22nd OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ယခုတစ်ခေါက်နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်တောင်ပံတွေအမှောင်ခွင်းလို့ အလင်းဆောင်တော့မယ်လို့ဆို

📌 ၂။ မြန်မာပြည်သူများအနေဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီထံမှ လေးနက်ထိရောက်သော အရေးယူဆောင်ရွက်ချက်များကို အမှန်တကယ် မျှော်လင့်နေတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၃။၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] ဒုတိယအကြိမ်ဖြေဆိုခွင့်ကာလ အောက်တိုဘာလ (၃၁) ရက်နေ့"နောက်ဆုံးဖြစ်

📌 ၄။ Congressional Burma Caucus ဖွဲ့စည်းရေး အဆိုပြုချက်ကို ဆွေးနွေးခဲ့သော Burma/Myanmar အခမ်းအနား လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးတက်ရောက်

📌 ၅။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ အခြေခံပညာရေးဘုတ်အဖွဲ့များ၊ အခြေခံပညာရေးCDM နိုင်ငံ့ဝန်ထမ်းများ တွေ့ဆုံဆွေးနွေး

📌 ၆။ ချင်းပြည်နယ်ကန်ပက်လက်မြို့မှာ အကြမ်းဖက် စစ်တပ် တပ်စွဲထားသောနေရာများကို တပြိုက်နက်တည်းတိုက်ခိုက်ရာ စကစ၂ဦးသေ

📌 ၇။ ဖြူးမြို့နယ်အတွင်းစကစတပ်များရှိရာသို့ နှစ်ရက်တာတိုက်ခိုက်ခဲ့ရာ စကစတပ်က၁၁ဦးသေဆုံး

📌 ၈။ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ပျူရွာအထိုင်စခန်းတခုကို တော်လှန်ရေးအင်အားစုများ ဝင်ရောက်တိုက်ခိုက်ရာ ပျူများ (၁၀)ဦးခန့်နေရာတွင်ပွဲချင်းပြီးသေဆုံး

📌 ၉။ မုံရွာမြို့လူစည်ကားရာနေရာများ၌ ဘဏ္ဍာရေးစစ်မျက်နှာဖြစ်သည့် ဘူးသပိတ်လုပ်ရှားမှုဖော်ဆောင်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ယခုတစ်ခေါက်နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်တောင်ပံတွေအမှောင်ခွင်းလို့ အလင်းဆောင်တော့မယ်လို့ဆို


အောက်တိုဘာ၂၁။

ယခုတစ်ခေါက်နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ် တောင်ပံတွေအမှောင်ခွင်းလို့ အလင်းဆောင်တော့မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဆိုပါတယ်။


"တချို့က တောင်ပံကျိုး၊ တချို့က အမှောင်လျှိုးလို့ပေါ့ဆိုတဲ့ ထောင်ကျဖော် အမှုတွဲ သူငယ်ချင်းရဲ့ ကဗျာထဲက စာသားလေး နှစ်ပေါင်း ၂၀ ကျော် ၂၅ ကြာကာလကပေါ့။ ဒါပေမယ့် ဒီတခါတော့ ဖက်ဒရယ် တောင်ပံတွေက အမှောင်ခွင်းလို့ အလင်းဆောင်တော့မယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ စစ်ရေး၊ နိုင်ငံရေးများကိုပူးတွဲဆောင်ရွက်နေပြီးတော့ ဖက်ဒရယ်ချာတာအတိုင်းလျှောက်လှမ်းလျက်ရှိပါတယ်။


========================


📌📌 ၂။ မြန်မာပြည်သူများအနေဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီထံမှ လေးနက်ထိရောက်သော အရေးယူဆောင်ရွက်ချက်များကို အမှန်တကယ် မျှော်လင့်နေတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


အောက်တိုဘာ၂၁။

မြန်မာပြည်သူများအနေဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီထံမှ လေးနက်ထိရောက်သော အရေးယူဆောင်ရွက်ချက်များကို အမှန်တကယ် မျှော်လင့်နေတယ်လို့ ကုလသမဂ္ဂ မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။


အောက်တိုဘာ၂၀ရက်မှာ ကျင်းပတဲ့ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ကွပ်မျက်ခြင်းဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။


"မြန်မာပြည်သူများအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်း၊ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီထံမှ လေးနက်ထိရောက်သော အရေးယူဆောင်ရွက်ချက်များကို အမှန်တကယ် မျှော်လင့်ပါကြောင်း၊ သို့ရာတွင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်စေနိုင်မည့် ထိရောက်သော အရေးယူဆောင်ရွက်ချက် မရှိသေးကြောင်း၊ ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများအပေါ် တာဝန်မပျက်ကွက်သင့်ပါကြောင်း"သံအမတ်ကြီးကပြောပါတယ်။


လွန်ခဲ့သော (၃၂) လအတွင်း၌ စစ်တပ်သည် တရားလက်လွတ် သတ်ဖြတ်ခြင်းများ၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် လူ့အခွင့်အရေးအား အလွန်အမင်းနှင့် စနစ်တကျ ချိုးဖောက်ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ဒီမိုကရေစီအရေး တက်ကြွစွာ လှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် လူငယ်လူရွယ်များကို ဥပဒေမဲ့ ကွပ်မျက်ခဲ့ကြောင်း၊ ထိုသို့ စစ်တပ်မှ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ အတင်းအကြပ် ပျောက်ကွယ်စေခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် သတင်းထောက်များ၏ အသံများလည်း ဆိတ်သုဉ်းနေရကြောင်း သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] ဒုတိယအကြိမ်ဖြေဆိုခွင့်ကာလ အောက်တိုဘာလ (၃၁) ရက်နေ့"နောက်ဆုံးဖြစ်


အောက်တိုဘာ၂၁။

"၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] ဒုတိယအကြိမ်ဖြေဆိုခွင့်ကာလ အောက်တိုဘာလ (၃၁) ရက်နေ့"နောက်ဆုံးဖြစ်တယ်လို့ အောက်တိုဘာ၂၁ရက်မှာ NUGပညာရေးဝန်ကြီးဌာနကအသိပေးဆိုပါတယ်။


"၂၀၂၃ ခုနှစ်၊ ဩဂုတ်လ () ရက်နေ့က စတင်ဖွင့်လှစ်‌ပေးထားခဲ့သည့် ''အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA)'' ဒုတိယအကြိမ် ဖြေဆိုခွင့်ကာလသည် လာမည့် "၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့" တွင် သုံးလတာ‌ဖြေဆိုခွင့်သတ်မှတ်ကာလပြည့်ပြီဖြစ်ပါသောကြောင့် ဒုတိယအကြိမ် ဖြေဆိုနိုင်ခွင့် ရပ်ဆိုင်းရန် အချိန် "(၁၀)ရက်" သာ ကျန်ရှိတော့ပါကြောင်းBECA ဖြေဆိုရန် စာရင်းတင်သွင်းထားကြသည့် ပြည်သူ့ကျောင်းသား၊ ကျောင်းသူများ သတိပြုမိနိုင်ရန် ထပ်မံအသိပေးနှိုးဆော်အပ်ပါတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ကျင်းပခဲ့ပြီး ဖေဖော်ဝါရီလတွင်တစ်ကြိမ်၊ သြဂုတ်လတွင်တစ်ကြိမ်ကျင်းပခဲ့ပါတယ်။


အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဟာ ယခင် ဒသမတန်း (စနစ်ဟောင်း) သင်ရိုးညွှန်းတမ်းကို အခြေခံမည် ဖြစ်သော်လည်း အလွတ်ကျက်မှတ်မှုကို အားပေးသော မေးခွန်းများအစား ကျောင်းသားကျောင်းသူများ၏ ဘာသာရပ်ဆိုင်ရာ - သိရှိနားလည်သဘောပေါက်မှု (Knowledge and Understanding) ခွဲခြမ်းစိတ်ဖြာ သုံးသပ်၍ အသုံးချနိုင်မှု (Application and Analysis) လက်တွေ့ဘဝနှင့် ဆက်စပ်ပြီး ပြဿနာများကို တီထွင်ဖန်တီးဖြေရှင်းနိုင်မှု (Creative Problem-solving) တို့ကို စစ်ဆေးအကဲဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၄။ Congressional Burma Caucus ဖွဲ့စည်းရေး အဆိုပြုချက်ကို ဆွေးနွေးခဲ့သော Burma/Myanmar အခမ်းအနား လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးတက်ရောက်


Congressional Burma Caucus ဖွဲ့စည်းရေး အဆိုပြုချက်ကို ဆွေးနွေးခဲ့သော Burma/Myanmar အခမ်းအနား လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက်ခဲ့ပါတယ်။


"၂၀၂၃ခုနှစ် အောက်တိုဘာလ ၁၉ရက်နေ့တွင် Prolegis DC ကျင်းပသော Congressional Burma Caucus ဖွဲ့စည်းရေး အဆိုပြုချက်ကို ဆွေးနွေးခဲ့သော Burma/Myanmar အခမ်းအနားတွင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်"လို့ဆိုပါတယ်။


အောက်တိုဘာလအတွင်းမှာပဲ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဟာ ကုလသမဂ္ဂဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီးနှင့် ဒုတိယအမြဲတမ်း ကိုယ်စားလှယ် H.E Richard Arbeiter နဲ့ နယူးယောက်မြို့ ကနေဒါသံရုံးမှာ တွေ့ဆုံပြီး မြန်မာပြည်ရဲ့ လူအခွင့်ရေးအခြေအနေ လူသားချင်းစာနာမှုအကူအညီလိုအပ်နေမှုအခြေအနေ ရိုဟင်ဂျာတွေရဲ့အခြေအနေများနှင့် မကြာသေးခင်က လိုင်ဇာမှာ စစ်ဘေးရှောင်စခန်းကို ဝေဟင်က ပစ်ခတ်တိုက်ခိုက်မှုအပါအဝင် စစ်တပ်က ပြည်သူတွေအပေါ် ဆက်လက် ကျုးလွန်လျက်ရှိတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် အပြစ်ပေးအရေးယူရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၅။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ အခြေခံပညာရေးဘုတ်အဖွဲ့များ၊ အခြေခံပညာရေးCDM နိုင်ငံ့ဝန်ထမ်းများ တွေ့ဆုံဆွေးနွေး


အောက်တိုဘာ ၂၁။ 

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားပြုကော်မတီသည် စစ်ကိုင်းတိုင်းအတွင်းရှိ အခြေခံပညာရေးဘုတ်အဖွဲ့များ၊ အခြေခံပညာရေးCDM နိုင်ငံ့ဝန်ထမ်းများနှင့်  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၁ရက်နေ့ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ၏ ဥက္ကဌ ဦးမြင့်ထွေး နှင့် တိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါတယ်။


ထို့နောက်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH)ဥက္ကဌမှ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ ရှေ့လုပ်ငန်းစဥ်များ၊ လွှတ်တော်၏ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဉ်များ ဖက်ဒရယ်ယူနစ်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


တက်ရောက်လာသော အခြေခံပညာရေးCDMနိုင်ငံ့ဝန်ထမ်းများဘက်မှလည်း ဖက်ဒရယ်ပညာရေးဆိုင်ရာပြင်ဆင်မှုများ၊ လက်ရှိဆောင်ရွက်နေမှုများတွင် စိန်ခေါ်မှုများနှင့် အကြံပြုချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး နေ့လည် ၁၆း၀၀နာရီတွင်အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါတယ်။


========================


📌📌 ၆။ ချင်းပြည်နယ်ကန်ပက်လက်မြို့မှာ အကြမ်းဖက် စစ်တပ် တပ်စွဲထားသောနေရာများကို တပြိုက်နက်တည်းတိုက်ခိုက်ရာ စကစ၂ဦးသေ


အောက်တိုဘာ၂၁။

ချင်းပြည်နယ်ကန်ပက်လက်မြို့မှာ အကြမ်းဖက် စစ်တပ် တပ်စွဲထားသောနေရာများကို တပြိုက်နက်တည်းတိုက်ခိုက်ရာ စကစ၂ဦးသေဆုံးခဲ့တယ်လို့ အောက်တိုဘာလ ၂၀ ရက်နေ့မနက်ပိုင်းမှာ CDFကန်ပက်လက်က အတည်ပြုပါတယ်။


အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက် နာရီခန့် စတင်ကာ နံနက် ၁၁ နာရီအထိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ..က ကျောင်း၊ ရန်အောင်စေတီနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ကို CDF-Kanpetlet တပ်ဖွဲ့က စစ်ကြောင်း ကြောင်းခွဲကာတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။


ပစ်ခတ်မှုမှာ အကြမ်းဖက် စစ်တပ်ဘက်မှ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာ ရရှိသူ များပြားခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ ဖြူးမြို့နယ်အတွင်းစကစတပ်များရှိရာသို့ နှစ်ရက်တာတိုက်ခိုက်ခဲ့ရာ စကစတပ်က၁၁ဦးသေဆုံး


အောက်တိုဘာ၂၁။

ဖြူးမြို့နယ်အတွင်းစကစတပ်များရှိရာသို့ နှစ်ရက်တာတိုက်ခိုက်ခဲ့ရာ စကစတပ်က ၁၁ဦးသေဆုံးခဲ့တယ်လို့ အောက်တိုဘာ၂၁ရက်မှာ စစ်ရေးသတင်းကို အထူးကွန်မန်ဒိုတပ်ရင်းရိုးမစစ်ကြောင်း ၂ကအတည်ပြုပါတယ်။


အောက်တိုဘာ၁၉ရက် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် လေးအိမ်စုကျေးရွာထဲသို့ အကြမ်းဖက်စစ်ကောင်စီများ ဝင်ရောက်နေထိုင်အခြေပြုသည်ကို သိရသဖြင့် မိမိတို့ရိုးမ စစ်ကြောင်း() နှင့် ပူးပေါင်းအဖွဲ့တို့ ဒရုန်းဗုံးဖြင့် မွန်းလွဲ  ၂နာရီ ၃၇မိနစ် အချိန်ခန့်တွင် တစ်ကြိမ်၊ ညနေ နာရီ အချိန်ခန့်တွင်တစ်ကြိမ် စုစုပေါင်း ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ရန်သူ၄ ဦးသေဆုံးပြီး ဒဏ်ရာရများပြားစွာရှိခဲ့တယ်လို့ဆိုပါတယ်။


အောက်တိုဘာ၂၀ရက်နေ့ကလည်းအကြမ်းဖက်စစ်‌‌ကောင်စီဘက်မှ အခိုင်အမာတပ်စွဲထားသည့် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် အုတ်ဖြတ်တံတားဘေးရှိ ရန်သူ့စခန်းတည်နေရာသို့ မိမိတို့ရိုမစစ်ကြောင်း() နှင့်ပူး‌ပေါင်းအ‌ဖွဲ့တို့ နာရီ ၃၀မိနစ် အချိန်ခန့် ဒရုန်းဗုံးသီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။


ထိုတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းအရ အတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ပျူရွာအထိုင်စခန်းတခုကို တော်လှန်ရေးအင်အားစုများ ဝင်ရောက်တိုက်ခိုက်ရာ ပျူများ (၁၀)ဦးခန့်နေရာတွင်ပွဲချင်းပြီးသေဆုံး


အောက်တိုဘာ၂၁။

ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ပျူရွာအထိုင်စခန်းတခုကို တော်လှန်ရေးအင်အားစုများ ဝင်ရောက်တိုက်ခိုက်ရာ ပျူများ (၁၀)ဦးခန့်နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ အောက်တိုဘာ၂၁ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကအသိပေးဆိုပါတယ်။


"အောက်တိုဘာ(၂၁)ရက်နံနက် နာရီ၃၀ မိနစ်အချိန်ခန့်တွင်ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ ယောကျေး ရွာပျူအထိုင်စခန်းအား Kanbalu-Underground Warriors အဖွဲ့နှင့် ဒေသခံတော်လှန်ရေးအင်အားစုများမှ လက်နက်ငယ်များဖြင့် ပြောက်ကျားဝင်ရောက်တိုက်ခိုက်ရာ ပျူ (၁၀)ဦးခန့်နေရာတွင်ပွဲချင်းပြီးသေဆုံး၍ ပျူအများအပြားမှာ ဒဏ်ရာများဖြင့် ထွက်ပြေးတိမ်ရှောင်ခဲ့ရသည်ဟု Kanbalu Underground Warriors အဖွဲ့တာဝန်ရှိသူတစ်ဦးထံမှ တဆင့်သိရတယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုမှာတော်လှန်ရေးအင်အားစုတွေအထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၉။ မုံရွာမြို့လူစည်ကားရာနေရာများ၌ ဘဏ္ဍာရေးစစ်မျက်နှာဖြစ်သည့် ဘူးသပိတ်လုပ်ရှားမှုဖော်ဆောင်ခဲ့


အောက်တိုဘာ၂၁။ 

အောက်တိုဘာ၂၁ရက်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မုံရွာမြို့လူစည်ကားရာနေရာများ၌ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး ဘူးသပိတ်ဖော်ဆောင်ခဲ့တယ်လို့သိရပါတယ်။


"နွေဦးတော်လှန်ရေးရဲ့ ထောက်တိုင်ဖြစ်သော စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသည်လည်း အလွန်အရေးပါလှပါတယ်။ စစ်တပ်ကို ဝင်ငွေရစေမည့် စစ်တပ်ထုတ်ကုန်များကိုမသုံးစွဲဖို့အရေးကြီးပါတယ်။ ပြည်သူများအားလုံးအနေနဲ့ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး ဘူးသပိတ်မှာပါဝင်ကြဖို့တောင်းဆိုလိုပါတယ်"လို့ဆိုပါတယ်။


ထို့အပြင် နွေဦးတော်လှန်ရေးရဲ့ နွေဦးဘဏ်နင့်ချိတ်ဆက်အလုပ်လုပ်ကြဖို့ တောင်းဆိုအပ်ပါတယ်လို့ဆိုပါတယ်။


"ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်"ဖို့"ရွှေမန်းသူ ၊ရှမ်းမလေး၊ ရွေမြိုင်သူ၊ ပုသိမ်သူ၊ သန်မြန်သူ" ကားမစီးဖို့"မြန်မာ ဘီယာ"မသောက်ဖို့၊ ဒဂုံ တံဆိပ်(Dagon) အရက် ၊အချိုရည်၊ ဘီယာ" မသုံးဖို့လိုအပ်တယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment