17th JUL 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ၁၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တွေ့ဆုံပွဲ(/၂၀၂၃) ကျင်းပ

📌 ၂။ အမေရိကန်ပြည်ထောင်စုTexas ရောက် မြန်မာပြည်သူများ၏တွေ့ဆုံပွဲသို့  NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်

📌 ၃။ စကစရဲ့သိမ်းပိုက် စိုးမိုးထားတဲ့လူကယ်ပြန်ဝန်ကြီးဌာနဟာ လူကယ်ပြန်နဲ့မဆီလျော်တဲ့ ဝန်ကြီးဌာနဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား

📌 ၄။ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်း မွေးနေ့  တွင် စစ်ကိုင်းမြို့နယ်၊ မီးဘေးသင့်ပြည်သူများအတွက် ငွေကျပ်၁၅သိန်း ထောက်ပံ့လှူဒါန်းခဲ့

📌 ၅။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာပြည်သူများ၏နွေဦးတော်လှန်ရေးအား လစ်လျူရှု စော်ကားသည့်အပြင် နိုင်ငံရေးအရ သွေးခွဲရန် ကြံစည်ကြိုးစားခြင်းဖြစ်တယ်လို့ဆို

📌 ၆။ အာဇာနည်နေ့အကြို အောက်မေ့ဂုဏ်ပြုအခမ်းအနားကျင်းပခြင်းနှင့် MFDMC ထောက်ပို့တပ်သားစုဆောင်းခြင်းများကို တောင်ကိုရီးယားနိုင်ငံမှာလုပ်ဆောင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တွေ့ဆုံပွဲ(/၂၀၂၃) ကျင်းပ


ဇူလိုင်၁၇ရက်


ဇူလိုင်၁၆ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ နှင့်  စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ၏ (/၂၀၂၃) တွေ့ဆုံပွဲ အစည်းအဝေးကို ကျင်းပရာကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဒုဥက္ကဋ္ဌ- ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်မှ  အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာကြသော စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြု‌ကော်မတီဝင်များမှ မူဝါဒဆိုင်ရာဆွေးနွေးမှု၊ အခွန်ဘဏ္ဍာဆိုင်ရာဆွေးနွေးမှု၊ ကာကွယ်ရေးဆိုင်ရာဆွေးနွေးမှုများနှင့် မြေပြင် အခြေအနေများအား ဆွေးနွေးခဲ့ကြကာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပြီး‌နောက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင် ဖက်ဒရယ်ပြည်‌ထောင်စုရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာ‌ခေါင်မှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊   ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အမေရိကန်ပြည်ထောင်စုTexas ရောက် မြန်မာပြည်သူများ၏တွေ့ဆုံပွဲသို့  NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်


ဇူလိုင်၁၇ရက်


ဇူလိုင်လ၁၆ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု Texasတွင်မြန်မာပြည်သူများ၏တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတို့တက်ရောက်ခဲ့တယ်လို့သိရပါတယ်။


အဆိုပါတွေ့ဆုံပွဲမှာ နွေဦးတော်လှန်ရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို NUGဝန်ကြီးများကရှင်းလင်းပြောကြားခဲ့ပါတယ်။


အမေရိကန်နိူင်ငံသို့ အလုပ်သဘောရောက်ရှိနေသည့် NUGပြည်ထောင်စုဝန်ကြီးများဟာ လူထုတွေ့ဆုံပွဲများအပြင် အစိုးရအဖွဲ့၊တာဝန်ရှိသူအပါအဝင် တော်လှန်ရေးအင်အားစုများနဲ့လည်းတွေ့ဆုံလျက်ရှိပါတယ်။


========================


📌📌 ၃။ စကစရဲ့သိမ်းပိုက် စိုးမိုးထားတဲ့လူကယ်ပြန်ဝန်ကြီးဌာနဟာ လူကယ်ပြန်နဲ့မဆီလျော်တဲ့ ဝန်ကြီးဌာနဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား


ဇူလိုင်၁၇


ဇူလိုင်၁၆ရက် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စ္စကိုမှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ လူသားစာနာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အခုလိုပြောကြားခဲ့ပါတယ်။


"ယခင်အစိုးရလက်ထက်က လူကယ်ပြန်ဝန်ကြီးဌာနပေါ့။အခုကတော့ စကစရဲ့သိမ်းပိုက် စိုးမိုးထားတဲ့အတွက် ဒီနာမည်ကိုမသုံးတော့ဘူး။လူကယ်ပြန်ဝန်ကြီးဌာနသည် အရင်လူကယ်ပြန်မဟုတ်တော့ဘူး။ပြည်သူကို လူသားချင်းစာနာစိတ်လည်းမရှိတော့ဘူး။ကယ်ဆယ်ချင်တဲ့စိတ်လည်းမရှိတော့ဘူး။ပြန်လည်ထူထောင်ဖို့ဆိုတာ ဝေးရော၊အကုန်လုံးကိုပျက်စီးအောင်ဖျက်ဆီးနေတာဖြစ်တဲ့ အတွက် လူကယ်ပြန်နဲ့မဆီလျော်တဲ့ ဝန်ကြီးဌာနဖြစ်နေပြီ"လို့ဝန်ကြီးကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကို အစိုးရသစ်ဖွဲ့ခါစတွင် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။


လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းပြီး ()နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် ဘေးဒုက္ခရောက်နေကြရသော ပြည်သူများအတွက် ငွေကျပ် (.)ဘီလီယံခန့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ခဲ့ပြီး ဝန်ကြီးဌာနက တစ်လလျှင်ပျမ်းမျှ စစ်ဘေးရှောင်ပြည်သူ ()သိန်းကျော်ခန့်ကို စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။


========================


📌📌 ၄။ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်း မွေးနေ့  တွင် စစ်ကိုင်းမြို့နယ်၊ မီးဘေးသင့်ပြည်သူများအတွက် ငွေကျပ်၁၅သိန်း ထောက်ပံ့လှူဒါန်းခဲ့


ဇူလိုင် ၁၇ 


လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်း မွေးနေ့တွင်စစ်ကိုင်းမြို့နယ်၊ မီးဘေးသင့်ပြည်သူများအတွက်ငွေကျပ်၁၅သိန်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်းကို ဇူလိုင်၁၇ရက်မှာ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးကအသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း မှ အသက်(၅၇)နှစ် ပြည့် မွေးနေ့ အမှတ်တရ စစ်ကိုင်းမြို့နယ်မီးဘေးသင့် ပြည်သူများအတွက် အလှူငွေ တစ်ဆယ့်ငါးသိန်းကျပ် ကူညီထောက်ပံ့လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း  အသက်(၅၇)နှစ် ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် တော်လှန်ရေးအင်အားစုနေရာအသီးသီးသို့လည်း ထောက်ပံလှူဒါန်းခဲ့ပါသေးတယ်။


========================


📌📌 ၅။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာပြည်သူများ၏နွေဦးတော်လှန်ရေးအား လစ်လျူရှု စော်ကားသည့်အပြင် နိုင်ငံရေးအရ သွေးခွဲရန် ကြံစည်ကြိုးစားခြင်းဖြစ်တယ်လို့ဆို


ဇူလိုင်၁၇ရက်


ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာပြည်သူများ၏နွေဦးတော်လှန်ရေးအား လစ်လျူရှု စော်ကားသည့်အပြင် နိုင်ငံရေးအရ သွေးခွဲရန် ထိုးခွဲရန် ကြံစည်ကြိုးစားခြင်းဖြစ်တယ်လို့ အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(GSCC)ကဆိုပါတယ်။


ဇူလိုင်၁၇ရက်မှာလူပုဂ္ဂိုလ်အခြေမပြု၊နိုင်ငံရေးမူအခြေပြု နွေဦးတော်လှန်ရေးဖြစ်ကြောင်းGSCCကဆိုပါတယ်။


ယခုရက်ပိုင်းအတွင်း အစိုးရသစ်အား အာဏာလွှဲအပ်ရန်စောင့်ဆိုင်းနေရသည့် ထိုင်းအိမ်စောင့်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးသည်  ရက်ပိုင်းမျှသာကျန်ရှိသည့် လက်ကျန်အချိန်ကို အသုံးချလျက် မြန်မာ့နိုင်ငံရေးတွင်ရှုပ်ထွေးမှုများ ဖြစ် ရန်ဖန်တီးခဲ့သည်ကို တွေ့ရှိရတယ်လို့ဆိုပါတယ်။

 

နွေဦးတော်လှန်ရေးကြီးသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီမူအားဖြင့် အခိုင်အမာ အခြေပြု တော်လှန်နေသော ပြည်သူ့တော်လှန်ရေးကြီးဖြစ်ပြီး လူတဦးတယောက် အပေါ်အခြေပြုထားခြင်းမဟုတ်ဘူးလို့ဆိုပါတယ်။


ခေါင်းဆောင်ပုဂ္ဂိုလ်အခြေပြုနိုင်ငံရေးဓလေ့ကိုစွဲကိုင်လျက် မြန်မာနိုင်ငံရေးအား အာဆီယံအဖွဲ့တွင်း ထည့်သွင်းလာသော ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည်လူပုဂ္ဂိုလ်အခြေပြုမဟုတ်ပဲနိုင်ငံရေးမူအခြေပြုကာ စွန့်လွှတ်အနစ်နာခံ ပေးဆပ်ခြင်းများစွာဖြင့် အခိုင်အမာတော်လှန်နေသည့်မြန်မာပြည်သူများ၏နွေဦးတော်လှန်ရေးကြီးအား လစ်လျူရှု စော်ကားသည့်အပြင် နိုင်ငံရေးအရ သွေးခွဲရန် ထိုးခွဲရန် ကြံစည်ကြိုးစားခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်။


အာဆီယံအဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာအနေနှင့် မြန်မာ့အရေးဖြေရှင်းရန် ကူညီဆောင်ရွက်ကြရာတွင် နွေဦးတော်လှန်ရေးကြီးကိုဆင်နွှဲနေသည့် မြန်မာပြည်သူလူထုကြီး၏သဘောထားနှင့်အညီသာ ဖြစ်ရ မည်ဖြစ်ပြီး၊ ကိုယ်ပိုင်သဘောထားများသက်သက်ဖြင့် မလိုလားအပ်ပဲ အခြေအနေကို ပိုမို ရှုပ်ထွေးစေသည့် ကြံစည် ကြိုးစားမှုများအား လုံးဝ မလုပ်ဆောင်ကြရန် ပြင်းထန်စွာ သတိပေးထုတ်ပြန်အပ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၆။ အာဇာနည်နေ့အကြို အောက်မေ့ဂုဏ်ပြုအခမ်းအနားကျင်းပခြင်းနှင့် MFDMC ထောက်ပို့တပ်သားစုဆောင်းခြင်းများကို တောင်ကိုရီးယားနိုင်ငံမှာလုပ်ဆောင်


ဇူလိုင်၁၇ရက်


ဇူလိုင်၁၆ရက်မှာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးဆန္ဒထုတ်ဖော်ခြင်း၊အာဇာနည်နေ့အကြို အောက်မေ့ဂုဏ်ပြုအခမ်းအနားကျင်းပခြင်းနှင့် MFDMC ထောက်ပို့တပ်သားစုဆောင်းခြင်းများကို တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့(ဘူဖြောင်းအဝိုင်း) နှင့် ဆောဆန်မြို့များတွင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ 


တော်လှန်ရေးကာလ ()နှစ်ကျော်လာသော်လည်း အခုချိန်ထိ အသံမတိတ် အလံမလိပ်ဘဲ သွေးမအေးကြောင်း ပြည်သူများစုပေါင်း၍ စစ်အာဏာရှင်စနစ်ကျဆုံးသည့်အထိ ပါဝင်တိုက်ပွဲဝင်သွားကြရန် MFDMC ရဲဘော်များက ဦးဆောင်ပြီးတိုက်တွန်းနှိုးဆော်ခဲ့တယ်လို့ MFDMCကဆိုပါတယ်။


ထို့နောက်လစဉ်ထောက်ပို့တပ်သားများ ဝင်ရောက်ရန် စည်းရုံးခြင်း၊ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသော တိုင်းရင်းသားပေါင်းစုံ အာဇာနည်ခေါင်းဆောင်များအား အလံတဝက်ချ၍ အောက်မေ့ ဂုဏ်ပြု အလေးပြုခြင်းနှင့် တော်လှန်ကဗျာဆရာများ၏ တော်လှန်ကဗျာများ ရွတ်ဆိုခြင်းများအား ပြုလုပ်ခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment