17th SEP 2023 - Evening Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၁၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေးအတွက်  UN  ရုံးချုပ်ရှေ့တွင် လူထုထောက်ခံချီတက်ပွဲကျင်းပ

📌 ၂။ မြန်မာနိူင်ငံအနေဖြင့် ပြည်သူ့ကိုယ်စားပြုအစိုးရအစား အာဏာရှင်စနစ်ဖြင့် ချုပ်ကိုင်ခံရနေသောကြောင့် နိူင်ငံတည်ငြိမ်မှုအနိမ့်ဆုံး အခြေအနေကိုရောက်ရှိနေတယ်လို့ဆို

📌 ၃။ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီဘက်မှစိတ်ဓာတ်ပိုင်းဆိုင်ရာပါ ပြိုလဲနေတာတွေ့မြင်နေရပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန်ပြောကြား

📌 ၄။ မိုးလုံးမှိုင်းစစ်ဆင်ရေးဆင်နွှဲနေ၍မိုးကုတ်မြို့ နှင့် အနီးတစ်ဝိုက်နေပြည်သူများစစ်ရေးသတိရှိရန် အသိပေးကြေညာ

📌 ၅။ ရွှေဘိုမြို့ရှောင်လမ်းမှာ စစ်ကောင်စီသံပြားကာကား မိုင်းဆွဲခံရလို့ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေးအတွက်  UN  ရုံးချုပ်ရှေ့တွင် လူထုထောက်ခံချီတက်ပွဲကျင်းပ


 စက်တင်ဘာ ၁၆ရက်


မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေးအတွက်  UN ရုံးချုပ်ရှေ့တွင် လူထုထောက်ခံချီတက်ပွဲကျင်းပရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးတို့တက်ရောက်ခဲ့ပါတယ်။


စက်တင်ဘာ၁၆ရက်အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ Dag Hammerskjold Plaza (E47th St & 1st Ave, NY, NY 10017) တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင်ဆက်လက်တည်ရှိရေးအတွက် UN CREDENTIALS CAMPAIGN အဖြစ် Our Ambassador, Our Voice ခေါင်းစဉ်ဖြင့် လူထုထောက်ခံချီတက် ဆန္ဒဖော်ထုတ်ဖော်ပွဲကိုကျင်းပခဲ့ပါတယ်။


အဆိုပါအခမ်းနားတွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG အစိုးရအဖွဲ့မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးတို့ မှအမှာစကားပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။ 


ကုလသမဂ္ဂတွင် မြန်မာပြည်သူများကိုယ်စားပြု ဦးကျော်မိုးထွန်းဆက်လက်တည်ရှိရေးအပြင်၊ တရားဥပဒေမဲ့စွာ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေသော စစ်အကြမ်းဖက်အုပ်စုအား နိုင်ငံတကာမှ ပယ်ကျဉ်ကာ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်ကူညီ ပေးကြရန်ကိုလည်း၊ တောင်းဆိုခဲ့ကြပါတယ်။


ထို့နောက် UN ရုံးချုပ်ရှေ့မှ နယုးယောက်မြို့လယ်ရှိ Time Square ရင်ပြင်သို့  နယူးယောက်မြို့လယ်ကိုဖြတ်သန်းကာ အမေရိကန်ပြည်ထောင်စု တဝှမ်းရှိ မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်စုံမှ ကြွေးကြော်သံများဟစ်ကြွေးကာ ချီတက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ မြန်မာနိူင်ငံအနေဖြင့် ပြည်သူ့ကိုယ်စားပြုအစိုးရအစား အာဏာရှင်စနစ်ဖြင့် ချုပ်ကိုင်ခံရနေသောကြောင့် နိူင်ငံတည်ငြိမ်မှုအနိမ့်ဆုံး အခြေအနေကိုရောက်ရှိနေတယ်လို့ဆို


စက်တင်ဘာ၁၇ရက်


စက်တင်ဘာလ ၁၆ ရက်တွင်ကျ‌ ရောက်သော၂၀၂၃ ခုနှစ်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သည့် သဝဏ်လွှာကို ဒုတိယဝန်ကြီး ခွန်းစောဖူးမှ ဖတ်ကြားခဲ့ပါတယ်။


"လက်ရှိ ကျနော်တို့မြန်မာနိူင်ငံအနေဖြင့် ပြည်သူ့ကိုယ်စားပြုအစိုးရအစား အာဏာရှင်စနစ်ဖြင့် ချုပ်ကိုင်ခံရနေသောကြောင့် နိူင်ငံတည်ငြိမ်မှုအနိမ့်ဆုံး အခြေအနေကိုရောက်ရှိနေပါတယ်။သို့ဖြစ်ရာပြည်သူများအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ယဥ်ကျေးမှုဆိုင်ရာအခြေခံလူ့အခွင့်ရေး များပင်ဆုံးရှုံးလျက်ရှိခြင်းကြောင့်လက်ရှိ ဖြစ်ပေါ်နေတဲ့ရာသီဥတုပြောင်းလဲဆိုင်ရာ အခြေအနေကိုရင်ဆိုင်ရာမှာ ထိခိုက်မှုအလွယ်ဆုံးကာလကိုခက်ခဲကြမ်းတမ်းစွာ ရင်ဆိုင်ဖြတ်သန်းနေရတာအမှန်ပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်တပ်က နိူင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း သစ်တောပြုန်းတီးမှုပိုမိုများပြားခဲ့ကာ တရားမဝင်သစ်ခိုးထုတ်မှုများမြင့်တက်ခဲ့ပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီဘက်မှစိတ်ဓာတ်ပိုင်းဆိုင်ရာပါ ပြိုလဲနေတာတွေ့မြင်နေရပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန်ပြောကြား


စက်တင်ဘာ၁၇ရက်


စက်တင်ဘာ၁၆ရက်ကျင်းပတဲ့ကရင်နီပြည်ရောက် မအလတပ်မ ပျောက်ကမ်ပိန်းစကားဝိုင်းမှာ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ဦးနိူင်ထူးအောင်မှ အခုလိုပြောကြားလိုက်ပါတယ်။


"၂၀၂၃မှာ အောင်မြင်မှုပွဲတွေကအရမ်းကိုသိသာပါတယ်။ဒီရက်ပိုင်းမှာဆိုရင် ERO တွေရော၊ PDF တွေရောအတူတူတိုက်ပွဲ ဝင်ခဲ့ကြတယ်။PDFဆိုရင် နွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာပြီးတော့ အခြားသောလက်နက်ကိုင်တော်လှန်ရေးအင်အားစုများနဲ့အတူတူပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။စစ်ကောင်စီဘက်ဆိုရင်စိတ်ဓာတ်ပိုင်းဆိုင်ရာပါပြိုလဲနေပြီဆိုတာတွေ့နေရတယ်။ နောက်ပြီးတော့ပြည်သူတွေရော နိူင်ငံတကာကပါယုံကြည်မှုတွေအများကြီးရှိလာတယ်။ တစ်ချိန်တုန်းကစစ်ကောင်စီဆိုတာမပြိုနိူင်ဘူးဆိုပြီးပြောခဲ့ကြတယ်။ပညာရှင်တွေကအစသုံးသပ်ကြတယ်"လို့ဆိုပါတယ်။


ကော့ကရိတ် - မြဝတီ အာရှလမ်းတွင် မိုးကြီးမြေပြို လမ်းများပျက်ပြီးနောက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၎င်းလမ်းအား တံတားထိုး ပြန်လည်ပြုပြင်ရန် အကြောင်းပြု၍ နယ်မြေလုံခြုံရေးအရ လှုပ်ရှားနေသော စစ်ကောင်စီတပ်များကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ရက်နေ့ မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ၊ ရက်နေ့ အထိ KNU - တပ်မဟာ () KNLA တပ်ရင်း ၁၈ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ပျောက်ကျားဖြင့် သော်လည်းကောင်း နှစ်ဖက်ထိတွေ့ ပစ်ခတ်မှု အဖြင့် သော်လည်းကောင်း (၁၂) ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။


အဆိုပါတိုက်ပွဲတွင်အာဏာသိမ်း စစ်ကောင်စီတပ် မှ (၃၁) ဦး သေဆုံးပြီး (၂၆) ဦး ဒဏ်ရာရကာ  ၎င်းတို့ စစ်သုံးကား () စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ပါတယ်။


========================


📌📌 ၄။ မိုးလုံးမှိုင်းစစ်ဆင်ရေးဆင်နွှဲနေ၍မိုးကုတ်မြို့ နှင့် အနီးတစ်ဝိုက်နေပြည်သူများစစ်ရေးသတိရှိရန် အသိပေးကြေညာ


စက်တင်ဘာ၁၇ရက်


မိုးလုံးမှိုင်းစစ်ဆင်ရေးဆင်နွှဲနေ၍မိုးကုတ်မြို့ နှင့် အနီးတစ်ဝိုက်နေပြည်သူများစစ်ရေးသတိရှိရန် စက်တင်ဘာ ၁၇ ရက်မှာ မိုးကုတ်အခြေပြုတပ်ရင်းများကအသိပေးဆိုပါတယ်။


"ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် TNLA တို့ပူးပေါင်းပြီး မိုးကုတ်မြို့အနီးတစ်ဝိုက်တွင် စကစ အားစစ်ဆင်ရေးဆောင်ရွက်နေသည်ကို ပြည်သူများသိရှိပြီးဖြစ်ပါတယ်။ စစ်ဆင်ရေးဆောင်ရွက်နေချိန်တွင် ပြည်သူများ၏ အသက်အန္တရာယ်ကို ထိခိုက်မှာ စိုးရိမ်ရသောကြောင့် နောက်ဆုတ်လိုက်ရသော စစ်ဆင်ရေးများ ရှိခဲ့ပါတယ်။ထို့ကြောင့် ပြည်သူများအနေဖြင့် ကျေးဇူးပြု၍ အတတ်နိုင်ဆုံး အသွားအလာဆင်ခြင်ပေးကြရန် နှင့် စကစများနှင့် နီးကပ်သောနေရာများကို ရှောင်ရှားပေးကြပါရန် အနူးအညွှတ် တောင်းဆိုအပ်ပါတယ်"လို့ဆိုပါတယ်။


မိုးလုံးမှိုင်းစစ်ဆင်ရေးကို မိုးကုတ်အခြေပြုတပ်ရင်းများဖြစ်သည့် ၁၂၂၁၊ ၁၂၂၃ တို့ TNLA နှင့်တွဲဖက် စစ်ဆင်ရေးဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာ၁၅ ရက်နေ့တွင် မိုးကုတ်အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွါးခဲ့ပါတယ်။


စကစဘက်က လေကြောင်းစစ်ဆင်ရေး လည်း ၃ကြိမ်တိုင် လာရောက် ဗုံးကျဲခဲ့ပါတယ်။


========================


📌📌 ၅။ ရွှေဘိုမြို့ရှောင်လမ်းမှာ စစ်ကောင်စီသံပြားကာကား မိုင်းဆွဲခံရလို့ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရ


စက်တင်ဘာ၁၇


" ရွှေဘိုမြို့အနီး လေ့ကျင်းရေး စစ်ကောင်စီတပ်ကနေ အင်အား ၄၀ ကျော်ပါတဲ့ သံပြားကာ ကား စီးကို မိုင်း လုံးဆွဲတိုက်ခိုက်ခဲ့ပါတယ်။မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား ဦးသေဆုံးပြီး ထိခိုက်သူများပေမယ့် ဒဏ်ရာရသူအရေအတွက်များပြားပါတယ်"လို့ စက်တင်ဘာ ၁၇ရက်မှာ စစ်ရေးသတင်းကို နယ်စည်းမခြားရွှေဘိုသား LPDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအသိပေးဆိုပါတယ်။


မိုင်းဆွဲခံပြီးနောက် စစ်ကောင်စီဘက်က မြို့ရှောင်လမ်းပေါ်မှာ ကင်းပုန်းဝပ်တာတွေရှိခဲ့ပြီး အဆိုပါတိုက်ခိုက်မူကို နယ်စည်းမခြားရွှေဘိုသား LPDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်ရွှေဘိုသခင်ကြီးအဖွဲ့ ရွှေဘိုအားမာန်တို့ပူးပေါင်းတိုက်ခိုက်ခဲပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment