27th SEP 2023 - Morning Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ EU Parliament မှတာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ 

📌 ၂။ စစ်ကောင်စီဟာ ကျေးလက်ဒေသအမြောက်အများကို စွန့်လွှတ်ဆုံးရှုံးလိုက်ရပြီဖြစ်တယ်လို့ဆို

📌 ၃။ ဆရာမ နှင်းယုနွယ် အသတ်ခံရသည့်အမှုမှ အဓိကသံသယရှိသူကိုပြန်လည်ဖမ်းဆီးရမိ

📌 ၄။ နေ့ညရာသီမရွေးပျံသန်းနိုင်တဲ့Federal Wings ​ တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်း စမ်းသပ်ပျံသန်း

📌 ၅။ TNLA တပ်မဟာ()တပ်စခန်းဖြစ်သည့် လွယ်မောက်တပ်စခန်းအား စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဥ်()စီးဖြင့် ပေါင် ၅၀၀ ဗုံးသီးအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်

📌 ၆။ မိုးလုံးမှိုင်းစစ်ဆင်ရေးအဖြစ် မိုးကုတ်အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာ တွင် တပ်စွဲထားသော စကစ စခန်းတစ်ခုကိုပြည်သူ့ကာကွယ်ရေးတပ်ရင်းများနှင့်TNLAတို့ပေါင်းတိုက်

📌 ၇။ စကစဗျူဟာအထိုင်ချထားသော ရေဦးမြို့အတွင်းသို့  Fix Wing Drone (မောင်းသူမဲ့ လေယာဉ်ငယ်) စင်းဖြင့်ပြည်သူ့ရင်ခွင်ခိုလှုံရန် စာရွက်များကို ကြဲချ

📌 ၈။ စကစထုတ်ဒဂုံဘီယာများဖမ်းဆီးရမိ၍ ၁၂၆၄ ဖာကို ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ EU Parliament မှတာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ 


စက်တင်ဘာ၂၆ရက်

ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းသည် EU Parliament Vice President, Mrs.Heidi Hautala ရုံးအဖွဲ့ဝင်များ၊လွှတ်တော်ကိုယ်စားလှယ် Mr.Vincze Lora’nt  အပါအဝင် သက်ဆိုင်ရာ Parliament အဖွဲ့ဝင်များနှင့် စက်တင်ဘာ ၂၅ ရက်နေ့(ဒေသစံတော်ချိန်)တွင် တွေ့ဆုံခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးအခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


အဆိုပါဆွေးနွေးမှုတွင် လက်ရှိ မြန်မာနိုင်ငံအနေနှင့် ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စု၏ ယိုယွင်းလာသော စီးပွားရေး၊ လူမှုရေးနှင့် ဘဏ္ဍာရေးအခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုအပေါ်  လေယာဉ်ဆီပိတ်ဆို့မှုများ ယခုထက်ပိုမို လုပ်ဆောင်သင့်ကြောင်းအခြေအနေများ၊ မြန်မာနိုင်ငံအပေါ်ပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှု အကူညီများကို နယ်စပ်ဖြတ်ကျော်ပေးအပ်နိုင်ရန်ဆွေးနွေးမှုများနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ လုပ်ဆောင်နေမှုများစသည့် အချက်များကို ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီဟာ ကျေးလက်ဒေသအမြောက်အများကို စွန့်လွှတ်ဆုံးရှုံးလိုက်ရပြီဖြစ်တယ်လို့ဆို


စက်တင်ဘာ၂၆ရက်

စက်တင်ဘာ၂၆ရက်တွင် ပြည်သူလူထုထံသို့ နွေဦးတော်လှန်ရေး အောင်ပွဲသတင်းများ တင်ပြရာမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေကအခုလိုဆိုပါတယ်။


"ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်အင်အားစုတွေ၊ ဒေသခံကာကွယ်ရေးအင်အားစုတွေအနေနဲ့ ကျေးလက်ဒေသအများစုကိုစိုးမိုးထားပြီးတော့ ကျေးလက်မှသည် မြို့ပြသို့ဆိုတဲ့မဟာဗျူဟာအရ အခုအချိန်မှာဆိုရင်တော့ စစ်ကောင်စီဟာ ကျေးလက်ဒေသအမြောက်အများကို စွန့်လွှတ်ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။


တော်လှန်ရေးအင်အားစုနဲ့ ပြည်သူ့ရဲဘော်များဟာ မြို့တွင်းတိုက်ပွဲများနဲ့ မြို့သိမ်းတိုက်ပွဲများဖော်ဆောင်ရာမှာ ကရင်နီပြည် မယ်စဲ့မြို့ကို ထိန်းထားနိုင်ပြီး မြိုင်မြို့နယ်တွင်လည်းရဲစခန်းနှင့် ဘူတာရုံဂိတ်တို့ကိုပါ တိုက်ခိုက်နိုင်ခဲ့ပြီး မုံရွာ အမြင့်လမ်းရှိ စကစစခန်းကိုလည်းတိုက်ခိုက်နိုင်ခဲ့ပါတယ်။


========================


📌📌 ၃။ ဆရာမ နှင်းယုနွယ် အသတ်ခံရသည့်အမှုမှ အဓိကသံသယရှိသူကိုပြန်လည်ဖမ်းဆီးရမိ


စက်တင်ဘာ၂၆ရက်

ဆရာမ နှင်းယုနွယ် အသတ်ခံရသည့်အမှုမှ အဓိကသံသယရှိသူကိုပြန်လည်ဖမ်းဆီးရမိတယ်လို့ စက်တင်ဘာ၂၆ရက်မှာ ရခိုင့်တပ်တော် AAမှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကအသိပေးဆိုထားပါတယ်။


"ဆရာမ နှင်းယုနွယ် အသတ်ခံရသည့်အမှုမှ ၁၉//၂၀၂၃ နေ့ကပင် ထွက်ပြေးလွတ်မြောက်နေသည့် အဓိကသံသယရှိသူ မောင်မောင်အေး ကို  ၂၆//၂၀၂၃ နေ့ နေ့လည် နာရီခွဲအချိန်ခန့်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ပြီးဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ အခုလို ပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် အဖက်ဖက်ကဝိုင်းဝန်းကူညီပေးခဲ့ကြသည့် တာဝန်သိဒေသခံ အာရက္ခပြည်သူများကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်"လို့ဆိုပါတယ်။


စက်တင်ဘာလ၁၆ရက်က ရသေ့တောင်မြို့နယ် ပေါက်တောကျေးရွာမှအလယ်တန်းပြ ကျောင်းဆရာမ နှင်းယုနွယ် (၂၇) နှစ်ဟာလမ်းခရီးမှာ ရက်စက်စွာသတ်ဖြတ်ခံခဲ့ရပါတယ်။


========================


📌📌 ၄။ နေ့ညရာသီမရွေးပျံသန်းနိုင်တဲ့Federal Wings ​ တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်း စမ်းသပ်ပျံသန်း


စက်တင်ဘာ၂၆ရက်

နေ့ညရာသီမရွေးပျံသန်းနိုင်တဲ့Federal Wings တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်း စမ်းသပ်ပျံသန်းခဲ့သည့်ရုပ်သံကို Federal Wingsဒရုန်းတပ်ဖွဲ့က ဖော်ပြထားပါတယ်။


"ယခုဒရုန်းများသည် နေ့ညရာသီမရွေးပျံသန်းနိုင်ပြီး စစ်ဆင်ရေးပုံစံအလိုက် အသုံးပြုမှုပုံစံကို ပြောင်းလဲစစ်ဆင်နိုင်စွမ်းရှိပါတယ်။ အဆိုပါ တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်းများအား အရှိန်အဟုန်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ပြီး ထိရောက်သောစစ်ဆင်ရေးများဆောင်ရွက်နိုင်ရန်အတွက် Federal Wings မှ နေ့ညမပြတ် ကြိုးစားအားထုတ်လျက်ရှိပါတယ်"လို့ဆိုပါတယ်။


Federal Wings ​ ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ဒရုန်းတပ်ဆင်ရေးလုပ်ငန်းများအား လျှင်မြန်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ ပြည်သူလူထု ငွေကြေးထည့်ဝင်မှုကိုသာ အဓိက အားကိုးအားထားပြုနေရပါတယ်လို့ဆိုပါတယ်။


Federal Wings ဒရုန်းများ အားဖြည့်တပ်ဆင်ရန်အတွက် ပူးပေါင်း Fundraising Campaign များ လစဉ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ Fundraising Campaign များတွင် ပါဝင်အားဖြည့်ကူညီပေးကြပါရန် ပြည်သူလူထုအားအသိပေးဆိုထားပါတယ်။


၂၀၂၃ ခုနှစ် ပထမ () လတာအတွင်း Federal Wingsဒရုန်းတပ်ဖွဲ့ဟာ ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၂၈၁) ကြိမ်ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့ပြီး ဗုံးသီးအမျိုးအစားစုံ (၆၈၀) ခန့် အသုံးပြုခဲ့ကာအဆိုပါတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ခန့် ထိခိုက်သေဆုံးခဲ့ပါတယ်။


========================


📌📌 ၅။ TNLA တပ်မဟာ()တပ်စခန်းဖြစ်သည့် လွယ်မောက်တပ်စခန်းအား စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဥ်()စီးဖြင့် ပေါင် ၅၀၀ ဗုံးသီးအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်


စက်တင်ဘာ၂၆ရက်

စက်တင်ဘာစက်တင်ဘာလ ၂၅ ရက်နေ့ (၁၀း၁၅)အချိန်တွင် တစ်ကြိမ်၊ (၁၀း၂၃)အချိန်တွင်တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုကိုစကစဘက်က လုပ်ဆောင်ခဲ့တယ်လို့ TNLAကဆိုပါတယ်။


" စက်တင်ဘာလ ၂၅ ရက်နေ့ (၁၀း၁၅)အချိန်တွင် တစ်ကြိမ်၊ (၁၀း၂၃)အချိန်တွင် တစ်ကြိမ် တအာင်းတပ်မတော်ရှိရာနှင့် မန်ကန်ရွာ၊ နမ့်ငူးရွာအနီးသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ စီးဖြင့် ဗုံး()လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထို့နောက် (၁၀း၃၀)အချိန်တွင် တံတားဦးမှ ဂျက်ဖိုက်တာ()စီးဖြင့် မူဆယ်မြို့နယ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLA တပ်မဟာ()တပ်စခန်းဖြစ်သည့် လွယ်မောက်တပ်စခန်းအား ပေါင်(၅၀၀)ဗုံးသီး ()လုံးဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


ထိုကဲ့သို့ ပေါင်(၅၀၀)ဗုံးသီး ()လုံးဖြင့် လာရောက်ပစ်ခတ်မှုကြောင့် TNLA တပ်စခန်း၏ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုတစ်စုံတရာမရှိဘူးလို့သိရပါတယ်။


 မူဆယ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA အကြား စက်တင်ဘာလ ၂၃ ရက်နေ့မှ ယနေ့အထိ ()ရက်ကြာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ဘဲ ထိုကဲ့သို့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။


စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်အကြား ဇူလိုင်လ (၂၃)ရက်နေ့မှ ယနေ့အထိ မူဆယ်မြို့နယ် စယ်လန့်၊ နမ့်ကတ်၊ နာထန်၊ ဂေါင်ရာ၊ နမ့်တောင်၊ လွယ်ကျယ်လော့၊ ဟိုပေါ်၊ ဆိုင်ခေါင်နှင့် ကောင်ရာရွာတွင်လည်းကောင်း၊ ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာ၊ ကောင်မူရာနှင့် လင်းလုံရွာတွင်လည်းကောင်း၊ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်း၊ အောက်ညောင်ကုန်း၊ ဖြူရောင်နှင့် ကုန်းစံရွာတို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။


========================


📌📌 ၆။ မိုးလုံးမှိုင်းစစ်ဆင်ရေးအဖြစ် မိုးကုတ်အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာ တွင် တပ်စွဲထားသော စကစ စခန်းတစ်ခုကိုပြည်သူ့ကာကွယ်ရေးတပ်ရင်းများနှင့်TNLAတို့ပေါင်းတိုက်


စက်တင်ဘာ၂၆ရက်

"စက်တင်ဘာ၂၆ရက်နေ့တွင် မိုးကုတ်အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာတွင် တပ်စွဲထားသော စကစ စခန်းတစ်ခုကို မနက် (:၁၅) အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများဖြစ်သော ၁၂၂၁၊ ၁၂၂၃ နှင့် TNLA တို့ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်ခဲ့ပါတယ်"လို့ မိုးကုတ်အခြေပြုတပ်ရင်းများက အတည်ပြုဆိုပါတယ်။


တိုက်ပွဲချိန် :၃၀ ကြာမြင့်၍ :၃၀ မိနစ်တွင်ပြီးဆုံးခဲ့ပြီး လက်နက်ငယ် တစ်လက်၊ ပစ်စတို တစ်လက်နှင့် 5.56 ကျည်များ သိမ်းဆည်းရရှိခဲ့ပြီးစကစ ဘက်မှ အကျအရှုံးကို ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၇။ စကစဗျူဟာအထိုင်ချထားသော ရေဦးမြို့အတွင်းသို့  Fix Wing Drone (မောင်းသူမဲ့ လေယာဉ်ငယ်) စင်းဖြင့်ပြည်သူ့ရင်ခွင်ခိုလှုံရန် စာရွက်များကို ကြဲချ


စက်တင်ဘာ၂၆ရက်

စကစဗျူဟာအထိုင်ချထားသော ရေဦးမြို့အတွင်းသို့  Fix Wing Drone (မောင်းသူမဲ့ လေယာဉ်ငယ်) စင်းဖြင့်ပြည်သူ့ရင်ခွင်ခိုလှုံရန် စာရွက်များကို ကြဲချခဲ့တယ်လို့ စက်တင်ဘာ၂၆ရက်မှာ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းကအသိပေးဆိုပါတယ်။


"၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ :၂၀ မိနစ် အချိန်တွင် ရေဦးမြို့အတွင်းသို့ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းမှ စကစ ဗျူဟာအထိုင်ချ ထားသည့် ရေဦးမြို့အတွင်း ယမန်နေ့ညက တိုက်ခိုက်ခံရ၍ စကစတပ်သားများ ဆေးကုသနေသည့် လမင်းဆေးရုံအနီးနှင့် မြို့လည် နာရီစင်အနီးသို့ Fix Wing Drone (မောင်းသူမဲ့ လေယာဉ်ငယ်) စင်းဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံရန် ကမ်းလှမ်းသည့် စာရွက်များကို ကြဲချခဲ့ပါတယ်"လို့ဆိုပါတယ်။


စကစ တပ်သားများ ရဲများ ပျူစောထီးများ ပြည်သူ့ရင်ခွင်သို့ ခိုလှုံချင်ပါက ရွှေဘိုခရိုင်အမှတ်(၁၄) တပ်ရင်းသို့ ဆက်သွယ်နိုင်တယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ စကစထုတ်ဒဂုံဘီယာများဖမ်းဆီးရမိ၍ ၁၂၆၄ ဖာကို ဖျက်ဆီး


စက်တင်ဘာ၂၆

စကစထုတ်ဒဂုံဘီယာများဖမ်းဆီးရမိ၍ ၁၂၆၄ ဖာကို ကားနဲ့တက်ကြိတ်ဖျက်ဆီးခဲ့တယ်လို့ ကနီမြို့နယ်ပအဖတာဝန်ခံက အသိပေးဆိုထားပါတယ်။


စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပအဖတာဝန်ခံနှင့်အဖွဲ့ဝင်များသည် သက်ဆိုရာပကဖ၊ PDF များနှင့်အတူစက်တင်ဘာ ၂၂ ရက်နေ့က သတင်းအရ မြို့နယ်အတွင်းဖြတ်သန်းလာသော ကုန်တင်ကားကြီးတစ်စီးကို ဟန့်တားစစ်ဆေးမှုပြုလုပ်ခဲ့ရာ ကားပေါ်တွင် မြွေအရေခွံအိတ်ကြီးများဖြင့် ထည့်ထားသော စကစထုတ် ဒဂုံဘီယာဖာများကိုတွေ့ရှိသိမ်းဆည်းခဲ့တယ်"လို့ဆိုပါတယ်။


ထို့နောက်သိမ်းဆည်းရမိသည့်ဘီယာများကို စက်တင်ဘာ၂၃ ရက်ကဖျက်ဆီးပစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment