14th JUL 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဟန်ချက်ညီညီပေါင်းစပ်ဆောင်ရွက်နိုင်မှသာ တော်လှန်ရေးအမြန်ဆုံး ပြီးမြောက်နိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၂။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကောင်းမွန်တဲ့ ဂုဏ်သတင်းနဲ့ ရုပ်ပုံကို စစ်ကောင်စီက အလွဲသုံးစားလုပ်ချင်တယ်လို့ ဦးမင်းကိုနိုင်ပြော

📌 ၃။ မြိတ်ခရိုင်၊ အမှတ်()တပ်ရင်းမှ လက္ကူးကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ် ဖြန့်ဖြူးနေသော သတင်းအရ ရှာဖွေဖမ်းဆီးရာ ဖြန့်ဖြူးနေသူတစ်ဦးအား နေအိမ်တွင်ဖမ်းဆီးရမိ

📌 ၄။ မော်လမြိုင်-ရေး-ထားဝယ် အမှတ် ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးအတွက် KNLA PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ လမ်းတစ်လျှောက် ဖြတ်သန်းသွားလာနေကြတဲ့ မော်တော်ယာဉ်တွေ စစ်ဆေးခြင်းကို နေ့စဉ်ဆောင်ရွက်

📌 ၅။ ဖယ်ခုံမြို့မှ ရိက္ခာနှင့်စစ်လက်နက်ပစ္စည်းများအား ထောက်ပို့ရန်ထွက်လာသည့် "စကစ" ယာဥ်ကို တိုက်ခိုက်ခဲ့ရာ ယာဥ်ပေါ်ပါ စကစ တပ်ဖွဲ့ဝင်များသေဆုံး၍ စစ်လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

📌 ၆။ ယင်းမာမြို့နယ် ဘန့်ဘွေးပျူရွာရှိ စကစနှင့်ပျူများရှိရာပေါ်(မောင်းသူမဲ့လေယာဉ်)ကို အသုံးပြု၍ 1Kg ဗုံးသီး ခြောက်လုံးကြဲချ

📌 ၇။ စစ်ရေးအခြေအနေအရ ဆော-ကျောက်ထုလမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့်ကို ပိတ်

📌 ၈။စစ်တပ်ရူးမယ် ဒီနွေဦး" ကမ်ပိန်း အမေရိကန်ဒေါ်လာ ၈၀၀၀ ကျော်အထိပဲ ရရှိသေး၍ ဝိုင်းဝန်းကြရန်တိုက်တွန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဟန်ချက်ညီညီပေါင်းစပ်ဆောင်ရွက်နိုင်မှသာ တော်လှန်ရေးအမြန်ဆုံး ပြီးမြောက်နိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို


 ဇူလိုင်လ ၁၃ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၈/၂၀၂၃)ကို ဇူလိုင်၁၃ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဟန်ချက်ညီညီပေါင်းစပ်ဆောင်ရွက်နိုင်မှသာ တော်လှန်ရေးအမြန်ဆုံး ပြီးမြောက်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီးပြည်သူလူထု အခြေခံဝန်ဆောင်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့နိုင်ရန် ဦးစားပေးကဏ္ဍအလိုက် ဆောင်ရွက်ကြသည့်အခါ မူဝါဒချမှတ်သော ဝန်ကြီးဌာနများနှင့် မူဝါဒများကို လေးစားလိုက်နာပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးကြသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ ဟန်ချက်ညီညီပေါင်းစပ်ဆောင်ရွက်နိုင်မှသာ တော်လှန်ရေးအမြန်ဆုံး ပြီးမြောက်နိုင်မည်ဖြစ်ကြောင်း၊ တော်လှန်ရေးသည် အခင်းအကျင်းအသစ်တစ်ခုကို ဖော်ဆောင်နေခြင်းဖြစ်၍ ဘုံရည်မှန်းချက် တူညီသော မည်သည့်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေသည်ကို သတင်းစကားအကြိမ်ကြိမ်ပေးခဲ့ပြီးဖြစ်ပါကြောင်းလည်း ဝန်ကြီးချုပ်က ဆိုပါတယ်။


ဒါ့အပြင် "ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲပြီး နှစ်ပေါင်းများစွာ  တည်ဆောက်ထားသော အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးအင်အားစုများနှင့် ပြည်သူ့အင်အား ပြန်လည်စွဲကိုင်ပြီး ဘက်ပေါင်းစုံမှ တိုက်ခိုက်လာသည်မှာ ယခုဆိုလျှင် အကြမ်းဖက်စစ်တပ်အနေဖြင့် အထိနာနေသည်ကို တွေ့မြင်ကြရမည်ဖြစ်၍ ရှေ့ဆက်ရမည့်ခရီးအတွက် အင်အား တစ်ရပ်အနေဖြင့် အသုံးပြုပြီးဆက်လက်ချီတက်ရန်" ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။


ဆက်လက်ပြီး တက်‌ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီအဖွဲ့ဝင်များမှ (၂၇/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသောတာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကောင်းမွန်တဲ့ ဂုဏ်သတင်းနဲ့ ရုပ်ပုံကို စစ်ကောင်စီက အလွဲသုံးစားလုပ်ချင်တယ်လို့ ဦးမင်းကိုနိုင်ပြော


ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကောင်းမွန်တဲ့ ဂုဏ်သတင်းနဲ့ ရုပ်ပုံကို စစ်ကောင်စီက အလွဲသုံးစားလုပ်ချင်တယ်လို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ဇူလိုင်လအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောဆိုထားပါတယ်။


"စစ်ကောင်စီကတော့ သူအကျပ်အတည်း ပေါင်းစုံနဲ့ ကြုံရတဲ့အခါမှာ၊ သူအရေးနိမ့်လာတဲ့အခါမှာ သူမတရားလုပ်ထားတဲ့ သူ ထံက ဂယ်ပေါက်ရမလားလို့ ကြံမိကြံရာ ခိုးကြောင်ခိုးဝှက် ကြံမှာပေါ့ဗျာ။ ပုံစံမျိုးစုံနဲ့ သူလုပ်မှာပဲ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကောင်းမွန်တဲ့ ဂုဏ်သတင်းနဲ့ ရုပ်ပုံကိုပေါ့ အဲဒါကို သူတို့ သိပ်ပြီးတော့ အလွဲသုံးစားလုပ်ချင်တာပေါ့ဗျာ။ ကျနော်တို့ ကြည့်ရမှာက ဒီမတိုင်ခင်မှာ တီမောနိုင်ငံကို သွားတဲ့ ကျနော်တို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဥ် အောင်မြင်မှုတွေကို ကြည့်ပါ။ အဲဒါတွေကို သူတို့ ဖုံးကွယ်ချင်တယ်၊ အာရုံလွှဲချင်တာပေါ့"လို့ဆိုပါတယ်။


ဇူလိုင် ၉ရက်မှာ နေပြည်တော်ကို နေ့ချင်းပြန်ခရီးစဥ်အဖြစ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုပါ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။


သို့သော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရရှိခဲ့ဘူးလို့လည်း သတင်းဌာနအချို့က ဖော်ပြခဲ့ပါတယ်။


========================


📌📌 ၃။ မြိတ်ခရိုင်၊ အမှတ်()တပ်ရင်းမှ လက္ကူးကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ် ဖြန့်ဖြူးနေသော သတင်းအရ ရှာဖွေဖမ်းဆီးရာ ဖြန့်ဖြူးနေသူတစ်ဦးအား နေအိမ်တွင်ဖမ်းဆီးရမိ


ဇူလိုင်၁၃

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ်()တပ်ရင်းမှ သတင်းအရ လက္ကူးကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ် ဖြန့်ဖြူးနေသော ဦးကျော်အေးအား နေအိမ်တွင် ဖမ်းဆီးရမိခဲ့တယ်လို့ မြိတ်ခရိုင်၊ အမှတ်()တပ်ရင်း Palaw People's Defence Forceက ဇူလိုင်၁၃ရက်မှာ အတည်ပြုဆိုပါတယ်။


၎င်းနှင့်အတူ မြန်မာငွေကျပ်သိန်းသုံးရာ့ခြောက်ဆယ်နှစ်သိန်းခြောက်သောင်း ရှစ်ထောင်တိတိ) WY ဆေးလုံး (၆၄,၉၃၅)ပြား၊ ဘုံ(ဆက်စပ်) ()လုံး၊ မီးခြစ် ()လုံး၊ ခဲပြား ()လိပ်၊ နားစွဲ ()စုံ ()ခြမ်း၊ ဟန်းချိန်း ()ပင်၊ လက်ကောက် ()ကွင်း၊ လက်စွပ် ()ကွင်း၊ ဆွဲကြိုး ()ပင်လော့ကပ် ()ခု တို့အား သိမ်းဆည်းရမိခဲ့ပါတယ်။


ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေသည့် ဦးကျော်အေးနှင့်အတူ သိမ်းဆည်းရရှိမိသည့် ပစ္စည်းများအား ပုလောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အပ်နှံ၍ ဥပဒေနှင့်အညီ အရေးယူမှုများ လုပ်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ မော်လမြိုင်-ရေး-ထားဝယ် အမှတ် ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးအတွက် KNLA PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ လမ်းတစ်လျှောက် ဖြတ်သန်းသွားလာနေကြတဲ့ မော်တော်ယာဉ်တွေ စစ်ဆေးခြင်းကို နေ့စဉ်ဆောင်ရွက်


ဇူလိုင် ၁၃

မော်လမြိုင်-ရေး-ထားဝယ် အမှတ် ပြည်ထောင်စုလမ်းမကြီးလုံခြုံရေးအတွက် KNLA PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ လမ်းတစ်လျှောက် ဖြတ်သန်းသွားလာနေကြတဲ့ မော်တော်ယာဉ်တွေ စစ်ဆေးခြင်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကစပြီး နေ့စဉ်ဆောင်ရွက်နေတယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း J.O.Cက ဇူလိုင်၁၃ရက်မှာ အသိပေးဖော်ပြပါတယ်။


ဇူလိုင်လ ၁၃ ရက် မနက် နာရီ ၄၁ ကနေ ၁၁ နာရီအထိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လုံခြုံရေးရယူစစ်ဆေးတာတွေကို ဆောင်ရွက်ခဲ့ပြီး ခရီးသွားပြည်သူတွေဘက်ကလည်း အပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ အရပ်သားကားနဲ့ ခရီးသည်တင်ကားတွေကို အသုံးပြုပြီး လက်နက်ခဲယမ်းတွေအပါအဝင် စစ်အင်အားတိုးချဲ့တာတွေ ဆောင်ရွက်နေတဲ့အတွက် မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေတင်ဆောင်တာမျိုးမပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ကြဖို့ကို အသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၅။ ဖယ်ခုံမြို့မှ ရိက္ခာနှင့်စစ်လက်နက်ပစ္စည်းများအား ထောက်ပို့ရန်ထွက်လာသည့် "စကစ" ယာဥ်ကို တိုက်ခိုက်ခဲ့ရာ ယာဥ်ပေါ်ပါ စကစ တပ်ဖွဲ့ဝင်များသေဆုံး၍ စစ်လက်နက်ခဲယမ်းများသိမ်းဆည်းရမိ


ဇူလိုင်၁၃ရက်

ဖယ်ခုံမြို့မှ ရိက္ခာနှင့်စစ်လက်နက်ပစ္စည်းများအား ထောက်ပို့ရန်ထွက်လာသည့် "စကစ" ယာဥ်ကို တိုက်ခိုက်ခဲ့ရာ ယာဥ်ပေါ်ပါ စကစတပ်ဖွဲ့ဝင်များသေဆုံး၍ စစ်လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့တယ်လို့ ဇူလိုင်၁၃ရက်မှာ စစ်ရေးသတင်းကို အမှတ်၁၀၀၈ SSRYတပ်ရင်းကအသိပေးဆိုပါတယ်။


မိမိတို့1008တပ်ရင်း(SSRY) SSLRU NPT (.က.) KRUဖယ်ခုံ PDF 1002 တပ်ရင်းနှင့် ရှမ်းတောင်မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်း၍ ဇူလိုင် ၉ရက်နေ့ 8:00 မှ 9:00 ဝန်းကျင်ခန့်တွင် ဖယ်ခုံမြို့မှ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများအား ထောက်ပို့ရန် ထွက်လာသည့် "စကစ" ယာဥ်အား ဖယ်ခုံမြို့နယ်ရှိ ညွှန်တော်မူဘုရားနှင့် ထိုင်တော်မူဘုရားအကြား လမ်းဆုံ၌ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများရှိခဲ့ပါတယ်လို့ ဖော်ပြပါတယ်။


မြေပြင်အချက်အလက်များအရ စစ်ကောင်စီဘက်မှ CQ - တက - ဒုတက- ယမ လေးဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူ အဆမတန်အသုံးပြုလာသဖြင့် အမြန်ဆုံးဆုတ်ခွာလာခဲ့ရတယ်လို့ မြေပြင်မှ ရဲဘော်တစ်ဦးကပြောပါတယ်။


အဆိုပါထိတွေ့မှုတွင် MA1တစ်လက်၊ စက်လက်(ငါးကြင်းမြီး)တစ်လက်၊ 60သီး 16လုံး၊ 18မိုင်း 1လုံး၊ Tecno mobile Phone တစ်လုံး၊အခြားစစ်လက်နက်ခဲယမ်းများနှင့် စစ်ရိက္ခာပစ္စည်းများအား သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ ယင်းမာမြို့နယ် ဘန့်ဘွေးပျူရွာရှိ စကစနှင့်ပျူများရှိရာပေါ်(မောင်းသူမဲ့လေယာဉ်)ကို အသုံးပြု၍ 1Kg ဗုံးသီး ခြောက်လုံးကြဲချ


ဇူလိုင် ၁၃ရက် နေ့လည် တစ်နာရီမှ နေ့လည် နှစ်နာရီအချိန်ခန့်ထိ စစ်ကိုင်းတိုင်း၊ ယင်းမာမြို့နယ် ဘန့်ဘွေးပျူရွာရှိစကစနှင့် ပျူများရှိရာပေါ်(မောင်းသူမဲ့လေယာဉ်)ကို အသုံးပြု၍ 1Kg ဗုံးသီး ခြောက်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ KLG PDF ကျောက်လုံးကြီးက အတည်ပြုပါတယ်။


"ဇူလိုင်၁၃ရက် နေ့လည်တစ်နာရီမှ နေ့လည် နှစ်နာရီအချိန်ခန့်ထိ  ယင်းမာမြို့နယ် ဘန့်ဘွေးပျူရွာရှိ စကစနှင့် ပျူများရှိရာပေါ်သို့ ယင်းမာပင်ခရိုင် တပ်ရင်း 21/22/23( KLG PDFကျောက်လုံးကြီး)အဖွဲ့နှင့် ဗျတ္တညီနောင်၊ ချင်းတွင်းတိုက်ဂါး CTPDF B2 Fighter Bank Two အဖွဲ့တို့ ပူးပေါင်းပီး Shar Htoo Waw Drone နည်းပညာ(မောင်းသူမဲ့လေယာဉ်)ကို အသုံးပြုပီး 1Kg ဗုံးသီး၆လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


အဆိုပါတိုက်ခိုက်မှုတွင် ယင်းမာပင်မြို့နယ် ဘန့်ဘွေး ပျူရွာရှိ စစ်ဗိုလ်နေသော နေအိမ်ပေါ်သို့ ဗုံးသီး နှစ်လုံး၊ ဘုန်းကြီးကျောင်းဘေးရှိ စကစတပ် ဘန်ကာပေါ်သို့ ဗုံးသီး နှစ်လုံး၊ ကားလမ်းဘေးရှိ ဘန်ကာပေါ်သို့ ဗုံးသီး နှစ်လုံး စုစုပေါင်း ဗုံးသီး ၆လုံး ကျရောက်ပေါက်ကွဲခဲ့ကာစကစနှင့် ပျု ထိခိုက်စေမှုကို အတည်ပြုနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၇။ စစ်ရေးအခြေအနေအရ ဆော-ကျောက်ထုလမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့်ကို ပိတ်


ဇူလိုင်၁၃

စစ်ရေးအခြေအနေအရ ဆော-ကျောက်ထုလမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားလိုက်တယ်လို့ အမှတ်(၁၃)တပ်ရင်း ဂန့်ဂေါခရိုင်က အရေးပေါ်သတိပေးထုတ်ပြန်ချက်တစ်ရပ်ကို ဇူလိုင်၁၃ရက်မှာ ထုတ်ပြန်ပါတယ်။


"လတ်တလော စစ်ရေးအခြေအနေအရ ယခုချိန်မှစ၍ ဆော-ကျောက်ထုလမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်လိုက်ပါတယ်"လို့ဆိုပါတယ်။


ယာဥ်များဖြတ်သန်းလိုပါက သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များထံ အကြောင်းကြားရန်လိုအပ်ကြောင်း သိရပါတယ်။


========================


📌📌 ၈။စစ်တပ်ရူးမယ် ဒီနွေဦး" ကမ်ပိန်း အမေရိကန်ဒေါ်လာ ၈၀၀၀ ကျော်အထိပဲ ရရှိသေး၍ ဝိုင်းဝန်းကြရန်တိုက်တွန်း


ဇူလိုင်၁၃

စစ်တပ်ရူးမယ် ဒီနွေဦး ကမ်ပိန်း အမေရိကန်ဒေါ်လာ ၈၀၀၀ ကျော်အထိပဲရရှိသေး၍ ဝိုင်းဝန်းကြရန် တိုက်တွန်းလိုက်ပါတယ်။


ဇူလိုင်၁၃ရက်မှာစစ်တပ်ရူးမယ် ဒီနွေဦး" ကမ်ပိန်းက အသိပေးဖော်ပြပါတယ်။


"စစ်တပ်ရူးမယ် ဒီနွေဦး" ကမ်ပိန်း ဟာ Day-13 သို့ ရောက်ရှိလာခဲ့ပေမယ့် USD 8050 ထိပဲ ရရှိသေးတာမို့ Target ပြည့်မီရန် အင်အားတွေအများကြီးလိုနေပါသေးတယ်။ ရှူံးလို့မဖြစ်တဲ့ ဒီပွဲမှာ ငါတို့နိုင်ကို နိုင်ရမည်။ ဒါကြောင့် ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်စစ်သည်တွေအတွက် လက်နက်ခဲယမ်းများ ကူညီထောက်ပံ့ပေးနိုင်ဖို့ရာ အရေးကြီးဆုံး ဖြစ်နေတာမို့ ဒီကမ်ပိန်းမှာ မပါဝင်လိုက်ရ မရှိရလေအောင်သက်ဆိုင်ရာ နိုင်ငံအလိုက် fundraisers များထံမှာ အမြန်ထောက်ပို့ ကူညီလိုက်ကြပါစို့"လို့ဆိုပါတယ်။


စစ်တပ်ရူးမယ် ဒီနွေဦး" Project ဟာ သိန်း ၁၅၀၀ Campaignဖြစ်ပြီးတော့ နယ်စည်းမခြား ဖရီဒန်းစစ်ကြောင်း အဖွဲ့နဲ့   ထောက်ပို့နေကျ UG အဖွဲ့အချို့ကို ထောက်ပို့သွားမှာဖြစ်တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment