29th AUG 2023 - Evening Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၂၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အရှေ့တီမော သံအမတ်နှင့် မိသားစုတွေကို မြန်မာပြည်မှထွက်ခွာခိုင်းတဲ့လုပ်ရပ်ဟာ နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီအတွက် အရှက်ရစေပြီး ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ အကြမ်းဖက်စစ်အုပ်စုမှ ကိုယ်ဝန်ဆောင် အမျိုးသမီး ()ဦးအား အဓမ္မပြုကျင့်ကာ လည်ပင်လှီး သတ်ဖြတ်ခဲ့သည့်အပြင် စစ်ရှောင်ပြည်သူ အမျိုးသား () ဦးအား လည်ပင်းလှီးသတ်ဖြတ်သည့်ဖြစ်စဉ်ကို(IIMM)သို့အချိန်‌နှင့်တပြေးညီ ပေးပို့ထားတယ်လို့ လူ့အခွင့်ရေးဝန်ကြီးပြောကြား

📌 ၃။ NUGရဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ ပါဝင်သူတွေဟာလည်း မြေပြင်မှာ လုပ်ဆောင်နေယုံတင်မက၊ အသက်ပါ အပေါင်ထားပြီး လုပ်နေကြသူတွေ ဖြစ်တယ်လို့ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ပေးထားတဲ့ ဖရဲသီးအမြောက်အများတိုးပွားလာတယ်လို့  ဒုတိယအတွင်းဝန်ပြောကြား

📌 ၅။ PRF2.0အစီအစဥ်သစ်အရ မိမိထောက်ပို့လိုတဲ့ PDFတပ်ရင်းတပ်ဖွဲ့နှင့် တိုင်းဒေသကြီးကိုရွေးချယ်နိူင်မှာ ဖြစ်ပြီးတော့ ရရှိငွေနဲ့အသုံးစရိတ်များကို အသိပေးကြေညာမည်

📌 ၆။ မြန်မာဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC) ထောက်ပို့တပ်သားများမှ ဇွန်လအတွင်းမြေပြင်တပ်ရင်းတပ်ဖွဲ့များထံသို့ ကျပ်သိန်းနှစ်ထောင်ကျော် ထောက်ပို့ပေးနိူင်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အရှေ့တီမော သံအမတ်နှင့် မိသားစုတွေကို မြန်မာပြည်မှထွက်ခွာခိုင်းတဲ့လုပ်ရပ်ဟာ နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီအတွက် အရှက်ရစေပြီး ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


သြဂုတ်လ၂၉ရက်


စစ်‌ကောင်စီမှ အရှေ့တီမော သံအမတ်နဲ့ မိသားစုတွေကို မြန်မာပြည်မှထွက်ခွာခိုင်းတဲ့လုပ်ရပ်နှင့်ပတ်သက်ပြီး ဩဂုတ် (၂၉) ရက်‌နေ့မှာကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၉ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလမှ အခုလိုပြောကြားလိုက်ပါတယ်။


"စစ်ကောင်စီဟာ သူတို့ကြုံတွေ့နေရတဲ့ အဘက်ဘက်က အရေးနိမ့်မှုတွေကို ကြောင်းကျိုးဆင်ခြင်မှုမဲ့စွာ ပြန်လည်တုံ့ပြန်နေရပါပြီ။ အရှေ့တီမော သံအမတ်နဲ့ မိသားစုတွေကို နှင်ထုတ်တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီအတွက် အရှက်ရစေပြီး ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ နှင်ထုတ်ခံရသည့် အရှေ့တီမော သံအမတ်နှင့် မိသားစုများတွက် စိတ်မကောင်းဖြစ်မိကြောင်း အလေးထားပြောကြားလိုပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းတွေအပေါ်မှာ အရှေ့တီမောနိုင်ငံရဲ့  ရပ်တည်မှုဟာ လေးစားစံနမူနာယူဖွယ်ရာဖြစ်ပါတယ်"လို့ဆိုပါတယ်။


"အထူးသဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိတ်သုဉ်းမှု၊ ဖိနှိပ်မှု ကြုံတွေ့နေရချိန်မှာ  ဒီမိုကရေစီနဲ့လူ့အခွင့်အရေး လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာဖို့အရေး မိတ်ဆွေကောင်းပီသစွာ ရပ်တည်ပေးတဲ့ အရှေ့တီမောနိုင်ငံရဲ့ သမ္မတနဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့တခုလုံးနှင့် အရှေ့တီမောပြည်သူများကို မမေ့မလျော့ အမြဲတမ်း သတိရနေမှာဖြစ်ပါတယ်"လို့ ယာယီသမ္မတကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်အုပ်စုမှ ကိုယ်ဝန်ဆောင် အမျိုးသမီး ()ဦးအား အဓမ္မပြုကျင့်ကာ လည်ပင်လှီး သတ်ဖြတ်ခဲ့သည့်အပြင် စစ်ရှောင်ပြည်သူ အမျိုးသား () ဦးအား လည်ပင်းလှီးသတ်ဖြတ်သည့်ဖြစ်စဉ်ကို(IIMM)သို့အချိန်‌နှင့်တပြေးညီ ပေးပို့ထားတယ်လို့ လူ့အခွင့်ရေးဝန်ကြီးပြောကြား


သြဂုတ်လ၂၉ရက်


၂၀၂၃ ခုနှစ်၊သြဂုတ်လ (၂၆) ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၊ အင်အား(၁၀၀)ခန့်ရှိ၊ တပ်မ (၃၃) သည် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန်မြောက်ရွာနှင့်တောင်ရွာသို့ ဝင်ရောက်လာခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်ခဲ့ကြသည့်အပြင် စစ်ရှောင်ပြည်သူ အမျိုးသား () ဦးအား လည်ပင်းလှီးသတ်ဖြတ်ခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး ()ဦးအား အဓမ္မပြုကျင့်ကာ လည်ပင်လှီး သတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ ရရှိလာသောအချက်အလက်များအား Independent Investigative Mechanism for Myanmar(IIMM)သို့ အချိန်‌နှင့်တပြေးညီ ပေးပို့ထားပြီးဖြစ်တယ်လို့ NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းမှ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့်ဖော်ပြထားပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမယ်လို့ဖော်ပြထားပါတယ်။


========================


📌📌 ၃။ NUGရဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ ပါဝင်သူတွေဟာလည်း မြေပြင်မှာ လုပ်ဆောင်နေယုံတင်မက၊ အသက်ပါ အပေါင်ထားပြီး လုပ်နေကြသူတွေ ဖြစ်တယ်လို့ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား


သြဂုတ်လ၂၉ရက်


သြဂုတ်လနောက်ဆုံးပတ်မှာ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်မှ တော်လှန်ရေးနှင့်ပတ်သက်ပြီး အခုလိုသုံးသပ်ပြောကြားထားပါတယ်။


"အန်ယူဂျီက မြေပြင်က လူတွေနဲ့ မထိတွေ့ဘူးဆိုတဲ့အ‌ပြောမျိုးတွေထွက်လာရင် အမြဲတမ်းစဥ်းစားမိတာက အုပ်ချုပ်ရေးယန္တရားမှ လူတွေအကြောင်းစဥ်းစားမိတယ်၊ အတွေ့နိုင်ဆုံး အုပ်စုထဲမှာ သူတို့တွေပါတယ်လေ။မြေပြင်ကလူလို့ပြောရင် ပိုပြီး တိတိကျကျ ကိုယ်တွေ့စေချင်တဲ့ အုပ်စုကို အကြံ ပေး  facilitate  လုပ်ပေးတာမျိုးဆို အလွန်ကောင်းပေါ့။ဦးစားပေးကတော့ ဌာနတွင်း ယန္တရားဖြစ်မယ် ဆိုတာလေးပါ စဥ်းစားချက်လေးထည့်ပေးပေါ့၊ဒီယန္တရားထဲမှာ ပါဝင်သူတွေလည်း မြေပြင်မှာ လုပ်ဆောင်နေယုံတင်မက၊ အသက်ပါအပေါင်ထားပြီး လုပ်နေကြသူချည်းပါပဲ"လို့ဆိုပါတယ်။


လက်ရှိ နယ်မြို့များတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီး ကြားကာလ အုပ်ချုပ်ရေးလုပ်ငန်းများကို မြေပြင်တွင်ဆောင်ရွက်လျက်ရှိလျက်ရှိပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ပေးထားတဲ့ ဖရဲသီးအမြောက်အများတိုးပွားလာတယ်လို့  ဒုတိယအတွင်းဝန်ပြောကြား


သြဂုတ်လ၂၉ရက်


သြဂုတ်လနောက်ဆုံးပတ်မှာ ပြည်သူလူထုထံသို့ နွေဦးတော်လှန်ရေး အောင်ပွဲသတင်းများ တင်ပြရာမှာ ကာကွယ်ရေးဝန်ကြီးဌာနမှာ ဖရဲသီးအမြောက်အများတိုးပွားလာတာနှင့်ပတ်သက်ပြီး ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေမှ အခုလိုပြောကြားထားပါတယ်။


"ပြီးခဲ့တဲ့၄လပိုင်းကနေ၇လပိုင်းအထိဆိုရင် အရာရှိစစ်သည်စုစုပေါင်း ၅၀၀ ကျော်လောက်အထိကို ပြည်သူ့ရင်ခွင်ခိုလှုံပြီး ဝင်ရောက်လာပါတယ်။အဲဒီလိုပဲ ပြည်သူ့ရင်ခွင်ကို ခိုလှုံဝင်ရောက်လာခြင်းမရှိဘဲနဲ့ ပြည်တွင်းမှာပဲ ဖရဲသီးအဖြစ်ကိုဆက်လက်တာဝန်ထမ်းဆောင်ဖို့ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှတာဝန်ပေးထားတဲ့ ဖရဲသီးအမြောက်အများတိုးပွားလာသလို အခုအချိန်မှာ တပ်ရင်းတပ်ဖွဲ့အသီးသီးမှာ တာဝန်ထမ်းဆောင်နေပြီးတော့ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်နေပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ခုခံတော်လှန်စစ် နှစ်နှစ်တာကယလအတွင်း စကစတပ်ဖွဲ့ဝင်သုံးသောင်းကျော်သေဆုံးခဲ့ပြီး တစ်သောင်းကျော်မှာပြည်သူ့ဘက်သို့ CDMအဖြစ်ကူးပြောင်းခဲ့ပါတယ်။


========================


📌📌 ၅။ PRF2.0အစီအစဥ်သစ်အရ မိမိထောက်ပို့လိုတဲ့ PDFတပ်ရင်းတပ်ဖွဲ့နှင့် တိုင်းဒေသကြီးကိုရွေးချယ်နိူင်မှာ ဖြစ်ပြီးတော့ ရရှိငွေနဲ့အသုံးစရိတ်များကို အသိပေးကြေညာမည်


သြဂုတ်လ၂၉ရက်


PRF2.0 သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာန စီမံ၊ဘဏ္ဍာမှ ညွှန်ကြားရေးမှူးချုပ်ဦးကျော်ကြားမှ အခုလိုပြောပြထားပါတယ်။


"PRF2.0မှာဆိုရင် မိမိထောက်ပို့လိုတဲ့ တပ်ရင်းတပ်ဖွဲ့ကိုရွေးချယ်နိူင်မှာ ဖြစ်ပါတယ်။ကိုယ်ရွေးချယ်လိုက်တဲ့ တိုင်းအလိုက်၊စစ်ကိုင်းတိုင်းဆိုစစ်ကိုင်းတိုင်း၊ မန္တလေးဆိုမန္တလေးတိုင်း အဲဒီတိုင်းဒေသအတွက်ပဲ သုံးစွဲမှာ ဖြစ်ပါတယ်။ပွင့်လင်းမြင်သာမှုအပိုင်းမှာ လစဥ်ဘယ်ဒေသကထောက်ပို့တပ်သား ဘယ်နှစ်ယောက်ထောက်ပို့နေတယ်။ဘယ်လောက်သုံးစွဲနေတယ်ဆိုတာကို ကြေညာပေးသွားမှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။


PRR2.0အစီအစဥ်သစ်ကို စက်တင်ဘာလမှ စတင်၍ အကောင်အထည်ဖော်ဆောင်မည်ဖြစ်ပြီး PRFထောက်ပို့တပ်သား ဝင်လိုသူများအနေဖြင့် တလလျှင်ဒေါ်လာ၂၀၊ ထိုင်းရောက်ပြည်သူများဖြစ်ပါကတလထိုင်းဘတ်ငွေ ၃၀၀ လစဥ်ထည့်ဝင်ရမှာဖြစ်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနမှQRကုဒ်ပါဝင်သော PRFထောက်ပို့အသိအမှတ်ပြုကတ်ပြားကို ပြန်လည်ထုတ်ပေးမှာ ဖြစ်ပါတယ်။


"တော်လှန်ရေးအရှိန်အဟုန်မြင့်လာတာနဲ့အမျှလိုအပ်ချက်တွေ၊ပံ့ပိုးမှုတွေ အများကြီးလိုလာပါတယ်။တော်လှန်ရေးအတွက် မလွဲမသွေ ဘဏ္ဍာရေးကဏ္ဍကအရေးကြီးလာပါတယ်"လို့ ကာကွယ်ရေးဒုအတွင်းဝန်ဦးမောင်မောင်ဆွေကလည်းပြောပါတယ်။


လက်ရှိတွင် PRFထောက်ပို့တပ်သား နှစ်သောင်းပတ်ဝန်းကျင်ရှိကာ ၁၇လအတွင်း ၁၀.၉၃မီလီယံ ရရှိပြီးဖြစ်ပါတယ်။


PRFထောက်ပို့တပ်သားဝင်လိုသူများအနေနဲ့ PRF Face Bookစာမျက်နှာသို့တိုက်ရိုက်ဆက်သွယ်မေးမြန်းကာဝင်ရောက်နိူင်မှာဖြစ်ပါတယ်။


========================


📌📌 ၆။ မြန်မာဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC) ထောက်ပို့တပ်သားများမှ ဇွန်လအတွင်းမြေပြင်တပ်ရင်းတပ်ဖွဲ့များထံသို့ ကျပ်သိန်းနှစ်ထောင်ကျော် ထောက်ပို့ပေးနိူင်ခဲ့


သြဂုတ်လ၂၉ရက်


သြဂုတ်လ၂၉ရက်မှာ မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC)မှ အခုလိုအသိပေးဆိုထားပါတယ်။


မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC)ထောက်ပို့တပ်သားများ၏ ၂၀၂၃ခု နှစ်၆လပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် မြန်မာကျပ်ငွေ (သိန်းနှစ်ထောင်သုံးဆယ်လေးသိန်းနှစ်သောင်းငါးရာဆယ်နှစ်ကျပ်)တိတိကို မြေပြင်တပ်ရင်းတပ်ဖွဲ့များထံသို့ တိုက်ရိုက်ပို့ဆောင်ပေးခဲ့ပါတယ်လို့ဆိုပါတယ်။


MFDMC ၏မူဝါဒအတိုင်း ကာကွယ်ရေးဝန်ကြီးဌာနလမ်းညွှန်ချက်ဖြင့် မြေပြင်သို့တိုက်ရိုက် မြန်ဆန်တိကျစွာ ပေးပို့ဆောင်ရွက်ခဲ့ပြီး ထိရောက်သော ထောက်ပံ့မှုများကိုဆက်လက်ဆောင်ရွက် ပို့ဆောင်နေလျှက်ရှိတယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment