19th SEP 2023 - Evening Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၁၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပညာရေးကော်မတီသည် သြစတေးလျပါလီမန်အမတ်၊ သြစတေးလျပညာရှင် Professor တို့နှင့် ဖက်ဒရယ်ပညာရေးဆိုင်ရာ  တွေ့ဆုံဆွေးနွေးခဲ့

📌 ၂။ မြန်မာနိူင်ငံက သူဌေးတွေ ၄င်းတို့ကိုယ်ပိုင်ငွေတွေကို စစ်ကောင်စီလက်အောက်ခံဘဏ်တွေက ပြန်လည်ထုတ်ယူပြီး NUG Bond များ ဝယ်ယူကြ

📌 ၃။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှ အားလုံး စစ်ကျွန်ဘဝက လွတ်မြောက်နိုင်မယ်လို့ ကာကွယ်ရေးဒုအတွင်းဝန် ဆို

📌 ၄။ စကစတပ်များမှ မူး (မုန်း) မြို့နယ်အတွင်း နေအိမ် (၂၃) လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကာ နင်းမိုင်းအမြောက်အများ ထောင်ထားခဲ့

📌 ၅။ မယ်စဲ့တိုက်ပွဲတွင် ရဲစခန်းမှ ထွက်ပြေးတိမ်းရှောင်ရင်း ဖမ်းဆီးမိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင်များအား

ပြည့်သူကာကွယ်ရေးတပ် - ဒီးမော့ဆိုမှ ပြန်လည်လွှတ်ပေး

📌 ၆။ တော်လှန်နှုတ်ခမ်းနီ Project II စတင်ပြီ ဖြစ်ကြောင်း အသိပေးကြေညာ

📌 ၇။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း (၄၀၈၉) ဦးအထိ ရှိလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပညာရေးကော်မတီသည် သြစတေးလျပါလီမန်အမတ်၊ သြစတေးလျပညာရှင် Professor တို့နှင့် ဖက်ဒရယ်ပညာရေးဆိုင်ရာ  တွေ့ဆုံဆွေးနွေးခဲ့


ပညာရေးကော်မတီသည် သြစတေးလျပါလီမန်အမတ် Janelle Saffin သြစတေးလျပညာရှင် Professor Joseph Lo Bianco တို့နှင့် ဖက်ဒရယ်ပညာရေးဆိုင်ရာကဏ္ဍများနှင့် စပ်လျဥ်း၍ စက်တင်ဘာ (၁၈) ရက်နေ့က ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဖော်ပြပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းနှင့် ဩစတြေးလျပါလီမန်အမတ် Janelle Saffin တို့က အဖွင့်နှုတ်ခွန်းဆက်စကား အသီးသီးပြောကြားပြီးနောက် သြစတေးလျပညာရှင် Professor Joseph Lo Bianco က ဖက်ဒရယ်ပညာရေးစနစ်အား ဖော်ဆောင်ရာတွင် မိခင်ဘာသာစကား၏ အရေးပါပုံများအပါအဝင် ဒေသန္တရအဆင့်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များ၊ ကမ္ဘာ့နိုင်ငံများတွင် ဖက်ဒရယ်ပညာရေးစနစ် ကောင်းမွန်စွာ ဖော်ဆောင်နေသည့် အခြေအနေများ၊ ဖက်ဒရယ်ပညာရေးစနစ်ကို ကျင့်သုံးခြင်းဖြင့် ပညာရေးကဏ္ဍအတွက် တိုးတက်လာနိုင်မည့် အခြေအနေများနှင့် ကောင်းကျိုးများ၊ နိုင်ငံ၏ အနာဂတ်တွင် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဥ်များ၌ ရင်းနှီးမြှုပ်နှံသင့်သည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ပါတယ်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ ဆွေးနွေးမေးမြန်း၍ ရှေ့ဆက်မည့် ပညာရေးဆိုင်ရာလုပ်ငန်းစဥ်များအတွက် သီးခြားခေါင်းစဥ်များဖြင့် ထပ်မံတွေ့ဆုံဆွေးနွေးသွားမည်ကို ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဆွေးနွေးပွဲကို တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သည့် နိုင်ငံတစ်နိုင်ငံတွင် မိခင်ဘာသာစကားဖြင့် ဖက်ဒရယ်ပညာရေးစနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် အခြေခံနည်းလမ်းများအား သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်တယ်လို့သိရပါတယ်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်း၊ ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်နှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ လွှတ်တော်ကိုယ်စားပြုကော်မတီများမှ ပညာရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ မြန်မာနိူင်ငံက သူဌေးတွေ ၄င်းတို့ကိုယ်ပိုင်ငွေတွေကို စစ်ကောင်စီလက်အောက်ခံဘဏ်တွေက ပြန်လည်ထုတ်ယူပြီး NUG Bond များ ဝယ်ယူကြ


မြန်မာနိူင်ငံက သူဌေးတွေ ၄င်းတို့ကိုယ်ပိုင်ငွေတွေကို စစ်ကောင်စီလက်အောက်ခံဘဏ်တွေက ပြန်လည်ထုတ်ယူပြီး NUG ရဲ့အထူးငွေတိုက်စာချုပ်များဝယ်ယူကြကြောင်း စက်တင်ဘာလအတွင်း နွေဦးမှန်ကူကွက်များအစီအစဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားထားပါတယ်။

"အခုဆိုရင် သူဌေးတွေကအစ သူတို့ပိုက်ဆံတွေ ပြန်ထုတ်တာမျိုးတွေ၊ သူတို့ အခြားတစ်နေရာမှာ သွားပြီးမြှုပ်နှံတာတွေ၊ ဒီဘက်တော်လှန်ရေးဘက်ကို တိတ်တိတ်လေး ကျနော်တို့ Bond တွေ ဝယ်နေတာတွေ ဒါမျိုးတွေလည်း ရှိနေပြီ။လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ သူဌေးများကို ဖမ်းဆီးမှုများ၊ ပိုင်ဆိုင်မှုများကို အကြောင်းပြချက်အမျိုးမျိုးနဲ့သိမ်းယူမှုများ ပြုလုပ်လေ့ရှိပြီး အထင်ရှားဆုံးမှာ ဇေကမ္ဘာ ဦးခင်ရွှေကို ဖမ်းဆီးခဲ့ခြင်းပဲ ဖြစ်ပါတယ်။


========================


📌📌 ၃။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှ အားလုံး စစ်ကျွန်ဘဝက လွတ်မြောက်နိုင်မယ်လို့ ကာကွယ်ရေးဒုအတွင်းဝန် ဆို


စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှ အားလုံး စစ်ကျွန်ဘဝက လွတ်မြောက်နိုင်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက စက်တင်ဘာ (၁၈) ရက်မှာ လူမှုကွန်ရက်ကနေတစ်ဆင့် အခုလို ပြောကြားလိုက်ပါတယ်။

"စစအာဏာရှင်တွေက သူတို့ရဲ့ခါးပိုက်ဆောင် စစ်တပ်နဲ့စစ်သားတွေကို ပထမကျွန်ပြုတယ်။ အဲဒီစစ်သားတွေကိုသုံးပြီး ပြည်သူလူထု

ကို ကျွန်ထပ်ပြုပြန်တယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှ အားလုံး စစ်ကျွန်ဘဝက လွတ်မြောက်နိုင်လိမ့်မယ်ဆိုတာ ပြောချင်တယ်" လို့ ဆိုပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်မှာ စတင်ခဲ့ပြီး လက်ရှိအချိန်အထိ စကစတပ်ဖွဲ့ဝင် သုံးသောင်းကျော်သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင်၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်လို့လည်း အသိပေးကြေညာထားပါတယ်။


========================


📌📌 ၄။ စကစတပ်များမှ မူး (မုန်း) မြို့နယ်အတွင်း နေအိမ် (၂၃) လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကာ နင်းမိုင်းအမြောက်အများ ထောင်ထားခဲ့


အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ မူး (မုန်း) မြို့နယ်အတွင်းရှိ ငထွေစုပ်ကျေးရွာအတွင်းမှ နေအိမ် (၂၃) လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကာ နင်းမိုင်းအမြောက်အများ ထောင်ထားခဲ့ကြောင်း စက်တင်ဘာ (၁၉) ရက်မှာ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးက အသိပေးဆိုပါတယ်။

ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင် တပ်မဟာ () မူး (မုန်း) မြို့နယ်အတွင်းရှိ ငထွေစုပ်ကျေးရွာအတွင်းသို့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ (၂၀၂၃) ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင် စတင် ဝင်ရောက်လာပြီး (၁၇) ရက်နေ့တွင် ဖမ်းထားသော ပြည်သူ () ဦးအား ပြန်လွတ်ပေးခဲ့ပြီး ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ပူးပေါင်းတပ်များမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုနယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်စဉ်အချိန်အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ ပြည်သူလူထုပိုင် နေအိမ် (၂၃) လုံး၊ စပါးကျီ () လုံး နှင့် နွားတင်ကုတ် () လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့်  M-14 နင်းမိုင်းများကို ကျေးရွာအတွင်း အမြောက်အများ ထောင်ထားခဲ့ကြောင်း တွေ့ရှိရပြီး ထိုမိုင်းများကြောင့် နွား () ကောင် သေဆုံးရတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ပူးပေါင်းတပ်များမှ ပြည်သူလူထုများ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိပြီး လက်ရှိအချိန်အထိ နင်းမိုင်း (၁၂) လုံးကို ဖယ်ရှားပေးထားနိုင်ပြီ ဖြစ်ပါတယ်။


========================


📌📌 ၅။ မယ်စဲ့တိုက်ပွဲတွင် ရဲစခန်းမှ ထွက်ပြေးတိမ်းရှောင်ရင်း ဖမ်းဆီးမိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင်များအား

ပြည့်သူကာကွယ်ရေးတပ် - ဒီးမော့ဆိုမှ ပြန်လည်လွှတ်ပေး


မယ်စဲ့မြို့နယ် တိုက်ပွဲတွင် ရဲစခန်းမှ ထွက်ပြေးတိမ်းရှောင်ရင်း ဖမ်းဆီးမိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုဝင်များအား

ပြည့်သူကာကွယ်ရေးတပ်-ဒီးမော့ဆိုမှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း စက်တင်ဘာ ၁၉ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို မှအသိပေးဆိုပါတယ်။

"(ကရင်နီ)ပြည်နယ်၊ မယ်စဲ့မြို့နယ် တိုက်ပွဲတွင် ရဲစခန်းမှ ထွက်‌‌ပြေးရင်း ဖမ်းဆီးရမိသော အကြမ်းဖက်စစ်ကောင်စီ မိသားစုဝင် ()စုနှင့် ရဲမိသားစုဝင် () စုအား မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို  (DMO-Local PDF) တပ်ဖွဲ့မှ လူသားချင်းစာနာမှုဖြင့် ပြန်လည်လွတ်ပေးခဲ့ပါတယ်" လို့ ဆိုပါတယ်။

ဖြစ်စဉ်မှာ မယ်စဲ့ရဲစခန်း မသိမ်းမီ (၁၆//၂၀၂၃) ရက်နေ့တွင် DMO LPDF တပ်ဖွဲ့မှ မယ်စဲ့မြို့အတွင်း ကင်းလှည့်လှုပ်ရှားနေစဉ် ရဲစခန်းမှ တိမ်းရှောင်ထွက်ပြေးလာသော စစ်တပ်နှင့်ရဲ မိသားစု လူဦးရေအားဖြင့် () ဦးအား ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားစဉ်ကာလအတွင်းမှာလည်း မိမိတို့တပ်ဖွဲ့မှ ၎င်းတို့အား ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်းများ လုံးဝ မပြုလုပ်ဘဲ လိုအပ်သည့် အစားအစာ၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုအား မိမိတို့တပ်ဖွဲ့နှင့်တန်းတူ ထားရှိခဲ့တယ်လို့ ဆိုပါတယ်။

(၁၈//၂၀၂၃) ရက်နေ့တွင် ၎င်းတို့နေရပ်သို့ ပြန်လိုသည်ဟု တင်ပြတောင်းဆိုလာသောကြောင့် ၎င်းတို့၏ဆန္ဒအရ မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်း-ဒီးမော့ဆို (DMO-Local PDF) တပ်ဖွဲ့မှ လမ်းစရိတ်အတွက် ငွေ (၅၀,၀၀၀) ကျပ်နှင့်အတူ လုံခြုံသည့်နေရာ တစ်ခုသို့ ကောင်းမွန်စွာ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။


========================


📌📌 ၆။ တော်လှန်နှုတ်ခမ်းနီ Project II စတင်ပြီ ဖြစ်ကြောင်း အသိပေးကြေညာ


တော်လှန်နှုတ်ခမ်းနီ Project II စတင်ပြီ ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်မှာ တော်လှန်နှုတ်ခမ်းနီကမ်ပိန်းက အခုလို အသိပေးဖော်ပြထားပါတယ်။

"တော်လှန်နှုတ်ခမ်းနီ Project II စတင်ပါပြီ။ တော်လှန်ပြည်သူများမှ အားဖြည့်ပါဝင်ထားတဲ့ တော်လှန်ရေးအငွေ့အသက် မကင်းတဲ့ အမှတ်တရပစ္စည်း ၁၀ မျိုးကို 16 Sep ကနေ 15 Oct (၁လ) အတွင်း အနည်းဆုံး လက်မှတ်အစောင်ရေ ၅၀၀၀ ရောင်းချပြီး နွေဦးတော်လှန်ရေးရဲ့ တပ်ဖွဲ့  ဖွဲ့ကို နှုတ်ခမ်းနီများ ထောက်ပို့မှာဖြစ်ပါတယ်" လို့ ဆိုပါတယ်။

တော်လှန်နှုတ်ခမ်းနီ ပရောဂျက် မှာ နှုတ်ခမ်းနီ ထောက်ပို့ပေးဖို့ ရည်ရွယ်ထားတဲ့ နောက်ထပ်တပ်ဖွဲ့ တစ်ခုကတော့ ALPHA Special Force - ASF ပဲ ဖြစ်ပါတယ်။

ASF ကတော့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် အခြေစိုက် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဖြစ်ပါတယ်။ အင်အား တစ်ရာကျော်ရှိပြီး တရားဝင် မဟာမိတ် 5 ဖွဲ့နဲ့ ပူးပေါင်းပြီး ရန်သူစကစကို တိုက်ခိုက်ခြေမှုန်းလျက် ရှိနေပါတယ်။

တော်လှန်နှုတ်ခမ်းနီ ပရောဂျက် - ကို ဇွန်လ (၁၆) ရက် မှာ ဇူလိုင်လ (၁၆) ရက်အထိ ပြုလုပ်ခဲ့ကာ လက်မှတ်ရောင်းချတဲ့ တစ်လတာ ကာလအတွင်း လက်မှတ်ပေါင်း ၂၀၂၀ (မျှော်မှန်းတားဂတ်ရဲ့ ၈၀.%) ရောင်းချနိုင်ခဲ့ပါတယ်။


========================


📌📌 ၇။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း (၄၀၈၉) ဦးအထိ ရှိလာ


နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း (၄၀၈၉) ဦးအထိ ရှိလာတယ်လို့ AAPP က စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၀၈၉) ဦး ရှိပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် AAPP အနေဖြင့် အတည်ပြုရန် လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၄၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ (၁၈) ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၇) ဦး ရှိထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment