31st JUL 2023 - Morning Daily News by Radio NUG



၂၀၂၃ ဇူလိုင်လ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ညွန့်ပေါင်းတိုက်ခိုက်မှုများဟာ စစ်ကောင်စီ၏ ဆာလောင်မွတ်သိပ်၊ စိတ်ဓာတ်ကျနေသော တပ်များကို ၎င်းတို့၏အခြေစိုက်စခန်းများတွင် ဖြိုခွင်းနိုင်ခဲ့တယ်လို့အသိပေး

📌 ၂။ လူမျိုးတုံးသတ်ဖြတ်တဲ့ စစ်အာဏာရှင်တွေက စာသင်ခန်းတွေကို ကျူးကျော်ဝင်ရောက်ပြီး မြန်မာကျောင်းသားတွေကို စစ်ရေးပစ်မှတ်အဖြစ် ကြေညာနေ

📌 ၃။ အိန္ဒိယနိုင်ငံတွင် ယာယီခိုလှုံနေရသူ မြန်မာဒုက္ခသည်များအား အိန္ဒိယအစိုးရက အတင်းအဓမ္မ Biometric (ဇီ၀မှတ်တမ်း)များ ကောက်ယူခြင်းဟာ ပုဂ္ဂလိက လွတ်လပ်ခွင့် (Right to Privacy) အားချိုးဖောက်ခြင်းဖြစ်တယ်လို့ဆို

📌 ၄။ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော ရန်သူ့တပ်၏ စစ်သင်္ဘောကို ကျောက်မြောင်းဆိပ်ကမ်းနှင့် သပိတ်ကျင်း ဆိပ်ကမ်းကြား တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ 

📌 ၅။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဧရာဝတီမြစ်ကမ်းက လက်ပံကုန်းကျေးရွာသို့ စကစတပ်များ မွှေနှောက်ဖျက်ဆီးကာ ပစ္စည်းများလုယူ

📌 ၆။ ရောင်းချပေးရန်လက်ကျန် အရေအတွက် နည်းပါးနေပြီ ဖြစ်သော EOD မြေကွက်၊ ကွန်ဒို နှင့် အိမ်ယာတိုက်ခန်းများကို အမြန်ဝယ်ယူ အားဖြည့်ကြဖို့တိုက်တွန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ညွန့်ပေါင်းတိုက်ခိုက်မှုများဟာ စစ်ကောင်စီ၏ ဆာလောင်မွတ်သိပ်၊ စိတ်ဓာတ်ကျနေသော တပ်များကို ၎င်းတို့၏အခြေစိုက်စခန်းများတွင် ဖြိုခွင်းနိုင်ခဲ့တယ်လို့အသိပေး


ဇူလိုင်၃၀

ညွန့်ပေါင်းတိုက်ခိုက်မှုများဟာ စစ်ကောင်စီ၏ ဆာလောင်မွတ်သိပ်၊ စိတ်ဓာတ်ကျနေသော တပ်များကို ၎င်းတို့၏ အခြေစိုက်စခန်းများတွင် ဖြိုခွင်းနိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇူလိုင်၃၀ရက် Twitterမှာ ရေးသားထားပါတယ်။


"ညွန့်ပေါင်းတိုက်ခိုက်မှုများသည် စစ်ကောင်စီ၏ ဆာလောင်မွတ်သိပ် စိတ်ဓာတ်ကျနေသော တပ်များကို ၎င်းတို့၏အခြေစိုက်စခန်းများတွင် ဖြိုခွင်းနိုင်ခဲ့ပါတယ်။ ရှေ့တန်းစစ်မျက်နှာတွင် ကျွန်ုပ်တို့၏ ရဲရင့်သော အမျိုးသား၊ အမျိုးသမီးများနှင့်အတူ ရှိနေရခြင်းသည် အခွင့်ထူးဖြစ်တယ်"လို့ ဖော်ပြထားပါတယ်။


အမှတ်() စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း တိုက်ပွဲပေါင်း (၃၇၄) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၁၇)ဦး သေဆုံး၍ (၅၂၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ လက်နက်မျိုးစုံ (၄၈)လက်နှင့် Drone (၂၅) စီး အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ လူမျိုးတုံးသတ်ဖြတ်တဲ့ စစ်အာဏာရှင်တွေက စာသင်ခန်းတွေကို ကျူးကျော်ဝင်ရောက်ပြီး မြန်မာကျောင်းသားတွေကို စစ်ရေးပစ်မှတ်အဖြစ် ကြေညာနေ


ဇူလိုင်၃၀

လူမျိုးတုံးသတ်ဖြတ်တဲ့ စစ်အာဏာရှင်တွေက စာသင်ခန်းတွေကို ကျူးကျော်ဝင်ရောက်ပြီး မြန်မာကျောင်းသားတွေကို စစ်ရေးပစ်မှတ်အဖြစ် ကြေညာနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။


"လူမျိုးတုံးသတ်ဖြတ်တဲ့ စစ်အာဏာရှင်တွေက စာသင်ခန်းတွေကို ကျူးကျော်ဝင်ရောက်ပြီး မြန်မာကျောင်းသားတွေကို စစ်ရေးပစ်မှတ်အဖြစ် ကြေညာပြီး သူတို့ကို စစ်မြေပြင်လက်နက်တွေသုံးပြီး ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုမှစတင်၍ ရာနှင့်ချီသော ကျောင်းသားများ အပါအဝင် အရပ်သား လေးထောင်ကျော် သေဆုံးခဲ့ပြီး ကျောင်းသားများအပါအဝင် လူနှစ်သောင်းကျော် ဖမ်းဆီးခံခဲ့ရပါတယ်"လို့ဆိုပါတယ်။


စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တွင် စစ်အာဏာရှင်တို့၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျောင်းသား ဦး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက

 သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၃။ အိန္ဒိယနိုင်ငံတွင် ယာယီခိုလှုံနေရသူ မြန်မာဒုက္ခသည်များအား အိန္ဒိယအစိုးရက အတင်းအဓမ္မ Biometric (ဇီ၀မှတ်တမ်း)များ ကောက်ယူခြင်းဟာ ပုဂ္ဂလိက လွတ်လပ်ခွင့် (Right to Privacy) အားချိုးဖောက်ခြင်းဖြစ်တယ်လို့ဆို


ဇူလိုင်၃၀ရက်

အိန္ဒိယနိုင်ငံတွင် ယာယီခိုလှုံနေရသူ မြန်မာဒုက္ခသည်များအား အိန္ဒိယအစိုးရကအတင်းအဓမ္မ Biometric (ဇီ၀မှတ်တမ်း)များ ကောက်ယူခြင်းဟာ ပုဂ္ဂလိက လွတ်လပ်ခွင့် (Right to Privacy) အားချိုးဖောက်ခြင်းဖြစ်တယ်လို့ India For Myanmarက အသိပေးထုတ်ပြန်ခဲ့ပါတယ်။


မဏိပူရပြည်နယ်အစိုးရဟာ ဇီဝမှတ်တမ်းကောက်ယူခြင်းအား အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ဇူလိုင်၂၉ရက်က စတက်ကောက်ယူမည်ဖြစ်ပြီး စက်တက်ဘာလကုန်အထိ လုပ်ငန်းဆောင်ရွက်မယ်လို့ သိရှိထားရကြောင်းဆိုထားပါတယ်။


ဒုက္ခသည်မြန်မာပြည်သူများအား အတင်းအဓမ္မ ဇီ၀မှတ်တမ်း ကောက်ယူခြင်းသည် ပုဂ္ဂလိက လွတ်လပ်ခွင့် (Right to Privacy) အားချိုးဖောက်ခြင်းဖြစ်ပြီး ဇီ၀မှတ်တမ်း စုဆောင်းခြင်းနှင့် သိမ်းဆည်းခြင်းသည် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာဘဝများသို့ ၀င်ရောက်ခြယ်လှယ်ခြင်း ဖြစ်တယ်လို့ India For Myanmarက ဖော်ပြပါတယ်။


ဒုက္ခသည်များ၏ အကာအကွယ်မဲ့သည့် အခြေအနေများအား အမြတ်ထုတ်ကာ လူသားဖြစ်တည်မှုကို လျစ်လျုရူ အနိုင်ကျင့်သည့်လုပ်ရပ်လည်းဖြစ်တယ်လို့ဆိုထားပါတယ်။


အဆိုပါလုပ်ရပ်အား India For Myanmarကအပြင်းအထန်ကန့်ကွက်ရှုတ်ချတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၄။ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော ရန်သူ့တပ်၏ စစ်သင်္ဘောကို ကျောက်မြောင်းဆိပ်ကမ်းနှင့် သပိတ်ကျင်း ဆိပ်ကမ်းကြား တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ 


 ဇူလိုင်လ (၃၀) ရက်နေ့ 

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော ရန်သူ့တပ်၏ စစ်သင်္ဘောကို ကျောက်မြောင်းဆိပ်ကမ်းနှင့် သပိတ်ကျင်း ဆိပ်ကမ်းကြား တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (စစ်ရုံးချုပ်) က ဇူလိုင်၃၀ရက်မှာ ထုတ်ပြန်ပါတယ်။


"ဇူလိုင်လ(၂၈)ရက်နေ့တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော ရန်သူ့တပ်၏ စစ်သင်္ဘောကို ကျောက်မြောင်းဆိပ်ကမ်းနှင့် သပိတ်ကျင်း ဆိပ်ကမ်းကြား တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ် (၅၀၉) တပ်ရင်း၊ ရွှေဘိုခရိုင် တပ်ရင်း() ပြည်သူ့ကာကွယ်ရေးအဖွဲ့(သပိတ်ကျင်း)နှင့် Nine PDF တို့ ပူးပေါင်းကာ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


ရန်သူ့စစ်သင်္ဘော၏ ဝမ်းဗိုက်တည့်တည့်နှင့် ကိုယ်ထည်နောက်ပိုင်းကို လက်နက်ကြီး () လုံး တိုက်ရိုက်ထိမှန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်များ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်။


========================


📌📌 ၅။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဧရာဝတီမြစ်ကမ်းက လက်ပံကုန်းကျေးရွာသို့ စကစတပ်များ မွှေနှောက်ဖျက်ဆီးကာ ပစ္စည်းများလုယူ


ဇူလိုင်၃၀

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဧရာဝတီမြစ်ကမ်းက လက်ပံကုန်းကျေးရွာသို့ စကစတပ်များ မွှေနှောက်ဖျက်ဆီးကာ ပစ္စည်းများလုယူသွားခဲ့တယ်လို့ ဇူလိုင်၃၀ရက်မှာ သပိတ်ကျင်း TR ကအတည်ပြုဆိုပါတယ်။


"ဧရာ အရှေ့ခြမ်းရှိ ကိုးပင်၊ ပုတီးဖြူ၊ မင်းကုန်း၊ ဆယ်ဇင်းကုန်း၊ လက်ပံကုန်း စတဲ့ ကျေးရွာအနီးနဲ့ ကားလမ်းအရှေ့ခြမ်းဘက်တွေမှာ စစ်ကောင်စီအင်အား ရာနဲ့ချီပြီး စစ်ကြောင်းထိုး၊ နယ်မြေရှင်းလင်းမှုများ ပြုလုပ်နေပါတယ်။ ထိုအတွက်ကြောင့် အဆိုပါကျေးရွာများမှ ပြည်သူထောင်နဲ့ချီကာ တိမ်းရှောင်နေရကြောင်းသိရပါတယ်။ ဇူလိုင်၃၀ရက် မနက် ၉နာရီဝန်းကျင်လောက်မှာပဲ လက်ပံကုန်းကျေးရွာသို့ စကစ အင်အား ၅၀ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူပိုင်အိမ်တံခါးများကို ရိုက်နှက်ချိုးဖျက်ကာ ပစ္စည်းများလုယူပြီး လက်ပံကုန်းရွာ တောင်ပိုင်းရှိ ပြည်သူပိုင် နေအိမ် ၂လုံးအား မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။


ထို့အပြင် ကြာညှပ်နှင့် ဆယ်ဇင်းကုန်း ကြားတွင် ခရီးသွားပြည်သူကားများအား ဖြတ်သန်းခွင့်မပေးပဲ တားဆီးပိတ်ဆို့ထားကြောင်းလည်း သိရပါတယ်။


========================


📌📌 ၆။ ရောင်းချပေးရန်လက်ကျန် အရေအတွက် နည်းပါးနေပြီ ဖြစ်သော EOD မြေကွက်၊ ကွန်ဒို နှင့် အိမ်ယာတိုက်ခန်းများကို အမြန်ဝယ်ယူ အားဖြည့်ကြဖို့တိုက်တွန်း


ဇူလိုင်၃၀

ရောင်းချပေးရန်လက်ကျန် အရေအတွက် နည်းပါးနေပြီ ဖြစ်သောEOD မြေကွက်၊ ကွန်ဒို နှင့် အိမ်ယာတိုက်ခန်းများကို အမြန်ဝယ်ယူ အားဖြည့်ကြဖို့ EODရှယ်ယာက တိုက်တွန်းလိုက်ပါတယ်။


နွေဦးတော်လှန်ရေးမှာ လိုအပ်နေတဲ့ တော်လှန်ဘဏ္ဍာများ ဖြည့်ဆည်းဖို့ Spring Yangon Investments, Spring Mandalay Investments များအဖြစ် ရန်ကုန်နှင့် မန္တလေးမြို့များမှ စစ်တပ်သိမ်းမြေများကို တော်လှန်ပြည်သူများအား ရောင်းချပေးခဲ့ရာ ထိရောက်သော တော်လှန်ရေးခွန်အားများ ဖြစ်ခဲ့ပါတယ်။ ထပ်မံပြီး အသင့်နေထိုင်နိုင်မည့် ကွန်ဒို နှင့် တိုက်ခန်းများအား ဆက်လက်ရောင်းချပေးခဲ့ရာတွင်လည်း ပြည်သူအများ တစ်ခဲနက် အားပေးခဲ့ကြပါတယ်။ အောင်ပွဲခံ ပြည်သူ့အစိုးရ၏ ဦးဆောင်မှုဖြင့် စံချိန်မီ အရည်အသွေးပြည့် ဖေါ်ဆောင်ပေးမည် ဖြစ်သော ရောင်းချပေးရန်လက်ကျန် အရေအတွက် နည်းပါးနေပြီ ဖြစ်သော EOD မြေကွက်၊ ကွန်ဒို နှင့် အိမ်ယာတိုက်ခန်းများကို အမြန်ဝယ်ယူ အားဖြည့်ကြရင်း တော်လှန်ရေးပန်းတိုင်ကို အမြန်ဆုံးချီတက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်"လို့ဖော်ပြဆိုထားပါတယ်။


EOD မြေကွက်၊ ကွန်ဒို နှင့် အိမ်ယာတိုက်ခန်းများကို တော်လှန်ရေးကာလတွင် ရောင်းစျေး၏ ၄၀% သာ ပေးသွင်းရမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment