ပြည်တွင်းပြည်ပဖရဲဈေးကွက်အရှုးပေါ်… သတင်း မကြေးမုံ (Radio NUG) အောက်တိုဘာ ၁၉၊ ၂၀၂၃


ပြည်တွင်းပြည်ပဖရဲဈေးကွက်အရှုးပေါ်… 
သတင်း မကြေးမုံ (Radio NUG) အောက်တိုဘာ ၁၉၊ ၂၀၂၃

မြန်မာ့ဖရဲဈေးကွက်အဓိကတည်ရှိရာ မူဆယ်၁၀၅မိုင်ဈေးကွက်မှာရောင်းချနေရာကနေ ကိုဗစ် ၁၉ ကပ်ရောဂါ ပြီးတဲ့နောက်တရုတ်နိုင်ငံ ဝမ်တိန်ဘက်အခြေမ်းကို ဈေးကွက် ပြောင်းသွားလို စရိတ်စက တွေပိုများလာပြီး အရှုးတွေနဲ့ရင်ဆိုင်နေရတာပါ။ ဒီအခြေ အနေကိုဖရဲတင်ပိုသူတစ်ဦးက အခုလိုပြောပါတယ်။ 

“ဖရဲကလောလောဆယ်တော့တပ်ပျက်တယ်လိုခေါ်ရမလား၊ တိုင်ပါတ်တယ် လိုခေါ်ရမလား၊ တရုတ်ကိုတင်လိုအဆင်မပြေတာလေ။ ကုန်ကျစရိတ်တွေအရမ်းများနေ တာညီမ။ ကုန်ကျစရိတ်တွေအရမ်းများတော့ ဖရဲကားတစ်စီးကို ကွင်းထဲကနေပြီးတော့ မူဆယ် ဝမ်တိန်ထဲအရာက်ကို ဖရဲကားတစ်စီးက သိန်းကိုးဆယ်လောက်ကျတယ်။ ကား ခတွေ၊ မြန်မာနိုင်ငံက အထွက်ဂျုတီ၊ တရုတ်က အထွက်ဂျူတီ၊ မြန်မာကွင်းကြေး၊ တရုတ်ကွင်းကြေးအကုန်ပေါင်းလိုက်မယ်ဆိုရင် ကုန်ကစရိတ်က သိန်းကိုးဆယ်လောက် ကျနေတယ်။ တကယ်တမ်းဖရဲရောင်းလိုရတဲ့ပိုက်ဆံက သိန်းရှစ်ဆယ်၊ ၈၅သိန်းလောက် ပဲကျန်တယ်။ Government Body ပြောင်းသွားတာလေ။ တ၇တ်ကလည်း မူဝါဒပြောင်းတယ်။ မြန်မာဘက်ကလည်း မူဝါဒပြောင်းလိုက်တဲ့အတွက်က ကုန်ကစရိတ် တွေကအရမ်းမြင့်တယ်။ အရင်တုန်းကဈေးကွက်တွေက မူဆယ် ၁၀၅ မိုင်မှာ မရှိတော့ ဘူး။ ဈေးကွက်က ဈေးကွက်ကြီးက လုံးဝတရုတ်ဘက်ကိုရောက်ချသွားတာ။ ဝမ်တိန် ဘက်ကိုရောက်သွားတာ။ တရုတ်ပြည်ဘက်ကိုရောက်သွားတာ။ ဝမ်တိန်ဘက်ကို ရောက်သွားတာ။ တရုတ်ပြည်ဘက်ကိုရောင်သွားတာ။ အရင်တုန်းကရောင်းချမှုသည် မူ ဆယ် ၁၀၅မိုင်ဘက်ကိုရောက်သွားတာ။ ကိုယ့်နိုင်ငံထဲမှာ ကိုယ့်ဈေးကွက်နဲ့ ကိုယ်ရောင်း တယ်။ ဝယ်တဲ့ ဘိုင်ရာတွေ၊ တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံဘက်ကိုလာဝယ်ကြ တာလေ။ လာဝယ်တဲ့အချိန်မှာ အခုကကျတော့ ကိုဗစ်ဖြစ်တဲ့အချိန်မှာ မြန်မာနိုင်ငံဘက် ကိုမလာခံတာကနေ စပြီးတော့ ဈေးကွက်ကြီးက ဝမ်တိန်ဘက်ကိုရွှေ့သွားတဲ့အတွက် ဝမ်တိန်ကွင်းထဲသွားရောင်းတဲ့အတွက်တရုတ်ပြည်ကရှိနေတဲ့အစိုးရရဲ့မူဝါဒကလည်း ပြောင်းသွားတယ်။ အရင်တုန်းက တရုတ်ဘက်ကကုန်ကျစရိတ်က အစ်ကိုတိုခံစရာ မလိုဘူး။ အခုကျတော့ မြန်မာကုန်သည်တွေပဲ ခံနေရတယ်။” 

လတ်တလောထွက်ရှိနေတဲ့ ချောင်းဦး၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ တပ်ကုန်း၊ မြင်းခြံစတဲ့ဒေသ တွေကဖရဲတွေဟာ အရှုးတွေကြောင့် မြန်မာပြည်အောက်ပိုင်းဈေးကွက်တည်ရှိရာ ရန် ကုန်မြိုကိုစုန်ဆင်းလာကြပါတယ်။ ပဲခူးတိုင်းကစလို မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေ မှာ မိုးတွေဆက်တိုက်ရွာနေတာက ဖရဲသီးစားသုံးမှုကိုလျော့ကျစေလို ဈေးကွက် တောက်လျှောက်ကျဆင်းလာပြီး အပျက်အစီးအဆုံးအရှုးတွေဖြစ်လာပါတယ်။ ဒီအခြေ အနေကစိုက်ပျိုးထုတ်လုပ်သူတောင်သူတွေသာမက ဖရဲကုန်သည်တွေကိုပါ အဆုံးအရှုး တွေနဲ့ ရင်ဆိုင်ရစေတယ်လို အဆိုပါ ဖရဲစိုက်ပျိုးရောင်းဝယ်သူကပြောပါတယ်။ 

“ရှုးတယ်။ အားလုံးရှုးတယ်။ ရှုးတာမှ တောင်သူတင်မဟုတ်ဘူး။ ကုန်သည် လည်းရှုးတယ်။ ပွဲစားတွေလည်းရှုးတယ်။ တောင်သူလည်းရှုးတယ်။ အကုန်ရှုးကြတာ။ ညီတယ်ပေါေ့နာ် ”

မြန်မာ့ဖရဲက စစ်တပ်ကအာဏာမသိမ်းခင် ၂၀၂၁ ရှေ့ပိုင်းကာလတွေမှာ တန်ချိန် ၈သိန်း အထိအများဆုံးတင်ပိုခဲ့ပြီးအဲ့ဒီကနေ အမေရိကန်ဒေါ်လာသန်း၈၀နီးပါးရရှိခဲ့ပါတယ်။ ဖရဲ က စိုက်ပျိုးကာလ၂လကျော်လောက်နဲ့ အကျိုးအမြတ်ပြန်လည်ရရှိနိုင်တဲ့သက်တမ်းတို သီးနှံဖြစ်တဲ့အပြင် ဈေးကွက်ကောင်းမွန်ပါက အမြတ်အစွန်းများတဲ့သီးနှံဖြစ်ပါတယ်။ ဒါ ကြောင့်လတ်တလောရေကြီးနစ်မြှုပ်ခဲ့တဲ့ ပဲခူးအရှေ့ခြမ်းကဖရဲစိုက်တောင်သူတွေမှာ ရေလွတ်ရာရိုးမအစပ်က ကုန်းမြင့်တွေမှာ ဖရဲစိုက်ပျိုးဖိုပြင်ဆင်နေကြတာဖြစ်ပါ တယ်။ ဒီအခြေအနေကို ပြွန်တန်ဆာမြိုနယ်က ဖရဲစိုက်တောင်သူတစ်ဦးကအခုလိုပြော ပါတယ်။ 

“ကျွန်တေ်ာတိုကတော့ စိုက်မယ်ဆိုတာကတော့ ကံဆိုးကံကောင်းလေးပေါ့။ ဒါ ပေမယ့်ကျွန်တေ်ာတိုကအခု စိုက်မယ့်ရက်ရယ်၊ ရာသီရယ်က ပူတဲ့လရောက်မယ်ဆို တော့ တရုတ်ပြည်ထဲအသုံးအစွဲများမယ်လိုတော့ထင်တာပဲလေ။ ကျွန်တော်တိုကတော့  မှန်းပြီးစိုက်ရတာပဲ ”

ဖရဲစိုက်တောင်သူတွေကလတ်တလောဈေးကွက်ကျဆင်းနေပေမယ့် ဖရဲစိုက်ပျိုးမှုက ရပ်တန့်မသွားပဲ ဈေးကွက်ကောင်းမွန်တဲ့ တရုတ်နှစ်သစ်ကူးကာလကို ရည်မှန်းပြီး လအလိုက်စိုက်ပျိုးသွားဖို ပြင်ဆင်နေ ကြပါတယ်။ ဖရဲတောင်သူတွေ နစ်နာဆုံးရှုးမှုတွေ မဖြစ်ရအောင်မိမိတိုဒေသအတွင်းမှာပဲ သင့်တော်တဲ့ဈေးကွက်တွေဖြစ်လာအောင် ဆောင်ရွက်သွားဖို လိုအပ်နေတာဖြစ်ပါတယ်။ 

Share:

No comments:

Post a Comment