18th SEP 2023 - Evening Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၁၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးကို အားလုံးဝိုင်းဝန်းပေးကြတဲ့အတွက် ကမ္ဘာကအသိအမှတ်ပြုရလဒ်များထွက်ပေါ်လာခြင်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား

📌 ၂။ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ၄င်းတပ်ဖွဲ့ဝင်များ ယုံကြည်မှုမရှိတော့ဟု ဦးမောင်မောင်ဆွေပြောကြား

📌 ၃။ အမေရိကန်ပြည်ထောင်စုရှိကုလသမဂ္ဂရုံးချုပ်ရှေ့တွင် လူထုထောက်ခံချီတက်ပွဲမှ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတပ်ဖွဲ့များအတွက် လှူဒါန်းငွေအမေရိကန်ဒေါ်လာ၂၅၀၀၇ ဒေါ်လာရရှိခဲ့

📌 ၄။ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူ () ဦးအား အကြောင့်မဲ့ ဖမ်းဆီးကာ နေအိမ် (၁၂) လုံးကို မီးရှို့ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ (၁၆၀၀) နီးပါး ထွက်ပြေး တိမ်းရှောင်နေရ

📌 ၅။ လုပ်သားအခက်အခဲကြောင့် လက်ဖက်ကုန်ကြမ်းရရှိမှုလျော့နည်းလာပြီး စက်ရုံများပိတ် သိမ်းနေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးကို အားလုံးဝိုင်းဝန်းပေးကြတဲ့အတွက် ကမ္ဘာကအသိအမှတ်ပြုရလဒ်များထွက်ပေါ်လာခြင်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား


စက်တင်ဘာ၁၈ရက်


စက်တင်ဘာ၁၇ရက်ကျင်းပတဲ့ CDF-Kanpetlet ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်းကမ်ပိန်းမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာမှ အခုလို ပြောကြားလိုက်ပါတယ်။


"အခုတော်လှန်ရေးက အဖြူနဲ့အမည်းလို၊အမှောင်နဲ့အလင်းလို တကယ့်ရှင်းရှင်းလင်းလင်းတော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကိုယ်တိုင်က ဒီတော်လှန်ရေးမှာအစကတည်းကထဲထဲဝင်ဝင်ပါဝင်တာဖြစ်ပါတယ်။အခုဆိုနိူင်ငံတကာကလည်းအသိအမှတ်ပြုပေးတယ်။အမေရိကန်မှာဆိုရင် Burma Act NDAAဥပဒေအတည်ပြုထားပြီးဖြစ်တယ်။ကုလသမဂ္ဂလုံရေးကောင်စီမှာလည်း သမိုင်းမှာတစ်ခါမှ မဖြစ်ဘူးတဲ့ ဆုံးဖြတ်ချက် ၂၆၆၉ဟာ နွေဦးတော်လှန်ရေးကြောင့်ဆုံးဖြတ်ချက်ကျလာတာဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ အားလုံးဝိုင်းဝန်းပေးကြတဲ့အတွက် ဒီတော်လှန်ရေးကိုအသိအမှတ်ပြုတဲ့အနေနဲ့ထွက်ပေါ်လာတာဖြစ်တယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးများကို ဂျပန်၊နော်ဝေ၊ပြင်သစ်၊ချက်သမ္မတနိူင်ငံ၊ကိုရီးယား၊ သြစတြေးလျနိူင်ငံ၊ အမေရိကန်တို့မှာ ရုံးစိုက်ဖွင့်လှစ်ထားရှိပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ၄င်းတပ်ဖွဲ့ဝင်များ ယုံကြည်မှုမရှိတော့ဟု ဦးမောင်မောင်ဆွေပြောကြား


စက်တင်ဘာ၁၈ရက်


စက်တင်ဘာ၁၇ရက်တွင် ကာကွယ်ရေး ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေမှ ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် အခုလိုဆိုထားပါတယ်။


"ဖရဲသီးဘာကြောင့်များလဲ မင်းအောင်လှိုင်ကိုမယုံတော့လို့၊တပ်ပျက်နေလို့၊သူတို့ မိသားစုဘဝအာမခံချက်ရချင်လို့"လို့ဆိုပါတယ်။


ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲပေါင်း ၉၉၀၀ ကြိမ်ခန့် ဖြစ်ပွားပြီး စစ်သားအင်အား သုံးသောင်း ခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ အမေရိကန်ပြည်ထောင်စုရှိကုလသမဂ္ဂရုံးချုပ်ရှေ့တွင် လူထုထောက်ခံချီတက်ပွဲမှ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတပ်ဖွဲ့များအတွက် လှူဒါန်းငွေအမေရိကန်ဒေါ်လာ၂၅၀၀၇ ဒေါ်လာရရှိခဲ့


စက်တင်ဘာ၁၈


၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် UN CREDENTIALS CAMPAIGN အဖြစ် နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့တွင် လူထုထောက်ခံချီတက်ပွဲကျင်းပရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့ပါတယ်။အဆိုပါလူထုထောက်ခံပွဲမှ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတပ်ဖွဲ့များအတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ၂၅၀၀၇ ဒေါ်လာရရှိခဲ့တယ်လို့သိရပါတယ်။ထိုလှူဒါန်းရရှိငွေအတွက်မြန်မာနိုင်ငံ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့တယ်လို့ စက်တင်ဘာလ (၁၈) ရက်နေ့မှာကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


လူထုထောက်ခံချီတက်ပွဲတွင် Big Funds (North Carolina )အဖွဲ့မှ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတပ်ဖွဲ့များအတွက် လှူဒါန်းခဲ့သော အမေရိကန်ဒေါ်လာ $25007 အတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စား ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းက Big Funds (North Carolina)သို့ ပေးအပ်ချီးမြင့်ပေးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၄။ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူ () ဦးအား အကြောင့်မဲ့ ဖမ်းဆီးကာ နေအိမ် (၁၂) လုံးကို မီးရှို့ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ (၁၆၀၀) နီးပါး ထွက်ပြေး တိမ်းရှောင်နေရ


စက်တင်ဘာလ (၁၈) ရက်


စက်တင်ဘာ၁၈ရက်မှာ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးဗဟိုမှ အခုလိုသတင်းထုတ်ပြန်ထားပါတယ်။


ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် တပ်မဟာ () မူး(မုန်း)မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ  ပြည်သူ () ဦးအား အကြောင်းမဲ့ဖမ်းဆီးသွားပြီး နေအိမ် (၁၂) လုံးကို မီးရှို့ဖျက်ဆီးသွားသောကြောင့် ကျေးရွာပြည်သူလူထုစုစုပေါင်း ၁၆၀၀ နီးပါးထွက်ပြေးတိမ်းရှောင် နေရကာ ပြည်သူလူထု (၇၀) ဦးမှာလည်း ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။


ကေအဲန်ယူမူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်းရှိ ငထွေစုတ်ကျေးရွာအတွင်းသို့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့တွင် ဝင်ရောက်လာပြီး ၎င်းတို့ကျေးရွာအတွင်းသို့ ဝင်ရောက်စဉ် ကျေးရွာအတွင်း ပြည်သူ () ဦးကျန်နေခဲ့ပြီး ၎င်းတို့ ကျေးရွာအတွင်း သို့ဝင်ရောက်လာသည့် သတင်းကိုကြားသိပြီး ထို () ဦးမှာ ထွက်ပြေးကြသော်လည်း ၎င်းတို့ထဲမှ () နော်ဒိုဂေ (၆၀) နှစ် () နော်ဒိုင်ရီစိုး (၅၀) နှစ် နှင့် () မမြသန်းစိန် (၃၀) နှစ်တို့သည် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အကြောင်းမဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ကျေးရွာအတွင်းရှိ နေအိမ် (၁၂) လုံးမှာလည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်များသည် ငထွေစုကျေးရွာနှင့် မျက်ရဲကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး တပ်စွဲထားသည့်အတွက် ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့တွင် ရေလဲကရင်ရွာနှင့် ရေလဲဗမာရွာမှ အိမ်ခြေစုစုပေါင်း (၁၉၂) လုံးရှိ လူဦးရေ စုစုပေါင်း (၁၅၃၄) ဦးမှာ အသက် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ရေဘေးအန္တရာယ်ကိုလည်း ရန်မျိုးအောင်ရွာ နှင့် တမောမရွာရှိ နောက်ထပ် အိမ်ခြေ (၁၂) လုံးမှ လူဦးရေ စုစုပေါင်း (၇၀) မှာ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ လုပ်သားအခက်အခဲကြောင့် လက်ဖက်ကုန်ကြမ်းရရှိမှုလျော့နည်းလာပြီး စက်ရုံများပိတ် သိမ်းနေရ


လက်ဖက်လုပ်ငန်းအများဆုံးတည်ရှိရာ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီကထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အညာဒေသက လက်ဖက်ခူးလုပ်သားများ ရောက်မလာနိုင်သည့်အတွက် လက်ဖက်ရွက်စိမ်းကုန်ကြမ်းရရှိမှုခက်ခဲလာပြီး စက်ရုံပိတ်သိမ်းရသည့်အထိ ဖြစ် လာတာပါ။ ဒီအခြေအနေကိုရှမ်းပြည်မြောက်ပိုင်းနမ့်ဆန်မြို့နယ်မှ လက်ဖက်လုပ်ငန်းရှင် တစ်ဦးမှ အခုလိုပြောပါတယ်။ 


လက်ဖက်ခြံတစ်ခြံမှာ ဥပမာ ထွက်သင့်ထွက်ထိုက်တဲ့အထွက်နှုန်းခူးမယ်ဆို ရင်တစ်ဧကမှာ ပိသာချိန် နှစ်ရာကျော်ထွက်မယ်ဆိုရင် တစ်ဝက်ပဲထွက်မယ်ဆိုရင် ထုတ် လုပ်သူအနေနဲ့က တောင်သူအတွက်လည်း တင်းပြည့်ကျပ်ပြည့်မရတော့ဘူး။ ထုတ်လုပ် သူအနေနဲ့လည်း တစ်ရက်ကို ရွက်စိမ်းတစ်သောင်းလောက်ကြိတ်ရမယ့်ဟာကို ငါး ထောင်လောက်ပဲ ကြိတ်နိုင်တယ်ဆိုရင် ကျွန်တော်တို့ ဒီ ထုတ်လုပ်မှု စရိတ်လည်းတက် လာတယ်။ 


လက်ဖက်ရွက်စိမ်းခူးဆွတ်နိုင်တဲ့အနေထားက လုပ်ငန်းလည်ပတ်လို့မရလောက်အောင် ထိခိုက်လာတဲ့အတွက်  ရှမ်းမြောက်က လက်ဖက်လုပ်ငန်းလုပ်ကိုင်သူအချို့ဟာ ပင်းတ ယ၊ ရွာငံစတဲ့ ရှမ်းတောင်ဒေသဘက်ကို လက်ဖက်ရွက်စိမ်း ရရှိဖို့ ရွှေ့ပြောင်းလုပ်ကိုင် လာကြပါတယ်။ ဒီအခြေအနေကို လက်ဖက်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးကအခုလိုပြော ပါတယ်။ 


အချို့နေရာတွေမှာ ရှမ်းမြောက်တို့ဘာတို့ ဒီအချို့ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ ထုတ်လုပ်မှုကနည်းသွားတာပေါ့။ ရှမ်းမြောက်ကကျတော့ လက်ဖက်ခူးတဲ့ရာသီဆိုရင် စစ်ကိုင်းတို့ဘာတို့ကနေ တက်ပြီးတော့ခူးကြတယ်လေ။ အခုကျတော့ လုံးဝမရှိတော့တဲ့အခါကျတော့ လုပ်သား ရှားပါးမှု ပြသနာဖြစ်နေတယ်။ တိုက်ပွဲဖြစ် နေတဲ့ ပြသနာ စစ်ပုန်း၊ စစ်ရှောင်တွေရှိနေတဲ့ ပြသနာကြောင့် အချို့နေရာတွေမှာ လက် ဖက်တွေမခူးနိုင်ဘူး။ လက်ဖက်ထုတ်လုပ်မှုတွေရပ်ထားရတယ်။ အဲ့လိုအခြေအနေမျိုး တွေရှိတယ် 

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒေါ်လာငွေကြေးအကြပ်အတည်းကို ဖြေရှင်းဖို့အတွက် ကုန်သွယ်မှုလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ပို့ကုန်ရငွေတန်ဖိုးကို ဈေး ကွက်ပေါက်ဈေးအတိုင်းခံစားခွင့်မပေးတာ၊ ကျပ်ငွေတန်ဖိုးကျဆင်းလာတာတွေက ပြည် တွင်းထုတ်ကုန်လုပ်ငန်းတွေပေါ်မှာ အကြီးအကျယ်သက်ရောက်မှုဖြစ်စေပါတယ်။ ဒါကြောင့်ဈေး ကွက်ထဲကို ပုံမှန် ပို့ဆောင်ပေးနေတဲ့ လက်ဖက်ချဉ်စပ်ထုတ်ကုန်တစ်ခုက နှစ်ပေါင်း နှစ်ဆယ်အတွင်း တစ်ထုတ်ကို ကျပ်ငါးဆယ်နဲ့ ဈေးနှုန်းနဲ့ အရည်အသွေးမ ပြောင်းလဲပဲ ဖြန့်ဖြူးနေရာကနေ အခုလ အတွင်းမှာ ဈေးနှုန်းတက်ခဲ့ရတဲ့အခြေအနေကို အဲ့ဒီလုပ် ငန်းလုပ်ကိုင်သူက အခုလို ပြောပါ တယ်။


ကျွန်တော်တို့မှာ ဆုံးဖြတ်ချက်ချလိုက်တာက ဒီရှုးရှဲအထုတ်လေးရဲ့ အရွယ်အ စားဟာ ဒီဒီဇိုင်းလေးပဲ၊ မူလ Authentic ဖြစ်တဲ့ ဒီဇိုင်းလေးပဲ၊ အများပြည်သူအမြဲတမ်းသိ နေတဲ့အနီရောင်လေးဟာ လုံးဝမပြောင်းလဲပဲနဲ့ ပြောင်းလဲရမယ့်အချိန်မှာပြောင်းလဲမယ်ဆိုရင် ပြည်သူကလည်း တို့တွေကို ဝမ်းပန်းတသာလက်ခံမှာပဲဆိုပြီး တောင့်ခံရင်းနဲ့ အခု အနီရောင်အဆင့်ကိုရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြောင်းလဲမယ် ဆိုတဲ့အဖြစ်ကိုမူလ အထုတ်လေးပါပဲ၊ ဒါပေမယ့် ကျွန်တေ်ာတို့သည် မူလအ ထုတ် လေးပါပဲ၊ ဒါမယ့်တစ်ရာတန်ပြောင်းလဲလိုက်တဲ့အတွက်မူလပမာဏအထွက်နိုင်ဆုံးအတွက် ရည်အသွေးကိုလည်း တစ်ဖြည်းဖြည်းနဲ့ဈေးကွက်ထဲမှာ ယှဉ်ပြိုင်ကြရင်းနဲ့ လက်ဖက် တွေက ဘာဖြစ်လာလည်းဆိုတော့ လက်ဖက်တွေက ဆီမပါ၊ ပြားမပါ၊ အရသာတွေချို့ တဲ့လာတာတွေမဖြစ်အောင် အရသာကို ပိုပြီးကောင်းမွန်အောင်၊ ဟိုးလွန်ခဲ့တဲ့နှစ် နှစ် ဆယ်က အရသာလေးဖြစ်လာအောင် ဆီရွဲရွဲနဲ့ ဒါအခုဆိုရင် တစ်ရာဆိုတဲ့နေ ရာကို ပြောင်း မယ်ဆိုရင်စားသုံးသူက လက်ခံမှာပဲဆိုပြီးတော့ ဒီကိုးလ ပိုင်းမှာ ပြောင်းလဲ လိုက်တာပါ 


မြန်မာတစ်နိုင်ငံလုံးမှာ လက်ဖက်စိုက်ဧကပေါင်း နှစ်သိန်းလေးသောင်းနီးပါးရှိပြီး ရှမ်း မြောက်ဒေသမှာတော့ စိုက်ဧက တစ်သိန်းလေးသောင်းနီးပါးနဲ့ စိုက်ဧကအများဆုံးတည် ရှိရာဒေသဖြစ်ပါတယ်။  လက်ဖက်က တောင်ပေါ်ဒေသခံတွေအတွက် အားထားရတဲ့ ဝင်ငွေရ သီးနှံဖြစ်တာမို့ မိရိုးဖလာ လက်ဖက်လုပ်ငန်း ထိခိုက်ပျက်စီးမယ့်အရေးကို စိုးရိမ်နေ ကြရ တာပဲဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment