5th MAY 2023 - Evening Daily News by Radio NUG



၂၀၂၃ မေလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့နှစ်နှစ်တာ ကာလအတွင်းမှာ ရန်သူကိုအမှည့်ချွေ ချွေနိူင်ခဲ့တယ်လို့ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ စစ်ကောင်စီသည် ပြည်သူများအပေါ် ကြမ်းကြုတ်ရက်စက်မှုများအား နေ့စဉ်နှင့်အမျှကျူးလွန်နေ၍  တော်လှန်ရေး တစ်ရက်စောစောပြီးစီးပါက ပြည်သူများ တစ်ရက်စာပိုသက်သာမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၃။ နိုင်ငံတကာ၏အရေးယူမှုကို မခံရသရွေ့ စစ်တပ်မှ ပြည်သူများအပေါ် သတ်ဖြတ်နေခြင်းကို ရပ်တန့်ခြင်းရှိမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား

📌 ၄။ လေးလတာကာလအတွင်း တနင်္သာရီတိုင်းရှိ နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူဦးရေ (၄၆,၈၇၆)ဦးအား ဆန်ရိက္ခာအကူအညီများ ပံ့ပိုးနိုင်ခဲ့

📌 ၅။ မုံရွာမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တိုင်းပါတီရုံးကို စကစတပ်များ ကားရှစ်စီးဖြင့်လာရောက်ကာရုံးခန်းကို ပစ်ခတ်ဖျက်ဆီး

📌 ၆။ မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသရှိ ပိက္ခယားရွာ အင်းရွာ ဝရဲရွာ ရွာသုံးရွာကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားတချို့သေဆုံးထိခိုက်မှုရှိ

📌 ၇။ ရေဦးမြို့နယ်မှာ စကစတပ်များ ယနေ့မနက်ကျေးရွာများကို မွှေနှောက်ဖျက်ဆီး၍ မီးရှို့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့နှစ်နှစ်တာ ကာလအတွင်းမှာ ရန်သူကိုအမှည့်ချွေ ချွေနိူင်ခဲ့တယ်လို့ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


မေလ၅ရက်


မေလ၅ရက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းခြင်း ()နှစ်ပြည့် အထိမ်းအမှတ်နေ့၌ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလ၏ မိန့်ခွန်းမှာ အခုလို ထည့်သွင်း‌ပြောကြားခဲ့ပါတယ်။


"ပြည်သူ့ကာကွယ်ရေးတပ်ရဲ့နှစ်နှစ်တာ ကာလအတွင်းမှာ ရန်သူကိုအမှည့်ချွေ ချွေခြင်း၊ချိန်းခြောက်ခြင်း၊အနားမပေးခြင်း၊ စိတ်ပိုင်း၊ရုပ်ပိုင်း ဆုတ်ယုတ်အောင် အားပျက်စေခြင်းကို ထိရောက်စွာ ပုံဖော်ဆောင်ရွက်နိူင်ခဲ့ပြီး နိူင်ငံရဲ့ နေရာအနှံအပြားမှာ မိမိတို့အစိုးရရဲ့ စိုးမိုးနယ်မြေများ တည်ဆောက်နိူင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် (၂၉၆၅၀)ဦး သေဆုံးပြီး (၁၁၂၃၀)ဦး ထိခိုက်ဒဏ်ရာ ရသည် အထိ ချေမှုန်းနိုင် ခဲ့ပြီးဖြစ်ပါတယ်။


"ခုခံတော်လှန်စစ်က စတင်ခဲ့ရတဲ့ ပြည်သူ့ခုခံတော်လှန်စစ်ဟာ ယခုအခါမှာ တန်ပြန်ထိုးစစ်အကြိုကာလကို အပြည့်အဝရောက်ရှိခဲ့ပြီဖြစ်ပါတယ်။နောက်ဆုံးအဆင့်ဖြစ်တဲ့ စစ်မဟာဗျူဟာ တန်ပြန်ထိုးစစ် ဆက်လက်တက်လှမ်းနိူင်ရေးအတွက် ဘဏ္ဍာရန်ပုံငွေနဲ့စစ်လက်နက်ရရှိရေးအပေါ် အဓိကမူတည်လျက်ရှိပါတယ်"လို့ ယာယီသမ္မတ ဒူဝါလရှီးလကထပ်လောင်းဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း၃၀၃ရင်း၊မြို့နယ် ပကဖ အဖွဲ့ပေါင်း၂၅၀ ကျော်အထိ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီသည် ပြည်သူများအပေါ် ကြမ်းကြုတ်ရက်စက်မှုများအား နေ့စဉ်နှင့်အမျှကျူးလွန်နေ၍  တော်လှန်ရေး တစ်ရက်စောစောပြီးစီးပါက ပြည်သူများ တစ်ရက်စာပိုသက်သာမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


မေလ၅ရက်


ကြားကာလ ပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီ အစည်းအဝေး (/၂၀၂၃) မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုပြောကြားထားပါတယ်။


"တရားစီရင်ရေး၏ လတ်တလောအခြေအနေသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အင်အားနည်းချိနဲ့နေသည့် နေရာဒေသများတွင် မိမိတို့မှ ဝင်ရောက်ဆောင်ရွက်ရသည်ဖြစ်ရာ အခက်အခဲများရှိနိုင်ပါကြောင်း၊ တရားစီရင်ရေး လုပ်ငန်းများ ပိုမိုအောင်မြင်လာပြီး လူထု၏ ယုံကြည်မှု ရရှိနိုင်ရန်နှင့် ဒေသန္တရတရားစီရင်ရေး လုပ်ငန်းများ ပိုမိုခိုင်မာလာစေရန်အတွက်  အုပ်ချုပ်ရေးမဏ္ဍိုင်ကြီးနှင့် တရားစီရင်ရေးမဏ္ဍိုင်ကြီးတို့ အပြန်အလှန်လေးစားမှုဖြင့် အတူတကွ ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီသည် ပြည်သူများအပေါ် ကြမ်းကြုတ်ရက်စက်မှုများအား နေ့စဉ်နှင့်အမျှကျူးလွန်နေပါကြောင်း၊  တော်လှန်ရေး တစ်ရက်စောစောပြီးစီးပါက ပြည်သူများ တစ်ရက်စာပိုသက်သာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးကာလတွင် အချိန်မဆိုင်းဘဲ မြန်မြန်ဆန်ဆန် လုပ်ကိုင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း"ဝန်ကြီးချုပ် ကဆိုပါတယ်။


ဆက်လက်၍ အစည်းအဝေးတက်ရောက်သူများမှ အထွေထွေဆွေးနွေးခြင်းများ ပြုလုပ်၍ ဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိူင်ခဲ့ပါတယ်။


အစည်းအဝေးသို့ ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှုကော်မတီအစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ - ၂၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဒုဝန်ကြီး ခူးထဲဘူး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ခွန်ဗဟန်းထန်၊ အခြားဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ နိုင်ငံတကာ၏အရေးယူမှုကို မခံရသရွေ့ စစ်တပ်မှ ပြည်သူများအပေါ် သတ်ဖြတ်နေခြင်းကို ရပ်တန့်ခြင်းရှိမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား


မေလ၅ရက်


 မေလ၃ရက်ကျင်းပတဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ငြိမ်းချမ်းရေးရေရှည်တည်တံ့ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်ဆွေးနွေးပွဲမှာနိုင်ငံတကာ၏ အရေးယူမှုကို မခံရသရွေ့ စစ်တပ်မှ ပြည်သူများအပေါ် သတ်ဖြတ်နေခြင်းကို ရပ်တန့်ခြင်းရှိမှာမဟုတ်ဘူးလို့ သံအမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။


" ပဋိပက္ခတစ်ခုဖြေရှင်းရေးတွင် လုံခြုံရေးကောင်စီအတွင်း မတူညီသောအမြင်များ ရှိသည်ကို မိမိတို့အနေဖြင့် နားလည်ကြောင်း၊ သို့ရာတွင် လုံခြုံရေးကောင်စီအနေဖြင့် စစ်တပ်မှ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နေမှုများအပေါ် ရှုတ်ချမှု၊ အပြစ်ကျူးလွန်သူများအား အရေးယူနိုင်ရေးအတွက် ဆောင်ရွက်မှု၊ ပြည်သူများအသက် ထပ်မံဆုံးရှုံးမှု မဖြစ်စေရန် ကာကွယ်ပေးမှုများကို ပြတ်ပြတ်သားသား လုပ်ဆောင်သင့်ကြောင်း၊ စစ်တပ်သည် အပြစ်မဲ့ပြည်သူများအား လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းအတွက် နိုင်ငံတကာ၏အရေးယူမှုကို မခံရသရွေ့ စစ်တပ်မှ ပြည်သူများအပေါ် သတ်ဖြတ်နေခြင်းကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင် နေဦးမည်ဖြစ်ကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


ထို့အပြင်မြန်မာပြည်သူများ၏ မျှော်လင့်ချက်နှင့်ဆန္ဒအတိုင်း ဆုံးဖြတ်ချက်အဆို၂၆၆၉ နောက်ဆက်တွဲအဖြစ် ထိရောက်သောလုပ်ဆောင်မှုများ ဆက်လက်ဆောင်ရွက်ပေးရန် လုံခြုံရေးကောင်စီကို တောင်းဆိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ လေးလတာကာလအတွင်း တနင်္သာရီတိုင်းရှိ နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူဦးရေ (၄၆,၈၇၆)ဦးအား ဆန်ရိက္ခာအကူအညီများ ပံ့ပိုးနိုင်ခဲ့


မေလ၅ရက


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ‌ ထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် အကူအညီများ ပံ့ပိုးပေးခဲ့နိုင်မှုအပေါ်  အခုလို အသိပေးဆိုထားပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာ‌ ထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ () လတာကာလအတွင်း တနင်္သာရီတိုင်းရှိ နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူဦးရေ (၄၆,၈၇၆)ဦးအား ဆန်ရိက္ခာအကူအညီများ ပံ့ပိုးနိုင်ခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် လတ်တလော စစ်ရှောင်နေရသည့် ပြည်သူများအတွက် ကြိုတင်စုဆောင်းထားသည့် အရေးပေါ်ရိက္ခာများထဲမှ ဆန်ရိက္ခာများအား ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။


ထိုသို့ ထောက်ပံ့ဆောင်ရွက်ရာတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ လူသားစာနာတာဝန်ခံများ၊ သပိတ်အင်အားစုများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းကူညီမှုဖြင့် စစ်ဘေးရှောင်များ၊ ပြည်သူများအတွက် စားနပ်ရိက္ခာများအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် ကျဆုံးပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများအား လက်တွဲညီညီချိတ်ဆက် ပံ့ပိုး‌ပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၅။ မုံရွာမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တိုင်းပါတီရုံးကို စကစတပ်များ ကားရှစ်စီးဖြင့်လာရောက်ကာရုံးခန်းကို ပစ်ခတ်ဖျက်ဆီး


မေလ၅ရက်


မုံရွာမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တိုင်းပါတီရုံးကို စကစတပ်များ ကားရှစ်စီးဖြင့်လာရောက်ကာရုံးခန်းကို ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်းကို မေလ၅ရက်မှာ စစ်ကိုင်းတိုင်းရေဦးအမတ် ဦးမြင့်ထွေးက အတည်ပြုဆိုထားပါတယ်။


"မေလ၄ရက်ည()နာရီအချိန်ခန့်မှာ မုံရွာမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တိုင်းပါတီရုံးကို စကစတပ်များ ကားရှစ်စီးဖြင့်လာရောက်ပြီး ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။ ပြည်သူတို့၏ ထည့်ဝင်လှူဒါန်းငွေဖြင့် တည်ဆောက်ခဲ့သည့် ပြည်သူတို့၏ အဆောက်အဦတစ်လုံးကို ညပိုင်းမှာ လာရောက်ဖျက်ဆီးခဲ့ခြင်း ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဧပြီ၂၅ရက် ညပိုင်းကလည်း ပဲခူးတိုင်း သာယာဝတီမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးခန်းကို စစ်အုပ်စုများက ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။


========================


📌📌 ၆။ မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသရှိ ပိက္ခယားရွာ အင်းရွာ ဝရဲရွာ ရွာသုံးရွာကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားတချို့သေဆုံးထိခိုက်မှုရှိ


မေလ၅ရက်


မေလ၅ရက်မှာ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က အခုလို အတည်ပြုဆိုထားပါတယ်။


"မေလ ရက်နေ့က စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသ ပိက္ခယားရွာ အင်းရွာ ဝရဲရွာ စသည့်ရွာသုံးရွာကိုလည်း  ရန်သူစစ်ကောင်စီအုပ်စုက ဝေဟင်ကနေ ပစ်ခတ်တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့သည့်အတွက် အပစ်မဲ့အရပ်သားပြည်သူအများအပြား ထိခိုက် ကျဆုံးမှုအချို့ရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


လတ်တလောမှာ ကလေးငယ်အပါအဝင်အရပ်သားလေးဦးသေဆုံးကြောင်းသိရပြီး လေကြောင်းရန်အန္တရာယ်ကို အထူးဂရုပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများကသတိပေးကြေညာထားပါတယ်။


"ကျနော်တို့တောင်တွင်းဒေသ ပိက္ခယားရွာကို လေကြောင်းဖြင့်တိုက်ခိုက်ခံရပြီး ပြည်သူဘက်မှ ထိခိုက်မှုများပါတယ်ခင်ဗျား"လို့တိမ်ပျံပြောက်ကျားတပ်ဖွဲ့ကလည်းအတည်ပြုဆိုပါတယ်။


ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က  စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို ဝေဟင်ကနေ ရန်သူစစ်ကောင်စီအုပ်စုက ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ၁၇၄ဦးသေဆုံးခဲ့ရပြီး အများစုမှာ ကလေးငယ်နဲ့အမျိုးသမီးများဖြစ်ကြပါတယ်။


========================


📌📌 ၇။ ရေဦးမြို့နယ်မှာ စကစတပ်များ ယနေ့မနက်ကျေးရွာများကို မွှေနှောက်ဖျက်ဆီး၍ မီးရှို့


မေလ၅ရက်


စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်မှာ စကစတပ်များ ယနေ့မနက်ကျေးရွာများကို မွှေနှောက်ဖျက်ဆီး၍ မီးရှို့ခဲ့တယ်လို့မေလ၅ရက်မှာ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအတည်ပြုဆိုပါတယ်။


မေလ၅ရက်မနက်ပိုင်းရေဦးတိုင်းရင်းမှထွက်သော စကစတပ်များ ရေဦးအနောက်ခြမ်း ပန်းကုံး/ကန်ပေါက်/မဲအိုး/မြင်းပေါက်/တောင်ကုန်း/ထန်းပင်ကုန်း/ချမ်းသာ/ရွာသစ်/ကုန်းသာရွာတို့ကို အကြမ်းဖက်ဖျက်ဆီးကာ မွှေနှောက် မီးရှို့ခဲ့ပါတယ်"လို့ဆိုပါတယ်။


မွေနှောက်မီးတင်ပြီးစကစတပ်များဟာယနေ့နံနက် ဒီပဲယင်း မြို့လေသာကျောင်းသို့ နှစ်ဖွဲ့ခွဲဝင်သွားတယ်လို့သိရပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment