📌 (ချင်း တိုင်းရင်းသား - Matupi ) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၃ အောက်တိုဘာလ ( ၂၃ ) ရက်နေ့ ရပြည်တွင်းသတင်းများ
📌📌 ၁။ PDF Zolandမှ တီးတိန်မြို့ပေါ်နဲ့ အနီးအနားရွာများသို့ကင်းလှည့်
The Matupi Times အောက်တိုဘာ ၁၆၊ ၂၀၂၃
ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်နဲ့ ရွာပေါင်းဆယ်ရွာခန့်ကို အောက်တိုဘာ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ အင်းအားတစ်ရာကျော်နဲ့ ကင်းလှည့်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ဇိုလဲန့်တပ်ဖွဲ့ (PDF Zoland) ကသတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့မှာ တီးတိန်မြို့ပေါ်ကို ကားလေးစီးအပါအဝင် မော်တော်ဆိုင်ကယ်တွေနဲ့ အင်အားတစ်ရာကျော် လှည့်လည်နိုင်ခဲ့တာလို့သိရပါတယ်။လက်ရှိမှာ တီးတိန်မြို့ပေါ်ရဲ့ နေရာ သုံးပုံ နှစ်ပုံလောက် နယ်မြေစိုးမိုးထားတယ်လို့ PDF Zoland ကပြောပါတယ်။
ကင်းလှည့်လည်ပြီးတော့ တီးတိန်မြို့ပေါ်နဲ့ ရွာပေါင်းဆယ်ရွာခန့်ကဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကိုလည်း CDM ပြုလုပ်ပြီး လာရောက် ပူးပေါင်းကြဖို့ PDF Zoland အဖွဲ့က ဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၂။ ချက်နိုင်ငံမှာ ကျင်းပတဲ့ (၂၇)ကြိမ်မြောက် ဖိုရမ် ၂၀၀၀ ကို NUG အစိုးရ၀န်ကြီးများတက်ရောက်
The Matupi Times အောက်တိုဘာ ၁၆၊ ၃၀၂၃
ချက်နိုင်ငံ၊ ပရာ့ဂ်မြို့မှာကျင်းပနေတဲ့ ၂၇ ကြိမ်မြောက် ဖိုရမ် ၂၀၀၀ (Forum 2000) ဆွေးနွေးပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင် ၊ လူ့အခွင့်အရေး၀န်ကြီး ဦးအောင်မျိုးမင်းနဲ့ ချက်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်တို့ တက်ရောက်နေတယ်လို့ NUG က သတင်းဓါတ်ပုံထုတ်ပြန်လာပါတယ်။
ချက်နိုင်ငံခြားရေး၀န်ကြီးဌာနနဲ ဥရောပသမဂ္ဂ (EU) တို့ ဦးစီးပြီး နှစ်စဥ်ပြုလုပ်လေ့ရှိတဲ့ ဖိုရမ် ဆွေးနွေးပွဲဖြစ်ပါတယ်။
အခုနှစ်ပွဲမှာ ကျော်ကြည့်ခံရတဲ့မြန်မာ့အရေး (Myanmar's Overlooked Struggle) ခေါင်းစဥ်နဲ့ NUG ၀န်ကြီးတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းကိုယ်စားလှယ်တွေ ၀င်ရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။
========================
📌📌 ၃။ မတူပီမြို့တွင် Solar သုံးပြီးအိမ်ရှေ့မီးမထွန်းသည့်နေအိမ်မှ Solar များကို သိမ်းယူမည်ဟု စကစဆို
The Matupi Times အောက်တိုဘာ ၁၈/၂၀၂၃
မတူပီ မြို့ပေါ်ရှိနေအိမ်ရှေ့လမ်းမီးမရှိသောကြောင့် စကစတပ်မှမြို့ပေါ်လူကြီးများကို အစည်းအ ေ၀းခေါ်ယူကာ Sola အသုံးပြုသည့်နေအိမ်များ နေအိမ်အပြင်ဘက်ကိုလမ်းမီးထွန်းပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
"အခုကိစ္စကို စကစတပ်က မြို့ပေါ်လူကြိီးတွေကိုခေါ်ပြီး တော့ပြောတာပါ။ စထွန်းကြတာ ပြီးခဲ့တဲ့ Sunday ညကနေ ထွန်းတယ်။ ထွန်းပေး ပေမယ့် ကြားကြီးတေ့ာမခံဘူး ဘက်ထရီလည်း ၀ယ်ရခက်၊ တစ်ချို့အိမ်တွေ မနက်ထိ ထွန်းလားတေ့ာမသိဘူး ။အိမ်ထဲမှာတေ့ာ ဖယောင်းတိုင်နဲ့ စာကြည့် တာတွေရှိမယ် စာမေးပွဲလည်းဖြေနေကြတာဆိုတေ့ာ။ " ဟုအမည်မဖော်လိုသူတစ်ဦးမှပြောကြားသည်။
ဆက်လက်၍ solar ရှိပြီးအိမ်ရှေ့မီးမထွန်းသောနေအိမ်မှ Solar များကို သိမ်းယူမည်ဟုစကစတပ်မှမြို့တွင်းလူကြီးများကိုပြောကြားသည်ဟုသိရသည်။
“ မြို့ထဲမှာနေအိမ်ရှေ့လမ်းမီးမထွန်းရင် မီးမထွန်းတဲ့အိမ်က Solar တွေသိမ်းမယ်လို့ပြောတယ်။စန်ဘောင်ရပ်ကွက်ဘက်မှာတော့ အိမ်ရှေ့မီးတွေထွန်းတယ်လို့ကြားတယ်။ လောင်ဗန်းဘက်မှာတော့ဘက်ထရီဝယ်မရလို့မီးမထွန်းကြဘူး” လို့ဒေသခံတစ်ဦးကပြောပါတယ်။
မတူပီမြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက်လှှျပ်စစ်မီးလုံး၀ပြတ်တောက်သွားပြီးယနေ့ထိလှျပ်စစ်မီးပြန်မရသေးပါ။
========================
📌📌 ၄။ Israel-Palestine တိုက်ပွဲကြောင့် နှစ်ဘက်နိုင်ငံမှ လူပေါင်း ၅၀၀၀ ထက်မနည်းသေဆုံး
Israel Palestine တိုက်ပွဲကြောင့် ယနေ့ထိနှစ်ဘက်နိုင်ငံမှ သေဆုံးသူများလာပါတယ်။ တိုက်ပွဲတွေကြောင့်နှစ်ဘက်နိုင်ငံမှ လူပေါင်း ၅၀၀၀ ထက်မနည်းသေဆုံးပြီဖြစ် ကြောင်းသိရပါတယ်။
တိုက်ပွဲတွေကြောင့်ယနေ့ထိ Gaza ဒေသမှ လူပေါင်း ၃၅၀၀ကျော်သေဆုံးပြီး အစ္စရေးဘက်မှလူပေါင်း ၁၄၀၀ ကျော်
ခဲ့တယ်လို့သိရပါတယ်။ Gaza ဘက်က Hamas ရဲ့တိုက်ခိုက်တာတွေခံရပြီးနောက် အစ္စရေးဘက်မှ ထောက်ပံ့ပေးထားတဲ့ ရေ/လျှပ်စစ်မီး နှင့်အခြားဆေးဝါးတွေကို အကုန်ဖြတ်တောက်ထားတာကြောင့် Gaza ဒေသကပြည်သူတွေဒုက္ခရောက်နေကြရတယ်လို့သိရပါတယ်။
========================
📌📌 ၅။ စကစတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများအား ပုန်းခိုကျင်းများတူးထားကြရန် CDF မင်းတပ်ကသတိပေး
The Matupi Times အောက်တိုဘာ ၁၇ / ၂၀၂၃
မင်းတပ်မြို့ပေါ်ရှိစစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့နယ်ရှိကျေးရွာများသို့ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်လျက်ရှိ်ကြောင်းသိရသည်။ စကစ၏ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူနေအိမ်များပျက်စီးခြင်း၊ အိမ်မွေးတိရစ္ဆာန်များထိခိုက်သေဆုံးခြင်းများအပြင် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်သူများရှိကြောင်း CDF-Mindat က သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်း ၇:၁၅ အချိန်တွင် မင်းတပ်မြို့ပေါ်ရှိ ခလရ ၂၇၄ တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ၁၁ နှစ်အရွယ် ယောက်ျားလေး တစ်ဦးတို့ ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့မနက်ပိုင်းကလည်း တိုက်နယ်အမှတ် (၂) ကျေးရွာများကို ဟောင်ဝစ်ဇာ လက်နက်ကြီး (၃) ကြိမ်၊ ညနေပိုင်းတွင် မင်းတပ်-မတူပီလမ်း ၁၄ မိုင်ဘက်သို့ ဟောင်ဝစ်ဇာ လက်နက်ကြီး (၃) ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အောက်တိုဘာ ၁၃ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်တွင်လည်း စကစ၏လက်နက်ကြီး ထပ်မံရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်မျာ ထိခိုက်ပျက်စီးပြီး၊ အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့ရတယ်လို့ မင်းတပ်မြို့နယ်(ပအဖ) က သတင်းထုတ်ပြန်ထားပါတယ်။
အခုလိုစကစတပ်က မကြာခဏလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေကြောင့် မင်းတပ်မြို့နယ်ရှိကျေးရွာများမှ ကျောင်းသူ/သားများနှင့်သက်ကြီးရွယ်အိုများအနေဖြင့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်တဲ့သူတွေလည်းရှိတယ်လို့ CDF-Mindat ကဆိုပါတယ်။
မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးတိုက်ခိုက်မှုအန္တရာယ်တို့မှ ကာကွယ်နိုင်ရန်အတွက် မိမိနေအိမ်များအနီးပုန်းခိုကျင်းများ တူးထားကြရန် CDF - မင်းတပ်က အောက်တိုဘာလ ၁၅ရက်နေ့၌ အသိပေးချက်ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့နယ်၌ ယခင်စက်တင်ဘာလအတွင်းတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ(၅)ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်သား(၄)ဦး သေဆုံးခဲ့ကာ (၉)ဦးဒဏ်ရာရှိခဲ့သည်။
========================
📌📌 ၆။ စကစတပ်သားတွေအတွက် စစ်တပ်က လေယာဉ်နဲ့ လာချပေးတဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးတချို့ကို KIA ဘက်ကရရှိ
The Matupi Times အောက်တိုဘာ ၁၆/၂၀၂၃
ကချင်ပြည်နယ် နမ်ဆန်ယန်အနီး လိုင်လွမ်အောင်ဂျာယန်ဘက် ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းအဖွဲ့ကို အောက်တိုဘာ ၁၄ ရက် နေ့လယ် ၃ နာရီခွဲနဲ့ ၅ နာရီကြားမှာ စစ်ကောင်စီက လေယာဉ်နဲ့ လာချပေးတဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးတချို့ကို KIA ဘက်က ရရှိခဲ့
တယ်လို့ ဒေသခံသတင်းတွေမှာဖော်ပြထားပါတယ်။
"လေထီး ၁၁ စီး ကျလာတဲ့အထဲက ၁ စီးကို KIA ဘက်က ရလိုက်တယ်" လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက Shwe.PM မီဒီယာကို ပြောပါတယ်။
အဲဒီထောက်ပို့ပစ္စည်း သွားကောက်တဲ့အချိန်မှာလည်း စစ်ကောင်စီတပ်သားတွေနဲ့တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ထောက်ပို့အထုပ်ထဲမှာ ရိက္ခာနဲ့ ဆေးဝါးတွေ အပြင် လက်နက်ခဲယမ်းပစ္စည်းတွေလည်း ပါတယ်လို့ ဆိုပါတယ်။
လိုင်လွမ်အောင်ဂျာယန်အနီး စစ်တပ်နဲ့ KIA တို့အကြား နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေပြီး အောက်တိုဘာ ၁၃ ရက်က လေယာဉ် ၃ စီးနဲ့ ၄ ကြိမ်၊ အောက်တိုဘာ ၁၁ ရက်က လေယာဉ် ၄ စီးနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
No comments:
Post a Comment