တောင်ကျိုးမြှင့်ဥပဒေရည်ရွယ်ချက်တွေကို ချိုးဖောက်နေကြတယ်လို တောင်သူများ သုံးသပ်လာ… မကြေးမုံ၊ (Radio NUG) အောက်တိုဘာ ၂၁၊ ၂၀၂၃


တောင်ကျိုးမြှင့်ဥပဒေရည်ရွယ်ချက်တွေကို ချိုးဖောက်နေကြတယ်လို တောင်သူများ သုံးသပ်လာ…
မကြေးမုံ၊ (Radio NUG) အောက်တိုဘာ ၂၁၊ ၂၀၂၃


၂၀၁၃ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီး ပွားမြှင့်တင်ရေးဥပဒေထုတ် ပြန်ခဲ့တာ ဆယ်နှစ်ပြည့်တဲ့နှစ်ပြည့်ပြီးတဲ့နောက် ဥပဒေအ ရဖွဲစည်းထားတဲ့ တောင်သူလယ်သ မားအ ခွင့် အရေး ကာကွယ်ရေးနဲ့ အကျိုးစီး ပွားမြှင့် တင်ရေးဦးဆောင်အဖွဲက တောင်သူ တွေရဲ့ အ ခွင့်အရေးကိုကာကွယ်တာမရှိတဲ့အပြင် အကျိုးစီးပွားဖြစ်ထွန်းအောင်လည်း ဆောင်ရွက် ပေးတာမရှိဘူးလိုပြောဆိုလိုက်တာပါ။ ဒီအကြောင်းကို ဧရာဝတီတိုင်းဒေသကြီးမှ စပါးစိုက်တောင်သူတစ်ဦးက အခုလိုပြောပါ တယ်။ 


 “လယ်ယာထွက်ကုန်များကိုလွတ်လပ်စွာသယ်ယူရောင်းချခွင့်တဲ့။ အဲ့ဒါအရမ်းကြီး အရေး ပါတဲ့ ကိစ္စဖြစ်နေတယ်။ အခုက။ အဲ့တော့တောင်သူလယ်သမားအကျိုးစီးပွားမြှင့် တင် ကာကွယ်ရေးဥပဒေမှာ ဒီအချက်ကြီးအဓိကပါနေရဲ့သားနဲ့အခုကျွန်တော်တိုလယ်  ယာ ထွက်ကုန်တွေကို လွတ်လွတ်လပ်လပ်မသယ်ယူရတဲ့အခြေအနေတွေဟာ ဒီအဖွဲ ကြီး ပေါ်ပေါက်ပြီးတော့ ဒီဥပဒေအတိုင်းမရတာလဲပေါ့နော်။ နောက်ပြီးတော့ ဒီချေးငွေနဲ့ ပတ် သက်ပြီးတော့ပြောချင်တယ်။ ချေးငွေနဲ့ပတ်သက်ပြီးတော့အခုဆန်စပါးအသင်းချုပ် က အနိမ့်ဆုံးကျွန်တော်တိုကို စိုက်ပျိုးစရိတ်က ခြောက်သိန်းခွဲကျော်ကျော်မှာ သူတိုလုပ် ထားတာရှိတယ်။ အဲ့တော့ အခုကျွန်တော်တို စိုက်ပျိုးရေးဘဏ်ကနေ တောင်သူ တစ်ဦး ကိုတစ်သိန်းခွဲနှုန်းနဲ့ထုတ်ချေးတာ၊ အဲ့တော့ငွေတစ်ဧကကိုအနိမ့်ဆုံး ကုန်ကျစ ရိတ်နဲ့ တွက်ချက်ပေးတာတောင် ငွေငါးသိန်းလောက်လိုအပ်နေတယ်။ အဲ့တော့ ရာသီ သီးနှံ ပေါ်လာတဲ့အခါကျတော့ လိုအပ်နေတဲ့ငွေငါးသိန်းကိုကျော်က အပြင်ကနေဆွဲထား လိုမ ဖြစ်မနေ တောင်သူမှာက ရောင်းရတော့မယ်။ အခုကဘယ်လိုမျိုးဖြစ်နေလဲဆိုတော့ ဘယ်လိုအဓိပ္ပါယ်နဲ့ပြောရမလဲဆိုရင် ကျွန်တေ်ာတိုတောင်သူရဲ့အဖြစ်က သမင်ကို ရိက္ခာ ဖြတ်ပြီး ကျားကိုအားတိုးဆေးကျွေးထားသလိုဖြစ်နေတယ်။ ဘာဖြစ်လိုလဲဆိုတော့ ကျွန် တော်တိုအမဲလိုက်ခံရတဲ့သမင်ကအားပြတ်နေတယ်။ ခြောက်သိန်းကျော် ခုနှစ် သိန်းပါတ်လည်လောက်မှာရှိတဲ့ ဆန်စပါးအသင်းချုပ်ကနေပြီး လယ်တစ်ဧကရဲ့ကုန်ကျ စရိတ်ကိုသူတိုရေးသွင်းပြီးထည့်ထားတဲ့နေရာမှာ လိုငွေတွေကအများကြီး။ အဲ့တော့ ပြောရရင် ကျွန်တော်တိုတောင်သူကိုတော့ ရိက္ခာဖြတ်ထားပြီးတော့ တကယ့် စက်ပိုင် တွေ ပြောရရင် ဆန်စပါးနဲ့ပတ်သက်ပြီးတော့ အထူးဝယ်ယူနေကြတဲ့သူတွေကတော့ချေး ငွေ အလုံအလောက်ရပြီးတော့ တောင်သူလယ်သမားကတော့ စပါးပေါ်တာနဲ့ မဖြစ်မနေ ရောင်းချရတဲ့အနေထားမျိုးဖြစ်နေတာပေါ့နော်” 


တောင်သူလယ်သမားအခွင့်ရေးကာကွယ်ရေးနဲ့အကျိူးစီးပွားမြှင့်တင်ရေးဥပဒေကို၂၀၁၃ခုနှစ်၊ အောက်တိုဘာလ ၈ရက်နေ့မှာ စတင်ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ပြဌာန်းပြီး နောက်တစ်နှစ်မှာ ဥပဒေကိုပြန်လည်ပြင်ဆင်ခဲ့ပြီး ၂၀၁၈ခုနှစ်မှာတော့ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်ထားပါတယ်။ ဥပဒေရဲ့ရည်ရွယ်ချက်မှာ တောင်သူများအရင်းအနှီးရရှိ ဖို ချေးငွေနဲ့ သွင်းအားစုတွေကိုအလွယ်တကူအခက်အခဲမရှိအောင်၊ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ဈေးကွက်ရရှိအောင်၊ လုပ်ကွက်ငယ်တောင်သူလယ်သမာရဲ့အခွင့်အရေးကို ကာကွယ်ဖိုနဲ့ အကျိုးစီးပွားမြင့်အောင်ဆောင်ရွက်ဖို၊ သဘာဝဘေးတွေကြုံလာတဲ့အခါ မှာကူညီဆောင်ရွက်ပေးဖိုပါဝင်ပါတယ်။ ဒီလုပ်ငန်းတွေကို အကောင်ထည်ဖော်ဖို ဦးဆောင်အဖွဲကို လယ်ဆည်၊ မွေးမြူရေးနဲ့ကျေးလက်ဖွံဖြိုးရေး၊ စီးပွားကူးသန်းဝန်ကြီး ဌာနတိုက ပြည်ထောင်စုအဆင့်ဝန်ကြီးတွေကဦးဆောင်ပြီး သက်ဆိုင်ရာအသင်းအဖွဲ တွေက ဦးဆောင်သူတွေနဲ့ဖွဲစည်းအကောင်ထည်ဖော်ဖို ပြဌာန်းထားပါတယ်။


 ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ကဦးဆောင်ကော်မတီကထုတ်ပြန်လိုက်တဲ့အခြေခံရည် ည်န်းစပါးဈေးက ထုတ်လုပ်မှုကုန်ကျစရိတ်အောက်များစွာလျော့နည်းနေတဲ့အတွက် ဒီအပေါ်မှာ တောင်သူလယ်သမားတွေက ဦးဆောင်ကော်မတီရဲ့ဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီးအခုလိုမေးခွန်းထုတ်လာကြတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး သွင်းအားစုတွေ ဈေးတွေကြီးမြင့်လာပြီး တောင်သူတွေက ဈေးကွက်ပေါက်ဈေး အတိုင်း ဝယ်ယူသုံးစွဲနေကြ ရပေမယ့် စပါးဈေးပေါ်ချိန်မှာတော့ စပါးဝယ်ယူနိုင်တဲ့အမြင့်ဆုံးဈေး ကို စစ်တပ်ကျောထောက်နောက်ခံဆန်စပါးအသင်းချုပ်က ဒေသအနှံကစပါးကုန်သည် ပွဲစားတွေကို စပါးဝယ်ယူနိုင်တဲ့အမြင့်ဆုံးဈေးကိုထုတ်ပြန်တာ၊ စပါးနယ်မကျော်ရကန့် သတ်ချက်တွေကြောင့် စပါးရောင်းချနိုင်တဲ့ဈေးကွက်ကျဉ်းမြောင်းလာတာတွေကိုအဆိုး ရွားဆုံးကြုံတွေ့လာကြရပါတယ်။ 


ဒီလိုအခြေအနေမှာတောင်သူလယ်သမားအခွင့်အ ရေးကာကွယ်ရေးနဲ့အကျိုးစီးပွားမြှှင့်တင်ရေးဦးဆောင်အဖွဲအနေနဲ့ တောင်သူ့အကျိုးကို ကာကွယ်ပြီးညှိနှိင်းဆောင်ရွက်တာတွေမရှိခဲ့ပါဘူး။ ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို စိုက်ပျိုးနည်းပညာမရရှိတာ၊ ဒေသနဲ့လိုက်လျောညီထွေဖြစ်ပေမယ့် စပါးမျိး သန့်စင်ပေးတာ၊ မျိုးပြောင်းလဲပေးတာမရှိတဲ့ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်စတဲံ တောင်ကုန်းတောင်တန်းဒေသတွေအပါအဝင် တစ်နိုင်ငံလုံးစပါးအထွက် နှုန်းက တစ်ဧ ကပျှမ်းမျှ ၆၅တင်း လောက်သာရှိပြီး စပါးတစ်ဧကကုန်ကျစရိတ်က ကျပ် ၇သိန်း ဝန်း ကျင်မှာရှိချိန်မှာ အခြေခံရည်ညွှန်းစပါးဈေးက တင်းတစ်ရာကို ကျပ်ခုနှစ်သိန်း ခွဲသတ် မှတ်တာက ထုတ်လုပ်မှုကုန်ကျစရိတ်အောက်များစွာကျဆင်းနေပြီး ဥပဒေပါ ရည်ရွယ် ချက်တွေကိုချိုးဖောက်နေတာဖြစ်ပါတယ်။ တောင်သူလယ်သမားအခွင့်အရေး ကာကွယ် ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်ကော်မတီမှာ ဝန်ကြီးဌာနတွေအပြင် အဓိက ပြောဆိုဆွေးနွေးသုံးသပ်ကြတာက ပုဂ္ဂလိကအသင်းအဖွဲတွေအများဆုံးပါဝင်နေ ကြပါ တယ်။ ဒီအခြေအနေကို ရန်ကုန်တောင်ပိုင်းခရိုင်မှ စပါးစိုက်ပျိုးသူတောင်သူတစ်ဦးကအ ခုလိုပြောပါတယ်။ 


“အမှန်တော့လေသူ့သမားစဉ်အတိုင်းလေ၊ တိုင်းကျော်ဘာညာတွေကို ဖွင့်ပေး လိုက်တာနဲ့ အလိုလို ဘယ်လိုခေါ်မလဲ ရိတ်ပြီးလိုထွက်တဲ့စပါးနဲ့ တောက်လျှောက်သွား နေရင် စပါးဈေးက လုံးဝမကျနိုင်ဘူး။ ငါထင်တာတော့ ဆန်စပါးအသင်းချုပ်က ကောင် တွေ သူတိုအကျိုးစီးပွားလောက်ပဲ သူတိုကြည့်တာလေ။ အဲ့တော့ သူတိုအကျိုး စီးပွား ကြည့်တဲ့အခါကတော့ သူတိုအကျိုးစီးပွားကျ ဟိုတစ်နှစ်က တရုတ်က စပါးတွေ ဝင်ဝယ် လို တိရစ္ဆာန်အစာ ဟိုလိုဖြစ်ပါတယ်၊ ဒီလိုဖြစ်ပါတယ်၊ ဖွဲနု၊ ဖွဲကြမ်း၊ ဇကွဲတွေဖြစ်တယ်၊ အဲ့လိုပိတ်လိုက်တဲ့အခါကျတော့နွေစပါးရာသီလည်းရောက်ရော၊ ဒီမှာတစ်ခါထဲ နွေစပါး ကိုလည်း သူတိုမဝယ်နိုင်တော့ဘူး။ စပါးတွေက တအားထွက်ပြီးဈေးတွေ စွတ်ကျ၊ အမှန် တော့သူတိုအဲ့လိုလုပ်တာပဲ။ဒီကောင်တွေအဲ့လိုလုပ်စားကြတာပဲ” တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ပြဌာန်းခဲ့တာက ဆယ်စုနှစ်တစ်ခုကြာရှိလာပေမယ့် ဥပဒေရဲ့အကျိုးခံစားခွင့်တွေကို တောင်သူတွေက မခံစားကြရတဲ့အပြင် ဥပဒေအရဖွဲစည်းထားတဲ့ ဦးဆောင်ကော်မတီ က ဥပေဒပါအချက်အလက်တွေကိုချိုးဖောက်နေတာဖြစ်လို တောင်သူတွေက ထောက် ပြပြောဆိုလိုက်တာပါ။

Share:

No comments:

Post a Comment