24th JUN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇွန်လ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးကို ရှေးရှုပြီးသွားနေတယ်လို့ဆို

📌 ၂။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန Twitter စာမျက်နှာအကောင့်သစ် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း အသိပေးကြေညာ

📌 ၃။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးကျည်ကြောင့် (၃၅၄) ဦး သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ (၁၁၄) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေ

📌 ၄။ ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီလက်နက် တပ်ဆင်ပေးထားသည့် ပျူစောထီးများက သင်တန်းတက်ရန်အတွက် ဒေသခံများကို အတင်းအဓမ္မ ခြိမ်းခြောက်

📌 ၅။ ဆိပ်ဖြူမြို့နယ်မှာ စကစတပ်များကို PDF/ပကဖ ပူးပေါင်းတိုက်ခိုက်ခဲ့၍ ရန်သူ့တပ်သား (၂၀) ဦးသေဆုံးပြီး (၃၀) ဦး ထက်မနည်း ဒဏ်ရာရရှိ 

📌 ၆။ ကော့ကရိတ်မြို့၊ တမိုင်းကုန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊  ရေကူးကန်စစ်ကောင်စီတပ်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၈ဦး သေဆုံးပြီး အများပြားဒဏ်ရာရရှိ

📌 ၇။ ဝန်းသိုမြို့နယ် ဂျိုးထောင် -နမ်းခမ်းဒေသရှိ နမ်းခမ်းပျူစခန်းကုန်းနှင့်စကစတပ်အထိုင် စခန်းအား လက်လုပ်၈၀မမ၊ ၆၀မမ များဖြင့် ပစ်ခတ်ခဲ့

📌 ၈။ တနင်္သာရီ လောင်းလုံးမြို့နယ်မှာ ကင်းပုန်းဝပ်ကျန်နေခဲ့တဲ့ စကစတပ်သားတွေကို တိုက်ခိုက်ရာမှ MA-3 အမျိုးအစား သေနတ်တစ်လက်နဲ့ ကျည်ဆံ ၃၀၀ ကျော်သိမ်းဆည်းရမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးကို ရှေးရှုပြီးသွားနေတယ်လို့ဆို


ဇွန်လ၂၃ရက်

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးကို ရှေးရှုပြီးသွားနေတယ်လို့ ဇွန်လအတွင်း အမေရိကန်ခရီးစဥ်တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။


"ပြည်သူတွေရဲ့အသံကို အမြဲတမ်းနားထောင်ပြီး အမြဲတမ်းပြောင်းလဲပါတယ်။ ကျနော်တို့အစိုးရမှာ ဖြစ်စဥ်တွေအပေါ် အမြဲတမ်း သုံးသပ်ပြီးအချိန်မီ ကြိုးစားဆောင်ရွက်ပါတယ်။ တော်လှန်ရေးကို ရှေးရှုပြီးသွားနေပါတယ်။ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပြီး ကျနော်တို့ သွားနေပါတယ်လို့ပြောချင်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရတွင် ဝန်ကြီးဌာနအလိုက် စစ်ကောင်စီ ဝင်ငွေရလမ်းကြောင်းများအပေါ် ဖြတ်တောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သံတမာန်ရေးရာအရ ဆောင်ရွက်ခြင်းတို့အပြင် နိူင်ငံတကာမှ အကူအညီများရရှိအောင်လည်း ဆောင်ရွက်မှုတို့ ရှိခဲ့ပါတယ်။


========================


📌📌 ၂။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန Twitter စာမျက်နှာအကောင့်သစ် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း အသိပေးကြေညာ


ဇွန်လ၂၃

ဇွန်လ၂၃ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန Twitter စာမျက်နှာအကောင့်သစ် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း အသိပေးကြေညာလိုက်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လုပ်ငန်းဆောင်ရွက်ချက်များ၊ ထုတ်ပြန်ကြေညာချက်များ၊ အစီရင်ခံစာများနှင့် အသိပညာပေးအကြောင်းအရာများကို ဝန်ကြီးဌာန အင်တာနက်/လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ထုတ်ပြန်လျက်ရှိပါတယ်။ သတင်းအချက်အလက် စီးဆင်းမှု ပိုမိုထိရောက်မြန်ဆန်ရေးအတွက် ဝန်ကြီးဌာန Twitter Account အား ထပ်မံဖွင့်လှစ်ထားရှိပြီးဖြစ်ပါသဖြင့် တော်လှန်ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ ဝင်ရောက်ဖတ်ရှု/မျှဝေ နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါတယ်လို့ ဆိုပါတယ်။


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဟာ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းကြောင်းများ ဖြတ်တောက်မှုအပြင် သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ CDMများ ထောက်ပံ့ကူညီမှုများကိုလည်းဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၃။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးကျည်ကြောင့် (၃၅၄) ဦး သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ (၁၁၄) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေ


ဇွန်လ၂၃

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးကျည်ကြောင့် (၃၅၄) ဦး သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ (၁၁၄) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ဇွန်လ၂၃ရက်မှာ ဖော်ပြပါတယ်။


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးကျည်ကြောင့် (၃၅၄) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၁၁၄) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေတယ်လို့ဆိုပါတယ်။


လက်နက်ကြီးကျည်ကြောင့်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ (၂၃) ဦး၊ ၂၀၂၂ ခုနှစ်တွင် (၂၁၇) ဦးနှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လတတိယပတ်အထိ (၁၁၄) ဦး သေဆုံးခဲ့ရပါတယ်။


ဇွန်လ ၂၁ ရက်နေ့ ညပိုင်းအချိန်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အရှေ့စံသာကျေးရွာကို ကလေးနည်းပညာတက္ကသိုလ်၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စု၏တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် နှစ်အရွယ် ကလေးတစ်ဦး ဦးခေါင်းထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ပါတယ်။


========================


📌📌 ၄။ ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီလက်နက် တပ်ဆင်ပေးထားသည့် ပျူစောထီးများက သင်တန်းတက်ရန်အတွက် ဒေသခံများကို အတင်းအဓမ္မ ခြိမ်းခြောက်


ဇွန်လ၂၃

ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီလက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးများက သင်တန်းတက်ရန်အတွက် ဒေသခံများကို အတင်းအဓမ္မ ခြိမ်းခြောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဇွန်လ၂၃ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကအသိပေးဆိုပါတယ်။


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီလက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးများက သင်တန်းတက်ရန်အတွက် ဒေသခံများကို အတင်းအဓမ္မ ခြိမ်းခြောက် မဲနှိုက်ခိုင်းနေကာ ပျူအစည်းအဝေး မတက်သည့် အိမ်များကိုလည်း ကျပ်တစ်သောင်း (၁၀,၀၀၀) ဒဏ်ရိုက်မည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရပါတယ်လို့ဆိုပါတယ်။


ဇွန်လ ၂၃ ရက်တွင် ပျူအစည်းအဝေးအား ကန့်ဘလူမြို့နယ်၊ ရေကြည်ရွာစာသင်ကျောင်း၌ ပြုလုပ်မည် ဖြစ်ကာ ရေကြည်၊ အုပ်ဖို၊ ခင်သာနှင့် အုန်းတောရွာများမှ ဒေသခံ အပြစ်မဲ့ပြည်သူများအား တစ်အိမ်လျှင် တစ်ဦးကျ မဖြစ်မနေ တက်ရောက်ရမည်ဟု ပျူစောထီးများက ခြိမ်းခြောက် အကြပ်ကိုင်နေခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ 


အဆိုပါ ဒေသတစ်ဝိုက်တွင် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးတပ်ဖွဲ့များမှာ လက်နက်အားကိုးဖြင့် ဒေသခံများအား အကြပ်ကိုင် သင်တန်းတက်စေခြင်း၊ သင်တန်းမတက်လိုသူများအား ငွေကြေးကောက်ခံခြင်းများ ဆက်တိုက်ပြုလုပ်လျက် ရှိတယ်လို့သိရပါတယ်။


========================


📌📌 ၅။ ဆိပ်ဖြူမြို့နယ်မှာ စကစတပ်များကို PDF/ပကဖ ပူးပေါင်းတိုက်ခိုက်ခဲ့၍ ရန်သူ့တပ်သား (၂၀) ဦးသေဆုံးပြီး (၃၀) ဦး ထက်မနည်း ဒဏ်ရာရရှိ 


ဇွန်လ (၂၃) ရက်နေ့ 


ဆိပ်ဖြူမြို့နယ်မှာ စကစတပ်များကို PDF/ပကဖ ပူးပေါင်းတိုက်ခိုက်ခဲ့၍ ရန်သူ့တပ်သား (၂၀) ဦးသေဆုံးပြီး(၃၀) ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဇွန်လ၂၃ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (စစ်ရုံးချုပ်) ကအသိပေးဖော်ပြပါတယ်။


"ဇွန်လ(၂၀)ရက်နေ့၊ မနက်(:၅၀)နာရီတွင်  မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူမြို့ မှ ဆောလမ်းပိုင်းသို့ ဝင်ရောက်လာသော ရန်သူ့ အင်အား (၃၀) ခန့်ပါ စစ်ကားကြီး () စီးကို သပြေကျေးရွာ နှင့်ရေကျော်ကျေးရွာအကြား လမ်းပိုင်းတစ်နေရာသို့ရောက်စဥ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင် အမှတ် () တပ်ရင်း - တပ်ခွဲ (Caf – Spupdf) နှင့် ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ဆိပ်ဖြူ ပကဖ (မြေလတ်ဇုံ ပကဖအဖွဲ့) တို့ပူးပေါင်းကာ ပဒေသာမိုင်း () လုံးတွဲဖြင့် ထိထိမိမိ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ  ရန်သူ့တပ်ဖွဲ့ဝင် () ဦး နေရာ၌ပင်သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ (၂၀) ဦး ခန့်ရှိခဲ့တယ်"လို့ဆိုပါတယ်။


ထို့နောက်မနက်()နာရီတွင်  သပြေကျေးရွာနှင့် ရေကျော်ကျေးရွာအကြားသို့ ထပ်မံဝင်ရောက်လာသော စစ်ကား () စီး ကို ပဒေသာမိုင်းများဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရန်သူ့ တပ်ဖွဲ့ဝင် () ဦး နေရာ၌ပင် သေဆုံးခဲ့ပြီး () ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။


အလားတူ ဇွန်လ (၂၁)ရက်နေ့၊ မနက်(၁၁:၃၀)နာရီခန့်တွင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ သပြေကျေးရွာနှင့်ရေကျော်ကျေးရွာအကြား လမ်းမပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် အလောင်းများကို လာရောက်သယ်ဆောင်ရန် ရောက်လာသော စစ်ကား () စီးက မိုင်းကွင်းများကို ဖျက်စီးကာ၊  နယ်မြေရှင်းလင်းရေးဝင်ရောက်လာခဲ့ပါတယ်။


 ဝင်ရောက်လာသော စစ်ကား()စီးကို  ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင် အမှတ် () တပ်ရင်း - တပ်ခွဲ (Caf – Spupdf) နှင့် ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ဆိပ်ဖြူ ပကဖ (မြေလတ်ဇုံ ပကဖအဖွဲ့) တို့က ပဒေသာမိုင်းများဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ  စစ်ကား () စီး ပျက်စီးခဲ့ကာရန်သူ့တပ်ဖွဲ့ဝင် (၁၅) ဦး သေဆုံးကာ ပြင်းထန်ဒဏ်ရာရရှိသူ () ဦးခန့်ရှိခဲ့တယ်လို့သိရပါတယ်။ 


ဇွန်လ(၂၀)ရက်နေ့နှင့်(၂၁)ရက်နေ့ နှစ်ရက်တာ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ရန်သူ့တပ်၏ စစ်ကား() စီးပျက်စီးခဲ့ပြီး ရန်သူ့တပ်သား (၂၀) ဦးသေဆုံးကာ (၃၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၆။ ကော့ကရိတ်မြို့၊ တမိုင်းကုန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊  ရေကူးကန်စစ်ကောင်စီတပ်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၈ဦး သေဆုံးပြီး အများပြားဒဏ်ရာရရှိ


ဇွန်လ၂၃ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ တမိုင်းကုန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊  ရေကူးကန်စစ်ကောင်စီတပ်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဇွန်လ၂၃ရက်မှာ စစ်ရေးသတင်းကို ကျားသစ်နက်စစ်ကြောင်း ကအသိပေးဆိုပါတယ်။


" ဇွန်လ ၂၁ရက်နေ့ နေ့လည် (၁၁)နာရီအချိန်ခန့်တွင်  (KNU)တပ်မဟာ()ထိန်းချုပ်နယ်မြေ၊  ကော့ကရိတ်မြို့၊ တမိုင်းကုန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊  ရေကူးကန်စစ်ကောင်စီတပ်စခန်းကုန်း ကို  KNU/KNLA တပ်ရင်း(၁၈) ကျားသစ်နက်စစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


 အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၈ဦး သေဆုံးပြီး အများပြားဒဏ်ရာရရှိခဲ့ပါတယ်။

 

 ယင်းနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အထိအခိုက်အကျအဆုံးများသဖြင့် တိုက်လေယာဉ်များအသုံးပြုကာ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကော့ကရိတ်မြို့အခြေစိုက် ခလရ(၉၇)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ တစ်နေကုန် ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်း ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။


========================


📌📌 ၇။ ဝန်းသိုမြို့နယ် ဂျိုးထောင် -နမ်းခမ်းဒေသရှိ နမ်းခမ်းပျူစခန်းကုန်းနှင့်စကစတပ်အထိုင် စခန်းအား လက်လုပ်၈၀မမ၊ ၆၀မမ များဖြင့် ပစ်ခတ်ခဲ့


ဇွန်လ၂၃


ဝန်းသိုမြို့နယ် ဂျိုးထောင် -နမ်းခမ်းဒေသရှိ နမ်းခမ်းပျူစခန်းကုန်းနှင့်စကစတပ်အထိုင် စခန်းအား လက်လုပ်၈၀မမ၊ ၆၀မမ များဖြင့် ပစ်ခတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဇွန်လ၂၃ရက်မှာ စစ်ရေးသတင်းကို ကောလင်းတော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။


"ဇွန်လ၂၃ရက် မနက်၁၁နာရီ၅၅အချိန် ဝန်းသိုမြို့နယ် ဂျိုးထောင် -နမ်းခမ်းဒေသရှိ နမ်းခမ်းပျူစခန်းကုန်းနှင့် စခအထိုင် စခန်းအား လက်လုပ်၈၀မမ၊ ၆၀မမ များဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပါတယ်။ နှစ်ဖက် တိုက်ပွဲကြာမြင့်ခဲ့ပြီး လက်နက်အင်အား မမျှတသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်"လို့ဆိုပါတယ်။


ထိတွေ့တိုက်ပွဲမှာ စကစဘက်က အချို့ထိခိုက်မှုရှိခဲ့ပြီး တိုက်ပွဲတွင် ဝန်းသိုမြို့နယ် .က. ဒေသခံ .က.ဖများ၊ ကောလင်းမြို့နယ် .က. နှင့် ကောလင်းမြို့ပေါ် .က. တိုက်ခိုက်ရေးအဖွဲ့ THE SECRET WARRIOR KAWLIN တို့ပါဝင်ခဲ့ကြောင်းသိရပါတယ်။


========================


📌📌 ၈။ တနင်္သာရီ လောင်းလုံးမြို့နယ်မှာ ကင်းပုန်းဝပ်ကျန်နေခဲ့တဲ့ စကစတပ်သားတွေကို တိုက်ခိုက်ရာမှ MA-3 အမျိုးအစား သေနတ်တစ်လက်နဲ့ ကျည်ဆံ ၃၀၀ ကျော်သိမ်းဆည်းရမိ


ဇွန်လ၂၃ရက်

တနင်္သာရီ လောင်းလုံးမြို့နယ်မှာ ကင်းပုန်းဝပ်ကျန်နေခဲ့တဲ့ စကစတပ်သားတွေကို တိုက်ခိုက်ရာမှ MA-3 အမျိုးအစား သေနတ်တစ်လက်နဲ့ ကျည်ဆံ ၃၀၀ ကျော်သိမ်းဆည်းရမိခဲ့တယ်လို့ ဇွန်လ၂၃ရက်မှာ စစ်ရေးသတင်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။


ဇွန်လ၂၁ ရက်နေ့ည နာရီလောက်က ကျောက်ဆင်ကျေးရွာနဲ့ သဘော့ဆိပ်ကျေးရွာကြား လမ်းပိုင်းတစ်နေရာမှာ ကင်းပုန်းဝတ်ရာက ကင်းရုပ်သိမ်းပြီး ပြန်ဆုတ်ခွာနေချိန် နောက်ကျကျန်ခဲ့တဲ့ စစ်ကောင်စီတပ်သား ဦးကို တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ 


အဆိုပါ စကစတပ်သားတွေကို တိုက်ခိုက်ရာမှာ ရေဖြူမြို့နယ်အခြေစိုက် ခမရ(၄၀၆)တပ်ရင်းက တပ်သား ဦး သေဆုံးပြီး  MA-3 အမျိုးအစား သေနတ်တစ်လက်နဲ့ ကျည်ဆံ ၃၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။


"အသက် ထွက်ခါနီး တပ်ရင်း နာမည်လေးပြောခဲ့ခြင်း၊ လက်နက် ခဲယမ်း မလိုလောက်မှုကို တစ်ဖက်တစ်လှမ်းက ဖြည့်ခဲ့ခြင်းအား 

ကျေးဇူးပါ"လို့ Laung lone PDFက ဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment