9th JUN 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇွန်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကွန်ဖက်ဒရိတ်ကို အပြည့်အ၀ရအောင် တည်ဆောက်နေပြီး မြန်မာပြည်သူတစ်ရပ်လုံးအတွက် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်နိုင်တဲ့ အစိုးရကို အသိအမှတ်ပြု ထောက်ခံပေးမည်ဟု အာရက္ခတပ်တော်(ULA/AA) ပြောဆို

📌 ၂။ ဇွန်လ()ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်းနှင့် ဟောပြောပွဲများ ပြုလုပ်

📌 ၃။ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း  ၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲဝင်စာမူ ဖိတ်ခေါ်ခြင်း

📌 ၄။ ဇွန်လမှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၅၀၀ ကို နွေဦးထီလက်မှတ်များ မဲဖောက်ပေးမည်

📌 ၅။ လူထုလှုပ်ရှားမှုသပိတ်ကော်မတီ ၁၀ ဖွဲ့မှ စစ်မှုထမ်းဥပဒေဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ပြုလုပ် 


၂၀၂၄ ခုနှစ် ဇွန်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် () တပ်ရင်း - ၁၀၀၇ တိုးချဲ့ဖွဲ့စည်းခြင်း နှစ်ပြည့် အခမ်းအနား ကျင်းပ

🚩 ၂။ CDF-KKG တပ်ရင်း အခြေခံစစ်သင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲ ကျင်းပ

🚩 ၃။ လင်ဇင်း ရဲစခန်းမှ ထွက်လာတဲ့ စကစ စစ်ကြောင်း ရက်ဆက် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များပြား

🚩 ၄။ မြိုင် အရှေ့ဘက်ဂိတ်ကို RPG အပါအဝင် လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

🚩 ၅။ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံပျူရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ဦးသေကာ ဦး ဒဏ်ရာရ

🚩 ၆။ စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေး ဦး အပါအဝင် မိသားစုဝင် ဦးသေဆုံးပြီး ကလေး ဦး အပြင်းအထန်ဒဏ်ရာရ

🚩 ၇။ စစ်ကိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာနှစ်ပါးနှင့် ရဲဘော်များအပါအဝင် ရှစ်ဦးခန့် သေဆုံး

🚩 ၈။ K.N.L.A - တပ်မဟာ () ထံသို့ မော့ကနင် အခြေစိုက် စကခ(၁၉) လက်အောက်ခံ ခလရ(၁၀၆) မှ တပ်ထောက်ဗိုလ်ကြီး လက်နက်ခဲယမ်းများနှင့် အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကွန်ဖက်ဒရိတ်ကို အပြည့်အ၀ရအောင် တည်ဆောက်နေပြီး မြန်မာပြည်သူတစ်ရပ်လုံးအတွက် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်နိုင်တဲ့ အစိုးရကို အသိအမှတ်ပြု ထောက်ခံပေးမည်ဟု အာရက္ခတပ်တော်(ULA/AA) ပြောဆို


ဇွန် ၈ရက်။

Radio NUG

ဇွန်လ ၈ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကွန်ဖက်ဒရိတ်ကို အပြည့်အ၀ရအောင် တည်ဆောက်နေပြီး မြန်မာပြည်သူတစ်ရပ်လုံးအတွက် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်နိုင်တဲ့ အစိုးရကို အသိအမှတ်ပြု ထောက်ခံပေးမည်ဟု အာရက္ခတပ်တော်(ULA/AA) ပြောဆိုထားပါတယ်။


စစ်အစိုးရနဲ့ NUGမှာ ဘယ်သူ့ကို အသိအမှတ်ပြုမလဲဆိုတဲ့ သတင်းထောက်မေးထားတဲ့ မေးခွန်းမှာ ကျနော်တို့ဘက်က အမြင်ကို ပြောရမယ်ဆိုရင် မြန်မာပြည်သူတစ်ရပ်လုံးက ဘယ်သူ့ကို အသိအမှတ်ပြုလဲ ဘယ်သူ့ကို ပိုလိုလားလဲ၊ မြန်မာပြည်သူတွေအတွက် ဘယ်သူက အရည်အချင်းရှိရှိနဲ့ တာဝန်ခံ တာဝန်ယူပြီး ဆောင်ရွက်နိုင်လဲဆိုတဲ့ အချက်တွေက ပိုပြီး အခရာကျတယ်လို့ မြင်ပါတယ်ဟု ဦးခိုင်သုခက ဆိုထားပါတယ်။


“ULA/AA အနေနဲ့ တော်လှန်ရေးကာလမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးလို့ရတဲ့ အာရက္ခလူ့ဘောင်ကို တည်ဆောက်ဖို့ ရက္ခိတလမ်းစဉ်ကို ချမှတ်ထားပြီးဖြစ်ပါတယ်ဟု ဦးခိုင်သုခက ပြောဆိုထားပါတယ်။


ဒီနေ့ ဒီအချိန်ထိ ULA/AA ခွဲထွက်ဖို့ဆိုပြီး ကျနော်တို့ မပြောသေးပါ။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကွန်ဖက်ဒရိတ်ကို အပြည့်အ၀ရအောင် ကျနော်တို့ တည်ဆောက်နေတာဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အလေးအထား အသိအမှတ်ပြုပြီး တည်ငြိမ်အေးချမ်းတဲ့ အနာဂတ်ကို တည်ဆောက်ဖို့ ကျနော်တို့ ရည်ရွယ်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်ဟု ဦးခိုင်သုခက ထပ်လောင်းပြောဆိုထားပါတယ်။


ရက္ခိုင်ပြည်သူများအနေဖြင့် မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ကို အမြဲတမ်း လေးစားတန်ဖိုးထားပြီး တက်နိုင်သမျှ ကူညီထောက်ပံ့ပေးမည်ဆိုသည့် ရပ်တည်ချက်ရှိကြောင်း ဆိုထားပါတယ်။


ရက္ခိုင်ပြည်နယ်အတွင်းနေထိုင်သည့် လူမျိုးပေါင်းစုံ၏  တန်းတူညီမျှရေး၊ အခွင့်အရေးနှင့် တာဝန်များကို ပီပြင်စွာ ဖော်ဆောင်ပြီး ရခိုင်လူထုအတွက် တိကျရှင်းလင်းသည့် ရက္ခိတလမ်းစဉ်နှင့် စစ်ရေးရည်မှန်းချက် ရှိပြီးဖြစ်ကာ ပြည်သူကိုရှင်းလင်းစွာ အသိပေးထားကြောင်း၊ ပြည်သူလိုလားသည့် စစ်ရေးရည်မှန်းချက် ပြည့်၀လာချိန်တွင် တိုက်ပွဲအတိုင်းအတာ တစ်ခုအထိ ရပ်တန့်လာနိုင်ကြောင်း၊ စစ်ကောင်စီဘက်က မည်ကဲ့သို့ တုန့်ပြန်သည်ဆိုသည့် အခြေအနေနှင့်လည်း တိုက်ရိုက်သက်ဆိုင်ကြောင်း ပြောကြားခဲ့ပါတယ်။


AA သည် ရက္ခိုင်ဒေသနှင့် ချင်းပြည်နယ် ပလက်၀ စစ်ဆင်ရေးကို ၂၀၂၃ နိုဝင်ဘာ ၁၃ရက်က စတင်ခဲ့ရာ ၇လနီးပါးအတွင်း ပလက်၀နှင့် ရက္ခိုင်ရှိမြို့နယ် ၉ခုကို အလုံးစုံသိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကျန်နေသည့် အမ်းနှင့် စစ်တွေအပါအဝင် မြို့ ၈ခုကို ဆက်လက်ထိုးစစ်ဆင်မည်ဟု အသိပေးထားပါတယ်။


========================


📌📌 ၂။ ဇွန်လ()ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်းနှင့် ဟောပြောပွဲများ ပြုလုပ်


ဇွန် ၈ရက်။ 

Radio NUG

ဇွန်လ ()ရက်နေ့တွင် ကျရောက်သည့် "ငါတို့မြေ၊ ငါတို့ အနာဂတ်၊ ပြန်တည်ဆောက်မယ့် ငါတို့ မျိုးဆက်ဆောင်ပုဒ်နှင့်အညီ  ကျင်းပပြုလုပ်သော "ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်းနှင့် ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်နှင့် ကောလင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်တို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် မယ်ဇယ်၊ တပေဘူတ၊ ဗာဒံ၊ တမာ၊ တည်၊ သရက်၊ ဂွေးသီးပင် အပင်ရေ ၂၀၀ ကျော်အား ဒေသပြည်သူများ၊ မြို့နယ် .က.ဖ၊ ရပ်ကျေး .. အဖွဲ့ဝင်များက ပူးပေါင်း စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း  ၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲဝင်စာမူ ဖိတ်ခေါ်ခြင်း


ဇွန်လ ၈ရက်။ 

Radio NUG

အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း  ၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမွေအနှစ်အား ချစ်မြတ်နိုး ကာကွယ်နိုင်ကြစေရန် ရည်သန်၍ အမွေအနှစ်ဆိုင်ရာ ဆောင်းပါး/စာစီစာကုံး ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


ဆောင်းပါး/စာစီစာကုံး ခေါင်းစဉ်များမှာသဘာဝအမွေအနှစ်ကို ဖျက်ဆီးခြင်းသည် လူ့အဖြစ်ကို ထိပါးခြင်းဖြစ်သည် (ဆောင်းပါး)၊ယဉ်ကျေးမှုအမွေအနှစ်ကို ဖျက်ဆီးခြင်းသည် ကျွန်ုပ်တို့၏ သမိုင်း၊ ဂုဏ်သိက္ခာ၊ ဖြစ်တည်မှုနှင့် ရှင်သန်မှုတို့ကို ဖျောက်ဖျက်ခံရခြင်းဖြစ်သည်(ဆောင်းပါး)၊တော်လှန်ရေးကာလအတွင်း အမွေအနှစ်များ ထိန်းသိမ်းခြင်း(ဆောင်းပါး)၊အမွေအနှစ်က ပြောသော မြန်မာ့ တော်လှန်ရေးသမိုင်းများ (ဆောင်းပါး/စာစီစာကုံး - အလယ်တန်း၊ အထက်တန်း)၊ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမှ လူမှုဘဝသာယာရ (ဆောင်းပါး/စာစီစာကုံး (အလယ်တန်း၊ အထက်တန်း)၊သင်လေးစားရသော တော်လှန်ရေးခေါင်းဆောင်များ (စာစီစာကုံး - အလယ်တန်း၊ အထက်တန်း)၊ကျွန်ုပ်တို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ် (မူလတန်း)စသည့် ခေါင်းစဉ် ခုဖြစ်ပြီး ယှဉ်ပြိုင်လိုသည့် ခေါင်းစဉ်အား ရွေးချယ်ယှဉ်ပြိုင်နိုင်ကြောင်း သိရပါတယ်။


အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့သို့ ပေးပို့လာသော ဆောင်းပါး/စာစီစာကုံးများကို အချက်အလက် ချိတ်ဆက်ခိုင်မာခြင်း၊ အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးအတွက် အထောက်အကူပြုခြင်း၊ အမွေအနှစ်၏ အရေးပါမှု၊ တန်ဘိုးတို့ကို စာဖတ်သူများအား အသိပညာပေးနိုင်ခြင်း၊ ပြည်ထောင်စု တိုင်းရင်းသားများအားလုံး သွေးစည်းညီညွတ်ရေးကို အထောက်အကူပြုခြင်း၊ တော်လှန်ရေးစိတ်ဓာတ်အား အထောက်အကူပြုခြင်း၊ ဆောင်းပါး/စာစီစာကုံးနှင့် လိုက်ဖက်သော အလှဓာတ်ပုံ သတင်းဓာတ်ပုံများ ပါရှိခြင်း (မဖြစ်မနေ ထည့်သွင်းရန် မဟုတ်ဘဲ အကြောင်းအရာအရ ထည့်သွင်းနိုင်ခြင်း မရှိပါကလည်း အခြားအချက်များပေါ် မူတည်စဉ်းစားမည်) စသည့် အချက်အလက်များ ဖော်ကျူးနိုင်မှုပေါ် မူတည်၍ ပထမ၊ ဒုတိယ၊ တတိယ ဆုများ ချီးမြင့်မည်လို့ ဖော်ပြထားပါတယ်။


ဆောင်းပါးအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ပထမဆု ကျပ်ငွေ ()သိန်း၊ ဒုတိယဆု ကျပ်ငွေ ()သိန်း၊ တတိယဆု ကျပ်ငွေ ()သိန်း၊ စာစီစာကုံး (အလယ်တန်း၊ အထက်တန်း)အတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ပထမဆု ကျပ်ငွေ ()သိန်း၊ ဒုတိယဆု ကျပ်ငွေ ()သိန်းခွဲနှင့် တတိယဆု ကျပ်ငွေ ()သိန်း၊ စာစီစာကုံး (မူလတန်း)အတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ပထမဆု ကျပ်ငွေ () သိန်း၊ ဒုတိယဆု ကျပ်ငွေ (၇၅,၀၀၀) တတိယဆုအတွက် ကျပ်ငွေ (၅၀,၀၀၀) ချီးမြင့်မည်လို့ သိရပါတယ်။


ဆုရရှိခြင်းမရှိသည့် စာမူများကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့သွားမည်ဖြစ်ပြီး စာမူများအား Interim Board for Heritage Administration facebook pageတွင် တည်းဖြတ် ဖော်ပြပေးသွားမည် ဖြစ်ပါတယ်။


ဆောင်းပါးအား IBHA အဖွဲ့ဝင်များမှလွဲ၍ အမွေအနှစ်ကို ချစ်မြတ်နိုးသော မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး စာစီစာကုံးအတွက် အမွေအနှစ် ချစ်မြတ်နိုးခြင်းအား ကလေးငယ်ဘဝမှပင် ရှိစေလိုသော ရည်ရွယ်ချက်ကြောင့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသားများသာ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိကြောင်း ဖော်ပြထားပါတယ်။


ဆောင်းပါးအတွက် စာလုံးရေ ၉၀၀၀ မှ ၂၀၀၀၀ အတွင်း ရှိရမည်ဖြစ်ပြီး စာစီစာကုံးအတွက် စာလုံးရေ ၆၀၀၀ မှ ၁၂၀၀၀ အတွင်း ရှိရမည် ဖြစ်ပါတယ်။


ကွန်ပြူတာဖြင့် စာရိုက်မည်ဆိုပါက A4 တွင် ပြည်ထောင်စုဖောင့် ၁၂ ဖြင့် ရိုက်နှိပ်ထားသော စာမူအား soft copy ဖြင့်၊ လက်ရေးမူဖြင့် ရေးသားပါက A4 စာရွက်ဆိုဒ်ပေါ်တွင် သေသပ်စွာ ရေးသားထားသော စာမူအားရှင်းလင်းစွာ ရိုက်ထားသော ဓာတ်ပုံဖြင့် Interim Board for Heritage Administration facebook page IBHA email Ibha-admin@nugmyanmar.org နှင့်  Signal နံပါတ် +61470368509 ,09957810474, +959773325921 များသို့ (၂၁--၂၀၂၄)ရက်နေ့ နောက်ဆုံးထား၍ပေးပို့ရမည်ဟု ဖော်ပြထားပါတယ်။


ကိုယ်တိုင်းရေးဖြစ်ကြောင်း ဝန်ခံချက်ပါရမည်ဖြစ်ပြီး အချက်အလက် ကိုးကားထားခြင်းရှိပါက အကိုးအကား စာအုပ်စာရင်း ထည့်သွင်းပေးရမည် ဖြစ်ပါတယ်။


ဆောင်းပါးအင်္ဂါရပ်၊ စာစီစာကုံးအင်္ဂါရပ်နှင့်ညီညွတ်ရမည် ဖြစ်ပြီး ပူးတွဲပေးပို့လိုသော ဓာတ်ပုံ၊ ရုပ်ပုံများရှိပါကလည်း ပူးတွဲပေးပို့နိုင်တယ်လို့ သိရပါတယ်။


ကလောင်ရှင်အမည်၊ ပညာအရည်အချင်း၊ အမွေအနှစ်အပေါ် စိတ်ဝင်စားမှု အကြောင်း အရာအကျဉ်းချုပ်အား စာမူပေးပို့သည့်အခါ ဖော်ပြပါရှိရပါမည်ဟု ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ဇွန်လမှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၅၀၀ ကို နွေဦးထီလက်မှတ်များ မဲဖောက်ပေးမည်


ဇွန်လ ၈ရက်။

Radio NUG

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF နဲ့ အောင်လံလွှင့်ချီ နွေဦးထီ တို့ပူးပေါင်းပြီး ဇွန်လမှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၅၀၀ ကို နွေဦးထီလက်မှတ်များ မဲဖောက်ပေးသွားမယ့် အစီအစဉ်ကို PRFက ထုတ်ပြန်ပါတယ်။


တော်လှန်ရေးမှာ ထောက်ပို့ကဏ္ဍကနေ ပါဝင်နေကြတဲ့ ရဲဘော်တွေဟာ နေ့ရက်တိုင်းမှာ တိုက်ပွဲဝင်ကြရပြီး ထောက်ပို့တာဝန်တစ်ရပ်အတွက် လစဉ်ကြိုးစားနေကြတဲ့ PRF ထောက်ပို့တပ်သားများကို လေးစားဂုဏ်ပြုသောအားဖြင့် လက်ဆောင်ပေးအပ်သွားတာလို့ သိရှိရပါတယ်။


ဇွန်လ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၁၅၀ ကို ဇွန်လ ၁၁ ရက်နေ့မှာ မဲနှိုက်ပြီး PRF Facebook page မှာ ကြေညာပေးသွားမှာဖြစ်ကာ ဇွန်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၂၀၀ ကို ဇွန်လ ၂၁ ရက်နေ့မှာ မဲနှိုက်ပြီး PRF Facebook page မှာ ကြေညာပေးသွားမှာ ဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၁၅၀ ကို ဇွန်လ ၂၈ ရက်နေ့မှာ မဲနှိုက်ပြီး PRF Facebook page မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။


ကံထူးရှင် ထောက်ပို့တပ်သားတွေဟာ Email ကနေ နွေဦးထီကူပွန်တွေကို ရရှိမှာဖြစ်ပြီး နွေဦးထီလဲလှယ်ရန် telegram account - t.me/NOHclaim ကိုသွားရောက်ကာ ကူပွန်နှင့် နွေဦးထီလက်မှတ်ကို လဲလှယ်ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ 


ကူပွန်လေးတွေနဲ့ နွေဦးထီလက်မှတ်လေးတွေကို ဇွန်လ ၂၉ ရက် ၁၂ ထိပဲ လဲလှယ်နိုင်မှာဖြစ်ပြီး အကယ်၍ ဇွန်လမှာ မလဲလှယ်လိုက်ရရင် နောက်လမှာ ဆက်လက်လဲလှယ်ကံထူးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ လူထုလှုပ်ရှားမှုသပိတ်ကော်မတီ ၁၀ ဖွဲ့မှ စစ်မှုထမ်းဥပဒေဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ပြုလုပ် 


ဇွန်လ ၈ရက်။ 

Radio NUG

စစ်မှုထမ်းဥပဒေဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရန် လူထုလှုပ်ရှားမှုသပိတ်ကော်မတီ အဖွဲ့အစည်း(၁၀)ဖွဲ့မှ နေရာဒေသအသီးသီးတွင်ငါတို့ဘာလုပ်ကြမလဲပိုစတာလှုပ်ရှားမှုနှင့် စစ်မှုထမ်းဥပဒေဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။


ထိုလှုပ်ရှားမှုကို မင်္ဂလာတောင်ညွန့်မြို့နယ်လုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီ၊ /ဆလက လူထုသပိတ်စစ်ကြောင်း ဖော်ဆောင်ရေးကွန်ရက်၊ ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ယင်းမာပင်မြောက်ခြမ်း သပိတ်အင်အားစု၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊ တာမွေမြို့နယ်သပိတ်ကော်မတီ၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ၊ မျိုးဆက်သစ်လူငယ်များသပိတ်ကော်မတီနှင့် သာကေတမြို့နယ်လူငယ်များသပိတ်ကော်မတီတို့ ပူးပေါင်းလှုပ်ရှားခဲ့ကြကြောင်း ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် () တပ်ရင်း - ၁၀၀၇ တိုးချဲ့ဖွဲ့စည်းခြင်း နှစ်ပြည့် အခမ်းအနား ကျင်းပ


ဇွန်လ ရက်။

Radio NUG

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဒေသတွင်း တနေရာမှာ တပ်ရင်း - ၁၀၀၇ (မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် ) တိုးချဲ့ ဖွဲ့စည်းခြင်း နှစ်ပြည့် အခမ်းအနားကျင်းပခဲ့တယ်လို့ သိရပါတယ်။


ဇွန်လ ရက်နေ့က ဖယ်ခုံမြို့နယ်အတွင်းမှာ ကျင်းပခဲ့တဲ့ အဆိုပါ နှစ်နှစ်ပြည့် အခမ်းအနားမှာ ကယန်း အမျိုးသား အလံတော်ကို အလေးပြုခြင်း၊ တပ်ရင်းမှ ကျဆုံးရဲဘော်များကို အလေးပြုခြင်း၊ တာဝန်ရှိသူများမှ အမှာစကား ပြောကြားခြင်း၊ စစ်ရေးပြခြင်း၊ သရုပ်ပြ သိုင်းကစားပြခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။


တပ်ရင်း - ၁၀၀၇( မိုးဗြဲ ပြည်သူ့ ကာကွယ်ရေးတပ် )ဟာ ယခင်က တပ်ရင်း - ၁၀၀၁ (မိုးဗြဲ ပြည်သူ့ ကာကွယ်တပ် )ရဲ့ တပ်ခွဲ (မိုက်ကယ် တပ်ခွဲ)နှင့် တပ်ခွဲ (21 တပ်ခွဲ)အဖြစ် တည်ရှိခဲ့ရာမှ ရဲဘော်အင်အားများပြားမှုနှင့် စစ်ရေးအရ နယ်မြေတိုးချဲနိုင်ရေး ရည်ရွယ်ပြီး တပ်ရင်းအသစ် တိုးချဲ့ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။


တပ်ရင်း - ၁၀၀၇ကို စတင်ဖွဲ့စည်းချိန်ကစ ဒီနေ့အချိန်အထိ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ရင်း ရဲဘော် ၁၈ ဦး ကျဆုံးခဲ့ရတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် ()တပ်ရင်း - ၁၀၀၇က ဆိုပါတယ်။


ကျဆုံးရဲဘော် အများစုက ကျည်ကာမရှိတာကြောင့် အသက်မပေးသင့်ဘဲ ပေးခဲ့ရတာဖြစ်ပြီး အလားတူ ဖြစ်ရပ်မျိုး ရှေ့တန်းတိုက်ပွဲဝင် ရဲဘော်များအတွက် ရည်ရွယ်ကာ "အားသစ်လောင်း" ကျည်ကာကမ်ပိန်းတခုကို ပြုလုပ်နေပြီး ကူညီအားဖြည့်ပေးကြဖို့ကိုလည်း တပ်ရင်း - ၁၀၀၇ က တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၂။ CDF-KKG တပ်ရင်း အခြေခံစစ်သင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲ ကျင်းပ


ဇွန်လ ရက်။

Radio NUG

Chinland Defense Force - Kalay, Kabaw, Gangaw (CDF-KKG) အခြေခံ စစ်သင်တန်းဆင်းပွဲ အပတ်စဉ် () ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျင်းပခဲ့တယ်လို့ CDF - KKG က ဇွန်လ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။


CDF - KKG တပ်ရင်း () မှ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ ၎င်းအခြေခံ စစ်သင်တန်း သင်တန်းဆင်းပွဲကို CDF-KKG တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။


အဆိုပါ သင်တန်းဆင်းပွဲတွင် စံပြဆု၊ လက်ဖြောင့်ဆုနှင့် ဇွဲဆုအစရှိတဲ့ တစ်ဦးချင်း ထူးချွန်ဆုများကို ပေးအပ်ချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ လင်ဇင်း ရဲစခန်းမှ ထွက်လာတဲ့ စကစ စစ်ကြောင်း ရက်ဆက် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များပြား


ဇွန်လ ရက်။

Radio NUG

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း သုံးရက်ဆက် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ မင်းဘူးခရိုင်၊ အမှတ်()တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။


လင်းဇင်ရဲစခန်းမှ ထွက်လာတဲ့ စစ်ကောင်စီတပ် အင်အား ၈၀ ဝန်းကျင်ပါ စစ်ကြောင်းကို ဇွန်လအတွင်း သုံးရက်ဆက်တိုက် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဇွန်လ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။


အဆိုပါ သုံးရက်ဆက် တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၁၀ ဦး ထပ်မနည်း ဒဏ်ရာရရှိခဲ့ကာ စစ်ကြောင်းမှူးဖြစ်သူ အပါအဝင် အရာရှိ ()ဦး ကျဆုံးခဲ့တယ်လို့ ဖရဲသီး သတင်းပေးပို့ချက်အရ သိရကြောင်း မင်းဘူးခရိုင်၊ အမှတ် () တပ်ရင်းက ဆိုပါတယ်။


၎င်းတိုက်ပွဲများကို မင်းဘူးခရိုင် အမှတ် ()တပ်ရင်း၊ အမှတ် () တပ်ရင်း၊ အမှတ် ()တပ်ရင်း၊ စလင်း (ပကဖ) ဒေါင်းစစ်အောင်၊ SLN LPDF မကွေးရင်း () မကွေးတိုင်း လက်ရုံးဒရုန်းအဖွဲ့ နဲ့ မိုးကြိုးပြောက်ကျား တပ်ရင်း (၁၀၁)တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ မြိုင် အရှေ့ဘက်ဂိတ်ကို RPG အပါအဝင် လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်


ဇွန်လ ရက်။

Radio NUG


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့ အရှေ့ဘက်က စစ်ကောင်စီ ဂိတ်စခန်းကို RPG အပါအဝင် လက်နက် ကြီး/ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Salingyi Special Task Force - SSTF က သတင်းထုတ်ပြန်ထားပါတယ်။


RC တိုက် ထပ်ပေါ်မှာ ခံစစ်ပြင်ထားပြီး စစ်ကောင်စီ တပ်သား၊ ရဲနဲ့ ပျူစောထီးများ အခိုင်အမာ တပ်စွဲထားတဲ့ အဆိုပါ ဂိတ်စခန်းကို SSTF နှင့် မြိုင် ပကဖတို့က RPG ဖြင့် ငါးချက်ပစ်ခတ်ခဲ့ကာ လက်နက် ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ထို့အပြင် Shar Htoo Waw နည်းပညာတပ်ဖွဲ့ရဲ့ Team (3) PDAF, Team (4) SSTF နဲ့ မြိုင်ပကဖ Drone Team တို့ကလည်းဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြပါသေးတယ်။


ညနေ နာရီမှ နာရီအထိ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကာ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံပျူရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ဦးသေကာ ဦး ဒဏ်ရာရ


ဇွန်လ ရက်။

Radio NUG

ပဲခူးတိုင်း၊ သာယာဝတီ ခရိုင်၊ နတ်တလင်း မြို့နယ်၊ ပျဉ်ပုံ ပျူစောထီး ရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ပျူစောထီး ဦး သေဆုံးပြီး ဦး ဒဏ်ရာရ ခဲ့တယ်လို့ သာယာဝတီခရိုင်၊ အမှတ် () တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။


ဇွန်လ ရက်နေ့ မနက် နာရီ ၁၃ မိနစ် အချိန်က ပျဉ်ပုံပျူရွာကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ ထွက်ပြေးသွားခဲ့တဲ့အတွက် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


၎င်းတိုက်ပွဲအတွင်း ပျူစောထီးအဖွဲ့ဝင်()ဦး သေဆုံးကာ ()ဦး ဒဏ်ရာရခဲ့ပြီး ရာသီဥတု အခြေအနေ ကြောင့် နေအိမ် ၃လုံးသာ မီးလောင်ပျက်စီးခဲ့တယ်လို့ မြေပြင်သတင်းများအရ သိရကြောင်း သာယာဝတီခရိုင်၊ အမှတ် () တပ်ရင်းက ဆိုပါတယ်။


ထို့အပြင် တော်လှန်ရေး အဖွဲ့ဘက်မှ ရဲဘော်တစ်ဦးလည်း လက်နက် Error ဖြစ်ပြီး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ရင်း - ၃၈၀၁ တပ်ခွဲ (Phoenix DF) တပ်ခွဲ (နတ်စစ်သည်) တပ်ခွဲ (BRA) နဲ့ ဧရာညီနောင် စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


========================


🚩🚩 ၆။ စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေး ဦး အပါအဝင် မိသားစုဝင် ဦးသေဆုံးပြီး ကလေး ဦး အပြင်းအထန်ဒဏ်ရာရ


ဇွန်လ ၈ရက်။

Radio NUG

ဇွန်လ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရဘူးရွာသစ်ကို စစ်ကောင်စီ၏ ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် လသားအရွယ် ကလေးငယ် ဦးအပါအဝင် မိသားစုဝင် ဦး သေဆုံးခဲ့ပြီး မိသားစုဝင် ကလေးငယ် ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။


ပြည်သူလူထု နေထိုင်ရာ နေအိမ်များအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့ နေအိမ်တစ်လုံးတွင်   မိသားစုဝင် ဦး သေဆုံးခဲ့ပါတယ်။


အမျိုးသားက နေရာတွင် ပွဲချင်းပြီးဆုံးသွားပြီး အမျိုးသမီးက ဆေးကုဖို့ ပို့တဲ့လမ်းမှာ သေဆုံးကာ လသားအရွယ် ကလေးကဆေးကုတဲ့ နေရာမှာပဲ သေဆုံးသွားပါတယ်။ ကျန်ခဲ့တဲ့ ၉နှစ်အရွယ် ကလေးက စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရရှိတယ်လို့ သိရပါတယ်။


ညနေ နာရီအထိ စစ်ကောင်စီ ရေတပ်မှ ရဘူးရွာသစ်ကို လက်နက်ကြီးဖြင့် လုံး ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၇။ စစ်ကိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာနှစ်ပါးနှင့် ရဲဘော်များအပါအဝင် ရှစ်ဦးခန့် သေဆုံး


ဇွန်လ ၈ရက်။ 

Radio NUG

ဇွန်လ ၈ရက် နံနက် ၁၁ နာရီဝန်းကျင်က စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)နှင့် ပြည်သူများ အစည်းအဝေး ပြုလုပ်နေစဥ် တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲပြီး အရာတော်မြို့နယ်အတွင်းရှိ စစ်တပ်မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းရှိ သံဃာနှစ်ပါး ပျံလွန်တော်မူပြီး ရဲဘော်နှင့် ပြည်သူခြောက်ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ များပြားကြောင်း သိရပါတယ်။


သေဆုံးသူများအနက် ငါန်းဇွန်မြို့နယ်မှ တော်လှန်ရေးလုပ်ငန်းများ တက်ကြွစွာလုပ်ကိုင်ခဲ့သည့် ဇနီးမောင်နှံဖြစ်သူ ဦးသန်းဆွေ၊ ဒေါ်ရွှေဇင်နှင့် ၎င်းတို့သား ရဟန်းဝတ်နေသူတို့ ပါဝင်ပြီး မိသားစုဝင်သုံးဦးလုံး ကျဆုံးခဲ့ပါတယ်။


ဗုံးကျဲခံရသဖြင့် ဒဏ်ရာရရှိသူများကို နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များက ကူညီကယ်ဆယ်ခြင်း လုပ်ဆောင်နေကြောင်း၊ ထို့သို့ ကူညီကယ်ဆယ်နေချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက် ကင်းထောက်လှမ်းမှု ရှိကြောင်း သိရပါတယ်။


========================


🚩🚩 ၈။ K.N.L.A - တပ်မဟာ () ထံသို့ မော့ကနင် အခြေစိုက် စကခ(၁၉) လက်အောက်ခံ ခလရ(၁၀၆) မှ တပ်ထောက်ဗိုလ်ကြီး လက်နက်ခဲယမ်းများနှင့် အလင်းဝင်


ဇွန်လ ၈ရက်။ 

Radio NUG

ကေအဲန်ယူ - ဒူးပလာယာခရိုင် K.N.L.A - တပ်မဟာ () ထံသို့ မော့ကနင် အခြေစိုက် စကခ(၁၉) လက်အောက်ခံ ခလရ(၁၀၆) မှ အသက် (၃၅)နှစ်ရှိ ပြန်တမ်းဝင် အမှတ်ကြည်း (၅၅၆၀၉) တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်သည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။


MA-3 ()လက် ကျည်ဘောက် ()ဘောက် ကျည် (၁၃၀)တောင့်၊ MA-5 ()လက် ကျည်ဘောက်()ဘောက် ကျည်(၁၁)တောင့်နှင့် အီနာဂါ ဗုံးသီး ()လုံး စသည့်လက်နက်ခဲယမ်းနှင့်အတူ လာရောက် ပူးပေါင်းလာသော တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်ကို K.N.L.A - တပ်မဟာ () မှ ထောက်ပံ့ငွေအဖြင့် မြန်မာငွေ (,၀၀၀,၀၀၀) သိန်းခုနှစ်ဆယ်ကျပ်တိတိ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။


တပ်မဟာ() ထိန်းချုပ်နယ်မြေအတွင်း နေရာအနံ့တိုက်ပွဲများ နေ့စဥ်နှင့်အမျှ ဖြစ်ပွားလျှက်ရှိနေပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်း အများအပြားကိုလည်း K.N.L.A ဦးဆောင်သော တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များတို့မှ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်လျှက် ရှိနေပါတယ်။


တပ်မဟာ()ထိန်းချုပ်နယ်မြေတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်များသည် တပ်မအလိုက် ဖွဲ့စည်းပုံအရ ပျက်ပြားသွားခဲ့ပြီး လူအင်အား လက်နက်အင်အားများ လျှော့နည်းလာသည့်အပြင် စိတ်ဓာတ်ရေးရာ ကျဆင်းလာသည့်အတွက် K.N.L.A - တပ်မဟာ () ထံသို့ အများအပြား လာရောက်ပူးပေါင်းခြင်းများ ရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment