10th SEP 2023 - Morning Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တရားစီရင်ရေးကဏ္ဍ ပိုမိုအားကောင်းစေရန် တရားရေးဝန်ကြီးဌာနအပြင် အခြား ဝန်ကြီးဌာနများအားလုံး ပူး‌ပေါင်းချိတ်ဆက်ကြရန်  ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းမယ်

📌 ၂။ကရင့်အမျိုးသားရဲတပ်ဖွဲ့သည်  အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတွင်လည်း ဖက်ဒရယ်ပြည်ထောင်စုရဲတပ်ဖွဲ့များ ဖွဲ့စည်းရာတွင် ဦးဆောင်မှုအခန်းကဏ္ဍက ဆက်လက်ပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်း ပြည်ထဲရေးဝန်ကြီး သဝဏ်လွှာပေးပို့

📌 ၃။ စကစစစ်တပ်၏ တပ်အင်အား ဆက်လက်၍လည်း ပြုန်းတီးနေအုံးမည် ဖြစ်သည့်အတွက် တိုက်ပွဲဝင်သွားရန် လိုအပ်ကြောင်း မွန်ပြည် ဖက်ဒရယ်ကောင်စီသဘာပတိဆို

📌 ၄။ စစ်ရေးနည်း ဗျူဟာတစ်ခုအနေဖြင့် စာသင်ကျောင်းများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို (KHRG)က အပြင်းအထန်ရှုတ်ချ

📌 ၅။ ကန့်ဘလူ ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်မှ ဆက်တိုက်စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်နေ၍  ကျေးရွာ ၁၂ ရွာမှ ပြည်သူများထပ်မံထွက်‌ပြေးတိမ်းရှောင်နေရ

📌 ၆။ မကွေးတိုင်း ပခုက္ကူမြို့နယ် ကိုးပင်ကျေးရွာအနီးရှိ (စကစ) စစ်ဆေးရေးဂိတ်ကို Rc Plane လေယာဥ်ငယ်များဖြင့် ဗုံးသီးများကြဲချ တိုက်ခိုက်

📌 ၇။ KNLA/PDF မဟာမိတ် တပ်ဖွဲ့ဝင်များက ဝေါမြို့နယ်ရှိ ရန်သူ့တပ်ရုံးအား Drone ဗုံးသီးချ၍မြေပြင်ကပါ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ 

ရာရန်သူ့တပ်သား () ဦးသေ၊ () ဦး ဒဏ်ရာရ

📌 ၈။ မတူပီမြို့ အခြေစိုက် စကစ စစ်ဗျူဟာစခန်းမှ တပ်ကြပ်ကြီး ထွန်းဇော် နှင့် ဒုတပ်ကြပ် ဝေလွင် တို့ CDF.Matupi ထံ လက်နက်ခဲယမ်းနဲ့ အတူ  အလင်းဝင်လာ၍ ဆုငွေကျပ်သိန်း (၆၀)စီ ချီးမြင့်ပေးအပ်ခဲ့

📌 ၉။ ကိုရီယားနိုင်ငံ ဆိုးလ်မြို့ မှာကျင်းပတဲ့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေး၊ မြန်မာ့ရိုးရာယဥ်ကျေးမှုနှင့် ဂီတဖျော်ဖြေပွဲ "မှ စစ်ဘေးရှောင်ရန်ပုံငွေကိုရီးယားဝမ် ၁၅သိန်းရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တရားစီရင်ရေးကဏ္ဍ ပိုမိုအားကောင်းစေရန် တရားရေးဝန်ကြီးဌာနအပြင် အခြား ဝန်ကြီးဌာနများအားလုံး ပူး‌ပေါင်းချိတ်ဆက်ကြရန်  ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းမယ်


စက်တင်ဘာ၉ရက်

စက်တင်ဘာ၈ရက်မှာ ပြုလုပ်တဲ့ ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (/၂၀၂၃)မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုပြောကြားခဲ့ပါတယ်။


"တော်လှန်ရေးကာလတွင် မိမိတို့အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍ ပိုမိုအားကောင်းစေရန် တရားရေးဝန်ကြီးဌာနအပြင် အခြား ဝန်ကြီးဌာနများအားလုံး ပူး‌ပေါင်းချိတ်ဆက်ကြရန် အရေးကြီးသည့်အတွက် ယခုအခါ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကြားကာလ အကူးအပြောင်းတွင် အခြေခံအုတ်မြစ်ကောင်းများ ချမှတ်နိုင်ရန် အရေးကြီးသဖြင့် အားလုံးက အားစိုက်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း"ဆိုခဲ့ပါတယ်။


အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ () -တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။


ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ လတ်တလော တရားစီရင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အခြေအနေများအား တင်ပြဆွေးနွေးမှုပြုခဲ့ကြပြီးနောက်  ကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တော်လှန်ရေး အရှိန်အဟုန်မြင့်လာပြီဖြစ်သောကြောင့် အရေးပါလှသည့် တရားစီရင်ရေးလုပ်ငန်းများအား ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် ပြီးပြတ်အောင် လုပ်ဆောင်နိုင်မှသာ အများပြည်သူယုံကြည်ကိုးစားမှုရရှိမည်ဖြစ်ကြောင်း၊ အားလုံးပါဝင် ကြိုးစားဆောင်ရွက်သွားကြရန်ဆိုခဲ့ပါတယ်။


========================


📌📌 ၂။ကရင့်အမျိုးသားရဲတပ်ဖွဲ့သည်  အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတွင်လည်း ဖက်ဒရယ်ပြည်ထောင်စုရဲတပ်ဖွဲ့များ ဖွဲ့စည်းရာတွင် ဦးဆောင်မှုအခန်းကဏ္ဍက ဆက်လက်ပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်း ပြည်ထဲရေးဝန်ကြီး သဝဏ်လွှာပေးပို့


စက်တက်ဘာ၉ရက်

ကရင့်အမျိုးသားရဲတပ်ဖွဲ့သည်  အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတွင်လည်း ဖက်ဒရယ်ပြည်ထောင်စုရဲတပ်ဖွဲ့များ ဖွဲ့စည်းရာတွင်ဦးဆောင်မှုအခန်းကဏ္ဍက ဆက်လက်ပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်း ပြည်ထဲရေးဝန်ကြီး သဝဏ်လွှာပေးပို့ဆိုလိုက်ပါတယ်။


စက်တင်ဘာ၉ရက်နေ့တွင် ကျရောက်သော ကေအဲန်ယူ-ကရင့်အမျိုးသားအစည်းအရုံး၊(၃၂)နှစ်မြောက် ကရင့်အမျိုးသားရဲတပ်ဖွဲ့ နေ့သို့ သဝဏ်လွှာပေးပို့ခွင့်ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးဂုဏ်ယူ ဝမ်းမြောက်ရပါတယ်လို့ဆိုပါတယ်။


ကေအဲန်ယူ-ကရင့်အမျိုးသားအစည်းအရုံးသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အာဏာရှင်စနစ်ကျဆုံးအောင် စဉ်ဆက်မပြတ် မဆုတ်မနစ် တွန်းလှန်တိုက်ခိုက်နေသည်နှင့် တစ်ပြိုင်နက် ၁၉၉၁ ခုနှစ် စက်တင်ဘာလ ()ရက်နေ့တွင်ကရင့်အမျိုးသားရဲတပ်ဖွဲ့အား စတင်ဖွဲ့စည်းခဲ့ပြီး ကေအဲန်ယူ-ကရင့်အမျိုးသား အစည်းအရုံး၏ စိုးမိုးထိန်းချုပ်နယ်မြေများတွင် ပြည်သူများအတွက် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ စနစ်တကျဆောင်ရွက်နေသည်မှာ ယနေ့တွင် (၃၂)နှစ်တိုင်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်လို့ဆိုပါတယ်။


ကရင့်အမျိုးသားရဲတပ်ဖွဲ့သည် ပြည်သူလူထုလေးစားယုံကြည်ပြီး ပြည်သူလူထုအား ဝန်ဆောင်မှုအပြည့်အဝပေးနိုင်သည့် ရဲတပ်ဖွဲ့ကြီးအဖြစ်သာမကဘဲ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတွင်လည်း ဖက်ဒရယ်စနစ်နှင့် ကိုက်ညီသည့် ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံများ ရေးဆွဲရာတွင်လည်းကောင်း၊ ဖက်ဒရယ်ပြည်ထောင်စုရဲတပ်ဖွဲ့များ ဖွဲ့စည်းရာတွင်လည်းကောင်း ဦးဆောင်မှုအခန်းကဏ္ဍက ဆက်လက်ပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်း သဝဏ်လွှာ ပါးအပ်ပါတယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၃။ စကစစစ်တပ်၏ တပ်အင်အား ဆက်လက်၍လည်း ပြုန်းတီးနေအုံးမည် ဖြစ်သည့်အတွက် တိုက်ပွဲဝင်သွားရန် လိုအပ်ကြောင်း မွန်ပြည် ဖက်ဒရယ်ကောင်စီသဘာပတိဆို


စက်တင်ဘာ၉ရက်

စကစစစ်တပ်၏ တပ်အင်အား ဆက်လက်၍လည်း ပြုန်းတီးနေအုံးမည် ဖြစ်သည့်အတွက် တိုက်ပွဲဝင်သွားရန် လိုအပ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီသဘာပတိ နိုင်သုဝဏ္ဏမှဆိုပါတယ်။


စက်တင်ဘာလ () ရက် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ပုံမှန်အစည်းအဝေး အမှတ်စဉ် (၂၇/၂၀၂၃) ကို  Zoom Platform မှ တဆင့် ကျင်းပခဲ့ပါတယ်။


အစည်းအဝေး အဖွင့်အမှာစကားတွင် သဘာပတိကြီး နိုင်သုဝဏ္ဏမှပြောကြားရာ"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြည်သူ့ခုခံ တွန်းလှန်စစ် () နှစ်ပြည့် အစီရင်ခံစာအရ စကစစစ်တပ်၏ တပ်အင်အားမှာ ၁၂ ရာခိုင်နှုန်းကျော် ပြုန်းတီးခဲ့ပြီး ဆက်လက်၍လည်း ပြုန်းတီးနေအုံးမည် ဖြစ်သည့်အတွက် မိမိတို့အနေဖြင့်လည်း ဆက်လက်တိုက်ပွဲဝင်သွားရန် လိုအပ်နေပြီ ဖြစ်ပါတယ်။ ကရင်နီပြည်တွင် ဖွဲ့စည်းထားသည့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီသည် ၎င်းတို့၏ အစိုးရဌာနများတွင် လိုအပ်နေသည့် ဌာနမှူး၊ ဒု-ဌာနမှူးများကို ဖြည့်ဆည်းနေပြီး ကရင်နီပြည်၏ ဖက်ဒရယ် ယူနစ်ကို လက်တွေ့အကောင်အထည် ဖော်ဆောင်နေသည်ကို တွေ့ရှိနေရသည့် မိမိတို့အနေဖြင့်များစွာ ဝမ်းမြောက်မိပါတယ်။ MSFC အနေဖြင့်လည်း မိမိတို့၏ ချမှတ်ထားသည့် လမ်းစဉ်အတိုင်း တသဝေမသိမ်း အင်တိုက်အားတိုက်ဖြင့် အတူတကွ လုပ်ဆောင်သွားကြရန် တိုက်တွန်းကြောင်း"ဆိုခဲ့ပါတယ်။


ဒါ့အပြင် MSFC ကောင်စီမှ ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီမှတဆင့်  စကစမှ ကျင်းပပြုလုပ်သွားမည့် ရွေးကောက်ပွဲသည် တရားမဝင်ကြောင်းကို ထုတ်ဖော်ပြသသွားရမှာဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ စစ်ရေးနည်း ဗျူဟာတစ်ခုအနေဖြင့် စာသင်ကျောင်းများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို (KHRG)က အပြင်းအထန်ရှုတ်ချ


စက်တင်ဘာ၉ရက်

စက်တင်ဘာလ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ပညာရေးကို အကြမ်းဖက်တိုက်ခိုက်ခြင်းမှ ကာကွယ်‌ရေးနေ့မှာ  ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ အခုလိုအသိပေးဆိုပါတယ်။


"စက်တင်ဘာလ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ပညာရေးကိုတိုက်ခိုက်ခြင်းမှ ကာကွယ်‌ရေးနေ့တွင် မြန်မာပြည်အ‌ရှေ့တောင်ပိုင်းရှိ စာသင်ကျောင်းများအပေါ် လက်ရှိအကြမ်းဖက်တိုက်ခိုက်မှုများအပေါ် အာရုံစိုက်စေလိုပြီး ကမ္ဘာတဝှမ်းလုံး၌ ပညာရေးအပေါ် တိုက် ခိုက်မှုများကို ရပ်တန့်‌ပေးရန်တောင်းဆိုလိုက်ပါတယ်။ စစ်ရေးနည်းဗျူဟာတစ်ခုအနေဖြင့် စာသင်ကျောင်းများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို (KHRG) သည် ကျောင်းသားကျောင်းသူများ အပါအဝင် ဆရာ/ များနှင့်အတူ တညီတညွတ်တည်း ရပ်တည်နေပြီး ၎င်းတို့လုပ်ရပ်များကို အပြင်းအထန်ရှုတ်ချပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက KHRG မှတ်တမ်းပြုစုချက်အရ စာသင်ကျောင်းများအပေါ် အကြမ်းဖက်တိုက်ခိုက်မှု ၂၄ ကြိမ်အထက်ရှိနေပြီး စာသင်ကျောင်းအဆောက်အဦး ၃၇ လုံးကျော် လုံးဝပျက်စီး (သို့မဟုတ်) ထိခိုက်ပျက်စီးခဲ့ကြောင်းတွေ့ရှိရတယ်လို့ဆိုပါတယ်။


၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော စာသင်ကျောင်းများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများသည် ပြီးခဲ့သော ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် () နှစ်ပေါင်းသည်ထက် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားခဲ့ပါတယ်။


========================


📌📌 ၅။ ကန့်ဘလူ ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်မှ ဆက်တိုက်စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်နေ၍  ကျေးရွာ ၁၂ ရွာမှ ပြည်သူများထပ်မံထွက်‌ပြေးတိမ်းရှောင်နေရ


စက်တင်ဘာ၉ရက်

စက်တင်ဘာလ ရက်နေ့ မနက် နာရီတွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ တောင်တည်းကုန်းရွာအား ညောင်ဇင်လေးရွာပျူအထိုင်စခန်းမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးစုပေါင်းအင်အား ၁၀၀ ခန့်မှ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။


ထို့နောက်မနက် နာရီတွင် ရွာအားမီးရှို့ဖျက်ဆီးနေခြင်းကြောင့်  အနီးနားရှိကျေးရွာ ၁၂ ရွာမှ အပြစ်မဲ့ပြည်သူများထပ်မံထွက်ပြေးတိမ်းရှောင်‌နေရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကဆိုပါတယ်။


ညောင်ဇင်လေးရွာပျူအထိုင်မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်း၏ မီးရှို့ဖျက်ဆီးခြင်းခံရသည့် တောင့်တည်းကုန်းရွာမှ အိမ်ခြေမည်မျှ ပျက်ဆီးဆုံးရှုံးသွားသည်ကို အတည်ပြု၍ မရသေးဘဲ ထိုစစ်ကြောင်းသည် တောင့်တည်းကုန်းရွာအား မီးရှို့ဖျက်ဆီးပြီး နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ညောင်ဇင်ကြီးရွာဘက်သို့ စစ်ကြောင်းထိုးထွက်ခွာသွားကြောင်းသိရပါတယ်။


========================


📌📌 ၆။ မကွေးတိုင်း ပခုက္ကူမြို့နယ် ကိုးပင်ကျေးရွာအနီးရှိ (စကစ) စစ်ဆေးရေးဂိတ်ကို Rc Plane လေယာဥ်ငယ်များဖြင့် ဗုံးသီးများကြဲချ တိုက်ခိုက်


မကွေးတိုင်း ပခုက္ကူမြို့နယ် ကိုးပင်ကျေးရွာအနီးရှိ (စကစ) စစ်ဆေးရေးဂိတ်ကို Rc Plane လေယာဥ်ငယ်များဖြင့် ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့တယ်လို့ စက်တင်ဘာ၉ရက်မှာစစ်ရေးသတင်းကို ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ() Young Force - UG ကအသိပေးဆိုပါတယ်။


"စက်တင်ဘာ၈ ရက်နေ့ ညနေပိုင်းတွင် မကွေးတိုင်း ပခုက္ကူမြို့နယ် ကိုးပင်ကျေးရွာအနီးရှိ (စကစ) စစ်ဆေးရေးဂိတ်ကို Rc Plane လေယာဥ်ငယ်များဖြင့် ဗုံးသီးများကြဲချ တိုက်ခိုက်ခဲ့ပါတယ်။ နီးနီးကပ်ကပ် ပစ်ချနိုင်ခဲ့ပြီး အထိခိုက် အပျက်ဆီးများ သိရှိရပါက ဆက်လက်ဖော်ပြသွားပါမယ်"လို့ဆိုပါတယ်။


စစ်ဆင်ရေးကို မြိုင်ပူးပေါင်း တပ်ဖွဲ့များနှင့်အတူ ပခုက္ကူမြို့နယ် .က.ဖတပ်ခွဲ()ဖြစ်သောThurain- TRနှင့်Young Force-UG

တို့မှ ပူပေါင်းဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၇။ KNLA/PDF မဟာမိတ် တပ်ဖွဲ့ဝင်များက ဝေါမြို့နယ်ရှိ ရန်သူ့တပ်ရုံးအား Drone ဗုံးသီးချ၍မြေပြင်ကပါ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ 

ရာရန်သူ့တပ်သား () ဦးသေ၊ () ဦး ဒဏ်ရာရ


စက်တင်ဘာလ () ရက်နေ့ 

KNLA/PDF မဟာမိတ် တပ်ဖွဲ့ဝင်များက ဝေါမြို့နယ်ရှိ ရန်သူ့တပ်ရုံးအား Drone ဗုံးသီးချ၍မြေပြင်ကပါ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ 

ရာ ရန်သူ့တပ်သား () ဦးသေ၊ () ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (စစ်ရုံးချုပ်) က စက်တင်ဘာ၉ရက်မှာ ထုတ်ပြန်ပါတယ်။


"စက်တင်ဘာလ ()ရက်နေ့၊ မနက် (:၄၀)နာရီတွင် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာရှိ ရန်သူ့တပ်နှင့်ပျုစောထီးများ အခြေပြုနေထိုင်သော ရုံးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း ၃၇၀၂ တပ်ခွဲ () မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက Drone ဖြင့် ဗုံးသီးချကာ မြေပြင်မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ 


တိုက်ပွဲအတွင်း ရန်သူ့တပ်သား () ဦး သေဆုံးကာ () ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများတွင် သုံးပွင့်အဆင့်အရာရှိ () ဦးပါထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။


တိုက်ပွဲအတွင်း ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။ 


========================


📌📌 ၈။ မတူပီမြို့ အခြေစိုက် စကစ စစ်ဗျူဟာစခန်းမှ တပ်ကြပ်ကြီး ထွန်းဇော် နှင့် ဒုတပ်ကြပ် ဝေလွင် တို့ CDF.Matupi ထံ လက်နက်ခဲယမ်းနဲ့ အတူ  အလင်းဝင်လာ၍ ဆုငွေကျပ်သိန်း (၆၀)စီ ချီးမြင့်ပေးအပ်ခဲ့


စက်တင်ဘာ၉ရက်

မတူပီမြို့ အခြေစိုက် စကစ စစ်ဗျူဟာစခန်းမှ တပ်ကြပ်ကြီး ထွန်းဇော်နှင့် ဒုတပ်ကြပ် ဝေလွင်တို့ CDF.Matupi ထံ လက်နက်ခဲယမ်းနဲ့အတူ  အလင်းဝင်လာ၍ ဆုငွေကျပ်သိန်း (၆၀)စီ ချီးမြင့်ပေးအပ်ခဲ့တယ်လို့  CDF.Matupiက စက်တင်ဘာ၉ရက်မှာ တရားဝင်အသိပေးထုတ်ပြန်ပါတယ်။


"၂၀၂၃ ခုနှစ်၊ သြဂုတ်လ(၂၈)ရက်နေ့တွင် မတူပီမြို့ အခြေစိုက် စကစ စစ်ဗျူဟာစခန်းမှ တပ်ကြပ်ကြီး ထွန်းဇော် နှင့် ဒုတပ်ကြပ် ဝေလွင် တို့အား CDF.Matupi ထံ လက်နက်ခဲယမ်းနဲ့အတူ CDM ပြုလုပ် အလင်းဝင်လာပြီး မိမိတို့ CDF.Matupi မှ ဆုငွေ သိန်း (၆၀)စီ ချီးမြင့်ပေးအပ်ခဲ့တယ်"လို့ဆိုပါတယ်။


တပ်မတော်သားများနှင့် ရဲသားများ လက်နက်ခဲယမ်းနှင့်အတူ CDF.Matupi ထံ CDM ပြုလုပ် အလင်းဝင်လာပါက ထိုက်သင့်သော ဆုငွေ ချီးမြင့်ပြီး လုံးခြုံရေးနှင့် အခြားလိုအပ်ချက်များကို တာဝန်ယူ ​​ဆောင်ရွက်ပေးမယ်လို့အသိပေးကြေညာထားပါတယ်။


========================


📌📌 ၉။ ကိုရီယားနိုင်ငံ ဆိုးလ်မြို့ မှာကျင်းပတဲ့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေး၊ မြန်မာ့ရိုးရာယဥ်ကျေးမှုနှင့် ဂီတဖျော်ဖြေပွဲ "မှ စစ်ဘေးရှောင်ရန်ပုံငွေကိုရီးယားဝမ် ၁၅သိန်းရရှိ


စက်တင်ဘာ၉ရက်

ကိုရီယားနိုင်ငံ ဆိုးလ်မြို့ မှာကျင်းပတဲ့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေး၊ မြန်မာ့ရိုးရာယဥ်ကျေးမှု နှင့် ဂီတဖျော်ဖြေပွဲ "မှ စစ်ဘေးရှောင်ရန်ပုံငွေကိုရီးယားဝမ် ၁၅သိန်းရရှိခဲ့တယ်လို့ မြန့်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်က စက်တင်ဘာ၉ရက်မှာ အသိပေးဆိုပါတယ်။


" မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေး၊ မြန်မာ့ရိုးရာယဥ်ကျေးမှုနှင့် ဂီတဖျော်ဖြေပွဲ "ကို စက်တင်ဘာ၉ရက်(စနေနေ့) ဆိုးလ်မြို့မှာ ကျင်းပခဲ့ပြီး မြန်မာ့အရေး တော်လှန်ရေး အကြောင်းအရာများ ကိုရီးယားနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပိုမိုသိရှိစေရန် ရှင်းလင်းဟောပြောခြင်းနှင့် မြန်မာ့ယဥ်ကျေးမှု၊ အကအလှဖျော်ဖြေရေးများနှင့် ဂီတဖျော်ဖြေပွဲကို မြန့်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်-Myanmar Federal Democratic Mission Coalition ( MFDMC ) နဲ့ ကိုရီးယားအဖွဲ့အစည်းတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အောင်မြင်စွာ ကျင်းပခဲ့ပါတယ်"လို့ဆိုပါတယ်။


စုစုပေါင်း စစ်ဘေးရှောင်ရန်ပုံငွေ ကိုရီးယားဝမ်၁၅သိန်းရရှိပြီး မြန်မာ့အရေးကိုလည်း စိတ်၀င်တစားနဲ့ နေရာပြည့်လျှံနေအောင် လာရောက် အားပေးခဲ့ကြတယ်လို့ဆိုပါတယ်။ 


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment