📌 (ချင်း တိုင်းရင်းသား - Mün မွန်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၃ အောက်တိုဘာလ ( ၂၂ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ
📌📌 ၁။ မင်းတပ်မှာ လက်နက်ကြီးကျည်ကျလို့ ကလေး ၂ ဦး ဒဏ်ရာရ၊ ဗုံးခိုကျင်း တူးထားကြဖို့ ထပ်မံ ကြေညာ
စစ်ကောင်စီ ပစ်တဲ့လက်နက်ကြီးကျ၊ည် မင်းတပ်မြို့နယ်၊ ကျေးရွာတွေထဲ ထပ်မံကျကွဲလို့ အဆောက်အအုံ၊ နေအိမ်နဲ့ ပြည်သူတချို့ ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၊ ၁၂ နဲ့ ၁၃ ရက်နေ့တွေမှာ မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက ပစ်တဲ့ ဟောင်ဝစ်ဇာအမြော၊က်ကျည် ကျကွဲပြီး အသက် ၁၁ နှစ်အရွယ်အမျိုးသားနဲ့ ၁၈ နှစ်အရွယ်အမျိုးသမီးတို့ ထိခိုက်မှုရှိကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၁၄ ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၃ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) အကြား ပစ်၊ခတ်မှုမရှိသေးပေမယ့် ကျေးရွာတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လက်နက်ကြီးပစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
မင်းတပ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာစတုတ္ထအပတ်ထဲ ၂ ဖက် ပစ်၊ခတ်မှု နောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့ပြီး ၁ လအတွင်း ထိတွေ့မှု ၅ ကြိမ်ရှိထားတာပါ။
စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်တာ၊ အရပ်သားတွေအပေါ် စွပ်စွဲဖမ်းဆီးတာတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ဖို့၊ စစ်ကောင်စီဂိတ်တွေနဲ့ နီးနီးကပ်ကပ်မနေဖို့၊ အကာအကွယ်ပေးနိုင်တဲ့ ဗုံ၊းခိုကျင်းတွေထားရှိကြဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က ထုတ်ပြန်ပါတယ်။
========================
📌📌 ၂။ အာဏာသိမ်းကာလ အရပ်သား ၁၀ ဦးနဲ့အထက် သ၊တ်ဖြတ်ခံရမှု ၂၂ ကြိမ်ထက်မနည်း ဖြစ်ပွား
စစ်တပ်အာဏာသိမ်း ၂ နှစ်ခွဲကျော်အတွင်း အရပ်သား ၁၀ ဦးနဲ့အထက် သ၊တ်ဖြတ်ခံရမှု ၂၂ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ ISP (Institute for Strategy and Policy) - Myanmar က အောက်တိုဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီဖြစ်စဉ် ၂၂ ခုထက်မနည်းဟာ ကချင်ပြည်၊ ကယားပြည်၊ ချင်းပြည်၊ ရှမ်းပြည်တောင်ပိုင်း၊ ရခိုင်ပြည်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းတို့မှာ ဖြစ်ခဲ့ပြီး အရပ်သား ၅၀၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အသက်ဆုံးရှုံးရတဲ့ အရပ်သားပြည်သူတွေထဲမှာ ကလေးသူငယ်၊ အမျိုးသမီးတွေနဲ့ ရဟန်းသံဃာတော်တွေ ပါဝင်တယ်လို့ ISP Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေ၊ဆုံးတာ၊ တန်ဆာခံအဖြစ်ဖမ်းဆီး သ၊တ်ဖြတ်ခံရတာ၊ PDF နဲ့ သူတို့ကိုထောက်ခံသူဆိုပြီး စွပ်စွဲသ၊တ်ဖြတ်ခံရတာတွေလည်း ပါဝင်ပါတယ်။
၂၀၂၂ ဇန်နဝါရီလအစောပိုင်းက မတူပီမှာ အသက် ၁၃ နှစ်အရွယ် ကလေးတဦးအပါအဝင် အရပ်သား ၁၁ ဦးကို စစ်ကောင်စီတပ်က သ၊တ်ဖြတ်ပြီး ရုပ်၊အလော၊င်းဖျောက်ခဲ့တဲ့ ဖြစ်စဉ်ကိုလည်း ISP Myanmar က ထည့်သွင်းဖော်ပြထားပါတယ်။
ချင်းရေးရာအဖွဲ့ချုပ် (ICA) ကတော့ အာဏာသိမ်း ၂ နှစ်ခွဲကျော်အတွင်း ချင်းတိုင်းရင်းသား ၅၂၈ ဦးသေ၊ဆုံးခဲ့ရတယ်လို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ အစီရင်ခံစာတစောင် ထုတ်ပြန်ပါတယ်။
အဲဒီထဲမှာ ကလေးသူငယ်၊ အရပ်သားပြည်သူ ၂၁၇ ဦးဖြစ်ပြီး စစ်ကောင်စီကို လက်၊နက်ကိုင် ခုခံတော်လှန်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၁၁ ဦးပါဝင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ချင်းပြည်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆၃ ကြိမ်ထက်မနည်းခံနေရပြီး ပြည်သူပိုင်နေအိမ်နဲ့ ဘာသာသာရေးအဆောက်အအုံ ၂၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရသလို ၂ ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ချင်းတိုင်းရင်းသား စုစုပေါင်း ၆၀၀၀၀ (ခြောက်သောင်း) ကျော်ရှိတယ်လို့ (ICA) က ဆိုပါတယ်။
========================
📌📌 ၃။ ထိန်းချုပ်နယ်မြေမှာ တာဝန်ရှိသူမှအပ စစ်သုံးပစ္စည်း အရောင်းအဝယ်မလုပ်ဖို့ တူမီးတပ်ရင်း ကြေညာ
ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ခန့်အပ်ထားတဲ့တာဝန်ရှိသူကလွဲပြီး စစ်သုံးပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားတာမလုပ်ဖို့ ချင်းကာကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) တူမီးတပ်ရင်းက (အောက်တိုဘာ ၂၀) ထုတ်ပြန်ပါတယ်။
ကျေးရွာတွေအတွင်းမှာ တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေရဲ့ အသက်စည်းစိမ်ဥစ္စာ လုံခြုံစေဖို့ရည်ရွယ်ပြီး အခုလိုလုပ်ဆောင်ရတာလို့ ပြောပါတယ်။
တားမြစ်ထားတဲ့ စစ်သုံးပစ္စည်းတွေထဲမှာ မောင်းပြန်ရိုင်ဖယ်အမျိုးမျိုး၊ စစ်သုံးကျည်၊ဆန်ပေါင်းစုံနဲ့ ဖော၊က်ခွဲရေးပစ္စည်းတွေပါဝင်ပါတယ်။
ထိန်းချုပ်နယ်မြေထဲမှာ စစ်သုံးဆက်စပ်ပစ္စည်းတွေကို တရားမဝင်အရောင်းဝယ်ပြုလုပ်သူနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်မဟုတ်ဘဲ လက်ဝယ်ထားရှိသူတွေကို အရေးယူမှုပြုလုပ်သွားမယ်လို့လည်း တူမီးတပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
========================
📌📌 ၄။ NCA ရှစ်နှစ်ပြည့် လက်၊နက်ကိုင် ၇ ဖွဲ့တက်၊ အဖွဲ့အားလုံး လက်မှတ်ထိုးဖို့ စစ်ခေါင်းဆောင်ဖိတ်ခေါ်ဟုဆို
NCA (Nationwide Ceasefire Agreement) သဘောတူစာချုပ်မှာ လက်ရှိအချိန်ထိ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဆယ်ဖွဲ့ရှိနေပြီး ကျန်တိုင်းရင်းသားအဖွဲ့အစည်းတွေလည်း NCA မှာ လက်မှတ်ရေးထိုးကြဖို့ ဖိတ်ခေါ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့ ကျရောက်တဲ့ NCA ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ပြောတာလို့ RFA Burmese သတင်းမှာ ဖော်ပြပါတယ်။
“လက်ရှိအချိန်ထိ NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆယ်ဖွဲ့ရှိပြီး ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ ကျန်တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးတည်ဆောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။” လို့ ဆိုပါတယ်။
တနိုင်ငံလုံး အပစ်ရပ် စာချုပ်မှာ KNU၊ KNU/KNLA-PC၊ DKBA၊ CNF၊ PNLO၊ ABSDF၊ ALP၊ RCSS၊ LDU နဲ့ NMSP တို့ လက်မှတ် ရေးထိုးထားကြတာပါ။
NCA ရှစ်နှစ်ပြည့်မှာ အပစ်ရပ်လက်မှတ်ရေးထိုးတဲ့ အဖွဲ့အများစု တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အပစ်ရပ်လက်မှတ်ထိုးတဲ့ (KNU)၊ (CNF) နဲ့ (ABSDF) တို့ကတော့ အာဏာသိမ်းကာလမှာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေပါတယ်။
စစ်တပ်က အာဏာသိမ်းမှုဖယ်ရှားပြီး နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတာကို အဆုံးသတ်ဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲတာအပါအဝင် ဘုံနိုင်ငံရေးရည်မှန်းချက် ၅ ရပ်ကို ချမှတ်လိုက်ပြီး စစ်ကောင်စီဘက်က ဒါတွေလက်မခံသရွေ့ ဘယ်လိုဆွေးနွေးပွဲမှ လုပ်မှာမဟုတ်ဘူးလို့လည်း ဒီအဖွဲ့ ၃ ဖွဲ့က အောက်တိုဘာ ၁၂ ရက်နေ့ရက်စွဲနဲ့ ဘုံသဘောထား ထုတ်ပြန်ကြေညာထားပါတယ်။
No comments:
Post a Comment