22nd OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီကို အကျိုးဖြစ်စေမယ့် ကြားဝင်စေ့စပ်မှု မလုပ်ရန် အပါအဝင် အချက် ၁၀ချက်ပါ ပန်ကြားချက် NUCC NUG နှင့်တော်လှန်ရေးအင်အားစုများက EUထံ ပေးပို့

📌 ၂။ အကြမ်းဖက်စစ်တပ်၏ စစ်ရာဇဝတ်မှုများ၊အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့်ဥပဒေမဲ့ ကွက်မျက်စီရင်မှုများနှင့် ပတ်သက်၍ သက်သေခိုင်လုံသော်လည်း ကုလသမဂ္ဂအနေဖြင့် အရေးယူရန်ပျက်ကွက်နေဆဲဟု ဦးကျော်မိုးထွန်း ပြောကြား

📌 ၃။ မိုးကုတ်နှင့်နမ့်ခမ်းတွင်ဖြစ်ခဲ့သောတိုက်ပွဲ၌ စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိဟု TNLA အသိပေး

📌 ၄။ ကချင်နဲ့ရှမ်းမြောက်မှာ သုံးရက်အတွင်း စစ်ကောင်စီစခန်း လေးခုသိမ်းပိုက်ခံခဲ့ရ

📌 ၅။ ရွာငံတွင် ခရိုင်ရဲမှူးပါလာသောယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု တဦးသေဆုံးပြီး ရဲမှူးအပါအဝင် ဦး ဒဏ်ရာရ

📌 ၆။ အကြမ်းဖက်စစ်ကောင်စီကို ဆက်လက်မထောက်ပံဖို့ စင်ကာပူအစိုးရကို တောင်းဆိုတဲ့ လူထုလှုပ်ရှားမှု လုပ်ဆောင်မည်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီကို အကျိုးဖြစ်စေမယ့် ကြားဝင်စေ့စပ်မှု မလုပ်ရန် အပါအဝင် အချက် ၁၀ချက်ပါ ပန်ကြားချက် NUCC NUG နှင့်တော်လှန်ရေးအင်အားစုများက EUထံ ပေးပို့


အောက်တိုဘာ ၂၂။


အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အမျိုးသားညွတ်ရေးအစိုးရ (NUG) တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs) နဲ့ နွေဦးတော်လှန်ရေး အင်အားစုများက ဥရောပသမဂ္ဂ (EU) နဲ့ အဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုချက် ၁၀ ချက်ပါ ပရာ့ဂ်ပန်ကြားချက် ပေးပို့လိုက်ပါတယ်။


အဆိုပါ ပန်ကြားချက်မှာ မြန်မာပြည်သူလူထုရဲ့ မိမိတို့ကိုယ်တိုင်နဲ့ မိမိတို့ရဲ့လွတ်လပ်မှုကို ကာကွယ်စောင့်ရှောက်မယ့် ဆုံးဖြတ်ချက်ကို လေးစားဖို့နဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခေါင်းမာမှုကို အကျိုးဖြစ်စေမယ့် ကိုယ့်သဘောနဲ့ကိုယ် ကြားဝင်စေ့စပ် ညှိနှိုင်းဆွေးနွေးမှုများကို မပြုလုပ်ကြဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။


NUG ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ပရာ့ဂ် မြို့မှာ ကျင်းပတဲ့ Forum 2000 ဆွေးနွေးပွဲကို တက်ရောက်ခဲ့ရာမှာ ဝန်ကြီး ဒေါ်ဇင်မာအောင်က ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ ၎င်းပရာ့ဂ်ပန်ကြားချက်ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။


ပရာ့ဂ်ပန်ကြားချက်ရဲ့ ထင်ရှားသော အချက်များမှာညီညွတ်သော တော်လှန်ရေး အင်အားစုများဟာ စည်းလုံးညီညွတ်သော ဒီမိုကရက်တစ်ဖက်ဒရယ် စုပေါင်းအင်အားစုအဖြစ် အတူတကွ ပုံဖော်ခဲ့ကြပြီး နယ်မြေစိုးမိုး ထိန်းချုပ်မှုကို တိုးမြှင့်ချဲ့ထွင်နိုင် လျက်ရှိနေကြကြောင်း၊ ယခုအချိန်ဟာ အပစ်အခတ်ရပ်စဲရေး၊ စေ့စပ်ညှိနှိုင်းရေး သို့မဟုတ် ညှိနှိုင်းဖြေရှင်းရမယ့် အချိန် မဟုတ်ကြောင်း၊ ယခုအချိန်ဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပရမယ့် ကာလမျိုးလည်း မဟုတ်ကြောင်းရှင်းလင်းစွာ ဖော်ပြထုတ်ပြန်ခြင်း ဖြစ်တယ်လို့ အသိပေးထားပါတယ်။


ထို့အပြင် မြန်မာ နိုင်ငံအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူအားလုံးထံ လူသားစာနာ အကူအညီများ ပံပိုးပေးနိုင်ရန်နှင့် အကြမ်းဖက် စစ်တပ်နှင့် ပတ်သက်ဆက်စပ်နေသော လုပ်ငန်းစုများ၊ ငွေကြေးအဖွဲ့အစည်းများ ကုမ္ပဏီများကို ထိရောက်သော အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်ရန် ကိုလည်း တောင်းဆိုထားပါတယ်။


အာဏာရှင်စနစ်ကို အနိုင်တိုက်ထုတ်ပြီးသည်နှင့် တပြိုင်နက် အင်အားစုများအကြား အသွင်ကူးပြောင်းရေးကာလ အစိုးရတစ်ရပ်ကို ထူထောင်ပြီး မြန်မာနိုင်ငံရှိ အစုအဖွဲ့များနဲ့ လူမျိုးစုများ အားလုံးပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်ကို စတင်ကာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ လုပ်ငန်းစဉ်ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း အတိအလင်း ထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်၏ စစ်ရာဇဝတ်မှုများ၊အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့်ဥပဒေမဲ့ ကွက်မျက်စီရင်မှုများနှင့် ပတ်သက်၍ သက်သေခိုင်လုံသော်လည်း ကုလသမဂ္ဂအနေဖြင့် အရေးယူရန်ပျက်ကွက်နေဆဲဟု ဦးကျော်မိုးထွန်း ပြောကြား


မြန်မာနိုင်ငံမှာ အာဏာလုယူထားတဲ့အကြမ်းဖက်စစ်တပ်က ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့်ဥပဒေမဲ့ကွက်မျက်စီရင်မှုများ စတဲ့ လူသားမျိုးနွယ်တွေအပေါ် ထပ်တလဲလဲကျူးလွန်နေတာတွေနဲ့ ပတ်သတ်လို့ သက်သေခိုင်လုံစွာနဲ့ မှတ်တမ်းပြုစုထားပြီးဖြစ်ပေမယ့် ကုလသမဂ္ဂအနေနဲ့ အရေးယူဖို့ တာဝန်ပျက်ကွက် နေတယ်လို့ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။


အောက်တိုဘာလ ၂ဝ ရက်နေ့က နယူးယော့က်မြို့မှာကျင်းပနေတဲ့ ၇၈ ကြမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ လူမှုရေး၊လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ) မှာ တရားလက်လွတ်၊ အကျဉ်းချ သို့မဟုတ် ဥပဒေမဲ့ကွက်မျက်ခြင်းဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနဲ့ အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်မှာ မြန်မာ သံအမတ်ကြီးက ထောက်ပြပြောဆိုလိုက်တာ ဖြစ်ပါတယ်။ 

လွန်ခဲ့သော ၃၂ လအတွင်း စစ်တပ်က တရားလက်လွတ်သတ်ဖြတ်ခြင်းများ၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ လူ့အခွင့်အရေးတွေ အလွန်အမင်းနဲ့ စနစ်တကျ ချိုးဖောက်ခြင်းများ ကျူးလွန်ခဲ့ကြောင်း၊ ဒီမိုကရေစီအရေး တက်ကြွစွာလှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနဲ့ လူငယ်လူရွယ်များကို ဥပဒေမဲ့ကွပ်မျက်ခဲ့ကြောင်း၊ ထိုသို့ စစ်တပ်က မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ အတင်းအကြပ်ပျောက်ကွယ်စေခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိတဲ့အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် သတင်းထောက်များ၏အသံများလည်း ဆိတ်သုဉ်းခဲ့ရ တယ်လို့လည်း ပြောဆိုဆွေးနွေးခဲ့ပါတယ်။ 

အထူးသဖြင့် စစ်တပ်က ထပ်တလဲလဲကျူးလွန်နေတဲ့ ထိတ်လန့်ဖွယ်ကောင်းတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့် ဥပဒေမဲ့ကွပ်မျက်စီရင်ခြင်းများအပါအဝင် နိုင်ငံတကာ ပြစ်မှုများကို ကုလသမဂ္ဂယန္တရားကလည်း သက်သေအထောက်အထား အခိုင်အလုံနဲ့ မှတ်တမ်းပြုစုထားပြီးဖြစ်ပေမယ့် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်တန့်သွားစေနိုင်တဲ့ ထိရောက်တဲ့အရေးယူမှုတွေ မရှိသေးလူးလို့ ဦးကျော်မိုးထွန်းက ထောက်ပြသွားခဲ့ပါတယ်။ 

မြန်မာပြည်သူတွေနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်း အထူးသဖြင့် ကုလသမဂ္ဂလုံခြံရေးကောင်စီကနေ လေးနက်ထိရောက် တဲ့ အရေးယူဆောင်ရွက်မှုတွေကို မျှော်လင့်နေတာဖြစ်တဲ့အတွက် မြန်မာပြည်သူတွေအပေါ် တာဝန်မပျက်ကွက်သင့် ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။


========================


📌📌 ၃။ မိုးကုတ်နှင့်နမ့်ခမ်းတွင်ဖြစ်ခဲ့သောတိုက်ပွဲ၌ စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိဟု TNLA အသိပေး


တအာင်းပြည်နယ် တပ်မဟာ- စစ်ဒေသဖြစ်တဲ့ မိုးကုတ်နဲ့ တပ်မဟာ- စစ်ဒေသဖြစ်တဲ့ နမ့်ခမ်းမြို့နယ်တို့မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲ့ယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့ တရက်တည်းမှာ တိုက်ပွဲ နေရာဖြစ်ခဲ့တာနဲ့ပတ်သက်လို့ TNLA ဘက်က အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့ မနက် ၁ဝ နာရီ ဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ် စကခ- လက်အောက်က ခမရ ၄၂၇ တပ်က စစ်ကောင်စီတပ်ဖွဲ့ဟာ ပန်ဟန်ကြီးကျေးရွာဘက်နေ ထိုးစစ်ဆင်လာခဲ့တာမှာ နယ်မြေလုံ ခြုံရေးဆောင်ရွက်နေတဲ့ တအာင်းတပ်မတော်- PSLF/TNLA တို့ စယ်လယ်ကျေးရွာနဲ့ ဖာပြန်ကျေးရွာကြားမှာ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

ညနေ နာရီအထိကြာမြင့်ခဲ့တဲ့အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက အလောင်းတလောင်း၊ လက်ထောက် တလက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ဒါအပြင် တပ်မဟာ- စစ်ဒေသဖြစ်တဲ့ မိုးကုတ်မြို့နယ်မှာလည်း အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ နာရီ ဝန်းကျင်မှာ တပ်မ၄၄ လက်အောက်ခံ ခလရ-၁ဝ၂၊၁ဝ၄ လပခ/ခလရ-၈၈ တို့ပါတဲ့ စစ်ကောင်စီတပ်တွေနဲ့ TNLA တို့ အထက်ညောင်ကုန်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ညနေ နာရီ မိနစ် ၂ဝ အချိန်မှာလည်း အောက်ညောင်ကုန်ရွာကနေ ထိုးစစင်ဆင် လာတဲ့အတွက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တာရှိခဲ့ပြီး စစ်တပ်ဘက်က အရာရှိအပါအဝင် ထိခိုက် ကျတုံးမှုတွေများခဲ့တယ်လို့ အသိပေးထားပါတယ်။

မိုးကုတ်မြို့နယ်အတွင်းဖြစ်ခဲ့တဲ့တိုက်ပွဲမှာဆိုရင် အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဖြူရောင်ကနေပြီး တိုက်ပွဲဖြစ်ရာ အထက်ညောင်ကုန်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ ၃၆ လုံးပစ်ခတ်ခဲ့ပြီး မူဆယ်မြို့နယ် တီမားရွာအနီးနဲ့ လွယ်မောက်တောင်ဘက်ကို နမ့်ဖက်ကာတပ်က လက်နက်ကြီး လုံးပစ်ခတ်ခဲ့တဲ့အပြင် ညနေ နာရီလောက်မှာလည်း ဂျက်လေယာဉ် ၂စင်းနဲ့ ဗုံး ၈လုံး လာကြဲခဲ့တယ်လို့ TNLA က ထုတ်ပြန်ထား ပါတယ်။

ဒီလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အထက်ညောင်ကုန်းကျေးရွာက ဒေသခံနေအိမ် ၁ဝ လုံးထက် မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလထဲမှာဆိုရင် စစ်ကောင်စီတပ်တွေနဲ့ တအာင်းတပ်မတော် PSLF/TNLA တို့ကြား တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးထံက သိရပါတယ်။


========================


📌📌 ၄။ ကချင်နဲ့ရှမ်းမြောက်မှာ သုံးရက်အတွင်း စစ်ကောင်စီစခန်း လေးခုသိမ်းပိုက်ခံခဲ့ရ


အောက်တိုဘာ ၂၂။


ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းလေးခုကို KIA တပ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။


KIA အပါအဝင် ကာကွယ်ရေးပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၈ ရက်ကနေ ၂၀ ရက် အထိ သုံးရက်အတွင်း တရုတ်-မြန်မာ နယ်စပ်တလျှောက်က ချင်ပြည်နယ် ရွှေကူ၊ မိုးမောက် မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ပန်‌ဆိုင်းမြို့နယ် မုံးကိုးဒေသ တို့ရှိ စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။


KIA က သုံးရက်အတွင်း သိမ်းပိုက်ခဲ့တဲ့ အဲဒီစခန်းသိမ်း တိုက်ပွဲတွေ အတွင်းမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ရာဂဏန်းနီးပါး ရှိနိုင်ပြီး လက်နက်ကြီး၊ လက်နက်ငယ် အပါအဝင် လက်နက်ပေါင်း ရာချီ သိမ်းဆည်းရမိခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။


နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီ ဘက်ကရော KIA ဘက်ကပါထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့သိရပေမယ့် အသေးစိတ်အခြေအနေတွေကို တော့မသိရသေးပါဘူး။


KIA နဲ့ ရွှေကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Shwegu KPDF) တို့ဟာ ရွှေကူ - ဗန်းမော် ကားလမ်းဘေး၊ ဘတ်ကြီးရွာအနီးက တာဝန်တိုင်စခန်းကုန်းလို့ခေါ်တဲ့ ခမရ(၆၀၂) ရှေ့တန်းစခန်းနဲ့ ခလရ(၅၆) ဌာနချုပ် လုံခြုံရေးစခန်း တို့ကို အောက်တိုဘာလ ၁၈ ရက်က သိမ်းပိုက်ခဲ့ပါတယ်။


ဒါ့အပြင် အောက်တိုဘာလ ၁၉ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသမှာ ရှိတဲ့ ဝိန်းလားတောင် (နမ့်ကွတ်) စစ်ကောင်စီတပ်စခန်းကို KIA က သိမ်းပိုက်ခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်ကလည်း မြစ်ကြီးနား - ဗန်းမော် ကားလမ်းဘေး၊ မိုးမောက်မြို့နယ် လိုင်လွန့်အောင်ဂျာ တပ်စခန်း ကို သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။


အဲဒီလို အထိုင်တပ်စခန်း၊ ရှေ့တန်းစခန်းတွေ သိမ်း ပိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ မူဆယ်မြို့နယ်ထဲက KIA တပ်မဟာ ဌာနချုုပ်ကို လက်နက်ကြီး၊ တိုက်လေယာဉ်တွေနဲ့ မနေ့ကနေ ဒီကနေ့အထိ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။


လသားအရွယ် ကလေးငယ်တွေ အပါအဝင် အရပ်သား ၂၉ ဦး သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရခဲ့တဲ့ လိုင်ဇာမြို့နယ် မုန်လိုင်ခက် စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှု အပြီးမှာ လိုင်ဇာအနီးဝန်းကျင် ဒေသတွေအတွင်း KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။


========================


📌📌 ၅။ ရွာငံတွင် ခရိုင်ရဲမှူးပါလာသောယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု တဦးသေဆုံးပြီး ရဲမှူးအပါအဝင် ဦး ဒဏ်ရာရ


ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှာ ခရိုင်ရဲတပ်ဖွဲ့မှူးလိုက်ပါလာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာ တဦးသေဆုံးပြီး ခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် ဦး ပြင်ထန်ဒဏ်ရာ ရရှိသွားတယ်လို့ ဓနုလွတ်မြောက်ရေးတပ်ဦး-DPLF က ပြောပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ မနက် နာရီခန့်အချိန်က ရွာငံမြို့နယ် ယုံဗွေကွမ်းသီးခြံမှာအထိုင်ချပြီး ပြန်လာတဲ့ ယာဉ်တန်းကို ရေဦးလမ်းမကြီးတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးခဲ့ပြီး တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် ဦးကတော့ ပြင်းထန်ဒဏ်ရာတွေရရှိသွားတယ်လို့လည်း သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပြီးတဲ့နောက် စစ်ကောင်စီအဖွဲ့က ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်ပြီး ရေဦးလမ်းမ ကြီးကို ပိတ်ဆို့စစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေတာကြောင့် ဓနုဒေသမှာနေထိုင်ကြတဲ့ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေရှိတဲ့နေရာတွေကို ရှောင်ရှားသွားလာကြဖို့ ဓနုလွတ်မြောက်ရေးတပ်ဦး-DPLF က အသိပေးထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာငံမြို့နယ်မှာရှိတဲ့ ယုံဗွေကွမ်းသီးခြံမှာ အခြေချတပ်စွဲနေတာ လခန့်ရှိနေပြီး ရေဦးလမ်းမကြီးအတိုင်း သွားလာလှုပ်ရှားနေတဲ့အတွက် DPLF က အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်ကောင်စီကို ဆက်လက်မထောက်ပံဖို့ စင်ကာပူအစိုးရကို တောင်းဆိုတဲ့ လူထုလှုပ်ရှားမှု လုပ်ဆောင်မည်


အောက်တိုဘာ ၂၂။


စင်ကပူ အခြေစိုက် ကုမ္ပဏီတွေ အနေနဲ့ စစ်ကောင်စီကို လက်နက်ဝယ်ယူ ပေးနေတာတွေနဲ့ ငွေကြေး စီးဆင်းမှုတွေမှာ ကူညီပေးနေတာတွေကို တားဆီးပေးဖို့ စင်ကာပူ အစိုးရကို တောင်းဆိုတဲ့ လူထုလှုပ်ရှားမှု တစ်ရပ် ပြုလုပ်ရန် လက်မှတ်တွေ ကောက်ခံစုဆောင်းနေတယ်လို့ သိရပါတယ်။


အဆိုပါ လှုပ်ရှားမှုမှာ မြန်မာ ပြည်သူတွေရဲ့ ထောက်ခံလက်မှတ်တွေနဲ့ အတူ စစ်အာဏာသိမ်းမှု ရက်တစ်ထောင်ပြည့်မယ့် အောက်တိုဘာ ၂၉ ရက်နေ့မှာ စင်ကာပူ အစိုးရဆီ စာပေးပို့ တောင်းဆိုတာ အပြင် အွန်လိုင်းနဲ့ မြေပြင် လှုပ်ရှားမှုတွေလည်း လုပ်ဆောင်သွားမယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး အဖွဲ့ ကဆိုပါတယ်။


အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း စင်ကာပူအခြေစိုက် လက်နက်ကုမ္ပဏီ ၁၃၈ ခုက အမေရိကန်ဒေါ်လာ ၂၅၄ သန်း တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ၊ စစ်ဖက်နဲ့အရပ်ဖက် နှစ်မျိုးသုံး ကုန်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်ဆီ ရောင်းချခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


စင်ကာပူအစိုးရ တာဝန်ရှိသူတွေက အဲ့ဒီအစီရင်ခံစာမှ ဖော်ပြချက်တွေကို ငြင်းဆန်ထား ပေမယ့် နောက်ကွယ်ကနေ စစ်ကောင်စီနဲ့ ပတ်သက်မှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး လက်ရှိစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု တွေအတွက် အစိတ်အပိုင်းတွေကို စင်ကာပူနိုင်ငံက ကုန်ကြမ်းအနေနဲ့ တင်ပို့ပေးနေတာလို့ သွေးစွန်းငွေအဖွဲ့ တာဝန်ရှိ သူကပြောပါတယ်။


ဒါ့အပြင် စင်ကာပူနိုင်ငံက ဘဏ် ခုမှာ ရှိနေတဲ့ မြန်မာနိုင်ငံ နိုင်ငံခြားအရန်ငွေ ဒေါ်လာ . ဘီလီယံ ကိုလည်း စစ်ကောင်စီကို အသုံးပြုခွင့် လုံးဝမပေးဖို့၊ စစ်ကောင်စီတပ်ရဲ့ လက်နက် ဝယ်ယူရေးအတွက် စင်ကာပူဘဏ်တွေကို အသုံးချနေမှုကို ပိတ်ဆို့အရေးယူပေးဖို့ စတဲ့အချက်တွေ တောင်းဆိုသွားမယ်လို့ သိရပါတယ်။


အခုလှုပ်ရှားမှုဟာ တော်လှန်ရေးအတွက် အရေးပါတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး အနောက်အုပ်စုရဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် စစ်ရေးအသုံးစရိတ် ထိခိုက်နေတဲ့ စစ်ကောင်စီတပ်ကို စင်ကာပူနိုင်ငံ ကပါ ထပ်ပြီး အရေးယူပိတ်ဆို့ ခဲ့မယ်ဆိုရင် တော်လှန်ရေးအတွက် အကျိုးများမယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။


အဲဒီလှုပ်ရှားမှုကို ပြည်ပနိုင်ငံပေါင်း နှစ်ဆယ် နီးပါးနဲ့ ပြည်တွင်းမှာ အခုလ နောက်ဆုံးပတ် အောက်တိုဘာ ၂၅ရက် ကနေ ၃၁ရက် နေ့အထိ တပတ်ကြာ တပြိုင်တည်း ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment