ပဲခူးတိုင်းအနောက်ခြမ်းက စိုက်ပျိုးရေးပညာရှင်တစ်ဦးကိုအိတ် ဖွင့်ပေးစာနဲ့ပတ်သက်ပြီး မေးမြန်းထားသည်များမှ ကောက်နှုတ်တင်ဆက်


ပဲခူးတိုင်းအနောက်ခြမ်းက စိုက်ပျိုးရေးပညာရှင်တစ်ဦးကိုအိတ် ဖွင့်ပေးစာနဲ့ပတ်သက်ပြီး မေးမြန်းထားသည်များမှ ကောက်နှုတ်တင်ဆက် (မကြေးမုံ) Radio NUG

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသင်းဝင်ဆန်စပါးကုန်သည်တွေကို ထုတ်ပြန် လိုက်တဲ့ စပါးအမြင့်ဆုံးဈေးပေးနိုင်တဲ့ ရည်ညွှန်းဈေးတွေကို စက်တင်ဘာလ ၂၁ရက်နေ့ မှာထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်က ဈေးကွက်ပေါက်ဈေးအတိုင်းလွတ်လပ်စွာ ရောင်းချနိုင်တဲ့အခြေနေကိုဟန့်တားလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင်စိုက်ပျိုးရေး သွင်း အားစုတွေကို ဈေးကွက်ပေါက်ဈေးအတိုင်းဝယ်ယူသုံးစွဲရတဲ့တောင်သူတွေအဖို့ မိမိတို့ စပါးတွေပေါ်လာချိန်မှာတော့ ကန့်သတ်ထားတဲ့ဈေးနဲ့ ရောင်းချရတဲ့အတွက် နစ်နာမှု တွေရှိ နေပါတယ်။ ဆန်စပါးအသင်းချုပ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ စပါးတစ်ဧ ကကုန် ကျစရိတ်သတ်မှတ်ပုံကလည်း မှားယွင်းနေတဲ့အတွက် စိုက်ပျိုးရေး ပညာရှင်တစ် ဦးက ဆန်စပါးအသင်းချုပ်ကိုပေးပို့တဲ့ အိတ်ဖွင့်ပေးစာကိုလူမှုကွန်ယက်မှာဖော်ပြခဲ့ပါ တယ်။ အဲ့ဒီလိုပေးပို့ခဲ့တဲ့ ပဲခူးတိုင်းအနောက်ခြမ်းက စိုက်ပျိုးရေးပညာရှင်တစ်ဦးကိုအိတ် ဖွင့်ပေးစာနဲ့ပတ်သက်ပြီး မေးမြန်းထားသည်များမှ ကောက်နှုတ်တင်ဆက်လိုက်ပါတယ်။ 


မေး။ ဆန်စပါးအသင်းချုပ်က စပါးဝယ်ယူသင့်တဲ့ အမြင့်ဆုံးဈေး ထုတ်ပြန် တာနဲ့ပတ်သက်ပြီး အိတ်ဖွင့်ပေးစာပေးခဲ့သူတစ်ဦးအနေနဲ့ ထုတ်ပြန်ချက်မှာ ပါရှိတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး ဆရာသုံးသပ်ပေးပါ။  

အခုဟာကတော့ဗျာ။ သူ့ဟာကပြောပြရရင် ကျွန်တော် တစ်ခုချင်းလိုက် ထောက်ထား တာရှိပါတယ်။ သူတွကချက်မှုပေါ့လေ။ သူတို့တွက်ချက်တာကအမှားတွေပေါ့လေ။ အ မှား တွေ၊ နံပါတ်တစ်မျိုးပေါ့။ ကျွန်တော်မျိုးနဲ့ပတ်သက်ပြီးရေးထားပါတယ်။ တွက်ချက်မှု ပေါ့။ စီမံကိန်းတစ်ခုဆွဲမယ်ဆိုရင်ပေါ့ဗျာ။ ဒါကဘာလဲဆိုတော့ကျွန်တေ်ာတို့က ဘယ်ဒေ သကို အခြေပြုဆွဲတာလည်းဆိုပြီးတော့ အဲ့ဒေသရဲ့အချက်အလက်တွေကို ကောက်ရ ပါမယ်။ မင်းမှာ စိုက်ပျိုးစရိတ်ဘယ်လောက်ကုန်လဲ၊ မြေသြဇာဖိုးဘယ် လောက်ကုန်လဲ၊ ငါ့လယ်ကစပါးမျိုးဖိုးဘယ်လောက်ကုန်လဲဆိုပြီး ထည့်လို့မရဘူးလေ။ အခုဖြစ်တဲ့ကိစ္စမှာ နံပါတ်တစ်မျိုးစပါးပေါ့ဗျာ။ မျိုးစပါးမှာလည်း သူ့ဟာက မျိုးစပါးဈေး နှုန်းတွက်တာတို့ အဲ့ဒီ ဟာက မျိုးကောင်းမျိုးသန့်အနေနဲ့ဆိုရင် သူ့ဈေးနှုန်းအရ ဆိုရင်မျိုး ကောင်းမျိုးသန့်ဈေး တော့မဖြစ်နိုင်ဘူးပေါ့ဗျာ။ နောက်တစ်ချက်က ဘာလဲဆိုတော့ နောက်တစ်ခုအဲ့ဒါက တစ်ချက်ပေါ့။ နောက်တစ်ခုချင်းပြောရရင်တော့ မျိုးစပါးဖိုး၊ နောက် တစ်ခုက စိုက်ပျိုးစ ရိတ်၊ စိုက်ပျိုးစရိတ်မှာ ဆိုရင် ပိုးသတ်ဆေး အမှန်တကယ်ပေါ့ဗျာ၊ ဒီ ခေတ်မှာ တောင်သူ တစ်ယောကိုမေးကြည့်လိုက်လို့ရှိရင် နှစ်သောင်းဆိုတာ ဆေးဗူး တစ်ဗူးစာတောင်မရှိ ဘူး။ တစ်ဗူးစာတောင်မရှိဘူးလေ။ ဒီခေတ်မှာဆိုရင် ပင်ဖျတ်ပိုးတို့၊ ဆစ်ပိုးတို့၊ ဖြုတ် တို့နှံစုပ်ဂျပိုးတို့ကျတယ်။ စပါးမှာပေါ့ဗျာ၊ မှိုတို့၊ ရွက်ဖုံးရောဂါတို့၊ ရွက်ဖုံးပုပ်တို့၊ ဖုံးခြောက် တို့ အဲ့ဒါ မျိုး ဘတ်တီးရီးယားရွက်ခြောက်ပိုးတွေကျတယ်။ အဲ့ဒါတွေကို ဆေးဖိုး နှစ် သောင်းနဲ့ တွက်တာဆိုတာကတော့ ရယ်စရာပေါ့ဗျာ။ အမှန်တကယ်တစ်ဧကကို ငါး သောင်း လောက် ဆိုရင်တော်သေးတာပေါ့။ နောက်တစ်ခုက အဆိုးဆုံးအမှားကတော့ ပေါင်း သတ်ဆေးဖိုးပါ။ ပေါင်းသတ်ဆေးဖိုးကိုလုံးဝထည့်မတွက်တာ။ ပေါင်းသတ် ဆေး ဆိုတာ ဒီခေတ်လယ်သမားတွေစိုက်နေတာအခြောက်ကြဲခင်းစိုက်လာတယ်။ ပေါင်းဆို တာပေါ့ ဗျာ၊ ပေါင်းဆိုတာအများကြီးပေါ်လာတယ်။ ပေါင်းသတ်ဆေးကိုလုံး ဝထည့်မ တွက်ထား ပါဘူး။ ပေါင်းသတ်ဆေးဆိုတာ တောင်သူတစ်ယောက်က ပေါင်းသတ် ဆေး သုံးမယ် ဆိုရင် ငါးသောင်းကနေ တစ်သိန်းလောက်အထိကုန်နေတယ်။ အဲ့ဒါကိုလုံး ဝထည့်မတွက်ဘူး။ အဲ့ဒါတစ်ချက်ပေါ့ဗျာ။ 

သူ့ရဲ့အမှားပေါ့။ အမှားက မြေသြဇာပေါ့။ မြေသြဇာမှာ ပုလဲမြေသြဇာထည့် တွက်တယ်၊ ကွန်ပေါင်းမြေသြဇာထည့်တွက်တယ်။ ဒါကိုမပြောလိုပါဘူး။ ဒါပေမယ့်အဲ့ဒီ မှာ ဘာလဲဆိုတော့ ပိုတက်ရှ်မြေသြဇာရေးထားပြီးတော့၊ ရွှေဘိုပေါ်ဆန်းတို့ ကျန်တဲ့ထဲ မှာ ပိုတက်ရှ်မြေသြဇာမထည့်ပါဘူး။ ပိုတက်ရှ်မြေသြဇာဆိုတာ ဘာ့ကြောင့်ထည့်ရတာ လဲဆိုတဲ့ ရည်ရွယ်ချက်က ပိုတက်ရှ်ဆိုတာ စပါးတွေအစေ့အဆန်အောင်မြင်ဖို့ကို ဖုံးတုံး လုံးတုံးအ ချိန်ပေါ့ဗျာ အဲ့အချိန်မှာ မဖြစ်မနေထည့်မှသာအောင်မြင်တာကိုး။ အဲ့ဒါကို လူတိုင်းက Drive လုပ်နေကြတာ။ အဲ့အချိန်မှာ အဲ့ဒါကြီးကို ဆန်စပါးအသင်း ချုပ်ဆို တဲ့အဖွဲ့ကြီးက ဒါကိုထည့်မဆွဲတာဆိုတော့ ပြောစရာကြီးဖြစ်တာပေါ့ဗျာ။


နောက်တစ်ချက်ကတော့ဗျာ သူတို့ရဲ့ စရိတ်စက တွက်ချက်မှုတွေက Up Date မဖြစ် ဘူးပေါ့။ နောက်တစ်ခုကတော့အဆိုးဆုံးပေါ့ဗျာ။ တစ်ဧကအထွက်နှုန်းပေါ့။ တစ်ဧက အထွက်နှုန်းက ဘယ်မြို့နယ်ကိုကိုယ်စားပြုတွက်တာလဲ။ ၇၅ တင်းပေါ့ဗျာ။ သူကဒီ မျိုးစ ပါးဆို ၇၅တင်း။ ဧရာဝတီပေါ်ဆန်းဆိုရင်လည်း ၆၅ တွေ ဘာ တွေ လျှောက် တွက်ထား တယ်။ ဧရာဝတီစပါးတွေရဲ့အထွက်နှုန်းက လေးဆယ် တစ် ပါတ်လည်ပဲရှိတယ်။ အဲ့ဒါ ကြီးကို ၆၅တွေဘာတွေတွက်ထားတယ်။ ရိုးရိုးဧည့်မထပေါ့၊ အဲ့ဒါတွေကို ၇၅ တင်းပေါ့။ ၊ တောင်သူတွေမှာ တကယ်တမ်းမိုးစပါးမှာ အဲဒါမျိုး တွေမထွက်ပါဘူး။ အဲ့ဒါမျိုး တွေပေါ့ ဗျာ။ ဒီမျိုးတွေအမှားတွေပါ။ အဲ့ဒါတွေအမှား တွေ တွေ့လို့ ကျွန်တေ်ာ ရေးရတာပါ။ နောက်တစ်ခုက ဘာဖြစ်လည်းဆိုတော့ စိုက်ပျိုးစရိတ် တွေမှာ ကမောက်ကမ တွေပေါ့။ သူတို့တွက်ထားတာက။ အဲ့တော့ ဘာလဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ကျွန် တော်စီမံ ကိန်းစီမံချက်ရေးဆွဲတဲ့နေရာမှာ လိုက်နာရမယ့် စည်းကမ်းတွေရှိတယ်လေ။ သူတို့ အ နေနဲ့ လုပ်ရမှာက ဇုန်အလိုက်တွေပေါ့ဗျာ။ ပဲခူးတိုင်းဆိုဘယ်ဇုန်၊ သာယာဝတီခရိုင်။ အဲ့ဇုန်ကိုအခြေပြုပြီးတော့ ဆွဲရမှာ။ အဲ့တော့ ဘာဖြစ်လည်းဆိုတော့ ရေမြေရာ သီဥတု ကိုဆွဲရမယ်။ ဆွဲမယ်ဆိုရင်တောင်မှဗျာ ဒေသ ရဲ့စရိတ်စကတွေ၊ လုပ်အားခပေါ့၊ တစ် ယောက်ကိုဘယ်လောက်ရှိတယ်။ ဒေသရဲ့ သီးနှံ အထွက်နှုန်း ကဘယ်လောက်ရှိတယ်၊  အဲ့လိုအခြေခံပြီးတော့မှ လေ့လာဆန်းစစ်ပြီး တော့မှ ဆွဲရမယ့် ကိစ္စတွေပါ။ အဲ့ဒါမ ဟုတ်ပဲနဲ့ သူတို့က အမှန်တကယ် သူတို့ တွက်တဲ့ပုံစံကဘာလဲဆိုတော့ သူတို့အ မြင် တော့မသိဘူး၊ ကျွန်တော့အမြင်တော့ ကိုယ် လိုင်းမဟုတ်ပဲ ဝင်လုပ်တာက တောင်သူ တွေအတွက် စံထားစရာစီမံချက် မဟုတ်ပဲနဲ့ ရယ်စရာ ဖြစ်လာတယ်ပေါ့ဗျာ။ 

ခုဆိုမျိုးဈေးက လေးသောင်းခွဲနဲ့ ငါးသောင်းတစ်ပါတ်လည်ရှိတယ်လေ။ အဲ့ဒါမျိုးတွေ သူ့ ဟာကြီးကတော်တော်ရယ်စရာကောင်းတယ်ပေါ့ဗျာ။ အဲ့ဒါနဲ့ ကျွန်တော်ကလည်းဒါက တော့ကျွန်တော့်အမြင် ပညာရှင်ရှုထောင့်အနေနဲ့ ဝင်ရေးရတာပါ။ အမှန်တယ်တော့ သူ တို့ကဒါကြီးက သူတို့ထုတ်ပြန်ရမှာမဟုတ်ဘူး။ အမှန်တကယ်တော့ စိုက်ပျိုးရေးပညာရှင် များရှိတဲ့ ဌာနလိုဟာမျိုးတို့ ဒါမျိုးတွေက ထုတ်ပြန်ရမယ့်ကိစ္စလေ။

မေး။ စပါးအမြင့်ဆုံးဈေးသတ်မှတ်တာက တောင်သူပေါ်မှာ အခုထက်ပိုပြီးနစ်နာစရာ အခြေအနေတွေဖြစ်လာရင်လည်းပြောပြပေးပါ။ 

ဖြစ်နိုင်တာရှိတာပေါ့ဗျာ။ အခု ကျွန်တေ်ာတို့ဆီမျာ ဆယ့်ငါးသိန်းလောက်က နေ ဆယ့် သုံးသိန်းဖြစ်သွားပါပြီ။  ဒီကြားထဲစပါးတွေက ရာသီဥတုဖောက်ပြန်ပြီး စပါးတွေ လဲပြီ။ လဲပြီဆိုရင် ဒါတွေက ပွဲစားတွေအတွက် ဈေးနှိမ်စရာအကွက်တွေဖြစ် လာတယ်။ နောက် တစ်ခုက ဒေသတစ်ခုနဲ့ တစ်ခုကို ဆန်စပါးတွေ ဘာတွေ မကူးသန်းရ ဘူးလေ။ အဲ့ပြ သ နာကြီးနဲ့ဆိုတော့ ပိုဆိုးလာတာပေါ့။ အခြေခံဈေးနှုန်းဆိုတာ ခါတိုင်းနှစ် မှာ အခြေခံဈေး နှုန်းက ပြသနာမရှိဘူး။ ဒီနှစ်အခြေခံဈေးနှုန်းက ပိုပြီးတော့ဆိုးတယ်။ ဒီ နှစ်ကဒီပြင် ဆီ မှာကူးလို့မရ။ ဒီအရပ်ဒေသမှာပဲ လည်ဆင်းခံရမလိုဖြစ်နေတာ။ အခုဖြစ် နေတာ တောင် သူ။ အခုက လယ်သမားအများစုက၊ လယ်သမားအများစုရဲ့ ကိုးဆယ်ရာ ခိုင်နှုန်း လောက်က စပါးထွက်ချိန် ဆိုရင် အိမ်ကိုတောင်မတိုက်နိုင်ပါဘူး။ တစ်ခါထဲ ကုန် သည် ဆီကို ပိုက်ဆံယူပြီး အကြွေးဆပ်တာတို့ဘာတို့လုပ်ရတာ။ စပါးက ကုန်သည်ကိုမ အပ် တဲ့သူက တစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ တော်တော်များများကတော့ဗျာ၊ အခင်း ထဲရိတ်တယ်၊ ခြွေစက်ကထွက်တာကို ပွဲစားကလာချိန်တယ်။ ချိန်ပြီးရင်သယ်သွား တယ်။ သယ်သွားပြီးရင် နောက်တစ်ပါတ်နှစ်ပါတ်လောက်ကျမှ ပိုက်ဆံပေးတယ်။ အခု က လယ်သမားတွေအတွက် ပိုပြီးတော့ နစ်သထက် နစ်မယ့် ပုံစံဖြစ်လာတယ်ဗျ။ လက်ရှိ ဖောက်ပြန်တဲ့ ရာသီဥတုနဲ့ဆိုရင်ပိုဖြစ်နေတယ်။

မေး။ နောက်တစ်ခုက ဒီနှစ်အခြေအနေအရ စပါးဈေးပြန်ကျသွားနိုင်တဲ့အခြေအနေဖြစ် လာနိုင်ပါလား။ 

သူကတော့ ပြောင်းပြန်သက်ရောက်မှုဆိုတာကဗျာ၊ အမှန်တကယ်ကတော့ ဗျာ လယ်သမားတွေကြုံတွေ့နေရတာကတော့ နှစ်စဉ်နှစ်တိုင်းမှာ စပါးဈေးကတော့၊ စပါးမှ မဟုတ်ပါဘူး။ ပဲလည်း သီးနှံပေါ်ချိန်ဆိုရင်တော့ ဈေးနှိမ်တာပါပဲ။ အမှန်ကတော့ လက်ရှိဖြစ်နေတာကတော့ ဆန်စပါးလုပ်ငန်းရှင်များအသင်းက လုပ်ရမယ့်ဟာက အမှန် တကယ်တော့ဗျာ၊ ပေါက်ကရစီမံချက်မျိုးကို ရေးဆွဲနေမယ့်အစား၊ တောင်သူတွေ အ ကျိုးဖြစ်ထွန်းနိုင်မယ့် စားသုံးပစ္စည်းဈေးနှုန်းလျှော့ပြီးရောင်းချတာတို့ သီးနှံဈေးနှုန်းအ မြင့်ဆုံးဈေးရအောင် ကြိုးစားဆောင်ရွက်ပေးတာတို့ လုပ်ဖို့ပဲရှိတာပါ။ လုပ်ရမှာပါ။ အခု ဟာကဗျာ၊ ကျွန်တော့်အမြင်အတိုင်းဆိုရင်တော့ ထပ်ကျအုန်းမယ့်သဘောရှိတယ်။ ဆယ်သိန်းဆစ်ပါတ်လည်လောက်ဖြစ်သွားမယ်။ အဲ့ဒါဆိုရင်တော့ဗျာ လယ်သမားတစ် ယောက်ကအရှုံးနဲ့ ရင်ဆိုင်ရပြီ။ ဘာလို့လဲဆိုတော့ လယ်သမားတစ်ဧကမှာ ခြောက်သိန်း အထက်မှာပဲရှိတ်။ အဲ့တော့ဗျာ၊ အခုစပါးက ခုနှစ်ဆယ်မထွက်ဘူး၊ ငါးဆယ် လောက်ပဲ ထွက်မယ်ဆိုရင် တောင်သူရဲ့ ဘဝက ရင်လေးစရာပဲလေ။ 

မေး။ လက်ရှိဆန်စပါးအသင်းချုပ်ရဲ့ စပါးဈေးအမြင့်ဆုံးနဲ့ ဆက်စပ် စပါးတစ် ဧက ကုန် ကျ စရိတ်ထုတ်ပြန်ချက်တွေသည် ဘယ်သူ့အကျိုးအတွက်ထုတ်ပြန်တယ်လို့ ထင်ပါသ လဲ ရှင့်။ ဘာ့ကြောင့်ဒီလိုသုံးသပ်ရပါသလဲရှင့်။


အခုလက်ရှိထုတ်ပြန်လိုက်တာကတော့ သူတို့အကျိုးစီးပွားအတွက်ထုတ်ပြန် တာပဲမြင် တာပါ။ ကျွန်တော်တို့ လယ်သမားအကျိုးစီးပွားအတွက် မရနိုင်ပါဘူး။ စားသုံး သူအ တွက်ကလည်း အကျိုးစီးပွားမရနိုင်ပါဘူး။ စားသုံးသူရဲ့ဟာက ဒီပေါ့ ကျွန် တော်တို့ လယ်သမားရောင်းတဲ့စပါးက သူကအဆင့်ဆင့်ဖြတ်သန်းကြိတ်ခွဲပြီးကာမှ သူတို့ အကျိုး အမြတ်မရရင် ကုန်သည်ပွဲစားဆိုတာက အကျိုးအမြတ်မရရင် မရောင်းပါဘူး။ သူတို့ ဒီ တိုင်းသာသွန်ပစ်ရင် သွန်ပစ်မယ်၊ မှိုတက်ခံမယ်။ မရောင်းပါဘူုး။ ဒါကအခုသူတို့ပြော ပြောနေတဲ့ စားသုံးသူအကျိုးအတွက်၊ လယ်သမားအကျိုးအတွက်ဆိုတာက ဒါတွေက နံပါတ်တစ်တစ်ချက်ပေါ့ဗျာ။ တကယ်တော့ သူတို့ရဲ့အကျိုးစီးပွားအတွက်ကို သူတို့က ကာကွယ်တာပါ။ အဲ့လိုပဲ ကျွန်တေ်ာရှုမြင်ပါတယ်။ 

သူတို့ရဲ့အကျိုးစီးပွားကတော့ ဆန်စက်လုပ်ငန်းရှင်များရယ်၊ ကုန်သည်ပွဲစား တွေရယ်၊ ဆန်စက်နဲ့ပတ်သက်တဲ့ ကုန်သည်လုပ်ငန်းရှင်တွေပဲဖြစ်မှာပါ။ ခုနပြောသလို ပေါ့ဗျာ။ မြေဆီတို့ဘာတို့က တစ်ပိုင်းဖြစ်သွားပြီ။ အခုချိန်ထွက်လာချိန်မှာ မြေသြဇာ ရောင်း တဲ့သူက အကြွေးပြန်ကောက်ရမယ့်အချိန်ပါ။ လက်ရှိအကျိုးခံစားရမှာကတော့  ဆန်စက် လုပ်ငန်းရှင်များရယ်၊ ကုန်သည်ပွဲစားတွေရယ်၊ ခုန ဆန်စပါးနဲ့ ပတ်သက်တဲ့အ ဖွဲ့အစည်း တွေပေါ့ဗျာ။ တောင်သူလယ်သမားတွေကတော့နစ်သထက်နစ်တာပါပဲ။ 

မေး။ ၂၀၂၃ မိုးစပါးအတွက် ၂၀၁၈ခုနှစ် မတ်လမှာ ပြည်သူ့အစိုးရက ထုတ်ပြန်ခဲ့သလို အခြေခံရည်ညွှန်းစပါးဈေးထုတ်ပြန်မယ်ဆိုရင် ဘယ်လောက်ဖြစ်သင့်တယ်လို့ ဆရာ့အ နေနဲ့ သုံးသပ်ပါသလဲ။ 

မိုးစပါးကအနိမ့်ဆုံး ၃၀၊ ၄၀ပဲရှိတာပါ။ ကျွန်တေ်ာ့အမြင်က ဆယ့်ငါးသိန်းတစ်ပါတ်လည် လောက်သတ်မှတ်မှ ဖြစ်မှာပါ။ ၅၀ထွက်ရင်တောင်မှ လက်ရှိသူတို့တွက်ထားတဲ့စပါးဈေး ဆိုရင်တောင်မှ ၆သိန်းကျော်ဖြစ်နေတော့ ပေါင်းသတ်ဆေးနဲ့ဘာနဲ့ဆိုတော့ဈေးကတော့ ဆယ့်ငါးသိန်းတစ်ပါတ်လည်လောက်ဖြစ်မှ အဆင်ပြေမှာပါ။ အခုသူတို့ တွက်တာက ၆၅၈၅၀၀ ဗျာ။ ဧည့်မထအုပ်စုပါ။ အဲ့ဒါက ၆၅၀၀၀၀ဆိုရင်ဗျာ၊ ကျွန်တေ်ာဆိုလိုတဲ့ သ ဘောက စပါးတင်းလေးဆယ်ထွက်ရင် ဆယ့်ငါးသိန်းနဲ့တွက်မှ ခြောက်သိန်းပဲ ရမှာလေ။ ဆယ့်ငါးသိန်းအောက်ထစ်အောက်ကိုလျော့လို့မရပါဘူး။ 

မေး။ တစ်ခြားပြောပြစရာရှိရင်ပြောပြပေးပါဆရာ။

သူကတော့ ထုတ်ပြန်ချက်ကတော့ဗျာ ထုတ်ပြန်ချက်တွေက တစ်ခါတစ်လေ ကျတော့ လယ်သမားနဲ့ စားသုံးသူအကျိုးစီးပွားအတွက် ရည်ရွယ်ရင်းမဟုတ်ပဲ သူတို့ အကျိုးကာ ကွယ်ဖို့အတွက်က လုပ်နေတဲ့ ထုတ်ပြန်ချက်လို့ ကျွန်တော့အနေနဲ့ရှုမြင်ပါ တယ်။ စပါး ဈေးသာကျသွားတာ ဆန်ဈေးက ကျမှ မကျတာပဲ။ ဟုတ်တယ်မလား။ လက် ရှိမှာ လယ် သမားတွေ၊ ဟိုတုန်းက ကျွန်တေ်ာတို့ငယ်ငယ်တုန်းကဆိုရင် အိမ်တိုင်းမှာ ဝမ်းစာရှိ တယ်။ အခုလယ်သမားမှာမှ အိမ်တိုင်းမှာ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ ဝမ်းစာ ထည့်နိုင်တဲ့အဆင့်ရှိတယ်။ အကုန်လုံးဝယ်စားနေရတဲ့အဆင့်မှာ အခုဟာက ဈေးကြီး တဲ့ဆန်ကိုဝယ်စားနေရတာလေ။ ဈေးသက်သာတဲ့ဆန်ကို ဝယ်စားနေရတာမှ မဟုတ် တာ၊ အဲ့လိုဖြစ်နေတာပဲ။ 

ကျေးဇူးတင်ပါတယ် ဆရာ။

Share:

No comments:

Post a Comment