လုပ်သားအခက်အခဲကြောင့် လက်ဖက်ကုန်ကြမ်းရရှိမှုလျော့နည်းလာပြီး စက်ရုံများပိတ် သိမ်းနေရ…


လုပ်သားအခက်အခဲကြောင့် လက်ဖက်ကုန်ကြမ်းရရှိမှုလျော့နည်းလာပြီး စက်ရုံများပိတ် သိမ်းနေရ…

၁၅၊ စက်တင်ဘာ၊ ၂၀၂၃

မကြေးမုံ

လက်ဖက်လုပ်ငန်းအများဆုံးတည်ရှိရာ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီကထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အညာဒေသက လက်ဖက်ခူးလုပ်သားများ ရောက်မလာနိုင်သည့်အ တွက် လက်ဖက်ရွက်စိမ်းကုန်ကြမ်းရရှိမှုခက်ခဲလာပြီး စက်ရုံပိတ်သိမ်းရသည့်အထိ ဖြစ် လာတာပါ။ ဒီအခြေအနေကိုရှမ်းပြည်မြောက်ပိုင်းနမ့်ဆန်မြို့နယ်မှ လက်ဖက်လုပ်ငန်းရှင် တစ်ဦးက အခုလိုပြောပါတယ်။ 

“လက်ဖက်ခြံတစ်ခြံမှာ ဥပမာ ထွက်သင့်ထွက်ထိုက်တဲ့အထွက်နှုန်းခူးမယ်ဆို ရင်တစ်ဧကမှာ ပိသာချိန် နှစ်ရာကျော်ထွက်မယ်ဆိုရင် တစ်ဝက်ပဲထွက်မယ်ဆိုရင် ထုတ် လုပ်သူအနေနဲ့က တောင်သူအတွက်လည်း တင်းပြည့်ကျပ်ပြည့်မရတော့ဘူး။ ထုတ်လုပ် သူအနေနဲ့လည်း တစ်ရက်ကို ရွက်စိမ်းတစ်သောင်းလောက်ကြိတ်ရမယ့်ဟာကို ငါး ထောင်လောက်ပဲ ကြိတ်နိုင်တယ်ဆိုရင် ကျွန်တော်တို့ ဒီ ထုတ်လုပ်မှု စရိတ်လည်းတက် လာတယ်။ တစ်ပိသာ ထုတ်လုပ်မှုစရိတ်လည်းတက်လာတော့ဈေးမြင့်သွားတယ်။ ကျွန် တော်တို့က စက်ရုံသမားဆိုတော့ တင်းပြည့်ကျပ်ပြည့်ပဲလည်ချင်တယ်။ တောင်သူဘက် ကထုတ်လုပ်မှုနည်းလာရင် တင်းပြည့်ကျပ်ပြည့်လည်ပတ်မှုမဖြစ်ဘူးပေါ့။ အဲ့ဒါတစ်ခုရယ် နောက်တစ်ခုက ၆.၁၈.၈၃  ကျွန်တော်တို့ဒီ အဲ့နောက်ပိုင်းမှာ အလုပ်သမားတွေလည်း ခိုင်းရပြုရတာအဆင်မပြေတော့ဘူး။ အဲ့လိုဖြစ်တယ်။ အခုလောလောဆယ်အနေ ထား က စက်ရုံတွေလည်းပိတ်ရတဲ့အနေထားလေးတွေဖြစ်တာပေါ့နော်။ အခုလက်ရှိအနေ ထားက။ ဟုတ် ” 

စက်ရုံလည်ပတ်နိုင်ဖို့အတွက် လက်ဖက်ရွက်စိမ်းအလုံအလောက်မရရှိတော့တဲ့အခါ  ရှမ်းမြောက်ဒေသက လက်ဖက်ကုန်သည်များကပင်းတယ၊ ရွာငံ စတဲ့ တောင်ပိုင်း ရှမ်း ပြည်ဒေသသို့ ပြောင်းရွှေ့လုပ်ကိုင်လာကြပါတယ်။ 

လက်ဖက်ရွက်စိမ်းခူးဆွတ်နိုင်တဲ့အနေထားက လုပ်ငန်းလည်ပတ်လို့မရလောက်အောင် ထိခိုက်လာတဲ့အတွက်  ရှမ်းမြောက်က လက်ဖက်လုပ်ငန်းလုပ်ကိုင်သူအချို့ဟာ ပင်းတ ယ၊ ရွာငံစတဲ့ ရှမ်းတောင်ဒေသဘက်ကို လက်ဖက်ရွက်စိမ်း ရရှိဖို့ ရွှေ့ပြောင်းလုပ်ကိုင် လာကြပါတယ်။ ဒီအခြေအနေကို လက်ဖက်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးကအခုလိုပြော ပါတယ်။ 

“အချို့နေရာတွေမှာ ရှမ်းမြောက်တို့ဘာတို့ ဒီအချို့ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ ထုတ်လုပ်မှုကနည်းသွားတာပေါ့။ ဥပမာ လက်ဖက် ကုမ္ပဏီကြီးတွေဆိုရင် ရှမ်းမြောက် ကနေ ရှမ်းတောင်ကိုဆင်းလာကြတာတွေရှိတယ်လေ။ အဓိက လက်ဖက်အ စိုသ မား တွေပေါ့၊ လက်ဖက်အစိုသမားတွေဆိုရင် ရှမ်းမြောက်ကနေ ရှမ်း တောင်ကို ဆင်းလာ ကြတယ်။ ရှမ်းမြောက်ကကျတော့ လက်ဖက်ခူးတဲ့ရာသီဆိုရင် စစ်ကိုင်းတို့ဘာတို့ကနေ တက်ပြီးတော့ခူးကြတယ်လေ။ အခုကျတော့ လုံးဝမရှိတော့တဲ့အခါကျတော့ လုပ်သား ရှားပါးမှု ပြသနာဖြစ်နေတယ်။ အဲ့အတွက်ကို သူ့ရဲ့အကျိုးဆက်က တောက် လျှောက်ပဲ လေ၊ လုပ်သားရှားပါးမှု ပြသနာ၊ ထုတ်လုပ်မှု စရိတ်တွေကြီးမြင့်မှုပြသနာ၊ သယ်ယူ ပို့ဆောင်ရေးပြသနာ၊ နောက်ပြီးတော့ ထုတ်ပိုးကုန်ကြမ်းပစ္စည်းတွေရဲ့ ဈေးနှုန်းကြီးမြင့်မှု ပြသနာ စသဖြင့် အကုန်လုံးပေါ့နော်၊ ဆပ်ပလိုင်းချိန်းတစ်ခုလုံးဈေးတွေကြီးလာတဲ့အခါ ကျတော့ ဈေးကြီးတာထက် ရှမ်းမြောက်မှာက လုပ်လို့မရတော့တာပေါ့နော်။ တိုက်ပွဲဖြစ် နေတဲ့ ပြသနာ စစ်ပုန်း၊ စစ်ရှောင်တွေရှိနေတဲ့ ပြသနာကြောင့် အချို့နေရာတွေမှာ လက် ဖက်တွေမခူးနိုင်ဘူး။ လက်ဖက်ထုတ်လုပ်မှုတွေရပ်ထားရတယ်။ အဲ့လိုအခြေအနေမျိုး တွေရှိတယ် ” 

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒေါ်လာငွေကြေးအကြပ်အတည်းကို ဖြေရှင်းဖို့အတွက် ကုန်သွယ်မှုလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ပို့ကုန်ရငွေတန်ဖိုးကို ဈေး ကွက်ပေါက်ဈေးအတိုင်းခံစားခွင့်မပေးတာ၊ ကျပ်ငွေတန်ဖိုးကျဆင်းလာတာတွေက ပြည် တွင်းထုတ်ကုန်လုပ်ငန်းတွေပေါ်မှာ အကြီးအကျယ်သက်ရောက်မှုဖြစ်စေပါတယ်။ ဒါကြောင့်ဈေး ကွက်ထဲကို ပုံမှန် ပို့ဆောင်ပေးနေတဲ့ လက်ဖက်ချဉ်စပ်ထုတ်ကုန်တစ်ခုက နှစ်ပေါင်း နှစ်ဆယ်အတွင်း တစ်ထုတ်ကို ကျပ်ငါးဆယ်နဲ့ ဈေးနှုန်းနဲ့ အရည်အသွေးမ ပြောင်းလဲပဲ ဖြန့်ဖြူးနေရာကနေ အခုလ အတွင်းမှာ ဈေးနှုန်းတက်ခဲ့ရတဲ့အခြေအနေကို အဲ့ဒီလုပ် ငန်းလုပ်ကိုင်သူက အခုလို ပြောပါ တယ်။


“ကျွန်တော်တို့မှာ ဆုံးဖြတ်ချက်ချလိုက်တာက ဒီရှုးရှဲအထုတ်လေးရဲ့ အရွယ်အ စားဟာ ဒီဒီဇိုင်းလေးပဲ၊ မူလ Authentic ဖြစ်တဲ့ ဒီဇိုင်းလေးပဲ၊ အများပြည်သူအမြဲတမ်းသိ နေတဲ့အနီရောင်လေးဟာ လုံးဝမပြောင်းလဲပဲနဲ့ ပြောင်းလဲရမယ့်အချိန်မှာပြောင်းလဲမယ် ဆိုရင် ပြည်သူကလည်း တို့တွေကို ဝမ်းပန်းတသာလက်ခံမှာပဲဆိုပြီး တောင့်ခံရင်းနဲ့ အခု အချိန်မှာကျတော့ ခုနပြောသလိုပဲ ဥပမာ ပါဝင်ပစ္စည်း ဆယ်ခုပါရင်ဆယ်ခုစလုံးရဲ့ဈေး နှုန်းတွေဟာဘယ်လိုမှ ညှိုနှိုင်းလို့၊ ဆွေးနွေးလို့၊ စည်းရုံးလို့မရတော့ပဲနဲ့ ဈေးကွက်မှာ အသီးသီးဟာ ဈေးနှုန်းတွေမြင့်တက်လာတဲ့အခါ ဥပမာ ဆယ်မျိုးပေါင်းစပ်ထားတဲ့ လက် ဖက်ထုတ်လေးဟာ ကျွန်တော့ ကုမ္ပဏီမှာရှိတဲ့ ဝန်ထမ်း တွေရဲ့ စရိတ်တွေ၊ ထုတ်လုပ်မှု စရိတ်တွေမြင့်တက်လာတဲ့အခါမှာ တို့တွေ ဒီလောက်ပြည်သူနဲ့အတူ အခြေခံလူတန်းစား ပဲဖြစ်ဖြစ် လူလတ်တန်းစားပဲဖြစ်ဖြစ် ဖြစ်သင့်ဖြစ်ထိုုက်တဲ့အချိန်ကိုရောက်လာပြီ၊ တ ကယ့်ကို အနီရောင်အဆင့်ကိုရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြောင်းလဲမယ် ဆိုတဲ့အဖြစ်ကိုမူလ အထုတ်လေးပါပဲ၊ ဒါပေမယ့် ကျွန်တေ်ာတို့သည် မူလအ ထုတ် လေး ပါ ပဲ၊ ဒါမယ့်တစ်ရာတန်ပြောင်းလဲလိုက်တဲ့အတွက်မူလပမာဏအထွက်နိုင်ဆုံးအတွက် အ ရည်အသွေးကိုလည်း တစ်ဖြည်းဖြည်းနဲ့ဈေးကွက်ထဲမှာ ယှဉ်ပြိုင်ကြရင်းနဲ့ လက်ဖက် တွေက ဘာဖြစ်လာလည်းဆိုတော့ လက်ဖက်တွေက ဆီမပါ၊ ပြားမပါ၊ အရသာတွေချို့ တဲ့လာတာတွေမဖြစ်အောင် အရသာကို ပိုပြီးကောင်းမွန်အောင်၊ ဟိုးလွန်ခဲ့တဲ့နှစ် နှစ် ဆယ်က အရသာလေးဖြစ်လာအောင် ဆီရွဲရွဲနဲ့ ဒါအခုဆိုရင် တစ်ရာဆိုတဲ့နေ ရာကို ပြောင်း မယ်ဆိုရင်စားသုံးသူက လက်ခံမှာပဲဆိုပြီးတော့ ဒီကိုးလ ပိုင်းမှာ ပြောင်းလဲ လိုက်တာပါ ” 

မြန်မာတစ်နိုင်ငံလုံးမှာ လက်ဖက်စိုက်ဧကပေါင်း နှစ်သိန်းလေးသောင်းနီးပါးရှိပြီး ရှမ်း မြောက်ဒေသမှာတော့ စိုက်ဧက တစ်သိန်းလေးသောင်းနီးပါးနဲ့ စိုက်ဧကအများဆုံးတည် ရှိရာဒေသဖြစ်ပါတယ်။ လက်ဖက်ညွှန့်တွေကို ပုံမှန်ခူးဆွတ်နိုင်တာမရှိတော့ပဲ အပင်ပြုစု နိုင်တာမရှိတော့တဲ့အတွက် ခူးဆွတ်ဖို့ ခက်ခဲတဲ့ အပင်ကြီးတွေဖြစ်ကုန်တာ၊ ပေါင်းပင် တွေထလာပြီး လက်ဖက်အရိုင်းခင်းတွေဖြစ်လာသလို မြေဆီလွှာပျက်စီးမယ့်အရေးနဲ့ လည်းရင်ဆိုင်လာရဖို့ရှိတယ်လို့  လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု ကျွမ်းကျင်သူတွေက ပြောပါတယ်။ လက်ဖက်က တောင်ပေါ်ဒေသခံတွေအတွက် အားထားရတဲ့ ဝင်ငွေရ သီး     နှံဖြစ်တာမို့ မိရိုးဖလာ လက်ဖက်လုပ်ငန်း ထိခိုက်ပျက်စီးမယ့်အရေးကို စိုးရိမ်နေ ကြရ တာပဲဖြစ်ပါတယ်။

Share:

No comments:

Post a Comment