11th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်တပ်၏ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို NUG ပြင်းထန်းစွာရှုတ်ချ၊ ကချင်တိုင်းရင်းသားများနှင့်အတူ တသားတည်းရပ်တည်သွားမည်ဟုဆို

📌 ၂။ အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရေး မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူများအတွက် တရားမျှတမှု ရရှိရေး CRPH အနေဖြင့် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်အဖြစ် သတ်မှတ်ကြိုးပမ်းဆောင်ရွက်သွားမည်

📌 ၃။ အကြမ်းဖက်စစ်တပ်ဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းဆိုင်ရာစာနာထောက်ထားမှုဥပဒေကို မထီမဲ့မြင် ပြုလုပ်နေတယ်လို့ ဒေါက်တာဝင်းမြတ်အေးပြော 

📌 ၄။ စစ်တပ်အနေနဲ့ မြန်မာပြည်သူများပေါ် ရက်စက်သည့်တိုက်ခိုက်မှုများ ရပ်တန့်ရန်  ဗြိတိသျှသံရုံးပြော

📌 ၅။ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ UNICEF ထုတ်ပြန်ချက် လူမှုကွန်ယက်သုံးစွဲသူများ ဝေဖန်

📌 ၆။ လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို လေကြောင်းတိုက်ခိုက်မှု ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ပြင်းထန်းစွာ ရှုံ့ချ၊ KIO KIA နဲ့အတူ တသွေးတည်းရှိကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့ထုတ်ပြန် 

📌 ၇။ ကန့်ဘလူနယ် ငှက်ပျောတိုင်းရွာတိုက်ပွဲတွင်အထိနာသွားသောစစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးကာ ပေကြီးရွာကို မီးရှို့ဖျက်ဆီး

📌 ၈။ အမေရိကန်ပြည်ထောင်စုတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲ နဲ့ "78th UN General Assembly - CREDENTIALS CAMPAIGN ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်၏ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို NUG ပြင်းထန်းစွာရှုတ်ချ၊ ကချင်တိုင်းရင်းသားများနှင့်အတူ တသားတည်းရပ်တည်သွားမည်ဟုဆို


အောက်တိုဘာ ၁၀။ 

အကြမ်းဖက်စစ်တပ်၏ စစ်ရေးပစ်မှတ်မဟုတ်သော စစ်ဘေးရှောင်စခန်းကို တိုက်ခိုက်မှုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို ပြောင်းပြောင်းတင်းတင်း ကျူးလွန်ခြင်းဖြစ်တဲ့အတွက် ပြင်းပြင်း ထန်ထန်ရှုတ်ချကြောင်းနှင့် ကချင်တိုင်းရင်းသားများနဲ့အတူ တသားတည်းရပ်တည်သွားမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်လိုက်ပါတယ်။


ကချင်တိုင်းရင်းသားများရဲ့ ထိခိုက်ဆုံးရှုံးမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ထပ်တူ နာကျင်ခံစားရကာ ထိခိုက်ဆုံးရှုံးရသူများအတွက် တရားမျှတမှု ပြန်လည်ရယူပေးနိုင်ရေးအတွက် အတူတကွ အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း အသိပေးထားပါတယ်။ အောက်တိုဘာလ ရက်နေ့ ၁၁ နာရီ ၂၅ မိနစ်ခန့်အချိန်မှာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက်  စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတို့ တပြိုင်နက်အသုံးပြု ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်လို့ NUG က ထုတ်ပြန်လိုက်တာပါ။ 


ကနဦးရရှိတဲ့ သတင်းတွေအရ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းက ကလေးငယ် ၁၃ ဦးနဲ့ အမျိုးသမီးများ အပါအဝင် အရပ်သားပြည်သူ ၃၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၇ ဦးထက်မနည်းရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ မြေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် သေဆုံးသူ၊ ထိခိုက် ဒဏ်ရာရသူအရေအတွက် ပိုမိုများပြားလာနိုင်ကြောင်းနဲ့ ဒီတိုက်ခိုက်မှုဒဏ်ကြောင့် စစ်ဘေးရှောင်စခန်းအပြင် စာသင်ကျောင်းတစ်ကျောင်း မူကြိုကျောင်းတစ်ကျောင်း၊ ဘုရားကျောင်းတစ်ကျောင်းနဲ့ အရပ်သားလူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိထားတယ်လို့လည်း ပါရှိပါတယ်။


ဒီလုပ်ရပ်ဟာ အစ္စရေးလ်နဲ့ဟားမတ်စ် စစ်ရေးပဋိပက္ခအပေါ် နိုင်ငံတကာက စိုးရိမ်မှုမြင့်တက်ကာ အာရုံစိုက်နေခြင်းကို အခွင့်ကောင်းယူပြီး အကြမ်းဖက်စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့စစ်ရာဇဝတ်မှုများကို အချိန်ကိုက်ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ယခုကဲ့သို့ ကျူးလွန်မှုများနဲ့ အလားတူကျူးလွန်မှုများ ထပ်မရှိစေဖို့ နိုင်ငံတကာအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်အပိုဒ် ၂၆၆၉ အတိုင်း အချိန်နဲ့တပြေးညီ ပြင်းထန်ထိရောက်စွာ ဟန့်တားအရေးယူပေးဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ ထိရောက်စွာပူးပေါင်းဆောင်ရွက်ဖို့ NUG က အလေးအနက်ထား တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ 


လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး Kachin Human Right Watch ကလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်ထားသလို အကြမ်းဖက်မှုကို ပံ့ပိုးကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ထိထိရောက်ရောက် အရေးယူပေးဖို့နဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့စစ်တပ်ကို နိုင်ငံတကာခုံရုံးကနေ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရေး မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူများအတွက် တရားမျှတမှု ရရှိရေး CRPH အနေဖြင့် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်အဖြစ် သတ်မှတ်ကြိုးပမ်းဆောင်ရွက်သွားမည်


အောက်တိုဘာ ၁၀။

အောက်တိုဘာလ ရက်နေ့၊ ၁၁ နာရီခွဲခန့်က အကြမ်းဖက်စစ်တပ်မှ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းကို ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးသူငယ်များနှင့် အမျိုးသမီးများ အပါအဝင် အရပ်သားပြည်သူ ၃၀ ခန့် သေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒါဏ်ရာ ရခဲ့ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့မှစပြီး အရပ်သားပြည်သူများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ လူနေကျေးရွာများနှင့် စစ်ရှောင်စခန်းများကို လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများကို ကျူးလွန် လုပ်ဆောင်လျက်ရှိနေတယ်လို့ CRPH ကဆိုပါတယ်။


စစ်တပ်ကပြုလုပ်ခဲ့တဲ့ အကြမ်းဖက်မှုများကြောင့် ပြည်သူ သန်းကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့အပြင် ယနေ့အချိန်ထိ ပြည်သူ ၂၅,၀၀၀ ကျော် မတရားဖမ်းဆီးခံထားရပြီး အမျိုးသမီးနှင့် ကလေးသူငယ်များ အပါအဝင် ပြည်သူ ,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကာ နေအိမ် ၈၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်တပ်မှ ကျူးလွန်လုပ်ဆောင်နေသည့် လူမဆန်သော အကြမ်းဖက်မှုများကို နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ထိရောက်သော အရေးယူ ဆောင်ရွက်ခြင်းများ ဖြင့်သာ ရပ်တန့်နိုင်မည်ကို နားလည်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုထားပါတယ်။


ထိုအပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်ကောင်စီကို စစ်လက်နက် တင်ပို့ရောင်းချခြင်းအား အမြန်ဆုံး ပိတ်ပင်တားဆီးသွားနိုင်ရန်နှင့် ပိုမိုပြင်းထန်သော အရေးယူပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင် သွားနိုင်ရန်အတွက် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် နှင့် မြန်မာပြည်သူများအတွက် တရားမျှတမှု ဖော်ဆောင်ရေးအတွက် မိမိတို့ ထိရောက်သော ပံ့ပိုးကူညီမှုများ နှင့်အတူ လက်တွဲလုပ်ဆောင်ပေးရန် တိုက်တွန်းတောင်းဆိုထားပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်တပ်ဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းဆိုင်ရာစာနာထောက်ထားမှုဥပဒေကို မထီမဲ့မြင် ပြုလုပ်နေတယ်လို့ ဒေါက်တာဝင်းမြတ်အေးပြော 


အောက်တိုဘာ ၁၀။

အကြမ်းဖက်စစ်တပ်ဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းဆိုင်ရာစာနာထောက်ထားမှုဥပဒေ International Humanitarian Law ကို မထီမဲ့မြင် အကြိမ်ကြိမ်ပြုလုပ်နေတာဟာ အားလုံးကိုစိတ်ခေါ်နေတာပဲဖြစ်တယ်လို့ NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အောက်တိုဘာလ ၁ဝ ရက်နေ့မှာ ပြောလိုက်ပါတယ်။


အကြမ်းဖက်စစ်တပ်က ဖျက်အားအလွန်ပြင်းတဲ့ လက်နက်များနဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက စစ်ဘေးရှောင် ပြည်သူများနေထိုင်တဲ့ မုန်လိုင်ခက်စခန်းကို အောက်တိုဘာ ၉ရက် ညဉ့်နက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ကလေးသူငယ်များ အပါဝင် သေဆုံးသူ ၃၀ ဦးနဲ့ လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရကြောင်း ကနဦးသတင်းများအရသိရပါတယ်။ပြည်သူများကို စစ်ရေးပစ်မှတ်သဖွယ် ရည်ရွယ်တိုက်ခိုက်ပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law) ကို မထီမဲ့မြင် အကြိမ်ကြိမ်ပြုလုပ်ကာ အားလုံးကို စိန်ခေါ်နေတာပဲဖြစ်ပါတယ် လို့ ဝန်ကြီးကဆိုပါတယ်။ 


တော်လှန်ရေးရဲ့ အဓိကဒေါက်တိုင်ဖြစ်တဲ့ ပြည်သူများ ပြိုပျက်ယိုင်လဲသွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ အစုလိုက်အပြုံလိုက် အချိန်ကိုက် သတ်ဖြတ်ပြနေတယ်ဆိုတာ အသေအချာပါပဲ၊ ဖေါ်မပြနိုင်လောက်အောင်ဝမ်းနည်းကြေကွဲရပါတယ်၊ ငြိမ်းချမ်းရေးကိုမြတ်နိုးသယောင်ပြဖို့ တစ်ဘက်ကကြိုးစားနေသလိုလိုနဲ့ အခြားတစ်ဘက်ကလည်း လူသားချင်းစာနာမှု မရှိဘဲ စစ်ရှိန်မြင့်သထက်မြင့်အောင် ဖိတ်ခေါ်သလိုအပြုအမူတွေဟာ ကောက်ကျစ်လှည့်ဖြားမှုတွေသာတယ်လို့လည်း  သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးထားပါတယ်။

 

အရင်းအနှီးကြီးလွန်းတဲ့ ဒီတော်လှန်ရေးအတွက် ထိုက်တန်တဲ့အောင်မြင်မှုရဖို့ ညီညွတ်ကြဖို့အဓိကဖြစ်တယ်လို့လည်း သတိပေး ပြောဆိုလိုက်ပါတယ်။


========================


📌📌 ၄။ စစ်တပ်အနေနဲ့ မြန်မာပြည်သူများပေါ် ရက်စက်သည့်တိုက်ခိုက်မှုများ ရပ်တန့်ရန်  ဗြိတိသျှသံရုံးပြော


အောက်တိုဘာ ၁၀။

မုန်လိုင်ခက် စစ်ရှောင်စခန်းရှိ အရပ်သားပြည်သူများကို အကြမ်းဖက် စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ရန်ကုန်ရှိ ဗြိတိသျှသံရုံးရဲ့လူမှုကွန်ယက် စာမျက်နှာကနေ အောက်တိုဘာ ၁၀ ရက် ညနေ နာရီခန့်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


ကချင်ပြည်နယ်ရှိ မုန်လိုင်ခက်ကျေးရွာအပေါ် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ အများအပြား အသက်ဆုံးရှုံးကြရတဲ့ သတင်းကို ကြားသိရတဲ့အတွက် ယူကေအစိုးရအနေနဲ့ ထိတ်လန့်တုန်လှုပ်မိပါတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း မြန်မာစစ်တပ်ကြောင့် အနည်းဆုံး အရပ်သားပြည်သူ ,၈၅၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး ပြည်သူ . သန်းကျော် မိမိတို့ရဲ့ အိုးအိမ်များကို စွန့်ခွာထွက် ပြေးခဲ့ရတယ်လို့ UK သံရုံးက ဆိုထားပြီး  အဆိုပါလုပ်ရပ်ကို လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့လည်း ဆိုပါတယ်။


မြန်မာစစ်တပ်အနေနဲ့ မြန်မာပြည်သူများပေါ် ရက်စက်သည့် တိုက်ခိုက်မှုများ ရပ်တန့်ရန် မိမိတို့ ထပ်မံအသိပေး ပြောကြားလိုပါတယ်လို့ ဗြိတိသျှသံရုံးက ပြောထားပါတယ်။


========================


📌📌 ၅။ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ UNICEF ထုတ်ပြန်ချက် လူမှုကွန်ယက်သုံးစွဲသူများ ဝေဖန်


အောက်တိုဘာ ၁၀။ 

လိုင်ဇာမြို့အနီးမှာရှိတဲ့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီ အမည်တပ်ပြီး ထုတ်ပြန်ခဲ့တာမဟုတ်တဲ့အတွက် လူမှုကွန်ယက်သုံးစွဲသူတွေက UNICEF Myanmar ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။


လိုင်ဇာရှိ စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့သော ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ သေဆုံးရကြောင်းကြားသိရတဲ့အတွက် UNICEF အနေဖြင့် များစွာ ထိတ်လန့်ဝမ်းနည်းမိပါတယ်လို့ ထုတ်ပြန်ထားပေမယ့် ဘယ်သူ့ကြောင့်ဖြစ်တယ်ဆိုတာ ဖော်ပြမထားတဲ့အတွက် လူမှုကွန်ယက် သုံးစွဲသူတွေက ဝေဖန်ပြောဆိုကြတာပါ။ 


ဒီလုပ်ရပ်ဟာ လုံးဝလက်ခံနိုင်စရာမရှိတဲ့ တိုက်ခိုက်မှုဖြစ်ကြောင်းနဲ့ ကျပ်တည်းသောအခြေအနေမှာ ထိခိုက်နစ်နာလွယ်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ အရေးတကြီးလိုအပ်နေပြီဆိုတာ မီးမောင်းထိုးပြလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကလေးသူငယ်များနဲ့ အရပ်သားပြည်သူများဟာ မည်သည့်အခါမှ အကြမ်းဖက်တိုက်ခိုက်ခြင်းရဲ့ ပစ်မှတ်များမဟုတ်တဲ့အတွက် မိမိတို့သားသမီးများနဲ့ မိသားစုများ ဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်ပြည်သူများနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့လည်း ပါရှိပါတယ်။ 


အောက်တိုဘာလ ရက်နေ့ ၁၁ နာရီ ၂၅ မိနစ်ခန့်အချိန်မှာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ဘေး ရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးအပါအဝင် လေကြောင်းကနေ တပြိုင်နက်အသုံးပြု ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့အတွက် ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင် လူ ၃ဝ ထက်မနည်း သေဆုံးခဲ့ရပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


========================


📌📌 ၆။ လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို လေကြောင်းတိုက်ခိုက်မှု ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ပြင်းထန်းစွာ ရှုံ့ချ၊ KIO KIA နဲ့အတူ တသွေးတည်းရှိကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့ထုတ်ပြန် 


အောက်တိုဘာ ၁၀။

ကချင်ပြည်နယ် လိုင်ဇာအနီးရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက ထုတ်ပြန်လိုက်သလို KIO KIA နဲ့အတူ တသွေးတည်းရှိကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့ထုတ်ပြန်လိုက်ပါတယ်။ 


အကြမ်းဖက်စစ်တပ်ဟာ ၂ဝ၂၃ ခုနှစ်အတွင်းမှာ စစ်ဘေးရှောင်ပြည်သူလူထုနဲ့ ဆေးရုံ၊ဆေးခန်းတွေနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ အရှိန်မြင့်တိုက်ခိုက်ပြီး ပြည်သူလူထုရဲ့လုံခြုံရေးကို နေ့စဉ်ခြိမ်းခြောက်နေပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကိုလည်း နိုင်ငံအနှံ့ကျူးလွန်နေတယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက အသိပေးထားပါတယ်။


ဒီလုပ်ရပ်ကို ပြောင်ပြောင်တင်းတင်းကျူလွန်လိုက်တာဟာ နိုင်ငံတကာဥပဒေတွေနဲ့ လူ့အခွင့်အရေးပြဌာန်းချက်တွေကို ချိုးဖောက်တာဖြစ်တဲ့အပြင် စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ကြိုးပမ်းနေတဲ့ကြတဲ့သူတွေအတွက် လက်ခံနိုင်စရာမရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။


နိုင်ငံရေးနဲ့စစ်ရေးတင်မက အဘက်ဘက်ကရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ၎င်းတို့ကိုမထောက်ခံတဲ့ ပြည်သူတွေအပေါ် အငြိုးအတေး အာဃာတကြီးစွာထားပြီး လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေ တရားလက်လွတ်သတ်ဖြတ်မှုတွေ နိုင်ငံအနှံ့လုပ်နေတာဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းနဲ့ စစ်ရာဇဝတ်မှုတွေကို ဗြောင်ကျကျကျူးလွန်နေခြင်းဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ် ဖွဲ့ကလည်း ထုတ်ပြန်လိုက်ပါတယ်။


ဒီလိုမိုက်တွင်းနက်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းခံရပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေအတွက် များစွာဝမ်းနည်းကြေကွဲရပြီး တရားမျှတမှုနဲ့ အမှန်တရာရရှိရေးအတွက် ကချင်ပြည်သူလူထု၊ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ် ရေးတပ်မတော် KIO/KIA နဲ့အတူ တသွေးတည်း တသားတည်းရှိကြောင်း တအာင်း၊ကိုးကန့် ရက္ခိုင်အဖွဲ့အစည်းတွေက ကြေညာခဲ့ပါတယ်။


========================


📌📌 ၇။ ကန့်ဘလူနယ် ငှက်ပျောတိုင်းရွာတိုက်ပွဲတွင်အထိနာသွားသောစစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးကာ ပေကြီးရွာကို မီးရှို့ဖျက်ဆီး


အောက်တိုဘာ ၁၀။

ကန့်ဘလူတောင်ခြမ်းရှိ ငှက်ပျောတိုင်းရွာအနီးတွင်ဖြစ်ခဲ့သောတိုက်ပွဲ၌ အထိနာသွားသော အကြမ်းဖက် စစ်အုပ်စုက အနီးရှိကျေးရွာများကို ဆက်တိုက်ဆိုသလိုစစ်ကြောင်းထိုးခဲ့ပြီး အောက်တိုဘာလ ၁ဝ ရက်နေ့ မွန်းလွဲပိုင်းမှာ ပေကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။


အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ၃၆၁ ခြေမြန်တပ်ရင်းနဲ့ပျူစောထီးတွေပါတဲ့ အင်အား ၁ဝဝ ကျော် ရှိတဲ့ စစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး မွန်းလွဲ နာရီ ၄၅ မိနစ်ခန့်မှာ မီးရှို့ ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။ ပေကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စစ်အုပ်စုဟာ အောက်တိုဘာလ ရက်နေ့က ငှက်ပျောတိုင်းရွာ ကို စစ်ကူရောက်တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။ 


ပေကြီးရွာဟာ ငှက်ပျောတိုင်းရွာနဲ့ မိုင်ခန့်အကွာ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းမှာရှိပြီး စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ဒီလမ်းပိုင်းကိုအသုံးပြုသွားလာနေတဲ့ပြည်သူတွေလည်း အခက်အခဲကြုံနေရ တယ်လို့ ဆိုပါတယ်။ ပေကြီးရွာဟာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခြင်းကို ပထမဆုံးအကြိမ်ခံရတာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရသေးဘူးလို့လည်း သိရပါတယ်။ 


အဲဒီစစ်ကြောင်းဟာ အောက်တိုဘာလ ရက်နေ့ကလည်း အင်းလယ်ကြီးရွာက စစ်ဘေးရှောင်တဲတိုက်မှာ စစ်ရှောင်နေတဲ့ အသက် ၁၆ နှစ်အရွယ်လူငယ်တစ်ဦးနဲ့ အသက် ၃ဝအရွယ် အမျိုးသား ၂ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတာမှာ အသက် ၁၆ နှစ်အရွယ်လူငယ်ကို ပြန်လွှတ်ခဲ့ပေမယ့် ကျန် ၂ဦးကိုတော့ ငါတို့ရွာအနီး က သုဿန်မှာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့လည်း ကျွန်းလှ-ကန့်ဘလူတက်ကြွ လှုပ်ရှားသူများအဖွဲ့က အသိပေးထားပါတယ်။


========================


📌📌 ၈။ အမေရိကန်ပြည်ထောင်စုတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲ နဲ့ "78th UN General Assembly - CREDENTIALS CAMPAIGN ပြုလုပ်


အောက်တိုဘာ ၁၀။

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်၊ အင်ဒီယာနာပုလိစ့်မြို့၊ သရဏမဉ္ဇူကျောင်း တိုက်မှာ နွေဦးတော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲနဲ့ "78th UN General Assembly - CREDENTIALS CAMPAIGN ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 အောက်တိုဘာ ရက်က ပြုလုပ်ခဲ့တဲ့ အဆိုပါပွဲကို ပြည်ထောင်စုလွတ်တော် ကိုယ်စားပြု ကော်မတီ - CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ဒေါက်တာတင့်ဆွေ၊ ကဗျာဆရာအောင်ဝေးတို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။  အခမ်းအနားမှာ ပြည်ပရောက် မြန်မာပြည်ဖွားတိုင်းရင်းသား လူမျိုးပေါင်းစုံ တက်ရောက်ပါဝင်ခဲ့ကြပြီး တော်လှန်ကဗျာရွတ်ဆိုခြင်း၊ တော်လှန်သီချင်းသီဆိုခြင်း နှင့် "Our Ambassor, Our Voice." "ငါတို့သံအမတ်၊ ငါတို့အသံ" ကြွေးကြော်သံတို့နဲ့ အောင်မြင်စွာပြုလုပ်ခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment