30th SEP 2023 - Morning Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဗဟန်း မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄-၅၆အား အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထား၍ ရောင်းချ၊ဖျက်ဆီးရန် ကြိုးပမ်းသူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်ပါအရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကြေညာ

📌 ၂။ ဘုန်းကြီးကျောင်းမှာ ပညာသင်ကြားနေတဲ့ အပြစ်မဲ့ကလေးငယ်တွေကို မြန်မာစစ်တပ်က ချေမှုန်းတာဟာ ခွင့်မလွှတ်နိုင်တဲ့ အကြမ်းဖက်မှုတစ်ခုဖြစ်တယ်လို့ ဝန်ကြီးချုပ်ဆို

📌 ၃။ မြင်းမူက ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ ရက်လည်နေ့မှာ Federal Wings နဲ့မဟာမိတ် ဒရုန်းအဖွဲ့တွေက မြင်းမူမှာ အောင်ပွဲဆင်ပြနိုင်ခဲ့

📌 ၄။ စကစစစ်သားများမှ ဒေသခံရွာသား၅၆၄ ဦးကျော်အား လူသားဒိုင်းအဖြစ်အသုံးပြုသော သက်သေအထောက်အထားများအပါအဝင် အစီရင်ခံစာ၂၂ စောင်ကိုရရှိခဲ့တယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့KHRGကအသိပေး

📌 ၅။ ကန်ပက်လက်မြို့ အဝင်မှာ ချင်းပြည်နယ်အလံ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) အလံ လွှင့်ထူ

📌 ၆။ မုံရွာတွင် စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦးအား ဒေသကာကွယ်ရေးတပ်ဖွဲ့မှ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီး

📌 ၇။ သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းမှ ရိုးမပေါ်သို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ခြုံခိုတိုက်ခိုက် ရန်သူ့ဘက်မှ တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများရှိနိုင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဗဟန်း မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄-၅၆အား အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထား၍ ရောင်းချ၊ဖျက်ဆီးရန် ကြိုးပမ်းသူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်ပါအရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကြေညာ


စက်တင်ဘာ၂၉ရက်

ဗဟန်း မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄-၅၆အား အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထား၍ ရောင်းချ၊ ဖျက်ဆီးရန် ကြိုးပမ်းသူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်ပါ အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရမှ အမိန့်ကြော်ငြာစာအမှတ်၊ (/၂၀၂၃)ကို စက်တင်ဘာ၂၉ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် --၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊(၁၅/၂၀၂၂)ဖြင့် အမှတ်(၅၄-၅၆) တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသော ခြံဝန်းဧရိယာ (.၉၂၃)ဧကနှင့် ယင်းမြေဧရိယာပေါ်တွင်ရှိသော မရွှေ့မပြောင်းနိုင်သည့် အဆောက်အအုံအားလုံးအား ကြားကာလ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း၊ ထိုအမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အား မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန် ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း အခြားနည်းအသုံးချခြင်းတို့အား တင်းကြပ်စွာတားမြစ်ကြောင်း၊ ထိုတားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက ဆက်စပ်ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ် ပြန်ကြေညာခဲ့ပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။


ယခုအခါ ယင်းအမိန့်ကြော်ငြာစာပါ တားမြစ်ချက်များအား ဖောက်ဖျက်ရန် ကြိုးပမ်းမှုများ ရှိနေကြောင်း အချက်အလက်ခိုင်မာစွာ ရရှိထားပြီးဖြစ်သဖြင့် တားမြစ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက ဖောက်ဖျက်ရန် အားထုတ်သူနှင့်အတူ အကြံပြုသူ၊ ခွင့်ပြုသူ၊ ကူညီအားပေးသူ၊ ပြင် ဆင်သူစသည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်အသီးသီးအား မြန်မာနိုင်ငံကပါဝင် အတည်ပြုထားပြီးဖြစ်သည့် ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များနှင့်စပ်လျဉ်းသော နိုင်ငံတကာကွန်ဗင်းရှင်းများ၊ အမွေအနှစ်ဆိုင်ရာတည်ဆဲ ဥပဒေများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအပါအဝင် ဆက်စပ်ဥပဒေများဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက် သတိပေးထုတ် ပြန်ကြေငြာလိုက်တယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၂။ ဘုန်းကြီးကျောင်းမှာ ပညာသင်ကြားနေတဲ့ အပြစ်မဲ့ကလေးငယ်တွေကို မြန်မာစစ်တပ်က ချေမှုန်းတာဟာ ခွင့်မလွှတ်နိုင်တဲ့ အကြမ်းဖက်မှုတစ်ခုဖြစ်တယ်လို့ ဝန်ကြီးချုပ်ဆို


စက်တင်ဘာ၂၉ရက်

ဘုန်းကြီးကျောင်းမှာ ပညာသင်ကြားနေတဲ့ အပြစ်မဲ့ကလေးငယ်တွေကို မြန်မာစစ်တပ်က ချေမှုန်းတာဟာ ခွင့်မလွှတ်နိုင်တဲ့ အကြမ်းဖက်မှုတစ်ခုဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ စက်တင်ဘာ၂၉ရက် Twitterမှာ ရေးသားထားပါတယ်။


"ဘုန်းကြီးကျောင်းမှာ ပညာသင်ကြားနေတဲ့ အပြစ်မဲ့ကလေးငယ်တွေကို မြန်မာစစ်တပ်က ချေမှုန်းတာဟာ ခွင့်မလွှတ်နိုင်တဲ့ အကြမ်းဖက်မှုတစ်ခုပါ။ ကျောင်းသား ၁၈ ဦးကို ဒဏ်ရာရကာ အဲ့ထဲက ခြောက်ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တယ်။ ဒီရက်စက်မှုကို ရှုံ့ချရမယ်။ အဲဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို ဆန့်ကျင်ဖို့ လူ့အဖွဲ့အစည်းက စည်းလုံးရမယ်"လို့ဆိုထားပါတယ်။


၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ နေ့လည် (၁၂:၃၀) နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ၀န်းသိုမြို့နယ် ဂျိုးထောင်ရွာ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်ကို ၀န်းသိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်၏ (ခမရ-၁၀၂)မှ ဟောင်ဝစ်ဇာ (Howitzer)လက်နက်ကြီးဖြင့်ပစ်ခတ်၍ လက်နက်ကြီးကျည် () လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး လက်နက်ကြီးကျည် ကျရောက်ချိန်သည် ကလေးငယ်များ ပညာသင်ယူနေချိန်ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၃။ မြင်းမူက ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ ရက်လည်နေ့မှာ Federal Wings နဲ့မဟာမိတ် ဒရုန်းအဖွဲ့တွေက မြင်းမူမှာ အောင်ပွဲဆင်ပြနိုင်ခဲ့


စက်တင်ဘာ၂၉ရက်

မြင်းမူက ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ ရက်လည်နေ့မှာFederal Wings နဲ့ မဟာမိတ် ဒရုန်းအဖွဲ့တွေက မြင်းမူမှာအောင်ပွဲဆင်ပြနိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က စက်တင်ဘာ၂၉ရက်မှာ အသိပေးဆိုထားပါတယ်။


စက်တင်ဘာ၂၈ရက်နေ့ ညပိုင်းတွင် မြင်းမူမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေစိုက်စခန်းချရာ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့အား Federal Wings နှင့် မဟာမိတ် ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းပြီး စုစုပေါင်း ဒရုန်း () စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ 


တိုက်ခိုက်မှုများအတွင်း ပစ်မှတ်များအား တိုက်ရိုက်ထိမှန်ခဲ့တယ်လို့သတင်းရရှိပါတယ်။


စက်တင်ဘာ ၂၂ ရက်နေ့မှာ မြင်းမူမှာ စကစလက်ချက်ကြောင့် တော်လှန်ရေးအင်အားစု ၂၆ယောက်  အသက်စတေးခဲ့ရပါတယ်။


========================


📌📌 ၄။  စကစစစ်သားများမှ ဒေသခံရွာသား၅၆၄ ဦးကျော်အား လူသားဒိုင်းအဖြစ်အသုံးပြုသော သက်သေအထောက်အထားများအပါအဝင် အစီရင်ခံစာ၂၂ စောင်ကိုရရှိခဲ့တယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့KHRGကအသိပေး


စက်တင်ဘာ၂၉ရက်

စကစစစ်သားများမှ ဒေသခံရွာသား၅၆၄ ဦးကျော်အား လူသားဒိုင်းအဖြစ်အသုံးပြုသော သက်သေအထောက်အထားများအပါအဝင် အစီရင်ခံစာ၂၂ စောင်ကိုရရှိခဲ့တယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့KHRGကအသိပေးဆိုပါတယ်။


စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် စစ်ကောင်စီမှ အရပ်သားပြည်သူများအား လူသားဒိုင်းအဖြစ်အသုံးပြုခြင်းအစီရင်ခံစာကို စက်တင်ဘာနောက်ဆုံးပတ်မှာ ကရင်လူ့အခွင့်ရေးအဖွဲ့KHRGကဖော်ပြပါတယ်။


၂၀၂၁ခု နှစ်ဖေဖော်ဝါရီလမှစ၍ စကစစစ်သားများမှ ဒေသခံရွာသား၅၆၄ ဦးကျော်အား လူသားဒိုင်းအဖြစ်အသုံးပြုသော သက်သေအထောက်အထားများအပါအဝင်အစီရင်ခံစာ၂၂ စောင်ကိုရရှိခဲ့တယ်လို့ဆိုပါတယ်။


စစ်ကောင်စီ၏ စစ်သားများသည် ဖမ်းဆီးထားသည့် ရွာများကို ၄င်းတို့ရှေ့မှလမ်းလျှောက်စေခိုင်းပြီး မြေမြုပ်မိုင်းရှိသည့်နေရာတွင်သွားလာစေခိုင်းခြင်းဖြစ်၍ မိုင်းထိကာ ထိခိုက်သေဆုံးမှုတို့လည်းရှိခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ ကန်ပက်လက်မြို့ အဝင်မှာ ချင်းပြည်နယ်အလံ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) အလံ လွှင့်ထူ


စက်တင်ဘာလ ၂၉။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အဝင် မုခ်ဦးတွင် ချင်းပြည်နယ်အလံနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) အလံတို့အားငါတို့မြို့ကို ငါတို့ပိုင်သည်ဟူသောကြွေးကြော်သံနဲ့ အတူ လွှင့်ထူလိုက်ကြောင်း CDF - Kanpetlet က စက်တင်ဘာ၂၉ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။


၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့က ကန်ပက်လက်မြို့အဝင် " လောက်နူးမြေ ကန်ပက်လက်မြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ " မုခ်ဦးမှာ အလံတွေကို လွှင့်ထူခဲ့တာ ဖြစ်ပါတယ်။


စစ်ကောင်စီတပ်အနေနဲ့ သူတို့ကိုယ်သူတို့ ကာကွယ်နေရတဲ့ အနေအထားပဲရှိပြီး ကျွန်တော်တို့ကို လိုက်လံ တိုက်ခိုက်တာမျိုးမရှိဘူးလို့ CDF ကန်ပလက် တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။


မြို့နေလူထု စိတ်ဓါတ်ခွန်အားရစေဖို့ အခုလို အလံလွှင့်ထူခဲ့တာဖြစ်ပြီး မကြာမှီ မြို့ကို ပြန်ရအောင် တိုက်မယ်လို့လည်း ကြွေးကြော်ခဲ့ကြောင်း သူက ဆက်ပြောပါတယ်။


အလံလွှင့်ထူထားပြီး ဒီနေ့အထိ စစ်ကောင်စီတပ်မှာ စစ်ကြောင်းထိုးတာ တစ်စုံတစ်ရာ တုံပြန်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့ကလည်း ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်ချထားသော နေရာများဖြစ်သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူရုံးနှင့် ပညာရေးရုံးတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောာင်စီတပ်မှ တပ်သား ဦး သေဆုံးခဲ့ပြီး ဒါဏ်ရာရသူများလည်း ရှိတယ်လို့ သိရပါတယ်


========================


📌📌 ၆။ မုံရွာတွင် စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦးအား ဒေသကာကွယ်ရေးတပ်ဖွဲ့မှ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီး


စက်တင်ဘာ ၂၉။

မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်ကြီးတစ်ဦးကို စက်တင်ဘာလ (၂၉) ရက်နေ့ က Black Falcon Guerrilla Forces မှ ၎င်း၏ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။


ဖမ်းဆီးခံထားရသူမှာ အမှတ်() ခုတင်(၇၀၀)ဆံ့ တပ်မတော်ဆေးရုံမှ ဗိုလ်ကြီး အောင်ဖြိုးသိန်း ဖြစ်ပြီး စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် နာရီ ခွဲခန့်က မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက် အတွင်းရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် ဝင်ရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ Black Falcon Guerrilla Forces မှ ထုတ်ပြန်ထား ပါတယ်။


၎င်းနှင့်အတူ ဟွန်ဒိုင်းအမျိုးစား အိမ်စီးကားတစ်စီး၊ လက်ကိုင်ဖုန်းနှစ်လုံး၊ လက်တော့တစ်လုံး၊ တို့ကို သိမ်းဆည်းရရှိခဲ့ပြီး တရားခံနဲ့ ဆက်စပ်ပစ္စည်း အားလုံးကိုတော့ မြို့နယ် .က. ကို အပ်လိုက်ပါပြီလို့ Black Falcon Guerrilla Forces က ပြောထားပါတယ်။


မြို့အဝင်အထွက် လမ်းတွေကို စစ်တပ်က ပိတ်ထားပြီး လုံခြုံရေးအပြည့်ချထားပေမယ့် အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


လက်ရှိအခြေနေမှာ စစ်ကောင်စီဘက်က လုံခြုံရေးအပြည့် ချထားပေမဲ့ လုံခြုံမူမရှိကြောင်း ကျွန်တော်တို့ဘက်မှ မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပြီး ကျန်ရှိနေသော စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူနဲ့ အမြန်ဆုံး ပူးပေါင်းပေးဖို့ ထပ်မံသတိပေးလိုက်တယ်လို့  Black Falcon Guerrilla Forces က သတိပေးထားပါတယ်။


၎င်းဗိုလ်ကြီးအား ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး စစ်ကြောင်းထိုးကာ လိုက်လံရှာဖွေနေကြောင်းလည်း သိရပါတယ်။


========================


📌📌 ၇။ သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းမှ ရိုးမပေါ်သို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ခြုံခိုတိုက်ခိုက် ရန်သူ့ဘက်မှ တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများရှိနိုင်


စက်တင်ဘာ ၂၉

စက်တင်ဘာ(၂၉)ရက် နံနက်(၉း၃၀)အချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်များက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပဲခူးတိုင်းစစ်ဒေသခွဲက အတည်ပြုပါတယ်။


"ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကိုင်းကွင်း‌ ကျေးရွာအုပ်စု၊ ကိုင်းကွင်းရွာနှင့် ထန်းကုန်းရွာကြားတွင် သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းမှ ထွက်လာသော အင်အား(၂၇)ဦးပါ စစ်ကောင်စီ၏စစ်ကြောင်းကို စက်တင်ဘာ(၂၉)ရက်နေ့ နံနက်(၉း၃၀)အချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ( ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF)နှင့် Sniper တပ်ဖွဲ့၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ၄ တို့က ပူးပေါင်း၍ ခြုံခိုတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ရန်သူ့ဘက်မှ တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်နိုင်ပြီး ဆက်လက်အတည်ပြုလျက် ရှိတယ်"လို့ဆိုပါတယ်။


စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိခိုက်အန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ နာရီဝက်ခန့်အကြာတွင် သစ်ပုတ်တာဝါတိုင် အထိုင်စခန်းဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားရာနေရာအား ရှင်းလင်းရေးလုပ်စဉ် မပေါက်ကွဲသေးသော (၆၀)မမကျည် ()တောင့်၊ အသုံးပြုပြီးသော (၄၀)မမ ကျည်ခွံများ၊ ၆၂ ကျည်အကောင်း ()တောင့်နှင့် ကျည်ခွံများကို သိမ်းဆည်းရရှိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ သတင်းထောက်မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment