5th MAY 2023 - Morning Daily News by Radio NUG



၂၀၂၃ မေလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် တဖက်တလမ်းကနေ လိုအပ်တဲ့ငွေကြေးရံပုံငွေ ရှာဖွေတဲ့EODအစီအစဉ်တွေမှာ ပြည်သူတွေထပ်မံပါဝင်ပေးကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ ဖြေရှင်းဆောင်ရွက်ပေးရမည့် တိုင်ကြားစာတွေနှင့် ပတ်သက်၍  လုပ်ငန်းစဉ်တွေ အမြန်ဆုံး ချမှတ်ပြီး ကိုင်တွယ်ဖြေရှင်းရန် ဝန်ကြီးချုပ် တိုက်တွန်း

📌 ၃။ အကြမ်းဖက်စစ်ကောင်စီကြောင့် ဘေးဒုက္ခရောက်နေရသော ပြည်သူများအတွက် ငွေကျပ် .၆ဘီလီယံခန့်  လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ခဲ့

📌 ၄။ ဖက်ဆစ်နိဂုံးအဆုံးသတ်ပေးရတော့မယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြားလိုက်

📌 ၅။ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းရန် ကြိုးပမ်းနေမှုများအပေါ် တုံ့ပြန်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ညှိနှိုင်းဆွေးနွေး

📌 ၆။ မြို့နယ်တရားရုံး (၂၅)ရုံးတွင် တရားသူကြီး (၁၁၈)ဦး ခန့်အပ်ထားရှိပြီး တရားစီရင်ရေးအာဏာများ စတင်ကျင့်သုံးဆောင်ရွက်နေတယ်လို့ NUGအစိုးရအသိပေး

📌 ၇။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံဆွေးနွေးပွဲကျင်းပ

📌 ၈။ ထီးလင်းမြို့နယ် အတွင်း ကျွဲ၊ နွားရောဂါကူးစက်မှုကို အချိန်မီတားဆီးထိန်းချုပ်နိုင်ရန်အတွက် ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျွဲ၊နွား ဝယ်ယူ သယ်ဆောင်ခြင်းအား ယာယီပိတ်ပင်

📌 ၉။ ရန်သူ့စစ်သား ၆၀ ကျော်ကို ABSDF စစ်ကြောင်းက မဟာမိတ်တပ်များနဲ့အတူ ပူးပေါင်း သုတ်သင်ရှင်းလင်းနိူင်ခဲ့

📌 ၁၀။ နွေဦးအင်းလျားကွန်ဒို ဒေါ်လာ သန်းဖိုးထိရောင်းချထားရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် တဖက်တလမ်းကနေ လိုအပ်တဲ့ငွေကြေးရံပုံငွေ ရှာဖွေတဲ့EODအစီအစဉ်တွေမှာ ပြည်သူတွေထပ်မံပါဝင်ပေးကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


End of Dictatorship (EOD) ရဲ့ အစုရှယ်ယာများတွင် ပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှမေလ ()ရက်တွင် ပြည်သူလူထံများထံသို့ တိုက်တွန်းသော သတင်းစကားမှာဆိုထားပါတယ်။


"နွေဦးတော်လှန်ရေးမှာ ဒီနေ့အထိ တစိုက်မတ်မတ်ရပ်တည်ပေးနေကြတဲ့ ပြည်သူလူထုအားလုံးကို ကျွန်တော့်အနေနဲ့ ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီတော်လှန်ရေးမှာ ပြည်သူလူထုရဲ့ ပါဝင်မှုဟာ အတော်လေး အခရာကျပြီး ပြည်သူများရဲ့ ရပ်တည်ပေးမှုကြောင့် အောင်မြင်မှုတွေ ရရှိနေတာပဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး ခရီးဆုံးတိုင်ထိရောက်ဖို့ ပြည်သူလူထုရဲ့ ဝန်းရံအားထုတ်မှုတွေ လိုအပ်နေတာဖြစ်လို့ ဇွဲမလျော့ဘဲ ဆက်လက်ပါဝင်ကြဖို့ အသိပေးနှိုးဆော်လိုပါတယ်။ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် တဖက်တလမ်းကနေ လိုအပ်တဲ့ငွေကြေးရံပုံငွေရှာဖွေတဲ့ အစီအစဉ်တွေမှာလည်း ပြည်သူတွေအနေနဲ့ တတ်အားသမျှ စွမ်းစွမ်းတမံ ထပ်မံပါဝင်ပေးကြဖို့ ကျွန်တော့်အနေနဲ့ ထပ်မံတိုက်တွန်းလိုပါတယ်။ 


လက်ရှိမှာ ၂၀၂၃ ခုနှစ်ဧပြီ၂၉ရက်နေ့က စတင်ရောင်းချတဲ့ Spring Inya Condo အခန်းများ လက်ကျန်ကို ရောင်းချပေးလျက်ရှိပါတယ်။ အခန်းပေါင်း ၇၅၀ ရောင်းချပေးတဲ့ နွေဦးအင်းလျား ကွန်ဒိုကို ပါရမီလမ်းမပေါ်ရှိ အကြမ်းဖက် စစ်တပ်ပိုင်မြေအား ဥပဒေနဲ့ အညီ သိမ်းယူပြီး ဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက် နေရာမှာတည်ဆောက်မှာဖြစ်ပါတယ်။


========================


📌📌 ၂။ ဖြေရှင်းဆောင်ရွက်ပေးရမည့် တိုင်ကြားစာတွေနှင့် ပတ်သက်၍  လုပ်ငန်းစဉ်တွေ အမြန်ဆုံး ချမှတ်ပြီး ကိုင်တွယ်ဖြေရှင်းရန် ဝန်ကြီးချုပ် တိုက်တွန်း


ဖြေရှင်းဆောင်ရွက်ပေးရမည့် တိုင်ကြားစာ တွေနှင့်ပတ်သက်၍  လုပ်ငန်းစဉ်တွေ အမြန်ဆုံး ချမှတ်ပြီး ကိုင်တွယ်ဖြေရှင်းရန်ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၈/၂၀၂၃)ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။


"ဖြေရှင်းဆောင်ရွက်ပေးရမည့် တိုင်ကြားစာ တွေနှင့်ပတ်သက်၍ ကြန့်ကြာမှုတွေ ရှိနေမှုတွင် ဗဟိုတိုင်ကြားစာကော်မတီ ဖွဲ့စည်းပြီးပြီးဖြစ်၍ လုပ်ငန်းစဉ်တွေ အမြန်ဆုံးချမှတ်ပြီး ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းလိုကြောင်း၊ မြို့နယ်က တိုင်ကြားစာတွေသည် ဗဟိုကို တိုက်ရိုက် ရောက်မလာဘဲ ခရိုင်အဆင့်မှာ ဖြေရှင်းဆောင်ရွက်နိုင်ရန်လိုအပ်သည့် လမ်းညွှန်ချက်တွေ၊ စနစ်တကျ မြန်မြန်ဆန်ဆန် လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်ပိုင်းတွင် ကြန့်ကြာပါက ဘေးထွက် ဆိုးကျိုးများ ရှိလာနိုင်သဖြင့် တိုင်ကြားပါက စတင်၍ လုပ်ငန်းများ ဆောင်ရွက်ပြီး တတ်နိုင်သမျှ လျင်မြန်အောင် ချိတ်ဆက်စီမံပေးကြရန် တိုက်တွန်းလိုကြောင်း"ဆိုခဲ့ပါတယ်။


ဆက်လက်ပြီး တက်‌ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၇/၂၀၂၃)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဥ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီကြောင့် ဘေးဒုက္ခရောက်နေရသော ပြည်သူများအတွက် ငွေကျပ် .၆ဘီလီယံခန့်  လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ခဲ့


အကြမ်းဖက်စစ်ကောင်စီကြောင့် ဘေးဒုက္ခရောက်နေရသော ပြည်သူများအတွက် ငွေကျပ် .၆ဘီလီယံခန့်  လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ခဲ့ပါတယ်။ မေလ ၃ရက်နေ့ ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရရဲ့၂နှစ်ပြည့် အစိုးရသတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းပြီး () နှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် ဘေးဒုက္ခရောက်နေရသော ပြည်သူများအတွက် ငွေကျပ် .၆ဘီလီယံခန့် (USD . မီလီယံ) လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ခဲ့ပါတယ်လို့ဖော်ပြပါတယ်။ တစ်လလျှင် ပျမ်းမျှစစ်ဘေးရှောင်ပြည်သူ သိန်းကျော်ကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင်အကြမ်းဖက်စစ်အုပ်စုကြောင့် နေအိမ်များဆုံးရှုံးခဲ့ရသည့် ပြည်နယ်နှင့်တိုင်း အသီးသီးတို့မှ ဒေသခံပြည်သူများအတွက် ယာယီတဲများ ပြန်လည်ဆောက်လုပ်ပေးခဲ့ရာ လက်ရှိအချိန်အထိ ပြည်သူကလှူဒါန်းသည့် ရန်ပုံငွေဖြင့် ယာယီတဲပေါင်း (,၂၃၉) လုံးဆောက်လုပ်ပေးပြီးဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၄။ ဖက်ဆစ်နိဂုံးအဆုံးသတ်ပေးရတော့မယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြားလိုက်


ဖက်ဆစ်နိဂုံးအဆုံးသတ်ပေးရတော့မယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြားလိုက်ပါတယ်။ မေလ ၄ရက်မှာ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားထားပါတယ်။


"သုညနဲ့စခဲ့တဲ့ နွေဦးတော်လှန်ရေးရဲ့ ဖက်ဆစ်နိဂုံးအဆုံးသတ်ပေးရတော့မယ်။ နေပြည်တော်ကို ခြိမ်းခြောက်နိုင်နေပြီ။ ချင်းနဲ့ကရင်နီကို ထိန်းနိုင်နေပြီ။ စစ်ကိုင်းနဲ့မကွေးမှာ ဖက်ဆစ်နေရာပျောက်နေပြီ။ ကရင်၊ပဲခူး၊ မွန်၊ မန္တလေး၊ တနင်္သာရီအောင်ပွဲတွေရနေပြီ"လို့ဝန်ကြီးက ဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြေညာခဲ့ပါတယ်။ လက်ရှိမှာ မှတ်တမ်းများအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃သောင်းခန့် ထိခိုက်သေဆုံးသည်အထိ ချေမှုန်းနိုင်ခဲ့ပြီး () သောင်းကျော် ထိခိုက်ဒဏ်ရာရရှိစေခဲ့ပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းရန် ကြိုးပမ်းနေမှုများအပေါ် တုံ့ပြန်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ညှိနှိုင်းဆွေးနွေး


အကြမ်းဖက်စစ်အုပ်စုက တရားမဝင် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းရန် ကြိုးပမ်းနေမှုများအပေါ် တုံ့ပြန်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ မေလ၂ရက်နေ့ CRPH အလုပ်သမားရေးရာကော်မတီနှင့် NUG အလုပ်သမားဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးတွင် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်းက အဖွင့်အမှာစကား ပြောကြားကာ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သုဝဏ္ဏက နှုတ်ခွန်းဆက်စကားပြောကြားရာ၌ "စစ်အာဏာရှင်ကို တိုက်ခိုက်သည့်နေရာတွင် ဇွဲသတ္တိရှိရှိဖြင့် စုပေါင်းကာ အတူတကွ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ အလုပ်သမားများအတွက် အရိုးကျေကျေ အရည်ခမ်းခမ်း စွမ်းနိုင်သမျှ အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အာဏာရှင်အား အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် အားလုံးညီညီညွတ်ညွတ်ဖြင့် တိုင်တိုင်ပင်ပင် ညှိနှိုင်းဆွေးနွေးသွားကြရမည်ဖြစ်ကြောင်း"ပြောကြားခဲ့ပါတယ်။


၎င်းနောက် ဝန်ကြီးဌာနဘက်မှ တာဝန်ရှိသူများက အကြမ်းဖက်စစ်အုပ်စုက အလုပ်သမားအဖွဲ့အစည်းများ တရားမဝင်ဖွဲ့စည်းဆောင်ရွက်ရန် ကြိုးပမ်းနေမှုများအပေါ် တုံ့ပြန်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဥ်များအား ရှင်းလင်းဆွေးနွေး၍ ပြည်တွင်းအလုပ်သမားများနှင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) နှင့် တွေ့ဆုံဆွေးနွေးရာတွင် လိုအပ်မည့် အကြောင်းအရာများ၊ လုပ်ငန်းစဥ်များနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန်ရှိသည့် အစီအစဥ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၆။ မြို့နယ်တရားရုံး (၂၅)ရုံးတွင် တရားသူကြီး (၁၁၈)ဦး ခန့်အပ်ထားရှိပြီး တရားစီရင်ရေးအာဏာများ စတင်ကျင့်သုံးဆောင်ရွက်နေတယ်လို့ NUGအစိုးရအသိပေး


မြို့နယ်တရားရုံး (၂၅)ရုံးတွင် တရားသူကြီး (၁၁၈)ဦး ခန့်အပ်ထားရှိပြီး တရားစီရင်ရေးအာဏာများ စတင်ကျင့်သုံးဆောင်ရွက်နေတယ်လို့ NUG အစိုးရနှစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ အသိပေးထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရသည် ကြားကာလနှင့် အသွင်ကူးပြောင်းရေးကာလများတွင် ပြည်သူများကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန်နှင့် တရားဥပဒေ စိုးမိုးစေရန် ရည်ရွယ်၍ တရားရေးရာဝန်ကြီးဌာနကို ဇွန်လ () ရက် ၂၀၂၁ခုနှစ်တွင် CDM လှုပ်ရှားမှု၌ ပါဝင်ခဲ့သော နိုင်ငံ့ဝန်ထမ်းများ၊ ဥပဒေအရာရှိများ၊ တရားသူကြီးများ၊ ဥပဒေပညာရှင်များနှင့် ဖွဲ့စည်းခဲ့ပါတယ်။ ယခုအခါ မြို့နယ်တရားရုံး (၂၅)ရုံးတွင် တရားသူကြီး (၁၁၈)ဦး ခန့်အပ်ထားရှိပြီး တရားစီရင်ရေးအာဏာများ စတင်ကျင့်သုံးဆောင်ရွက်လျက် ရာဇဝတ်မှုနှင့် တရားမမှုများကို ဖြေရှင်းဆောင်ရွက်နေပြီဖြစ် တယ်"လို့ဆိုပါတယ်။


ဧပြီ၁၁ရက်နေ့ ကန့်ဘလူ ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှုတွင် ၁၆၈ဦးသေဆုံးခဲ့ရပြီး ၄င်းဖြစ်စဥ်တွင်တာဝန်ရှိသူ စစ်ခေါင်းဆောင်နဲ့ သတင်းပေးများကို NUGအစိုးရက အမှုဖွင့်တရားစွဲဆိုထားပါတယ်။


========================


📌📌 ၇။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံဆွေးနွေးပွဲကျင်းပ


မေလ ၄ရက်မှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံဆွေးနွေးမှု အစည်းအဝေး(၁၆/၂၀၂၃)ကို ကျင်းပရာ အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ခူးထဲဘူးမှ  အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လိုအပ်သည်များ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။


အစည်းအဝေးသို့ ဒုဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်း ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၈။ ထီးလင်းမြို့နယ် အတွင်း ကျွဲ၊ နွားရောဂါကူးစက်မှုကို အချိန်မီတားဆီးထိန်းချုပ်နိုင်ရန်အတွက် ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျွဲ၊နွား ဝယ်ယူ သယ်ဆောင်ခြင်းအား ယာယီပိတ်ပင်


ထီးလင်းမြို့နယ်အတွင်း ကျွဲ၊ နွားရောဂါကူးစက်မှုကို အချိန်မီတားဆီးထိန်းချုပ်နိုင်ရန်အတွက် ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျွဲ၊နွားဝယ်ယူသယ်ဆောင်ခြင်းအား ယာယီပိတ်ပင်လိုက်ပါတယ်။ မေလ ၄ရက်မှာ ကြေညာချက်အမှတ် (/၂၀၂၃)ကို အသိပေးကြေညာခဲ့ပါတယ်။


"ထီးလင်းမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် ကျွဲ၊ နွား ကူးစက်ရောဂါများဖြစ်ပြီး သေဆုံးမှုများရှိနေပါသဖြင့် ရောဂါကူးစက်မှုကို အချိန်မီတားဆီးထိန်းချုပ်နိုင်ရန်အတွက် မေလ ၄ရက်မှ ဇွန်လ ၄ရက် ထိ ထီးလင်းမြို့နယ်အတွင်းနှင့် မြို့နယ်ပြင်ပမှ ကျွဲ၊နွား ဝယ်ယူ သယ်ဆောင်ခြင်းအား ယာယီပိတ်ပင်ထားပါတယ်"လို့ဆိုပါတယ်။


လတ်တလောမှာ ရာသီဥတုဖောက်ပြန်မှုများကြောင့် အပူရှိန်မြင့်မားကာ ရောဂါဖြစ်ပွားမှုများ တိုးမြင့်လျက်ရှိပါတယ်။


========================


📌📌 ၉။ ရန်သူ့စစ်သား ၆၀ ကျော်ကို ABSDF စစ်ကြောင်းက မဟာမိတ်တပ်များနဲ့အတူ ပူးပေါင်း သုတ်သင်ရှင်းလင်းနိူင်ခဲ့


ရန်သူ့စစ်သား ၆၀ ကျော်ကို ABSDF စစ်ကြောင်းက မဟာမိတ်တပ်များနဲ့အတူ ပူးပေါင်း သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ( ကျောင်းသားတပ်မတော် ) စစ်ဒေသ ( ) စစ်ကြောင်း ( )က မေလ ၄ရက်မှာ အသိပေးဆိုပါတယ်။


"၂၀၂၃ခုနှစ် မတ်လ ၃၁ရက်နေ့တွင် ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းအား ဂန့်ဂေါခရိုင် PDF တပ်ရင်းများ၊ .က.ဖများဖြင့် ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ပြီး ရန်သူ အင်အား ၄၅ ဦးခန့်သေဆုံးကာ ၁၀ ဦးဒဏ်ရာရ ရှိခဲ့ပြီး ၊ရန်သူ့ လက်နက် G3 လက် G4 ၁လက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့တယ်"လို့ဖော်ပြပါတယ်။


အလားတူဧပြီလ ၃ရက်နေ့တွင် ဂန့်ဂေါမြို့ မြစ်သာမြစ်ရိုးအတိုင်းထွက်ခွာ စစ်ကြောင်ထိုးလာသည့် ရန်သူအင်အား ၇၀ ဝန်းကျင်ရှိ စစ်ကြောင်းအား ဂန့်ဂေါခရိုင် PDFတပ်ရင်းများ Local PDF များ .က.ဖများဖြင့် ပူးပေါင်း၍ ဂန့်ဂေါမြို့ စိုင်ဒူးကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခြင်းကြောင့် ရန်သူစစ်ကောင်စီတပ်သား ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။


၂၀၂၃ခုနှစ် ဧပြီလ ၅ရက်နေ့တွင် ပုလဲမြို့နယ် ဇီဖြူကုန်းရွာမှ ကန်းထောင့် ရဲစခန်းသို့ ထွက်ခွာလာသည့် ရန်သူ စကစ တပ်နှင့် ပြူစောထီး များအား  ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ရန်သူ စစ်ကောင်စီတပ်သား ဦးသေဆုံးကာ ရက်နေ့တွင် ဂန့်ဂေါမြို့ .. ( ၅၀ ) မှ ထွက်ခွာလာသော ရန်သူအင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းနှင့် ဂန်ဂေါမြို့နယ် လာပို့ကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ ဦး အား သုတ်သင်နိုင်ခဲ့ပါတယ်။


========================


📌📌 ၁၀။ နွေဦးအင်းလျားကွန်ဒို ဒေါ်လာ သန်းဖိုးထိရောင်းချထားရ


နွေဦးအင်းလျားကွန်ဒို ဒေါ်လာ သန်းဖိုးထိ ရောင်းချထားရပြီလို့ မေလ၄ရက်မှာ end of dictatorship က အသိပေးဆိုထားပါတယ်။


"တော်လှန်ပြည်သူများအနေနဲ့ တိုးတက်လာနေတဲ့ တော်လှန်ရေး အသီးအပွင့်များကို နေ့စဉ်နဲ့အမျှ မြင်တွေ့နေရပါပြီ။ တော်လှန်ပြည်သူများရဲ့ လိုက်ပါနေတဲ့ ထောက်ပို့အားကလဲ လျော့ပါးမသွားပါဘူး။ နွေဦးအင်းလျား ကွန်ဒို ရောင်းချရမှု ဒေါ်လာ သန်းထိ ရောက်ရှိသွားပါပြီ။ ပြင်းပြသောစိတ်ဓါတ်များနှင့် ထောက်ပို့အားဖြည့်ကြသော ပြည်သူအပေါင်းကို ဦးညွှတ်လိုက်ပါတယ်"လို့ဆိုထားပါတယ်။


နွေဦးအင်းလျားကွန်ဒို အခန်းများကို နိုင်ငံခြားသားများပါ ဝယ်ယူခွင့်ပေးထားပြီး ဝယ်ယူလိုသည့် ကွန်ဒိုတိုက်ခန်း တန်ဖိုး၏ ၄၀% ကို တော်လှန်ရေး ကာလအတွင်း ပေးချေပြီး၊ ကျန် ၆၀% ကို တော်လှန်ရေးလွန် ကာလတွင် ပေးချေရမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment