20th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ရေးဆိုင်ရာထောက်ပံ့မှုများနှင့် စစ်ရှောင်များအတွက် ထိရောက်စွာ ပိုမိုထောက်ပံ့ လုပ်ဆောင်ကြရန်ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း

📌 ၂။ မုန်လိုင်ခတ်စစ်ဘေးရှောင်များအတွက်ကျပ် ၈၅ သိန်းကျော်လှူဒါန်းခဲ့

📌 ၃။ မည်သည်နေရာတွင် ဖြစ်ပွားသည်မဆို အရပ်သားနေရာများအား ပစ်မှတ်ထားတိုက်ခိုက်မှုကို ချက်ချင်းရပ်ရမည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

📌 ၄။ ပြည်သူ့ကာကွယ်ရေး ကျားဖြူတပ်ခွဲ ကို ထပ်မံရောက်ရှိလာတဲ့ ရဲဘော်သစ်များအတွက် လက်နက်ခဲယမ်းအကူအညီများလိုအပ်

📌 ၅။ မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုက ၉လကျော်ကာလအတွင်း အမျိုးသမီး (၉၄) ဦးနှင့် အမျိုးသား (၂၀၃) ဦး စုစုပေါင်း (၂၉၇) ဦးကို ဖမ်းဆီးခဲ့

📌 ၆။ ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအတွက်  နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှလှူဒါန်းကြသော လူသားချင်းစာနာမှုဆိုင်ရာ ရံပုံငွေ များကို ပထမအသုတ်အဖြစ်လွှဲပြောင်းပို့ဆောင်ပေးခဲ့

📌 ၇။ ပြည်သူများရဲ့ ထောက်ပံ့မှုမှ ရရှိသော အလှူငွေများဖြင့် ကျည်ဘောက်များ ထပ်မံ၀ယ်ယူနိုင်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းအသိပေး

📌 ၈။ နတ်တလင်းတွင် လူသားဒိုင်း ပြုလုပ်၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ()ကြိမ်တိုင် ကြားဖြတ်တိုက်ခိုက်ရာစကစ ()ဦး သေဆုံး

📌 ၉။ တန့်ဆည်နယ်တွင် တိုက်မိုင်းမိ၍ ပျူ ၂ဦးသေ၊ ၅ဦးဒဏ်ရာရခဲ့တယ်လို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ရေးဆိုင်ရာထောက်ပံ့မှုများနှင့် စစ်ရှောင်များအတွက် ထိရောက်စွာ ပိုမိုထောက်ပံ့ လုပ်ဆောင်ကြရန်ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း


အောက်တိုဘာ၁၉ရက်

စစ်ရေးဆိုင်ရာထောက်ပံ့မှုများနှင့် စစ်ရှောင်များအတွက် ထိရောက်စွာ ပိုမိုထောက်ပံ့ လုပ်ဆောင်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။


အောက်တိုဘာ  ၁၉  ရက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၂/၂၀၂၃)ကျင်းပရာမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။


 "နယ်မြေစိုးမိုးမှုရှိသော ဒေသများတွင် အုပ်ချုပ်ရေးလုပ်ငန်းများဖြစ်သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရန်နှင့် အခွန်ကောက်ခံမှုများ  စနစ်တကျဆောင်ရွက်ပြီး လူသားစာနာလုပ်ငန်းများ၊ ဒေသအတွက် ထိုးစစ်ကာလဖြစ်သောကြောင့် စစ်ရေးဆိုင်ရာထောက်ပံ့မှုများနှင့် စစ်ရှောင်များအတွက် ထိရောက်စွာပိုမိုထောက်ပံ့ လုပ်ဆောင်ကြရန်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများလည်း ကောင်းမွန်လည်ပတ်နိုင်ရေးအတွက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် တရားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပိုမိုအားထုတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၄၁/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ မုန်လိုင်ခတ်စစ်ဘေးရှောင်များအတွက်ကျပ် ၈၅ သိန်းကျော်လှူဒါန်းခဲ့


အောက်တိုဘာ၁၉ရက်

ကချင်ပြည်နယ်၊ လိုင်ဇာ မုန်လိုင်ခတ်စစ်ဘေးရှောင်များအတွက် ကျပ် ၈၅ သိန်းကျော်လှူဒါန်းခဲ့တယ်လို့ အောက်တိုဘာ၁၉ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန လှူဒါန်းငွေ သိန်း ၃၀ (ကျပ်သိန်းသုံးဆယ်) အပါအဝင် အလှူရှင်များဖြစ်ကြသော Visionary Support Team (VST), Leo&Theo, NAL&SWH, TD&Friends, DKAM နှင့် U Tin Aye တို့မှ ကချင်ပြည်နယ်လိုင်ဇာမြို့ မုန်လိုင်ခတ်စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေစုစုပေါင်းကျပ် ,၅၀၀,၀၀၀ (ကျပ်ရှစ်ဆယ့်ငါးသိန်းတိတိ)လှူဒါန်းအားဖြည့်ခဲ့တယ်လို့ဆိုပါတယ်။


အောက်တိုဘာလ ရက် (၁၁:၂၃)အချိန်တွင် ကချင်ပြည်နယ် လိုင်ဇာမြို့မုန်လိုင်ခက်ကျေးရွာ၌ တည်ရှိသော စစ်ဘေးရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


ထိုသို့ ပစ်ခတ်သည့် အထဲတွင် အင်အားပြင်းထန်သည့် ဗုံးသီးများပါဝင်ပြီး ပေါက်ကွဲသည့် တည်နေရာနှင့် ပေ ၂၀၀ ၀န်းကျင်အထိ သက်ရောက်မှုရှိခဲ့ကာ  ကလေးငယ်များအပါအ၀င် ဒေသခံနှင့် စစ်ရှောင်ပြည်သူများ ၃၀ဦး သေဆုံးကာ ၅၇ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 


========================


📌📌 ၃။ မည်သည်နေရာတွင် ဖြစ်ပွားသည်မဆို အရပ်သားနေရာများအား ပစ်မှတ်ထားတိုက်ခိုက်မှုကို ချက်ချင်းရပ်ရမည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော


အောက်တိုဘာ၁၉ရက်

မည်သည်နေရာတွင် ဖြစ်ပွားသည်မဆို အရပ်သားနေရာများအား ပစ်မှတ်ထားတိုက်ခိုက်မှုကို ချက်ချင်း ရပ်ရမည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။


အောက်တိုဘာ၁၈ရက်(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌လူ့အခွင့်အရေး ကာကွယ်မြှင့်တင်မှုခေါင်းစဉ်ဖြင့် အထွေထွေဆွေးနွေးမှု ပြုလုပ်ရာတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။


"ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းမှုအား အပြီးတိုင် ရပ်တန့်စေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား ထိရောက်သော၊ အားလုံးပါဝင်သော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အဖွဲ့အစည်းများဖြင့် တည်ဆောက်နိုင်ရန် တစ်နိုင်ငံချင်းအနေဖြင့်သော်လည်းကောင်း၊ နိုင်ငံအများ စုပေါင်းအင်အားဖြင့်သော်လည်းကောင်း ထိရောက်သော ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်ရန် တောင်းဆိုလိုပါကြောင်း၊ မည်သည်နေရာတွင် ဖြစ်ပွားသည်မဆို အရပ်သားနေရာများအား ပစ်မှတ်ထားတိုက်ခိုက်မှုကို လက်ခံနိုင်မှုမရှိကြောင်း၊ ချက်ချင်းရပ်ရမည်ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသတွင် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း"သံအမတ်ကြီးကပြောပါတယ်။


မတရား စစ်အာဏာသိမ်းခဲ့ချိန်မှစတင်၍ စစ်တပ်သည် အရပ်သားပြည်သူ (,၁၀၀) ကျော်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို လည်း စစ်တပ်၏ လျှို့ဝှက်၍ မသမာသော တရားခွင်များဖြင့် ဥပဒေမဲ့ကွပ်မျက်စီရင်လျက်ရှိကြောင်းသံအမတ်ကြီးကပြောပါတယ်။


========================


📌📌 ၄။ ပြည်သူ့ကာကွယ်ရေး ကျားဖြူတပ်ခွဲ ကို ထပ်မံရောက်ရှိလာတဲ့ ရဲဘော်သစ်များအတွက် လက်နက်ခဲယမ်းအကူအညီများလိုအပ်


အောက်တိုဘာ၁၉ရက်

ပြည်သူ့ကာကွယ်ရေး ကျားဖြူတပ်ခွဲ ကို ထပ်မံရောက်ရှိလာတဲ့ ရဲဘော်သစ်များအတွက် လက်နက်ခဲယမ်းအကူအညီများလိုအပ်လျက်ရှိတယ်လို့ အောက်တိုဘာ၁၉ရက်မှာ ကျားဖြူတပ်ခွဲ၄က အသိပေးပြောကြားထားပါတယ်။


"ကျနော်တို့ကျားဖြူတပ်ခွဲ- ကို ဝင်ရောက် တာဝန်ထမ်း‌ဆောင်နေတဲ့ ရဲဘော်သစ်တွေကို ကျနော်တို့က တပ်တွင်းအခြေခံစစ်ပညာ ပြန်လည်သင်ကြားပေးပါတယ်။ ထပ်မံရောက်ရှိလာတဲ့ ရဲဘော်သစ်တွေကို လက်နက်ခဲယမ်းတပ်ဆင်‌ပေးနိုင်ဖို့နဲ့ စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျနော်တို့ ကျားဖြူတပ်ခွဲ- အနေနဲ့ ရန်ပုံငွေလိုအပ်နေပါတယ်"လို့ဆိုပါတယ်။


ကျားဖြူတပ်ခွဲ၄ဟာ စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ပြည်သူ‌‌တွေအနေနဲ့  ကျားဖြူတပ်ခွဲ- ကို ကူညီထောက်ပံ့ပေးလိုပါက Page Messengerကတဆင့်တိုက်ရိုက်ဆက်သွယ် ကူညီလှူဒါန်း‌ပေးနိုင်ကြောင်းသိရပါတယ်။


========================


📌📌 ၅။ မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုက ၉လကျော်ကာလအတွင်း အမျိုးသမီး (၉၄) ဦးနှင့် အမျိုးသား (၂၀၃) ဦး စုစုပေါင်း (၂၉၇) ဦးကို ဖမ်းဆီးခဲ့


အောက်တိုဘာ၁၉ရက်

အောက်တိုဘာ၁၉ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော အချက်အလက်များကိုအသိပေးဆိုပါတယ်။


 ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ ၁၉ ရက်နေ့အထိ မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၉၄) ဦးနှင့် အမျိုးသား (၂၀၃) ဦး စုစုပေါင်း (၂၉၇) ဦးကို ဖမ်းဆီးခဲ့ပါတယ်။


အောက်တိုဘာလ ၁၃ ရက်နေ့တွင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ စံပြရပ်ကွက်မှ ကိုဇင်ကိုထွန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်သည်ဟု စွပ်စွဲ၍ အကြမ်းဖက်စစ်အုပ်စု၏တပ်က ဖမ်းဆီးခဲ့ပါတယ်။


ထို့ပြင် အဆိုပါကာလအတွင်း မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား (၆၆) ဦး စုစုပေါင်း (၇၅) ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၆။ ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအတွက်  နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှလှူဒါန်းကြသော လူသားချင်းစာနာမှုဆိုင်ရာ ရံပုံငွေ များကို ပထမအသုတ်အဖြစ်လွှဲပြောင်းပို့ဆောင်ပေးခဲ့


ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအတွက်  နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှလှူဒါန်းကြသော လူသားချင်းစာနာမှုဆိုင်ရာ ရံပုံငွေ များကို ပထမအသုတ်အဖြစ်လွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ အောက်တိုဘာ၁၉ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်က တရားဝင်အသိပေးထုတ်ပြန်ပါတယ်။


"ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအတွက် အောက်တိုဘာလ ၁၀ရက် မှ ၁၅ ရက်အတွင်း နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှ စေတနာ ထက်သန်စွာ လှူဒါန်းကြသော လူသားချင်းစာနာမှုဆိုင်ရာ ရံပုံငွေများကို ပျမ်းမျှ ငွေကျပ် တန်ဖိုး ၁၁,၄၉၁,၅၆၂ နှင့် ညီမျှသော MMK ,၈၀၃,၃၀၆.၇၄ USD ၉၀၁.၂၁၊ SGD ,၇၁၀၊ THB ၅၁၄၆.၂၈ နှင့် Gold အနေဖြင့် ကောက်ခံရရှိခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


၎င်း ရံပုံငွေများကို MOHADM လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန မှ တဆင့် မြေပြင်အဖွဲ့အစည်းများအထိ သင့်တော်သည့် လုပ်ငန်းစဥ်များအတိုင်း လှူဒါန်းသုံးစွဲနိုင်ရန် ပထမအသုတ်အဖြစ် နွေဦးဘဏ်အကောင့်ချင်း လွှဲပြောင်းပို့ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။


အောက်တိုဘာ၁၅ ရက်နေ့ နောက်ပိုင်း ကောက်ခံရရှိထားသော ရံပုံငွေ များကို လည်း ဒုတိယအသုတ် အဖြစ် စုစည်းပြီး ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၇။ ပြည်သူများရဲ့ ထောက်ပံ့မှုမှ ရရှိသော အလှူငွေများဖြင့် ကျည်ဘောက်များ ထပ်မံ၀ယ်ယူနိုင်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းအသိပေး


အောက်တိုဘာ၁၉ရက်

ပြည်သူများရဲ့ ထောက်ပံ့မှုမှ ရရှိသော အလှူငွေများဖြင့် ကျည်ဘောက်များ ထပ်မံ၀ယ်ယူနိုင်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက အောက်တိုဘာ၁၉ရက်မှာအသိပေးဆိုပါတယ်။


"ပြည်သူများရဲ့ ထောက်ပံ့မှုမှ ရရှိသော အလှူငွေများဖြင့် ကျည်ဘောက်များ ထပ်မံ၀ယ်ယူနိုင်ခဲ့ပါတယ်။ ထပ်မံ၍ လက်တွေ့အကောင်ထည်ဖော်မည့် အရာများ ရှိနေသေးသည့်အတွက် မိဘပြည်သူများအနေနှင့် ဆက်လက်ကူညီပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံပါတယ်"လို့ဆိုပါတယ်။


အောက်တိုဘာ ၁၇ရက်မှာ ထောက်ပို့တာဝန်ထမ်းဆောင်ခြင်း အနှစ်ချုပ် ကိုPRFက ထုတ်ပြန်ဖော်ပြချက်အရ စက်တင်ဘာလအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့တပ်သားဦးရေ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ၇၉၈၄ဦးရှိခဲ့ပြီး ထောက်ပို့ငွေပမာဏအမေရိကန်ဒေါ်လာ ၃၅၃၆၂၈ဒေါ်လာရရှိခဲ့ပါတယ်။


========================


📌📌 ၈။ နတ်တလင်းတွင် လူသားဒိုင်း ပြုလုပ်၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ()ကြိမ်တိုင် ကြားဖြတ်တိုက်ခိုက်ရာစကစ ()ဦး သေဆုံး


အောက်တိုဘာ ၁၉ ရက်

နတ်တလင်းတွင် လူသားဒိုင်း ပြုလုပ်၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ()ကြိမ်တိုင် ကြားဖြတ်တိုက်ခိုက်ရာစကစ ()ဦး သေဆုံးခဲ့တယ်လို့အောက်တိုဘာ၁၉ရက်မှာ စစ်ရေးသတင်းကို ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးဆိုပါတယ်။


"ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် အောက်တိုဘာလ ၁၅ ရက်နေ့မှစတင်၍ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ၂ (Phoenix  DF) က အောက်တိုဘာလ ၁၇ ရက်နေ့တွင် သုံးကြိမ်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ()ဦးသေဆုံးခဲ့တယ်"လို့ဆိုပါတယ်။ 


အောက်တိုဘာ ၁၇ ရက်နေ့၊ နံနက်(:၂၂)နာရီခန့်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို သပြေပင် သုံးလုံးပြူး ဆင်ဝိုင်းအနီးတွင် Phoenix DF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ()ဦး သေဆုံးခဲ့ပါတယ်။


ထို့နောက် စစ်ကောင်စီတပ်ဖွဲ့က ဆင်ဝိုင်းမိသားစုများနှင့် ဆင် ၁၈ ကောင်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မိုင်းကွင်းအဆင့်ဆင့်ကို ကျော်ဖြတ်လာခဲ့ရာ ဉာဏ်လယ်ဗိုလ်တဲကုန်းအရောက်၌ နေ့လယ်(၁၂)နာရီခန့်တွင် Phoenix DF ရဲဘော်များက Sniper ဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ()ဦး သေဆုံးခဲ့ပါတယ်။


၎င်းစစ်ကြောင်းသည် ဉာဏ်လယ်ဗိုလ်တဲကုန်းမှ ဆက်လက်ထွက်ခွာလာရာ စမ်းကြီးရွာအရောက်၌ Phoenix DF ရဲဘော်များက ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ()ဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ 


========================


📌📌 ၉။ တန့်ဆည်နယ်တွင် တိုက်မိုင်းမိ၍ ပျူ ၂ဦးသေ၊ ၅ဦးဒဏ်ရာရခဲ့တယ်လို့ဆို


အောက်တိုဘာ၁၉ရက်

တန့်ဆည်နယ်တွင် တိုက်မိုင်းမိ၍ ပျူ ၂ဦးသေ၊၅ဦးဒဏ်ရာရခဲ့တယ်လို့ အောက်တိုဘာ၁၉ရက်မှာ စစ်ရေးသတင်းကို တန့်ဆည်ပကဖကအတည်ပြုပါတယ်။


"အောက်တိုဘာ၁၇ရက် တန့်ဆည်နယ်၊ အင်္ကုက္ကားပျုရွာနှင့် ဆင်ငယ်ပျူရွာကြားတွင် တိုက်နယ် ပကဖ () ရှေ့ထွက်တိုက်မိုင်းမိ၍ ဆင်ငယ်ပျူရွာမှ ပျူ ဦးသေဆုံးပြီး၊ ဦးဒဏ်ရာရရှိတယ်"လို့ဆိုပါတယ်။


အောက်တိုဘာ၁၉ရက် ၎င်းလမ်းပိုင်းပေါ်တွင် ပျူများ မိုင်းရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment