မိုးနှမ်းပေါ်ချိန် တောင်သူတွေ စျေးမရ



မိုးနှမ်းပေါ်ချိန် တောင်သူတွေ စျေးမရ

Radio NUG (မကြေးမုံ) ဩဂုတ် ၂၀၊ ၂၀၂၃


မိုးနှမ်းတွေပေါ်လာချိန်မှာ ဒေါ်လာဈေးတွေမြင့်တက်နေပေမယ့် ရသင့်ရထိုက်တဲ့ ဈေး နှုန်းတွေရမလာဘူးလို့ ဈေးကွက်ကျွမ်းကျင်သူတွေက ပြောဆိုလိုက်ပါတယ်။ ဒီသတင်း ကို မကြေးမုံကပေးပို့ထားပါတယ်။ 

၂၀၂၃ခုနှစ်၊ မိုးနှမ်းတွေလှိုင်လှိုင်ပေါ်ချိန်မှာ ဒေါ်လာဈေးမြင့်နေပေမယ့် စစ်တပ်က ပို့ကုန် ရငွေတန်ဖိုးတစ်ဝက်ကို သတ်မှတ်နှုန်းထားအတိုင်းလဲလှယ်စေတာက နှမ်းဈေးတွေ ရသင့်သလောက်မရပဲဖြစ်နေတာပါ။ မနှစ်ကရာသီမှာ နှမ်းဖြူဈေးက ၁၅ပိသာဝင်တစ် တင်းကို အရည်အသွေးအလိုက် ကျပ် ရှစ်သောင်းမှ ကျပ်ခုနှစ်သောင်းခုနှစ် ထောင်အထိ သာရှိပြီး အခုနှစ်ရာ သီမှာတော့ ကျပ်တစ်သိန်းလေးသောင်းတစ်ထာင့်ခြောက်ရာကနေ တစ်သိန်းသုံး သောင်းကိုးထောင့် ခြောက်ရာအထိ မကွေးဈေးကွက်က ဈေးဖွင့်လာ ပါတယ်။ နှမ်းဖြူ ဈေးက မနှစ်ကထက် ကျပ်ခြောက်သောင်းကျော်ဈေးမြင့်လာပေမယ့် ဒီဈေးတွေက  ပို့ကုန်ရငွေတန်ဖိုးအပြည့်အဝမရရှိတဲ့အတွက် တောင်သူတွေ ရသင့်ရ ထိုက်တဲ့ ဈေးကုန် မဟုတ်သေးဘူးလို့ ဈေးကွက်ကျွမ်းကျင်သူကပြောဆိုလိုက်တာပါ။ 

အင်တာဗျူး - 

“ ဒေါ်လာဈေးတက်သလောက်တော့ တောင်သူတွေက ခံစားခွင့်တော့မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အိတ်စ်ပို့တ်တာ တွေကကျတော့ ဗဟိုဘဏ်ကို ငါးဆယ်ရာခိုင်နှုန်းကသွင်းရတယ်လေ။ ကျန်တဲ့ ငါးဆယ် ရာခိုင်နှုန်းပဲ အပြင်ကိုရောင်းရတာဆိုတော့ ဥပမာအပြင်ပေါက်ဈေးနဲ့ အစိုးရပေါက်ဈေး ကြားထဲမှာ တော်တော်လေးကွာနေတာကိုး။ အပြင်မှာက ၃၈၅၀၊ ဒီနေ့ ၃၉၀၀ ပေါက် ဈေးကရတာပေါ့နော်။ အစိုးရပေါက်ဈေးက ၂၁၅၀ ဆိုတော့ အဲ့ကြားထဲက ကွာဟချက် ကတစ်ထောင်ကျော်လောက်ကွာနေတာလေ။ တစ်ထောင်လောက်ကွာနေတယ်ဆို တော့အဲ့တစ်ထောင်ရဲ့ကွာဟချက်ကမနည်းဘူးကိုး။ အဲ့တော့နှမ်း တစ်တန်ဒေါ်လာ နှစ်ထောင်ဝန်းကျင်နဲ့ တွက်ရင်ကိုပဲ နှမ်းတစ်တန်ပေါ်မှာ သိန်း နှစ် ဆယ်လောက်ကကွာနေပြီလေ။ အဲ့တော့ Legal သမားတွေက အခက်အခဲဖြစ်တာ ပေါ့ဗျာ။ Legal သမားတွေက Illegal သမားတွေနဲ့ယှဉ်ရတဲ့ကိစ္စတွေမှာ အခက်အခဲတွေ ရှိတာပဲ။ ဒေါ်လာဈေးတက်တဲ့အပေါ်မှာတော့တောင်သူတွေက ခံစားမှု အပြည့်အဝမရပါ ဘူး။” 


လတ်တလော နှမ်းဈေးကွက်မှာ ဒေသအခေါ်ဖြစ်တဲ့ ချုံကျော်၊ ဘပန်၊ မကွေးမဂျမ်း တော၊ ဂျပန်နှမ်းဖြူစတဲ့ နှမ်းဖြူမျိုးတွေက ဈေးကွက်ဝင်နေတာဖြစ်ပါတယ်။ နှမ်းစိုက် တောင် သူတွေကတော့ နှမ်းရာသီအစမှာ ဝယ်ကြဲရတဲ့ နှမ်းမျိုးဖိုးက သက်သာခဲ့တဲ့အပြင် ဓာတ်မြေသြဇာဈေးကြီးလို့ သဘာဝမြေသြဇာတွေကို ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ခဲ့တာက ထုတ်လုပ်မှု ကုန်ကျစရိတ်ကိုသက်သာစေခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီမှာ ဆယ်နှစ် တစ်ခါလောက် ဆိုသလို နှမ်းစိုက်ချိန်မှာ ရာသီဥတုက ကောင်းမွန်ခဲ့တဲ့အတွက် ထိုက် သင့်တဲ့နှမ်း အထွက်နှုန်းတွေရခဲ့ပါတယ်။ ဒါကြောင့် မကွေး၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီး၊ ရေနံချောင်း၊ ချောက်၊ မင်းဘူး စတဲ့ဒေသတွေမှာဒေါ်လာဈေးမြင့်နေလို့ နှမ်းဈေးက ဈေးကုန်မရ ခဲ့ပေမယ့် လက်ရှိနှမ်းဈေးကွက်ကတော့ အကျိုးအမြတ်ရှိ တဲ့ဈေးကွက်ဖြစ် တယ်လို့ နှမ်းစိုက် တောင်သူတစ်ဦး ကပြောပါတယ်။ 

အင်တာဗျူး - 

“ …  ဒီနှစ်အနေထားက အကျိုးအမြတ်ရှိတယ်။ ဒီနှစ်အနေထားကတော့ အဲ့ဒီမြို့ တွေလေ အဲ့ ၆မြို့နယ်ကအခြေအနေကောင်းတယ်။ အကျိုးအမြတ်လည်းရှိတယ်။ တစ်ခု ကအိမ်တွင်းပစ္စည်းတောင်သူတွေကိုယ်တိုင်လုပ်တဲ့ အော်ဂဲနစ်နည်းတွေသုံးတော့ သွင်း အားစုလျှော့ချနိုင်တာပေါ့။ အထွက်က မကွာဘူး။ ပိုတောင်ကောင်းတယ်။ အဲ့ဘက်အ ခြမ်းတွေကအတော်ကောင်းပါတယ်။ “


လတ်တလောနှမ်းဈေးကွက်မှာတော့ နှမ်းနက်ထက် နှမ်းဖြူ ကနှစ်နှစ်ဆက်တိုက် ဈေးပို ကောင်းလာပြီး နှမ်းနက်ဈေးကွက်ကတော့ အနိမ့်ဈေးဘက်ကိုရောက်လာပါတယ်။ မိုခါ မုန်တိုင်းအရှိန်ကိုခံခဲ့ရတဲ့ နွေနှမ်းအနက်တွေ အရည်အသွေးကျသွားတဲ့အပြင် နှမ်းနက် ဝယ် လက်တွေလည်း နည်းပါးသွားတဲ့အတွက် နှမ်းနက်ဈေးတွေ နှစ်နှစ်ဆက်တိုက်ကျ ဆင်းလာပါတယ်။ ပြည်ပဝယ်လက်နည်းသွားတဲ့ နှမ်းနက်တွေက ပြည်တွင်းဆီစားနှမ်းဆံ ဈေးကွက်ကိုရောက်ရှိသွားတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်ပဝယ်လက်ကျဆင်းလာတဲ့ နှမ်းနက်ကို တောင်သူတွေ သတိထားစိုက်နိုင်ဖို့ ဈေးကွက်သတင်းအချက်အလက် တွေပေးနိုင်ဖို့ လိုအပ်တယ်လို့လည်း အဆိုပါနှမ်းစိုက်တောင်သူက ပြောပါတယ်။ 

အင်တာဗျူး -

“ ..  နှမ်းနက်ကနေပြောင်းစိုက်ဖို့ကို အသိပညာပေးတွေလုပ်ရလိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြောင်းလဲတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်နည်းနေတယ်။ နောက်နှစ်တွေဆိုရင် ဈေးကွက်တူရင်တောင်မှ အဖြူစိုက်သင့်သွားပြီ။ သက်တမ်းတို တော့ ဒီကျွန်တော်တို့ မိုးခေါင်တဲ့ဒဏ်ကိုခံနိုင်ဖို့၊ မိုးနောက်ကျတဲ့ဒဏ်ကိုခံနိုင်ဖို့ဆိုရင် အ ဖြူကိုစိုက်ရတော့မယ်။ ပြောင်းလဲလာတဲ့ ရာသီဥတုအရလေ။ ပြောင်းလဲလာတဲ့ ရာသီဥ တုနဲ့ ကိုက်ညီတဲ့ သီးနှံဆိုတဲ့ သဘောနဲ့လေ အသိပညာပေးလုပ်ငန်းတွေ တောင်လုပ်သင့် နေပြီ။” 


မြန်မာတစ်နိုင်ငံလုံးမှာ နှမ်းစိုက်ဧက ၄သန်းနီးပါးရှိခဲ့ပေမယ့် စိုက်ဧကတစ်သန်းကျော်နဲ့ အဓိက စိုက်ပျိုးထုတ်လုပ်တဲ့ တိုင်းဒေသကြီးတွေဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ် ကိုင်းတိုင်းတို့မှာ စစ်တပ်က စစ်ရေးအရထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှမ်းစိုက် ဧကတွေလျော့ကျလာသလို နှမ်းရောင်းဝယ်ရေးလုပ်ငန်းမှာလည်း ပြည်ပပို့ကုန် ငွေလဲ  နှုန်းကို ချုပ်ကိုင် လက်ဝါးကြီးအုပ်ထားတဲ့အတွက် ဒေသတွင်းက နှမ်းစိုက်တောင်သူ တွေမှာ ရသင့်ရထိုက်တဲ့ ဈေးကုန်မရကြပဲ ဖြစ်နေတာဖြစ်ပါတယ်။ မြန်မာ့နှမ်းကို တရုတ် နိုင်ငံကို အဓိကတင်ပို့နေပြီး ဂျပန်၊ ကိုရီးယား၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွေကိုလည်း တင်ပို့ခဲ့ပါတယ်။ ၂၀၂၀ - ၂၀၂၁ ခုနှစ်အတွက် စီးပွားကူးသန်းက ထုတ်ပြန်ခဲ့တဲ့ စာရင်း တွေအရ မြန်မာ့ နှမ်းတင် ပို့မှုက တန်ချိန် နှစ်သိန်းခြောက်သောင်းကျော်ရှိခဲ့ပြီး အဲ့ဒီကနေ အမေရိကန်ဒေါ်လာ သန်း ၃၅၀နီးပါးရရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Share:

No comments:

Post a Comment