၂၀၂၃ သြဂုတ်လ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကျွန်းစုရှိ Maui ကျွန်း လာဟိုင်နာ အပန်းဖြေစခန်းမြို့ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံး၊ပျောက်ဆုံးသူများအတွက် ဝမ်းနည်းကြောင်း ယာယီသမ္မတဆို
📌 ၂။ စစ်အာဏာရှင်တစ်လျှောက်လုံးမှာ ဌာနစုံဝန်ထမ်းလောက အားလုံး မိုးကျရွှေကိုယ်များရှိနေပြီး နွေဦးတော်လှန်ရေးမှာ ကျွဲကူးရေပါ တော်လှန်ပစ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြော
📌 ၃။ ကရင်နီပြည်တိုက်ပွဲများအတွင်း စကစတပ်များ အများအပြားသေဆုံး၍ တော်လှန်ရေးအင်အားစုများမှ ကျည်ဆန်နဲ့ လက်နက်ကြီးကျည်များအပါအဝင် လက်နက်များသိမ်းဆည်းရမိ
📌 ၄။ ရွှေဘိုမြို့နယ် သောင်ထွဋ်ကိုင်းကျေးရွာကို ပျူများက. (၂)ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး
📌 ၅။ ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ်စွဲရာနေရာများကို ဒရုန်းများဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်သားသုံးဦးဒဏ်ရာရ၊ Mark2 ကားတစ်စီးပျက်စီးဆုံးရှုံး
📌 ၆။ ဒိုက်ဦးမြို့နယ်၊ ဝါးဂါမဏိကျေးရွာရှိ မိုင်တဲလ်တာဝါတိုင်ဖောက်ခွဲခံရပြီး၊ လာရောက်စစ်ဆေးသော စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ အနက်ရောင်ကားတစ်စီး ထိခိုက်ပျက်စီးသွား
📌 ၇။ ယင်းမာပင်နယ်မှာ ပြည်သူပိုင်သစ်များကို ခိုးထုတ်ရန် လာရောက်သည့် အင်အား(၁၀၀)ပါ စကစစစ်ကြောင်းကို ULF(တပ်ပေါင်းစု)မှ ပစ်ခတ်တိုက်ခိုက်၍ ၁၅ဦးထက်မနည်းသေဆုံး
📌 ၈။ မြိုင်မြို့ပေါ် ၊ မြို့ပတ်လမ်းသို့ ဆိုင်ကယ်နှစ်စီးဖြင့် ကင်းပတ်လာသော စစ်ကောင်စီ တပ်သား ၃ ဦး ပစ်ခတ်တိုက်ခိုက်ခံရကာ ၃ဦးလုံး သေဆုံး
📌 ၉။ “လွတ်မြောက်ဖို့အတွက် တို့တွဲကူ "စစ်ကိုင်းတိုင်း ကလေးမြို့မှ စစ်ဘေးရှောင်များအတွက် ကံစမ်းမဲ လက်မှတ်ရောင်းချပေးနေပြီး စက်တင်ဘာ၃ရက် ကံထူးရှင်များရွေးချယ်မဲဖောက်မယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကျွန်းစုရှိ Maui ကျွန်း လာဟိုင်နာ အပန်းဖြေစခန်းမြို့ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံး၊ပျောက်ဆုံးသူများအတွက် ဝမ်းနည်းကြောင်း ယာယီသမ္မတဆို
သြဂုတ်လ၁၃ရက်
အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကျွန်းစုရှိ Maui ကျွန်း လာဟိုင်နာ အပန်းဖြေစခန်းမြို့ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံး၊ပျောက်ဆုံးသူများအတွက် ဝမ်းနည်းကြောင်း ယာယီသမ္မတဒူဝါလရှီးလက Twitter မှာ သြဂုတ်လ၁၃ရက်မှာ ရေးသားဆိုပါတယ်။
"မြန်မာပြည်သူပြည်သားများနှင့် အစိုးရကိုယ်စား မော်ဝီမြို့ခံများနှင့် အထူးသဖြင့် ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များအား ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်"လို့ ဖော်ပြဆိုထားပါတယ်။
Maui ရှိ လှပသောမြို့တစ်မြို့၌ ယခုသီတင်းပတ်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းသတင်းများကဖော်ပြပြီး လွန်ခဲ့သည့်ရာစုနှစ်များအတွင်း အမေရိကန်၏ အသေအပျောက်အများဆုံး တောမီးဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိူင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး မိတ်ဘက်နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။
========================
📌📌 ၂။ စစ်အာဏာရှင်တစ်လျှောက်လုံးမှာ ဌာနစုံဝန်ထမ်းလောက အားလုံး မိုးကျရွှေကိုယ်များရှိနေပြီး နွေဦးတော်လှန်ရေးမှာ ကျွဲကူးရေပါ တော်လှန်ပစ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြော
သြဂုတ်လ၁၃ရက်
စစ်အာဏာရှင်တစ်လျှောက်လုံးမှာ ဌာနစုံ ဝန်ထမ်းလောက အားလုံး မိုးကျရွှေကိုယ်များရှိနေပြီး နွေဦးတော်လှန်ရေးမှာ ကျွဲကူးရေပါ တော်လှန်ပစ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ သြဂုတ်လ၁၃ရက် လူမှုကွန်ရက်မှာ ရေးသားဆိုထားပါတယ်။
"ကျွန်တော်တို့အစိုးရမှာ အခြေအနေအရ အရပ်သားဝန်ထမ်းများ မလုံလောက်မှုကြောင့် တော်လှန်ရေး ရဲဘော်များ လူထုနဲ့ ဆက်ဆံရတဲ့ နေရာတွေမှာ မဖြစ်မနေ တာဝန်ယူနေရတာဖြစ်တာကြောင့် လောလောဆယ်တော့ သီးခံရပါလိမ့်မယ်။ စစ်အာဏာရှင်တစ်လျှောက်လုံးမှာ ဌာနစုံ ဝန်ထမ်းလောက အားလုံး မိုးကျရွှေကိုယ်များရဲ့ အဆဲအဆူခံ လာရတဲ့ ပြည်သူတွေရဲ့ ဒုက္ခကိုလဲ ကောင်းကောင်းနားလည်ခံစားမိပါတယ်။ ဒီတော်လှန်ရေးမှာ ကျွဲကူးရေပါ တော်လှန်ပစ်ရမဲ့ ကိစ္စတစ်ခုလဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ ဌာနဆိုင်ရာများမှာ အကြမ်းဖက်စစ်တပ်က အရာရှိများကို အရပ်ဘက်သို့ပြောင်းလဲ ခန့်အပ်မှုများရှိနေပါတယ်။
========================
📌📌 ၃။ ကရင်နီပြည်တိုက်ပွဲများအတွင်း စကစတပ်များ အများအပြားသေဆုံး၍ တော်လှန်ရေးအင်အားစုများမှ ကျည်ဆန်နဲ့ လက်နက်ကြီးကျည်များအပါအဝင် လက်နက်များသိမ်းဆည်းရမိ
သြဂုတ်လ၁၃ရက်
ဇူလိုင်လ ၂၈ ရက်နေ့ ကရင်နီပြည်နယ်၊ ဖားဆောင်းတိုက်ပွဲတွင် စကစတပ်များ အထိနာသေဆုံးကာ သိမ်းဆည်းရမိတဲ့ လက်နက်များကို
ဒီးမော့ဆို PDF Demawso P D F-1102 က ရုပ်သံနဲ့တကွဖော်ပြထားပါတယ်။
ဩဂုတ်လ ၁၀ ရက်နေ့ နှင့် ဩဂုတ်လ ၁၂ ရက်နေ့ ဒီးမော့ဆိုမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၂၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ထပ်မံသတင်းရရှိပါတယ်။
သိမ်းဆည်းရမိသော လက်နက်များတွင် အနီးကပ်ပစ် လက်ပစ်ဗုံးများ၊ စက်သေနတ်များ၊ ကျည်ဆန်များ၊ လက်နက်ကြီးကျည်များ၊ ကျည်ကတ်များပါဝင်ပါတယ်။
========================
📌📌 ၄။ ရွှေဘိုမြို့နယ် သောင်ထွဋ်ကိုင်းကျေးရွာကို ပျူများက. (၂)ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး
သြဂုတ်လ၁၃
ရွှေဘိုမြို့နယ်သောင်ထွဋ်ကိုင်းကျေးရွာကို ပျူများက. (၂)ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သြဂုတ်လ၁၃ရက်မှာ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က အသိပေးဆိုပါတယ်။
"ဒီပဲယင်းမြို့နယ်၏ မူးမြစ်တစ်ဖက်ကမ်းမှ ရွှေဘိုမြို့နယ်သောင်ထွဋ်ကိုင်းကျေးရွာကို ပျူများက (၁၂)ရက်နေ့က တစ်ကြိမ် (၁၃)ရက်တစ်ကြိမ် (၂)ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းများဟာ တစ်နိုင်ငံလုံးမှာ အိုးအိမ်ပေါင်း ခုနစ်သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
========================
📌📌 ၅။ ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ်စွဲရာနေရာများကို ဒရုန်းများဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်သားသုံးဦးဒဏ်ရာရ၊ Mark2 ကားတစ်စီးပျက်စီးဆုံးရှုံး
သြဂုတ်လ၁၃ရက်
ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ်စွဲရာနေရာများကို ဒရုန်းများဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်သားသုံးဦးဒဏ်ရာရ၊ Mark2 ကားတစ်စီးပျက်စီးဆုံးရှုံးခဲ့တယ်လို့ သြဂုတ်လ၁၃ရက်မှာ စစ်ရေးသတင်းကို Spring UAV Force G3ကအတည်ပြုပါတယ်။
"သြဂုတ်လ၁၂ရက် နေ့တွင် ဂဠုန်စစ်ကြောင်းဦးဆောင်မှုဖြင့် မိမိတို့ Spring UAV Force G3 (Fixed Wings) အဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့များမှ ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ်စွဲရာနေရာများကို ဒရုန်းများဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်သားသုံးဦးဒဏ်ရာရကာ Mark2 ကားတစ်စီးပျက်စီးဆုံးရှုံးမှုနဲ့အတူ တပ်ရင်းမှုးကတော်အား ဆေးရုံတင်ထားရတယ်"လို့ဆိုပါတယ်။
စကစတပ်ရင်းမှုးကတော်၏ အခြေအနေမှာ စိုးရိမ်ရဖွယ်ရှိသည်ဟူ၍လည်း ကြားသိရပါတယ်။
စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ဆင်ခြင်မဲ့စွာ ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၆။ ဒိုက်ဦးမြို့နယ်၊ ဝါးဂါမဏိကျေးရွာရှိ မိုင်တဲလ်တာဝါတိုင်ဖောက်ခွဲခံရပြီး၊ လာရောက်စစ်ဆေးသော စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ အနက်ရောင်ကားတစ်စီး ထိခိုက်ပျက်စီးသွား
ဩဂုတ်၁၃ရက်
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဝါးဂါမဏိကျေးရွာရှိ စစ်တပ်ပိုင် mytelတာဝါတိုင်အား ဩဂုတ်(၁၂)ရက် ည(၉:၁၇)နာရီအချိန်တွင် Ugအဖွဲ့များမှ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထဲရှိ အော်ပရေတာပုံးနှစ်ပုံးအနက် တစ်ပုံးမှာလုံးဝပျက်စီးသွားပြီး ကျန်တစ်ပုံးမှာမီးလောင်ခဲ့ပါတယ်။
သြဂုတ်လ ၁၃ရက်နံနက် ၆နာရီခန့်တွင် စကစယာဉ်တန်း(၃)စီးလာရောက်စစ်ဆေးစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ခွေးများမှ ဂျမ်မာအသုံးပြုထားသည့်အတွက် အသွားတွင်ဖောက်ခွဲ၍မရပဲ စကစယာဉ်တန်းအပြန်ကို ထပ်မံစောင့်ဆိုင်းပြီး အခြားနည်းဖြင့်အသုံးပြုကာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဟွန်ဒါဖစ်အနက်ရောင်ကားတစ်စီး ထိခိုက်ပျက်စီးသွားခဲ့ကြောင်းသိရှိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Soul Takers-Yangon Underground Forceနှင့်9 Stars UGအဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ UGရဲဘော်လေးများအားလုံး သက်ဆိုင်ရာ လွတ်မြောက်နယ်မြေနေရာသို့ လုံခြုံစွာဘေးကင်းရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။
နောက်ဆက်တွဲသတင်းအရ ဟွန်ဒါဖစ်အနက်ရောင်ကားပေါ်ပါ ရဲတစ်ဦးထိခိုက်ဒဏ်ရာရထားပြီး ဆေးရုံတင်ထားရကြောင်းသိရှိရပါတယ်။
========================
📌📌 ၇။ ယင်းမာပင်နယ်မှာ ပြည်သူပိုင်သစ်များကို ခိုးထုတ်ရန် လာရောက်သည့် အင်အား(၁၀၀)ပါ စကစစစ်ကြောင်းကို ULF(တပ်ပေါင်းစု)မှ ပစ်ခတ်တိုက်ခိုက်၍ ၁၅ဦးထက်မနည်းသေဆုံး
သြဂုတ်လ၁၃ရက်
ယင်းမာပင်နယ်မှာ ပြည်သူပိုင်သစ်များကို ခိုးထုတ်ရန်လာရောက်သည့် အင်အား(၁၀၀)ပါ စကစစစ်ကြောင်းကို ULF(တပ်ပေါင်းစု)မှပစ်ခတ်တိုက်ခိုက်၍ ၁၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သြဂုတ်လ၁၃ရက်မှာ ULF(တပ်ပေါင်းစု) မှ စစ်ရေးသတင်းကိုအတည်ပြုဆိုပါတယ်။
NUG ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ၊ မီးဘေးသင့်ပြည်သူများကို ထောက်ပံ့ပေးလျှက်ရှိသော ပြည်သူပိုင်သစ်များကို ခိုးထုတ်ရန်လာရောက်သည့် အင်အား(၁၀၀)ပါ စကစစစ်ကြောင်းကို ကျနော်တို့ ULF(တပ်ပေါင်းစု)မှ သြဂုတ်လ၆ရက် မနက် (၇)နာရီမှ စပြီး တစ်ရက်ထဲမှာ တိုက်ပွဲအကြိမ်ရေ (၅)ကြိမ် ထက်မနည်း တိုက်ခိုက်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ပထမအကြိမ် ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးကုန်းပေါ်မှ အင်အား(၁၀၀)ပါ စခစစ်ကြောင်းသည် စည်သူရွာနှင့် သံဘိုရွာကြား အရောက်ULF(တပ်ပေါင်းစု)မှ တိုက်ပွဲကြာချိန် မိနစ်(၃၀)အထိ တိုက်ခိုက်နိုင်ခဲ့ပြီး စကစများဘက်မှ (၁၅) ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
ထို့နောက် ဒုတိယအကြိမ် နံနက်(၁၀)နာရီ မှာထပ်မံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် (၁)နာရီအတွင်းမှာ စကစများဘက်မှ အထိနာခဲ့ပြီး မုံရွာ(ကျောက်စစ်ပုံ)အမြောက်တပ်နှင့် ရွှေတောင်ဦးကုန်း ငွေကမ္ဘာမင်းဆီဆိုင်နားမှ(၁၂၀မမ)လက်နက်ကြီးများဖြင့် လက်နက်ပစ်ကူပါပေးခဲ့တယ်လို့သိရပါတယ်။
ထိုလက်နက်ကြီး ပစ်ခတ်မှုကြောင့်ULF(တပ်ပေါင်းစု)မှ ရဲဘော်(၅)ဦး ထိခိုက်ဒဏ်ရာရရှိပြီး ရဲဘော်နှစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူသွားကာ ရဲဘော်တစ်ဦး(ပျောက်ဆုံး)ခဲ့ပါတယ်။
ယင်းတိုက်ခိုက်မှုကို ULF(တပ်ပေါင်းစု) KLG စစ်ကြောင်း ၊ Comrade စစ်ကြောင်း ၊ Alpha စစ်ကြောင်းတို့ပါဝင်ခဲ့ပါတယ်။
========================
📌📌 ၈။ မြိုင်မြို့ပေါ် ၊ မြို့ပတ်လမ်းသို့ ဆိုင်ကယ်နှစ်စီးဖြင့် ကင်းပတ်လာသော စစ်ကောင်စီ တပ်သား ၃ ဦး ပစ်ခတ်တိုက်ခိုက်ခံရကာ ၃ဦးလုံး သေဆုံး
သြဂုတ်လ၁၃ရက်
မြိုင်မြို့ပေါ် ၊ မြို့ပတ်လမ်းသို့ ဆိုင်ကယ်နှစ်စီးဖြင့် ကင်းပတ်လာသော စစ်ကောင်စီ တပ်သား ၃ ဦး ပစ်ခတ်တိုက်ခိုက်ခံရကာ ၃ဦးလုံး သေဆုံးခဲ့ပါတယ်။
သြဂုတ်လ၁၂ရက် ညဦးပိုင်း ၉ နာရီ ၁၅မိနစ် အချိန်တွင် မကွေးတိုင်း၊ မြိုင်မြို့ပေါ် ၊ မြို့ပတ်လမ်းသို့ ဆိုင်ကယ်နှစ်စီးဖြင့် ကင်းပတ်လာသော စစ်ကောင်စီ တပ်သား ၃ ဦးကို တိုက်ခိုက်ခဲ့တယ်လို့ Myaing Villages Revolution Frontကဆိုပါတယ်။
"သြဂုတ်လ ၁၂ရက်နေ့ ညဦးပိုင်း ၉ နာရီ ၁၅မိနစ် အချိန်တွင် မကွေးတိုင်း၊ မြိုင်မြို့ပေါ် ၊ မြို့ပတ်လမ်းသို့ ဆိုင်ကယ်နှစ်စီးဖြင့် ကင်းပတ်လာသော စစ်ကောင်စီ တပ်သား ၃ ဦးကို မိမိတို့ MVRF နှင့် ပူးပေါင်းတပ်ဖွဲ့များက ကင်းပုန်းဝပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ဦးလုံး သေဆုံးသွားပါတယ်လို့ဆိုပါတယ်။
၄င်းတို့စီးလာသော ဆိုင်ကယ် ၁ စီး မီးလောင်ပျက်စီးသွားခဲ့ပြီး လက်နက် ၂ လက် ရရှိခဲ့ကာ MVRF နှင့် ပူးပေါင်းတပ်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၉။ “လွတ်မြောက်ဖို့အတွက် တို့တွဲကူ "စစ်ကိုင်းတိုင်း ကလေးမြို့မှ စစ်ဘေးရှောင်များအတွက် ကံစမ်းမဲ လက်မှတ်ရောင်းချပေးနေပြီး စက်တင်ဘာ၃ရက် ကံထူးရှင်များရွေးချယ်မဲဖောက်မယ်
သြဂုတ်လ၁၃ရက်
“လွတ်မြောက်ဖို့အတွက် တို့တွဲကူ” စစ်ကိုင်းတိုင်း ကလေးမြို့မှ စစ်ဘေးရှောင်များအတွက် ကံစမ်းမဲ လက်မှတ်ရောင်းချပေးနေပြီး စက်တင်ဘာ၃ရက် ကံထူးရှင်များရွေးချယ်မဲဖောက်ပေးမယ်လို့သိရှိရပါတယ်။
"ကံစမ်းမဲ တစ်စောင်ကို Us $20 စက်ာပူ $30 ဖြစ်ပါတယ်။ စက်တင်ဘာ၃ရက်နေ့မှာ ကံစမ်းမဲ ဖောက်ပေးသွားမှာပါ။ ကံစမ်းမဲ လက်မှတ်တွေ ကျန်နေသေးလို့ ဝယ်ယူဖြည့်ပေးကြဖို့ အကူညီတောင်းခံချင်ပါတယ်။ စစ်ဘေးရှောင် စခန်းရှိ ဒုက္ခသည် ပြည်သူများအတွက် လိုအပ်သောရိက္ခာများနဲ့ စစ်ရှောင်ကလေးငယ်များရဲ့ ပညာရေးအတွက် ထိရောက်တဲ့ အကူညီများပေးအပ်နိင်ရန် ပြုလုပ်ထားပါတယ်"လို့ဆိုပါတယ်။
ကံစမ်းမဲဖွင့်ပွဲနေ့ရက်တွင် ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်နဲ့ လူရွှင်တော် စိန်သီးတို့တက်ရောက်မှာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment