18th JUN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇွန်လ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီအနေနဲ့ ခံစစ်အသွင် ပြောင်းလဲပြင်ဆင်နေတာကို တွေ့နေရပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ ထိုင်း နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ယုတ္တိမတန်သော၊ အဆင့်သင့်မဖြစ်သေးသော မြန်မာ့အရေးအလွတ်သဘောအစည်းအဝေးကို ဖျက်သိမ်းရန်NUG တောင်းဆို

📌 ၃။ တော်လှန်ရေးနဲ့ပတ်သက်ပြီး သွေးမအေးကြဘဲ၊ အမြဲသတိရှိရှိနဲ့ ဆောင်ရွက်ကြရန် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြော

📌 ၄။ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်သော သက်မွေးပညာသင်တန်း ရလဒ်များအဖြစ် ထုတ်ကုန်များထွက်ပေါ်

📌 ၅။ နယူးစီလန်နိုင်ငံ အော်ကလန်မြို့တွင် ကျင်းပသော ၁၄၈ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးတက်ရောက်

📌 ၆။ စစ်ကောင်စီရဲ့ ဘဏ္ဍာရေးနယ်ပယ်ကို စီးချင်းထိုးကာ boycott ကိစ္စရပ်များကို ယခုထက် ပိုမိုဆောင်ရွက်ပေးကြဖို့ ဦးမင်းကိုနိုင်တိုက်တွန်း

📌 ၇။ ကလေးဝမြို့ မှတဆင့် မင်းကင်းမြို့နယ်သို့  ယာကြီးလမ်းအတိုင်း လူ၊ လက်နက်၊ ရိက္ခာပို့လာတဲ့ စကစစစ်ကြောင်းကို ကာကွယ်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ

📌 ၈။ ကျောက်ရစ်စခန်းအတွင်း မွေးနေ့ပွဲကျင်းပနေသော စစ်ကောင်စီတပ်သားများအား (Shar Htoo Wow) နည်းပညာအသုံးပြု၍ အီနာဂါဖြင့် ကြဲချတိုက်ခိုက်

📌 ၉။ ကန်ပက်လက်ရဲစခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ၍ ရဲစခန်းအတွင်းကျရောက်ပေါက်ကွဲ

📌 ၁၀။ ဝန်းသိုမြို့အရှေ့ဘက် ရွှေကောင်းထက် ဆီဆိုင်သို့ ဆီကားများအား အခွန်လာကောက်သော ပျူများပစ်ခတ်တိုက်ခိုက်ခံရ၍ သုံးဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီအနေနဲ့ ခံစစ်အသွင် ပြောင်းလဲပြင်ဆင်နေတာကို တွေ့နေရပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇွန်လ၁၇ရက်

ဇွန်လအတွင်း ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၂၄/၂၀၂၃)တွင် ပြောကြားသည့် မိန့်ခွန်းမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ထည့်သွင်းပြောပါတယ်။


''တော်လှန်ရေးအစုအဖွဲ့များရဲ့ နယ်မြေထိန်းချုပ်မှုတွေဟာ ကျယ်ပြန့်လာလျက်ရှိပြီး အချို့ဒေသများမှာ မြို့ပေါ်ရပ်ကွက်များသာ စစ်ကောင်စီက ထိန်းချုပ်နိုင်တာမျိုး ရှိတော့သလို စစ်ကောင်စီအနေနဲ့ ခံစစ်အသွင် ပြောင်းလဲပြင်ဆင်နေတာကို တွေ့ရှိရပါတယ်။''လို့ဆိုပါတယ်။


အမှတ်() စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ မေလအတွင်း တိုက်ပွဲပေါင်း (၅၀၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ စကစဘက်က(၄၄၉) ဦး သေဆုံး၍ (၆၈၁) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ထိုင်း နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ယုတ္တိမတန်သော၊ အဆင့်သင့်မဖြစ်သေးသော မြန်မာ့အရေးအလွတ်သဘောအစည်းအဝေးကို ဖျက်သိမ်းရန်NUG တောင်းဆို


ဇွန်လ၁၇ရက်

ထိုင်း နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ယုတ္တိမတန်သော၊ အဆင့်သင့်မဖြစ်သေးသော မြန်မာ့အရေးအလွတ်သဘော အစည်းအဝေးကို ဖျက်သိမ်းရန် NUGနိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။.


လက်ရှိထိုင်းအစိုးရမှ ပြုလုပ်မည့် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သည့် အလွတ်သဘောဆွေးနွေးပွဲသို့ အကြမ်းဖက်စစ်အုပ်စုအား ဖိတ်ကြားမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ၁၇ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။


လက်ရှိထိုင်းအစိုးရသည် ၂၀၂၃ ခုနှစ် ဇွန်လ ၁၈ ရက်မှ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ အလွတ်သဘောဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်မည် ဖြစ်ပြီး မြန်မာအကြမ်းဖက် စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားရန် စီစဉ်ထားသည်ဟု ကြားသိရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာ စိတ်ပျက်မိပါတယ်လို့ဆိုထားပါတယ်။


အဆိုပါ ဆွေးနွေးပွဲသို့ အကြမ်းဖက်စစ်အုပ်စုအား ဖိတ်ကြားခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာရပ်များကို အဖြေရှာနိုင်မည်မဟုတ်သည့်ပြင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီ၊ တရားမျှတမှုနှင့် လူ့အခွင်အရေးအတွက် ကြိုးပမ်းတိုက်ပွဲဝင်နေမှုများ ပျက်ရယ်ပြုရာ ရောက်ပြီး ပြဿနာရပ်များကို ပို၍ပင်ခက်ခဲရှုတ်ထွေးစေနိုင်ပြီး မြန်မာ့နိုင်ငံရေးပြဿနာကို မြန်မာတိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဆန္ဒသဘောထားများကို ကိုယ်စားပြုနိုင်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအားလုံး၏ ပါဝင်မှုမှသာ အဖြေရှာနိုင်မှာဖြစ်ပါတယ်လို့ ဖော်ပြပါတယ်။


ယင်းကဲ့သို့ ဖိတ်ကြားမှုသည် မြန်မာပြည်သူလူထုအပေါ် နေ့စဉ်အမျှ အကြမ်းတမ်းအရက်စက်ဆုံးနည်းလမ်းများကို အသုံးပြု၍ ဖိနှိပ်နေသည့် အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ် ထောက်ခံရာရောက်နိုင်သည့်အပြင် မိမိအိမ်နီးချင်း မြန်မာပြည်သူတို့၏ ဆန္ဒကို မျက်ကွက်ပြုလျက်ရှိကာ အဆိုပါလုပ်ရပ်သည် အာဆီယံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် လက်မခံနိုင်ဖွယ်ရာ လုပ်ရပ်ဖြစ်သည်ဟု  မြန်မာပြည်သူတစ်ရပ်လုံးက ရှုမြင်ပါတယ်လို့ဆိုပါတယ်။


ထို့ကြောင့် အကြမ်းဖက် စစ်အုပ်စုအား အဆိုပါဆွေးနွေးပွဲသို့ ဖိတ်ကြားမှုအား ကန့်ကွက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ယုတ္တိမတန်သော၊ အဆင့်သင့်မဖြစ်သေးသော အဆိုပါ အစည်းအဝေးကို ဖျက်သိမ်းရန်နှင့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံရသော နိုင်ငံများအနေဖြင့်လည်း အဆိုပါအစည်းအဝေးသို့ တက်ရောက်ခြင်းမပြုကြရန် တောင်းဆိုအပ်ပါတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၃။ တော်လှန်ရေးနဲ့ပတ်သက်ပြီး သွေးမအေးကြဘဲ၊ အမြဲသတိရှိရှိနဲ့ ဆောင်ရွက်ကြရန် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြော


ဇွန်လ၁၇ရက်

ဇွန်လ၁၆ရက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့်‌ မြေပြင်သပိတ်အင်အားစုများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရာမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က တော်လှန်ရေးနဲ့ ပတ်သက်ပြီး သွေးမအေးကြဘဲ၊ အမြဲသတိရှိရှိနဲ့ ဆောင်ရွက်ကြရန် ပြောကြားလိုက်ပါတယ်။


"တော်လှန်ရေးတွင် လိုချင်သည့်ပန်းတိုင် ရောက်အောင် အဖွဲ့အားလုံးရဲ့ ကြိုးပမ်းမှု၊ ပြည်သူများရဲ့ စဉ်ဆက်မပြတ်ကြိုးစားမှုတွေနဲ့အတူ တစ်လှမ်းခြင်း ဆောင်ရွက်နေသည်ကို သိထားပြီးဖြစ်ပါတယ်၊ နောက်ပြီးတော့ တော်လှန်းရေးနဲ့ ပတ်သက်ပြီး သွေးမအေးကြဘဲ၊ အမြဲသတိရှိရှိနဲ့ ဆောင်ရွက်ကြရန်"ဝန်ကြီးကဆိုပါတယ်။


အဆိုပါအစည်းအဝေးဟာ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပန်းသပိတ်ပြုလုပ်နိုင်ရန် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် မြေပြင်သပိတ်အင်အားစုများ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။


ဆက်လက်၍ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှပြောကြားရာ "သပိတ်လှုပ်ရှားမှုများဟာ နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာပြီး တော်လှန်‌ရေးရဲ့ အောင်မြင်မှု တစ်ခုဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုခဲ့ပါတယ်။


========================


📌📌 ၄။ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်သော သက်မွေးပညာသင်တန်း ရလဒ်များအဖြစ် ထုတ်ကုန်များထွက်ပေါ်


အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်သော သက်မွေးပညာသင်တန်း ရလဒ်များအဖြစ် ထုတ်ကုန်များထွက်ပေါ်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးကအသိပေးဆိုပါတယ်။


ဇွန်လ ၁၇ရက်မှာ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက သက်မွေးပညာရဲ့ရလဒ်ထုတ်ကုန်များကို ဖော်ပြရင်းပြောပါတယ်။


"ဝန်ကြီးဌာနရဲ့ သက်မွေးပညာသင်တန်း ရလဒ်လေးတွေပါ ပီတိဖြစ်ရပါတယ်..ပွင့်သောပန်းတိုင်းမွှေးကြပါစေ"လို့ ဝန်ကြီးကဆိုပါတယ်။


သက်မွေးပညာသင်တန်းမှ ထုတ်ကုန်များအဖြစ် ပန်းချီကားချပ်နဲ့ လက်မှုလွယ်အိတ်များ၊ အဝတ်အထည်များ ထွက်ပေါ်ခဲ့ပါတယ်။


အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့မှုအပါအဝင် ကိုယ်ဝန်ဆောင်သည် သောင်းနဲ့ချီကိုလည်း ထောက်ပံ့ကြေးများကူညီပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၅။ နယူးစီလန်နိုင်ငံ အော်ကလန်မြို့တွင် ကျင်းပသော ၁၄၈ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးတက်ရောက်


ဇွန်လ၁၇

နယူးစီလန်နိုင်ငံ အော်ကလန်မြို့တွင် ကျင်းပသော ၁၄၈ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးခွန်ဗဟန်းထန် တက်ရောက်ခဲ့ပါတယ်။


"နယူးစီလန်နိုင်ငံ အော်ကလန်မြို့တွင် ကျင်းပသော ၁၄၈ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားကို Newzeland Labour ပါတီမှ MP Hon Phil Twyford ) လည်း တက်ရောက်အားပေးခဲ့ပါတယ်"လို့ဆိုပါတယ်။


ကရင်နီအမျိုးသားနေ့ အမှတ်တရအနေနဲ့ ကယားအင်္ကျီလက်ဆောင်ပေးတဲ့ Wellington မှ ကိုဘဲရယ်ကိုလည်း အထူးကျေးဇူးတင်တယ်လို့ ဒုဝန်ကြီးကဆိုထားပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီရဲ့ ဘဏ္ဍာရေးနယ်ပယ်ကို စီးချင်းထိုးကာ boycott ကိစ္စရပ်များကို ယခုထက် ပိုမိုဆောင်ရွက်ပေးကြဖို့ ဦးမင်းကိုနိုင်တိုက်တွန်း


ဇွန်လ၁၇ရက်

ဇွန်လ၁၆ရက်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့်‌ မြေပြင်သပိတ်အင်အားစုများ တွေ့ဆုံဆွေးနွေးပွဲမှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။


 "သပိတ်တွေရဲ့ လုပ်ဆောင်လိုတဲ့ ရည်ရွယ်ချက်နှင့် သက်ဆိုင်ရာနယ်မြေများမှာ အုပ်ချုပ်ရေး၊ ကာကွယ်ရေး ဆောင်ရွက်နေရသူတို့ အပြန်အလှန်နားလည်မှုလိုအပ်ပါတယ်၊ လုံခြုံရေးအရ စိုးရိမ်မှုတွေရှိနိုင်ပေမယ့် ကမ္ဘာကြီးကို သွေးမအေးဖို့ ပြသရမှာဖြစ်တယ်၊ တနည်းအားဖြင့် စစ်ကောင်စီရဲ့ စိုးမိုးမှုကို မခံကြောင်းနဲ့ ပြည်သူရဲ့ ညီညွတ်ခြင်းကို ပြရမှာဖြစ်တယ်၊ သပိတ်ဖော်ဆောင်ရာမှာ မတရားဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်တွေအပြင်  နိုင်ငံရေးအကျဉ်းကျနေတဲ့ ပြည်သူတွေအတွက် အသိအမှတ်ပြုပြီး လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာကို သတင်းစကားလည်း ပါးရပါမယ်၊ စစ်ကောင်စီရဲ့ ဘဏ္ဍာရေးနယ်ပယ်ကို စီးချင်းထိုးကာ boycott ကိစ္စရပ်များကို အခုထက်ပိုမိုဆောင်ရွက်ပေးကြပါ"လို့ ၄င်းကဆိုပါတယ်။


ဒါ့အပြင် စစ်ကောင်စီရဲ့စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံပြီး ဉာဏ်အမျှော်အမြင်ရှိရှိနဲ့ သတင်းအမှားတွေကို ဆင်ခြင်နိုင်ကာ အောင်စိတ်တွေပေးနိုင်အောင် ကူညီဆောင်ရွက်ကြဖို့ကိုလည်း မြေပြင်သပိတ်အင်အားစုများထံပြောကြားခဲ့ပါတယ်။


========================


📌📌 ၇။ ကလေးဝမြို့ မှတဆင့် မင်းကင်းမြို့နယ်သို့  ယာကြီးလမ်းအတိုင်း လူ၊ လက်နက်၊ ရိက္ခာပို့လာတဲ့ စကစစစ်ကြောင်းကို ကာကွယ်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ


ဇွန်လ၁၇ရက်

ကလေးဝမြို့ မှတဆင့် မင်းကင်းမြို့နယ်သို့  ယာကြီးလမ်းအတိုင်း လူ၊ လက်နက်၊ ရိက္ခာပို့လာတဲ့ စကစစစ်ကြောင်းကို ကာကွယ်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (စစ်ရုံးချုပ်) က ဇွန်လ ၁၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။


 ဇွန်လ(၁၆)ရက်နေ့၊ မနက်(:၄၅)နာရီခန့်မှ (:၃၀)နာရီခန့်ထိ စစ်ကိုင်းတိုင်း၊ လေးဝမြို့နယ်၊ စခန်းကြီးရွာအနီးတွင် ကလေးဝမြို့မှ တစ်ဆင့် မင်းကင်းမြို့နယ်သို့  ယာကြီးလမ်းအတိုင်း လူ၊ လက်နက်၊ ရိက္ခာပို့ရန် Faw ကား( )စီးအပါအဝင် ခမရ -၃၆၂(ကျီကုန်းအခြေစိုက်) ရဲနှင့်ပျုစောထီးအင်အား (၁၃၀)ဦးခန့်ဖြင့် လာသော ရန်သူ့စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (ကလေးခရိုင်) အမှတ်() တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။


တိုက်ပွဲအတွင်း Faw ကား()စီး မီးရှို့ဖျက်ဆီးခဲ့ပြီး MA-(11) ()လက်၊ G-3 ()လက်၊ MA-11 ကျည်ဘောက် ()ခု၊ G-3 ကျည်ဘောက် ()ခု၊ MG (3) ငါးကြင်းမြှီး ()လက်၊ MA-7 60 MM တာဝေးစိန်ပြောင်း ()လက်၊ 60 MM ဗုံးသီးများ၊ RPG ထိပ်ဖူး()လုံး၊ အီနာဂါ ဗုံးသီး() လုံး၊ .38 Webly Wesson ()လုံးပြူး ()လက်၊ Jammer () လုံး၊ M-14 နင်းမိုင်း ()လုံး၊ လက်ပစ်ဗုံး အလုံး (၃၀)ကျော်၊ ကျည်ဆံများနှင့် တခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။


တိုက်ပွဲအတွင်း ရန်သူ့ထိခိုက်ကျဆုံးကို စိစစ်ဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။


========================


📌📌 ၈။ ကျောက်ရစ်စခန်းအတွင်း မွေးနေ့ပွဲကျင်းပနေသော စစ်ကောင်စီတပ်သားများအား (Shar Htoo Wow) နည်းပညာအသုံးပြု၍ အီနာဂါဖြင့် ကြဲချတိုက်ခိုက်


ဇွန်လ၁၇


စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်စခန်းအတွင်း မွေးနေ့ပွဲကျင်းပနေသော စစ်ကောင်စီတပ်သားများအား (Shar Htoo Wow) နည်းပညာအသုံးပြု၍ အီနာဂါဖြင့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းကို MSDF (MSPDF)မြောင်က ဇွန်လ၁၇ရက် အသိပေးဆိုပါတယ်။


"ဇွန်လ (၁၆)ရက် မနက်()နာရီ (၁၇)မိနစ်အချိန်တွင်  ကျောက်ရစ်စခန်းအတွင်း မွေးနေ့ပွဲကျင်းပနေသော စစ်ကောင်စီတပ်သားများအား ကျွန်ုပ်တို့ MSDFနှင့်အတူ CHU PDF တို့မှ အီနာဂါဗုံးသီး()လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိခိုက်ဒဏ်ရာရှိမှု ရှိမရှိ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၉။ ကန်ပက်လက်ရဲစခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ၍ ရဲစခန်းအတွင်းကျရောက်ပေါက်ကွဲ


ဇွန်လ၁၇ရက်

ချင်းပြည်နယ်ကန်ပက်လက်ရဲစခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ၍ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့  စစ်ရေးသတင်းကို CDF ကန်ပက်လက်က ဇွန်လ၁၇ရက်မှာ အသိပေးဆိုပါတယ်။


"ဇွန်လ၁၆ရက် ကန်ပက်လက်ရဲစခန်းတွင် တပ်စွဲထားသော စကစတပ်များကို CDFကန်ပက်လက်နဲ့ ပူးပေါင်းအဖွဲ့များက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်၍ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်"လို့ဆိုပါတယ်။


အဆိုပါဖြစ်စဥ်ကြောင့် ကန်ပက်လက်မြို့အတွင်းသို့ စကစတပ်များက လက်နက်ကြီး နဲ့ ၁၀ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။


ဒါ့အပြင်၂၀၂၃ခုနှစ်၊ မေလ (၂၅)ရက်မှ ဇွန်လ (၁၆)ရက်အတွင်း ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့တယ်လို့   Chin Defense Force  Kanpetlet ကအသိပေးဆိုပါတယ်။


========================


📌📌 ၁၀။ ဝန်းသိုမြို့အရှေ့ဘက် ရွှေကောင်းထက် ဆီဆိုင်သို့ ဆီကားများအား အခွန်လာကောက်သော ပျူများပစ်ခတ်တိုက်ခိုက်ခံရ၍ သုံးဦးသေဆုံး


ဇွန်လ၁၇

ဝန်းသိုမြို့အရှေ့ဘက် ရွှေကောင်းထက် ဆီဆိုင်သို့ ဆီကားများအား အခွန်လာကောက်သော ပျူများပစ်ခတ်တိုက်ခိုက်ခံရ၍ သုံးဦးသေဆုံးခဲ့ပါတယ်လို့ ဇွန်လ၁၇ရက်မှာ စစ်ရေးသတင်းကို ဝန်းသိုတော်လှန်ရေးအင်အားစုက အတည်ပြုဆိုပါတယ်။


"ဇွန်လ ၁၅ရက်နေ့ မနက် ၇နာရီ ဝန်းကျင်ခန့်တွင် ဝန်းသိုမြို့အရှေ့ဘက် ရွှေကောင်းထက် ဆီဆိုင်သို့ကားဖြင့် ဆီကားများအား အခွန်ကောက်လာသော ဝန်းသိုမြို့ ပျူစောထီးခေါင်းဆောင် ကျော်ဝင်းမောင်၊ ဝင်းကို (ပျူ)နှင့် အမည်မသိပျူ စုစုပေါင်းသုံးဦးတို့အား ဝန်းသိုမြို့နယ်တွင်းရှိ PDFနှင့် ပကဖများပူပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ ဆိုပါတယ်။


ထိတွေ့တိုက်ပွဲအတွင်း ပျူစောထီးသုံးဦးလုံး သေဆုံး၍ ကာကွယ်ရေးဘက်မှ ကာဘိုင် ()လက် KA ()လက် နှင့် လက်လုပ် သေနတ် စသော လက်နက်များရရှိခဲ့ပြီး အခက်အခဲမရှိ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment