၂၀၂၃ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးကနေ ရရှိလာမယ့် ငြိမ်းချမ်းရေးဟာ တရားမျှတမှုနဲ့တန်းတူညီမျှမှုတွေ ပြည့်ဝနေတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားမယ့် အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ဝန်ကြီးချုပ်ပြောကြား
📌 ၂။ စက္ကန့်မလပ်နွေဦးတော်လှန်ရေးအမြန်ဆုံး အောင်မြင်ပြီးဆုံးနိူင်ဖို့ ဆောင်ရွက်နေတယ်လို့ NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သတင်းစကားပါး
📌 ၃။ အရှေ့တီမော သမ္မတ Jose Ramos-Hortaနှင့်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဝန်ကြီးများတွေ့ဆုံ
📌 ၄။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ဆက်လက်ရာထူးကရှိနေမည်
📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖွင့်လှစ်ပေးထားသည့် သက်ဆိုင်ရာ PDF တပ်ရင်းများ၏ တရားဝင် NUGPay Wallet ကိုသာ လုံခြုံဘေးကင်းစွာဖြင့် ထောက်ပို့ပေးပါရန် တိုက်တွန်း နှိုးဆော်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးကနေ ရရှိလာမယ့် ငြိမ်းချမ်းရေးဟာ တရားမျှတမှုနဲ့တန်းတူညီမျှမှုတွေ ပြည့်ဝနေတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားမယ့် အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ဝန်ကြီးချုပ်ပြောကြား
စက်တင်ဘာ၂၂ရက်
အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားမည့်အ ကြောင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှစက်တင်ဘာ၂၁ရက်မှာ အခုလိုပြောကြားလိုက်ပါတယ်။
''အသက်သွေးချွေးများစွာ ပေးဆပ်ထားတဲ့ နွေဦးတော်လှန်ရေးကနေ ရရှိလာမယ့် ငြိမ်းချမ်းရေးဟာ တရားမျှတမှုနဲ့တန်းတူညီမျှမှုတွေ ပြည့်ဝနေတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်ဆောက်သွားမယ့် အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။''လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ် ချာတာအတိုင်းလျှောက်လှမ်းနေပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့စစ်ရေး၊နိူင်ငံရေးအပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ စက္ကန့်မလပ်နွေဦးတော်လှန်ရေးအမြန်ဆုံး အောင်မြင်ပြီးဆုံးနိူင်ဖို့ ဆောင်ရွက်နေတယ်လို့ NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သတင်းစကားပါး
စက်တင်ဘာ၂၂ရက်
စက္ကန့်မလပ်နွေဦးတော်လှန်ရေးအမြန်ဆုံး အောင်မြင်ပြီးဆုံးနိူင်ဖို့ ဆောင်ရွက်နေတယ်လို့ NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ စက်တင်ဘာ၂၁ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ လူထုကိုသတင်းစကားပါးဆိုလိုက်ပါတယ်။
"မြန်မာပြည်သူတွေရဲ့ခံစားနေရတဲ့ခံစားမှုတွေ၊အသက်တွေပေးသွားရတယ်။အကျဥ်းထောင်ထဲမှာ ရှိနေတယ်။အခုအချိန်အထိ အသက်မပေးရသည့်တိုင်အောင် အင်မတန်မှ ကြီးမားတဲ့လူမှုဒုက္ခတွေ၊နိစ္စဓူဝ ရွာတွေမီးရှို့ခံရတယ်။နှိပ်စက်ခံရတယ်။မလုံမခြုံနဲ့နေနေရတဲ့ပြည်သူလူထုတွေရဲ့ ခံစားချက်တွေကို ကျမတို့ကောင်းကောင်းနားလည်စာနာတယ်လို့ပြောလိုတယ်။စက္ကန့်မလပ် ဒီတော်လှန်ရေးကြီးအမြန်ဆုံး အောင်မြင်ပြီးဆုံးနိူင်ဖို့၊ ပြည်သူလူထုခံစားနေရတဲ့ ဒုက္ခတွေအဆုံးသတ်နိူင်ဖို့ကလည်း ကျမတို့ရဲ့တာဝန်ဖြစ်တယ်။ဒီတာဝန်ကို ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုနဲ့ ဖြောင့်ဖြောင့်မတ်မတ်ထမ်းဆောင်နေမှာဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ စစ်ရေး၊သံတမာန်ရေး၊ ဘဏ္ဍာရေးစစ်မျက်နှာတို့ကို အရှိန်မြင့်တင်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်အဖြစ် အသိပေးကြေညာထားပါတယ်။
========================
📌📌 ၃။ အရှေ့တီမော သမ္မတ Jose Ramos-Hortaနှင့်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဝန်ကြီးများတွေ့ဆုံ
စက်တင်ဘာ၂၂ရက်
"၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကိုရောက်နေကြတဲ့ အရှေ့တီမော သမ္မတ Jose Ramos-Horta နှင့် အမျိုးသားညီညွတ်ရေး အစိုးရ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး၊လူ့အခွင့်အရေးဆိုင်ရာဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့သည် စက်တင်ဘာလ ၂၁ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်"လို့ စက်တင်ဘာ၂၂ရက် NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးဆိုထားပါတယ်။
ထို့သို့တွေ့ဆုံရာမှာတီမောနိုင်ငံနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့်ကိစ္စတွေ၊ နိုင်ငံတကာ ထောက်ခံမှုရရှိရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
ဒါ့အပြင်တီမော သမ္မတ Jose Ramos-Horta ဟာ ကုလသမဂ္ဂအထွေထွေညီလာခံတွင်း ပြောကြားတဲ့ မိန့်ခွန်းထဲမှာလည်း မြန်မာနိုင်ငံအကြောင်းကို ထည့်ပြောခဲ့ပြီး မြန်မာပြည်သူတွေကို နိုင်ငံတကာက ကူညီပေးဖို့လည်း တိုက်တွန်းခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၄။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ဆက်လက်ရာထူးကရှိနေမည်
စက်တင်ဘာ၂၂ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ဆက်လက်ရာထူးကရှိနေမယ်လို့သတင်းရရှိပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် တစ်နှစ် ဆက်လက်ထားရှိဖို့ ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ (Credentials Committee) ကဆုံးဖြတ်မှာဖြစ်ပါတယ်။
သို့သော်လည်း ယခုနှစ်အတွက် ပြန်ဖွဲ့စည်းလိုက်တဲ့ ကော်မတီအသစ်က စက်တင်ဘာ ၅ ရက်နေ့ကတည်းက တစ်ကြိမ်တစ်ခါမှ ဆုံးဖြတ်တာမရှိသေးတဲ့အတွက် လက်ရှိကာလမှာ ပြီးခဲ့တဲ့နှစ်က အတည်ပြုထားတဲ့အတိုင်း နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ ဆက်ရှိနေဦးမယ်လို့ အထွေထွေညီလာခံဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူ မော်နီကာ ဂရေးလီ (Monica Grayley)က သတင်းဌာနတွေကိုပြောခဲ့ပါတယ်။
အဆိုပါ ကုလသမဂ္ဂရဲ့သံတမာန်နေရာအား စစ်ကောင်စီလည်း ကိုယ်စားပြုခွင့်မရသလို၊ NUGကလည်းကိုယ်သားပြုခွင့်မရပေမယ့်လည်း ပြည်သူ့အသံကိုယ်စားပြုခွင့်ဆက်လက်ရရှိနေတယ်လို့ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာပြောကြားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ Myanmar Accountability Project က ကုလသမဂ္ဂရဲ့ အရည်အချင်းစစ်ကော်မတီကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရာထူးအတွက် သက်တမ်းတိုးလိုက်တာကို ထောက်ခံကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
========================
📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖွင့်လှစ်ပေးထားသည့် သက်ဆိုင်ရာ PDF တပ်ရင်းများ၏ တရားဝင် NUGPay Wallet ကိုသာ လုံခြုံဘေးကင်းစွာဖြင့် ထောက်ပို့ပေးပါရန် တိုက်တွန်း နှိုးဆော်
စက်တင်ဘာ၂၂ရက်
စက်တင်ဘာ၂၂ရက်NUGPay ဖြင့် PDF တပ်ရင်းများကို လုံခြုံစွာ ထောက်ပို့နိုင်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အခုလိုအသိပေးဆိုပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူလူထုများ လုံခြုံစိတ်ချစွာဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများကို ထောက်ပံ့ပို့ဆောင်နိုင်ရန် NUGPay ဖြင့် ပူးပေါင်း၍ တပ်ရင်းအလိုက် NUGPay Account များကို ဖွင့်လှစ်ပေးထားပြီ ဖြစ်တယ်"လို့ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများ၏ တရားဝင် NUG Pay Wallet တွင် သက်ဆိုင်ရာ တပ်ရင်းအမှတ်နှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန (MOD Verified) ၏ .mod Extension ပါဝင်မှာဖြစ်ပါတယ်။
ယခုလို MOD Verified ပြုလုပ်ထားသည့် .mod extension များသည် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း (PDF) များကိုသာ ထုတ်ပေးထားခြင်းလည်း ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment