ငါးမိနစ်၊ဆယ်မိနစ်တောင်မကြာဘူး။ လာလိုက်ပျက်လိုက်ပဲ။ တချို့မြို့နယ်တွေဆိုရင် နာရီနဲ့ချီမီးပြတ်တောက်တယ်"လို့ ဒဂုံမြို့သစ်မြောက်ပိုင်းနေထိုင်သူ အိမ်ရှင်မတစ်ဦးကဆိုပါတယ်။

လျှပ်စစ်မီးများကို အများပြည်သူ အိပ်စက်အနားယူချိန် ညသန်းခေါင်ယံအချိန်ပေးလေ့ရှိပြီး ၄င်းအချိန်ကို ပြည်သူများက စောင့်ဆိုင်းကာ ရေတင်ခြင်းနဲ့ လျှပ်စစ်မီးအသုံးပြုခြင်းတို့ကို ဆောင်ရွက်ရတယ်လို့ဆိုပါတယ်။

"မီးပုံမှန်မပေးလို့ မီတာခ သက်သာမယ်မထင်နဲ့ အဲဒီအတိုင်းကိုပေးရတာ။ ကျသင့်တာထက်ကို မီတာခကပိုကျတယ်လို့တောင်ပြောလို့ရတယ်။ သက်သက်မဲ့ လူတွေကို ပညာပေးနေသလိုပဲ။ မီးမလာတော့ လူတွေလည်း စိတ်ဆင်းရဲရတယ်။ လူနေမှုဘဝတွေလည်း ထိခိုက်တယ်"လို့ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ဆက်လက်ပြီး ပြည်သူ့အစိုးရလက်ထက် လျှပ်စစ်မီး ပေးခြင်းနဲ့ အကြမ်းဖက်စစ်ကောင်စီတို့လျှပ်စစ်မီးပေးခြင်းတို့ကို လူမှုကွန်ရက်တွင် နှိုင်းယှဥ်ပြောဆို၍ အဆိုတော်ဗျူဟာကို စစ်အုပ်စုက ဖမ်းဆီးလိုက်ပါတယ်။

မေလ၂၄ရက်မှာ အဆိုတော်ဗျူဟာကို ဖမ်းထားကြောင်းစုံစမ်းသိရှိရပါတယ်။

မေလ၂၃ရက်ညပိုင်းမှာ NLDအစိုးရလက်ထက် မီးမှန်ခြင်းနဲ့ လျှပ်စစ်မီတာခများလျှော့ပေးခြင်းတို့ကို အဆိုတော်ဗျူဟာက လူမှုကွန်ရက်မှာ Live လွှင့်ပြောဆိုခဲ့ပါတယ်။

အဆိုပါထောက်ပြဝေဖန်မှုအပေါ် စစ်အုပ်စုက မေလ၂၃ရက်ညပိုင်းတွင်ပင် ရပ်ကွက်လမ်းအား ပိတ်၍ အဆိုတော်ဗျူဟာအားဖမ်းဆီးခဲ့ပါတယ်။

အဆိုတော်ဗျူဟာသည် နာမည်ရှိ အဆိုတော်တစ်ဦးဖြစ်ကာ လျှပ်စစ်မီးပြတ်တောက်ခြင်းကို စစ်ကောင်စီလက်ထက် ဝေဖန်ထောက်ပြရဲတဲ့ အဆိုတော်လည်းဖြစ်ပါတယ်။


========================


📌📌 ၈။ Non CDMဆရာမအယောက် (၆၀) ကျော်ကို ခေတ္တထိန်းသိမ်းထားခဲ့ပြီး ပြန်လွှတ်ပေးချိန်တွင်ရွှေထည်ပစ္စည်းများလုံးဝ သိမ်းယူခဲ့ခြင်းမရှိ


Non CDMဆရာမအယောက် (၆၀) ကျော်ကို ခေတ္တထိန်းသိမ်းထားခဲ့ပြီး ပြန်လွှတ်ပေးချိန်တွင်ရွှေထည်ပစ္စည်းများ လုံးဝ သိမ်းယူခဲ့ခြင်းမရှိဘူးလို့ YoungForce (UG) ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ (တပ်ခွဲ၂) ကဆိုပါတယ်။

မေလ၂၄ရက်နေ့မှာ YoungForce(UG)ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(တပ်ခွဲ၂)ကအသိပေးဖော်ပြပါတယ်။

မေလ ၁၈ ရက် ညနေပိုင်းတွင်၊မကွေးတိုင်းပခုက္ကူ-ရေစကြို ကားလမ်းမကြီးပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လုံခြုံရေးအရ လမ်းပိုင်းစစ်ဆေးခြင်းပြုလုပ်ခဲ့ရာပခုက္ကူမှ ရေစကြိုဘက်သို့ ပြန်လာသော ကား()စီး

အား ရပ်တန့်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါကားပေါ်တွင် စစ်ကောင်စီ၏ ယန္တရားလည်ပတ်စေရန်ပါဝင်ပေးနေသော Non CDMဆရာ/ဆရာမများဖြစ်ကြောင်း သိရှိရသဖြင့် အယောက် (၆၀) ကျော်ကို ခေတ္တထိန်းသိမ်းထားခဲ့ပြီးပြန်လွှတ်ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဆရာ၊ဆရာမများကို နိုင်ငံရေး အသိပညာများ အသိပေးပြောကြား၍ပြန်လွှတ်ပေးခဲ့ပြီး ဆက်စပ်ပစ္စည်းများ ဖြစ်သော ကား()စီးနဲ့ကျောင်းသုံးဆက်စပ်ပစ္စည်းများကို လိုအပ်သည့် စာသင်ကျောင်းများသို့ ပြန်လည် ခွဲဝေပေးခဲ့ပြီးဖြစ်ကာရွှေထည်ပစ္စည်းများ လုံးဝ သိမ်းယူခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။


========================


📌📌 ၉။ ဒေါလျားခူ နှင့် တနီးလာလဲ တောင်ပေါ်တစ်ကြော (၁၀)ရက်ကြာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ()ဦး၊ဗိုလ်အဆင့်ရှိသူ()ဦး အပါအဝင် စစ်ကောင်စီတပ်သား(၄၀)နီးပါး သေဆုံးခဲ့


ကရင်နီပြည် ဒီမော့ဆိုးမြို့နယ် ဒေါလျားခူ နှင့် တနီးလာလဲ တောင်ပေါ်တစ်ကြော (၁၀)ရက်ကြာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ()ဦး၊ဗိုလ်အဆင့်ရှိသူ()ဦး အပါအဝင် စစ်ကောင်စီတပ်သား(၄၀)နီးပါး သေဆုံးခဲ့တယ်လို့ မေလ၂၄ရက်မှာ KNDF ဗဟိုက စစ်ရေးသတင်းကို အသိပေးဖော်ပြပါတယ်။

"ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များအား မေလ (၁၄)ရက်နေ့မှစ၍ မိမိတို့ကရင်နီပူးပေါင်းတပ်များမှ တန်ပြန်ချေမှုန်းတိုက်ခိုက်ခဲ့ပါတယ်။ဒေါလျားခူကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခမရ(၄၂၅) ခမရ(၅၁၇) ခလရ(၂၈၇) တပ်ရင်းများအား မေလ(၁၄)ရက်နေ့မှစ၍ ကရင်နီတပ်မတော်(KA) KNDF စစ်ဗျူဟာအမှတ်() KNDF စစ်ဗျူ ဟာအမှတ်() KNDF-ETD KNDF-UAV နှင့် Loikaw PDF တို့ ပူးပေါင်း၍ တန်ပြန်ထိုးစစ်ဆင်ကာ မေလ(၂၃)ရက်နေ့ အထိ ချေမှုန်းတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။

(၁၀)ရက်နီးပါး ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ()ဦး၊ဗိုလ်အဆင့်ရှိသူ()ဦး အပါအဝင် စစ်ကောင်စီတပ်သား(၄၀)နီးပါး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်းများပြားခဲ့တယ်လို့သိရပါတယ်။

 တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လွိုင်ကော်၊ ငွေတောင် နှင့် ဖရူဆိုအခြေစိုက်တပ်များမှ နေ့စဉ် လက်နက်ကြီးများ အလွန်အကျွံအသုံးပြု၍ ပစ်ကူပေးခဲ့ပြီး ဂျက်ဖိုက်တာ(Jet Fighter) များဖြင့် အကြိမ်ရေ စုစုပေါင်း(၆၀) ထက်မနည်းဗုံးကြဲခြင်း၊ ပစ်ခတ်ခြင်းများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များထံမှ MA-1 ()လက်၊ MA-2()လက်၊ MA-3 ()လက်၊ MA-4 ()လက်၊ 9mm Pistol ()လက်၊ RPG ()လက် နှင့် ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ဆက်သွယ်ရေးပစ္စည်းများ နှင့် စစ်အသုံးအဆောင်အမြောက်အများ သိမ်းစည်းရရှိခဲ့ပြီး ရန်သူသုံ့ပန်း ()ဦး အားအရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment