7th MAY 2023 - Morning Daily News by Radio NUG


၂၀၂၃ မေလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေး အပြီးသတ်အောင်ပွဲခံနိုင်ဖို့ မနေ့ကထက် ဒီနေ့ပိုပြီး စုစည်းညီညွတ်ကြရမှာဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်

📌 ၂။ တော်လှန်ရေးအင်အားစုအချင်းချင်း လက်နက်နဲ့  အင်အားသုံးဖြေရှင်းတာကို အထူးရှောင်ကြဉ်ကြဖို့ ကာကွယ်ရေးဝန်ကြီးသတိပေးဆို

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကျန်းမာရေးအသုံးစရိတ်   အမေရိကန်ဒေါ်လာ သန်းကျခံ သုံးစွဲခဲ့ပြီးဖြစ်

📌 ၄။ ကန့်ဘလူ၊ ပဇီကြီးကျေးရွာတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအား စိတ်ခွန်အားပေးသည့်အစီအစဉ်များကို ပညာရှင်များနဲ့ ပူးပေါင်းဆောင်ရွက်

📌 ၅။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာကို စကစတပ်များစစ်ကြောင်းထိုး၀င်၍ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHUPDF မှ ရဲဘော် ၃ဦးနဲ့ ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုမှ () ဦး အပါအ၀င် ပြည်သူ ()ဦးကျဆုံး

📌 ၆။ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ မြင်းမူမြို့နယ် လက်ထုတ္တောရွာကို မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ၆၀၀ ကျော်ခန့် မီးလောင်ဆုံးရှုံးပြီး အမျိုးသား၂ဦး မီးလောင်သေဆုံး

📌 ၇။ ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာနချုပ်အပါအဝင်ဘီးလင်းမြို့နယ်၊ ဝင်းကံရဲစခန်းနဲ့တောင်စွန်းရဲစခန်းပါ တစ်နေ့တည်းကာကွယ်ရေး တပ်များတိုက်ခိုက်မှုကိုခံရ

📌 ၈။ ဝရဇိန် ထုတ်လုပ်ရေးအဖွဲ့ 'မှ  မင်းကင်းမြို့နယ်၊ ဒေသခံ ပြည်သူ့ကာကွယ်အဖွဲ့များအား 9mm semi autoများ တပ်ဆင်ပေးလျက်ရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေး အပြီးသတ်အောင်ပွဲခံနိုင်ဖို့ မနေ့ကထက် ဒီနေ့ပိုပြီး စုစည်းညီညွတ်ကြရမှာဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်


နွေဦးတော်လှန်ရေး အပြီးသတ်အောင်ပွဲခံနိုင်ဖို့ မနေ့ကထက် ဒီနေ့ပိုပြီး စုစည်းညီညွတ်ကြရမှာဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ မေလ၅ရက် "ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းခြင်း ()နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။


"နွေဦးတော်လှန်ရေး အပြီးသတ်အောင်ပွဲခံနိုင်ဖို့အတွက် ကျနော်တို့ဟာ မနေ့ကထက် ဒီနေ့ပိုပြီး စုစည်းညီညွတ်ကြရမှာဖြစ်ပါတယ်။ ဒီနေ့ထက် မဖြန်မှာ ပိုပြီးစုစည်းညီညွတ်ကြဖို့လိုပါတယ်။ တစ်နေ့ထက်တစ်နေ့ စုစည်းညီညွတ်သော တပ်ပေါင်းစုကြီးအဖြစ် လူထုအကျိုးစီးပွားကို လုံခြုံမှုပေးနိုင်အောင် ကြိုးစားလုပ်ဆောင်ကြရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာမဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အတူပူးပေါင်းကာ ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee - C3C) ပူးပေါင်းညှိနှိုင်းရေးကော်မတီ (Joint Coordination Committee - J2C) တို့ကို စုဖွဲ့ထားရှိပြီး စစ်ရေးအရ ဗဟိုအဆင့် မဟာဗျူဟာ ချမှတ်ရေး၊ ပူးပေါင်းကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး တို့ကိုအဖွဲ့အစည်းများတွင် ညှိနှိုင်းဆွေးနွေးကာ ကွပ်ကဲဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးအင်အားစုအချင်းချင်း လက်နက်နဲ့  အင်အားသုံးဖြေရှင်းတာကို အထူးရှောင်ကြဉ်ကြဖို့ ကာကွယ်ရေးဝန်ကြီးသတိပေးဆို


တော်လှန်ရေးအင်အားစုအချင်းချင်း လက်နက်နဲ့ အင်အားသုံးဖြေရှင်းတာကို အထူးရှောင်ကြဉ်ကြဖို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ မေလ၅ရက် PDF ရဲဘော်များသို့ မိန့်ခွန်းပြောကြားရာမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကထည့်သွင်းပြောပါတယ်။


"တော်လှန်ရေးပန်းဝင်ခါနီးမှာ တော်လှန်ရေးကိုပုံဖျက်တဲ့ အဖျက်အမှောင့်စကားတွေ ရဲဘော်တို့လည်း ကြားကြလိမ့်မယ်။ အထူးသတိချပ်ရမှာက ကိုယ့်ရဲဘော်ရဲဘက်အချင်းချင်း ကိုယ့်တော်လှန်ရေးအဖွဲ့အချင်းချင်းကြားမှာ ပြသနာတစ်စုံတရာရှိခဲ့ရင် ဒီပြသနာကို တော်လှန်ရေးအကျိုးရှေးရှုပြီး စိတ်ရှည်လက်ရှည် ဖြေရှင်းဖို့လိုတယ်။ အထက်တာဝန်ရှိသူတွေကိုလည်း အသိပေးတင်ပြဖို့ လိုတယ်။ ထစ်ခနဲရှိ လက်နက်နဲ့ ဖြေရှင်းတာ အင်အားသုံးဖြေရှင်းတာကို အထူးရှောင်ကြဉ်ကြဖို့သတိပေးလိုတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် တပ်မတော်အပေါ် ပြည်သူလူထုရဲ့ ကျေးဇူးအထူးကြီးမားတယ်ဆိုတာ မမေ့မလျော့ရှိဖို့လိုတယ်လို့ ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကျန်းမာရေးအသုံးစရိတ်   အမေရိကန်ဒေါ်လာ သန်းကျခံ သုံးစွဲခဲ့ပြီးဖြစ်


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကျန်းမာရေးအသုံးစရိတ်   အမေရိကန်ဒေါ်လာ သန်းကျခံ သုံးစွဲခဲ့ပြီးဖြစ်တယ်လို့ မေလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ နှစ်နှစ်ပြည့် ပြည်သူသို့အစီရင်ခံတင်ပြရာမှာထည့်သွင်းဖော်ပြခဲ့ပါတယ်။


"စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ဒဏ်ရာရမှုများအား ကုသမှုပေးခြင်း၊ ခွဲစိတ်ကုသမှုပြုလုပ်ခြင်း၊ ခြေလက်အင်္ဂါဆုံးရှုံးသူများအား ခြေတုလက်တုတပ်ဆင်ပေးခြင်း၊ အရေးပေါဗိုက်ခွဲကလေးမွေးဖွားပေးခြင်း အစရှိသော ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း လုပ်ဆောင်ပေး လျက်ရှိပါတယ်။ မြို့နယ်ပေါင်း (၁၉၈) မြို့နယ် တွင် မြို့နယ်ကျန်းမာရေးတာဝန်ခံများရှိပြီး ဝန်ကြီးဌာနနှင့် လက်တွဲ ချိတ်ဆက်၍ ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေးလုပ်သားစုစုပေါင်းမှာ (,၈၃၂) ဦးဖြစ်ကာ ကျန်းမာရေးလုပ်သားများ၏ (၇၈%) မှာ CDMers များဖြစ်ကြပါတယ်။ ကျန်းမာရေးအသုံးစရိတ် အနေဖြင့်  အမေရိကန်ဒေါ်လာ သန်း သုံးစွဲခဲ့ပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။


မြေပြင်တွင် ဆေးရုံပေါင်း (၆၆) ခု၊ ဆေးခန်းပေါင်း (၁၅၉) ခု၊ ရွေ့လျား ဆေးခန်းပေါင်း (၂၅၀) ကျော်တို့ဖြင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။


========================


📌📌 ၄။ ကန့်ဘလူ၊ ပဇီကြီးကျေးရွာတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအား စိတ်ခွန်အားပေးသည့်အစီအစဉ်များကို ပညာရှင်များနဲ့ ပူးပေါင်းဆောင်ရွက်


၂၀၂၃ခုနှစ် ဧပြီလ ၁၁ ရက်မှာ ကန့်ဘလူ၊ ပဇီကြီးကျေးရွာကို လေကြာင်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအား စိတ်ခွန်အားပေးသည့်အစီအစဉ်များကို အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်သာမက စိတ်လူမှုလိုအပ်ချက်များကိုပါ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ 


ဝန်ကြီးဌာနအနေဖြင့် မြေပြင်ရှိ အရေးပေါ် တုန့်ပြန်ရေးလုပ်ငန်းအဖွဲ့များနှင့်ပူးပေါင်းကာ  တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားကြရသည့် ကလေးငယ်များအတွက် ပန်းချီရေးဆွဲခြင်းဖြင့် စိတ်ဒဏ်ရာသက်သာပျောက်ကင်းစေရန် Art Therapyနည်းလမ်းဖြင့် စောင့်ရှောက်ကူညီမှုများကို ပြုလုပ်ပေးလျက်ရှိတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ခံစားရသူများအတွက်  စိတ်ခွန်အားပေးခြင်းအစီအစဉ်များကို ပညာရှင်များနဲ့ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။ 


အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ၁၅၈ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ၃၂ ဦးနဲ့ အိမ်ထောင်စု၂၅၄ စုအပါအဝင် လူဦးရေ စုစုပေါင်း၇၇၀ဦးရှိခဲ့ပါတယ်။ အဆိုပါ ထိခိုက်ခံစားရသူများတွင် အသက် ၆၅နှစ်အထက် ၄ဦးအပါအဝင် နှစ်အောက်ကလေးငယ် ၁၈ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ဦးတို့လည်းပါဝင်တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာကို စကစတပ်များစစ်ကြောင်းထိုး၀င်၍ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHUPDF မှ ရဲဘော် ၃ဦးနဲ့ ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုမှ () ဦး အပါအ၀င် ပြည်သူ ()ဦးကျဆုံး


စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာကို စကစတပ်များစစ်ကြောင်းထိုး၀င်၍ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ CHUPDF မှ ရဲဘော် ၃ဦးနဲ့ ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုမှ () ဦး အပါအ၀င် ပြည်သူ ()ဦးကျဆုံးခဲ့ပါတယ်။ မေလ ၆ရက်နေ့မှာ ချောင်းဦးတော်လှန်ရေးအင်အားစုက အတည်ပြုဆိုထားပါတယ်။


"စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာ၌ စစ်ကြောင်းထိုး၀င်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် မေလ ရက် ညနေ နာရီခွဲအချိန်တွင် ကျီကုန်းကျေးရွာမှ အနောက်တောင်သို့ ဆက်လက်ထွက်ခွာရာ ကျီကုန်းရွာအစပ်ရှိ မြို့နယ် ပကဖ ကင်းတပ်စိတ်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ 


အဆိုပါစစ်ကြောင်းဟာ CHUPDF လေ့ကျင့်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး နောက်တန်းစခန်းခွဲတစ်ခုကို ဝင်ရောက်စီးနင်းရာ အဆိုပါ စခန်းခွဲမှ စခန်းခွဲမှူး () ဦးနှင့် ရဲဘော် () ဦးကျဆုံးခဲ့ပါတယ်။


ကျဆုံးရဲဘော် () ဦးနှင့်အတူ ၎င်း၏အနီးအနားရှိ တောရဘုန်းတော်ကြီးကျောင်းတွင် ဝေယျာဝေစ္စလုပ်ကိုင်နေသည့် အပြစ်မဲ့ပြည်သူ ()ဦးလည်း ဦးခေါင်းဖြတ် သတ်ဖြတ်ခံခဲ့ကြပြီး ဆက်လက်စစ်ကြောင်းထိုးကာ လမ်းတွင်တွေ့ရသော အသက် (၆၅) နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် အမြင့်ကျေးရွာရဲစခန်းသို့ ဆက်လက်ထွက်ခွာလာရာ လမ်းတွင်တွေ့ရသော အသက် (၄၀) ဝန်းကျင်အမျိုးသား() ဦးကို သတ်ဖြတ်ခဲ့သေးတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ မြင်းမူမြို့နယ် လက်ထုတ္တောရွာကို မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ၆၀၀ ကျော်ခန့် မီးလောင်ဆုံးရှုံးပြီး အမျိုးသား၂ဦး မီးလောင်သေဆုံး


အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ မြင်းမူမြို့နယ် လက်ထုတ္တောရွာကို မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ၆၀၀ ကျော်ခန့် မီးလောင်ဆုံးရှုံးပြီး အမျိုးသား၂ဦး မီးလောင်သေဆုံးခဲ့ပါတယ်။ မေလ ၆ရက်မနက်ပိုင်းမှာ စကစတပ်များဟာ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များက ဆိုပါတယ်။


"ချောင်းဦးမြို့နယ်မှ ထွက်လာတဲ့ စကစတပ်များဟာ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို အကြမ်းဖက်ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပါတယ်။လက်ထုတ္တောကျေးရွာသည် အိမ်ခြေ ၇၀၀ခန့်ရှိတဲ့ရွာကြီးတစ်ရွာဖြစ်ပါတယ်။ အိမ်ခြေ ၆၀၀ ကျော်ခန့် မီးလောင်ဆုံးရှုံးပြီး အမျိုးသား၂ဦး မီးလောင်သေဆုံး၊ ၂ဦးဒဏ်ရာရတယ်လို့ ကနဦးသတင်းရရှိပါတယ်"လို့ဆိုပါတယ်။


မီးလောင်မှုတွင်နွား၊ ဝက်များလည်း အများအပြားသေဆုံးခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် လက်ထုတ္တောရွာကို နံနက်၇နာရီခန့်တွင် စတင်ဝင်ရောက်ပြီး နံနက် :၃၀ နာရီခန့်တွင် ရွာမြောက်ပိုင်းမှ စတင်မီးရှို့ကာ ရွာပတ်လည်စည်းရိုးများကို မီးရှို့ပြီး နံနက်၁၀ နာရီခန့်မှာ နတ်ရေကန်ကျေးရွာဘက်ကိုပြန်သွားတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၇။ ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာနချုပ်အပါအဝင်ဘီးလင်းမြို့နယ်၊ ဝင်းကံရဲစခန်းနဲ့တောင်စွန်းရဲစခန်းပါ တစ်နေ့တည်းကာကွယ်ရေး တပ်များတိုက်ခိုက်မှုကိုခံရ


မွန်ပြည်နယ်တွင် ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာနချုပ်အပါအဝင်ဘီးလင်းမြို့နယ်၊ ဝင်းကံရဲစခန်းနဲ့ တောင်စွန်းရဲစခန်းပါ တစ်နေ့တည်း ကာကွယ်ရေးတပ်များတိုက်ခိုက်မှုကိုခံရတယ်လို့သတင်းရရှိပါတယ်။ မေလ၆ရက်နေ့မှာ စစ်ရေးသတင်းကို မွန်ပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများက အတည်ပြုဆိုပါတယ်။


"မေလ၆ရက်နံနက် ၁၀:၅၀ မိနစ်အချိန်တွင် ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာနချုပ်အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ တပ်ထဲမှ ၆၀ မမ စိန်ပြောင်းများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်"လို့သိရပါတယ်။


နေ့လည် :၄၆ မိနစ်မှ :၁၂ မိနစ်အထိ ၂၆ မိနစ်ကြာ ဘီးလင်းမြို့နယ်၊ ဝင်းကံရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ ရဲ ဦးပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ အလားတူ နေ့လည် :၄၆ မိနစ်မှစ၍ ဘီးလင်းမြို့နယ်၊ တောင်စွန်းရဲစခန်းအား စုစုပေါင်း ဒရုန်းဗုံးသီး လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ စကစဘက်က အထိအခိုက် မသိရသေးဘူးလို့ဆိုပါတယ်။


========================


📌📌 ၈။ ဝရဇိန် ထုတ်လုပ်ရေးအဖွဲ့ 'မှ  မင်းကင်းမြို့နယ်၊ ဒေသခံ ပြည်သူ့ကာကွယ်အဖွဲ့များအား 9mm semi autoများ တပ်ဆင်ပေးလျက်ရှိ


ဝရဇိန် ထုတ်လုပ်ရေးအဖွဲ့ 'မှ  မင်းကင်းမြို့နယ်၊ ဒေသခံ ပြည်သူ့ကာကွယ်အဖွဲ့များအား 9mm semi autoများ တပ်ဆင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ မေလ ၆ရက်မှာ ဝရဇိန် ထုတ်လုပ်ရေးအဖွဲ့မှ လက်နက်ထုတ်လုပ်မှုကို အသိပေးဖော်ပြပါတယ်။


"ဝရဇိန် ထုတ်လုပ်ရေးအဖွဲ့ 'မှ ပြည်သူ့ကာကွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဒေသခံ ပြည်သူ့ကာကွယ်အဖွဲ့များအား 9mm semi autoများ တပ်ဆင်ပေးလျက်ရှိပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ လက်လုပ်မိုင်းများ၊ မောင်းပြန်သေနတ်များနဲ့လက်လုပ်လက်နက်ကြီးများကို ထုတ်လုပ်အောင်မြင်လျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment