23rd OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အစ္စရေးကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို လုံခြုံရေးနဲ့ အကူအညီပေးဖို့ ဒေသအာဏာပိုင်တွေကို NUG ယာယီသမ္မတ ဒူဝါလရှီးလက မေတ္တာရပ်ခံ

📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီမှ လုပ်ငန်းဆောင်ရွက်ချက်များနဲ့ ရှေ့လုပ်ငန်းစဉ်များကို CRPH အစည်းအဝေးတွင် ရှင်းလင်းတင်ပြ

📌 ၃။ သဘာဝဘေးဒဏ်သင့် ပြည်သူများကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ ထောက်ပံ့

📌 ၄။ ပြည်သူ့ဘဏ္ဍာ ကာကွယ် တည်ဆောက်ပြီး အောင်ပွဲအလီလီ ဆွတ်ခူးဖို့နွေဦးဘဏ် အကောင့် တစ်သိန်း ကမ်ပိန်းကို အသိပေးမိတ်ဆက်

📌 ၅။ ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်မှ ဒေသခံ ဦးကို စစ်တပ်ကဖမ်းဆီးနှိပ်စက်၊ သေဆုံးသွားသူ၏ ရုပ်အလောင်းကို မိသားစုထံပြန်မပေးဘဲ ဖျောက်ဖျက်

📌 ၆။ တီးတိန်မြို့နယ် သိုင်းငင်းရွာ စစ်စခန်းမှ စစ်သားတစ်ဦး CDF CDM -Siyin တပ်ဖွဲ့ထံအလင်းဝင်

📌 ၇။ ကရင်ပြည်နယ် တပ်မဟာ နယ်မြေအတွင်း ဖြစ်ခဲ့သောတိုက်ပွဲတွင် စစ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာရ

📌 ၈။ စစ်ကောင်စီတပ် အထိုင် နေရာကို CDF ကန်ပက်လက်က ထပ်မံ စီးနင်းတိုက်ခိုက် ထိခိုက်သေဆုံးမှု ရှိဟုဆို

📌 ၉။ စစ်ကောင်စီ ဖျက်ဆီးခဲ့တဲ့ ဘီးလင်းမြို့နယ်ထဲက ကျေးရွာလမ်းတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ပြန်လည်ပြင်ဆင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အစ္စရေးကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို လုံခြုံရေးနဲ့ အကူအညီပေးဖို့ ဒေသအာဏာပိုင်တွေကို NUG ယာယီသမ္မတ ဒူဝါလရှီးလက မေတ္တာရပ်ခံ


အောက်တိုဘာ ၂၂။

အောက်တိုဘာလ ရက်နေ့က စတင်ဖြစ်ပေါ်ခဲ့တဲ့ ပါလက်စတိုင်း - အစ္စရေး ပဋိပက္ခအတွင်းမှာ အရပ်သားပြည်သူတွေ အမြောက်အမြား သေကြေပျက်စီးခဲ့တာနဲ့ အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးခဲ့တာတွေအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီလက Twitter လူမှုကွန်ရက်မှာ အောက်တိုဘာ ၁၉ ရက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 

အဆိုပါ တိုက်ပွဲတွေအတွင်း အစ္စရေးနိုင်ငံထဲမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား အမြောက်အမြား ပိတ်မိနေခဲ့တာဖြစ်ပြီး ပါလက်စတိုင်း-အစ္စရေး နှစ်ဖက်စလုံးက ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို နိုင်ငံတကာက ချက်ခြင်းပေးပို့ဖို့နဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် တခြားနိုင်ငံခြားသားတွေ အားလုံးကို ဒေသခံ အာဏာပိုင်တွေက အကာအကွယ်ပေးဖို့ကိုလည်း ယာယီသမ္မတကြီးက တိုက်တွန်းခဲ့ပါတယ်။


အရပ်သားတွေ၊ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ အားလုံးအတွက် လုံခြုံရေးနဲ့ လိုအပ်တဲ့အကူအညီတွေ သက်ဆိုင်ရာ အာဏာပိုင်တွေက ပေးဖို့ သမ္မတကြီးက မေတ္တာရပ်ခံထားတာပါ။" လို့ NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က မီဒီယာကို ဖြေကြားထားပါတယ်။


ယူကရိန်းအရေး၊ အာဖဂန်နစ္စတန်အရေး၊ ဆီးရီးယား၊ အစ္စရေး- ဂါဇာကမ်းမြောင် စသဖြင့် ကမ္ဘာတဝှမ်းမှာ အရေးပေါ်အခြေအနေတွေ ဖြစ်ပေါ်နေတာကြောင့် ပြည်တွင်းစစ် သဏ္ဍာန်ဆောင်နေတဲ့ မြန်မာပြည်သူတွေအရေးဟာ ဦးစားပေး အနေအထားမှာ မရှိဘဲ နိုင်ငံတကာရဲ့ မျက်ကွယ်ပြုခံရသလို ဖြစ်နေတာပါ။ 

ဒီလိုအခြေအနေတွေကို စစ်ကောင်စီက အခွင့်အရေးယူပြီး အောက်တိုဘာ ရက်နေ့မှာ ကချင်ပြည်နယ် လိုင်ဇာအနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် ပြည်သူ ၂၉ ယောက်သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ ပါတယ်။


========================


📌📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီမှ လုပ်ငန်းဆောင်ရွက်ချက်များနဲ့ ရှေ့လုပ်ငန်းစဉ်များကို CRPH အစည်းအဝေးတွင် ရှင်းလင်းတင်ပြ


အောက်တိုဘာ ၂၂။

အောက်တိုဘာလ ၂၀ ရက်နေ့မှာ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့တဲ့ CRPH ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၂/၂၀၂၃) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီက လုပ်ငန်းဆောင်ရွက်ချက်များနဲ့ ရှေ့လုပ်ငန်းစဉ်များကို တက်ရောက်ရှင်းလင်း တင်ပြခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအနေဖြင့် .. (မြို့နယ်၊ ခရိုင်) ဖွဲ့စည်းမှု၊ .. ဖွဲ့စည်းမှု၊ ရဲတပ်ဖွဲ့ ဖွဲ့စည်းမှု၊ .. သင်တန်းများ သင်ကြားပို့ချပေးနေမှု၊ အမှုအခင်းများအတွက် ဆောင်ရွက်ထားရှိမှု၊ မူးယစ်ဆေးဝါးဖျက်ဆီးမှု၊ တိုင်းအလိုက် တွေ့ဆုံဆွေးနွေးမှုများ၊ တိုင်ကြားစာများအား ဆောင်ရွက်မှု အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး ရှေ့လုပ်ငန်းစဥ်များကိုလည်း ဆွေးနွေးပြောကြားခဲ့ပါတယ်။


ထိုနောက် တက်ရောက်လာတဲ့ ကော်မတီဝင်များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး ရှေ့ဆက်ချိတ်ဆက် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီ အဖွဲ့ဝင်များ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ သဘာဝဘေးဒဏ်သင့် ပြည်သူများကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ ထောက်ပံ့


 အောက်တိုဘာ ၂၂။

အမျိုးသားညီညွတ်ရေး အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများကြောင့် ထိခိုက်ခံစားနေရတဲ့ ပြည်သူများအနက် အိမ်ထောင်စု (၃၀၄) စုအား အရေးပေါ် ဆန် ရိက္ခာများကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။


အဆိုပါထောက်ပံ့မှုကို နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု၏ ရန်ပုံငွေပံ့ပိုးမှု၊ မြို့နယ်လူသားစာနာ တာဝန်ခံများ၏ စီမံခန့်ခွဲမှုတို့ဖြင့် ချိတ်ဆက်ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း  အောက်တိုဘာ ၂၂ ရက်နေ့ တွင် လူသားစာနာ ဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ထားပါတယ်။


လူသားစာနာဝန်ကြီးဌာနသည် သက်ဆိုင်ရာ မြေပြင်အုပ်ချုပ်ရေးအဖွဲ့များ၊ လူသားစာနာ တာဝန်ခံများနှင့် ချိတ်ဆက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်စီးခြင်းခံခဲ့ရတဲ့ ကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူများကို လိုအပ်သည့် စားနပ်ရိက္ခာများ၊ အမိုးအကာများနှင့် အရေးပေါ်လိုအပ်သည့်ကယ်ဆယ်ရေးပစ္စည်းများကိုလည်း ချိတ်ဆက်ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။


ထို့အပြင် စစ်ကောင်စီတပ်က ပြည်သူများနေထိုင်ရာ နေအိမ် အဆောက်အအုံများကိုပါ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လုံခြုံရေး စိတ်ချရသည့် နေရာများတွင် ယာယီတဲများနှင့် နေအိမ်များ ပြန်လည်တည်ဆောက်ပေးနိုင်ရန် အရေးပေါ် အမိုးအကာများကို ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ပြည်သူ့ဘဏ္ဍာ ကာကွယ် တည်ဆောက်ပြီး အောင်ပွဲအလီလီ ဆွတ်ခူးဖို့နွေဦးဘဏ် အကောင့် တစ်သိန်း ကမ်ပိန်းကို အသိပေးမိတ်ဆက်


အောက်တိုဘာ ၂၂။

ပြည်သူ့ဘဏ္ဍာ ကာကွယ်တည်ဆောက်ပြီး အောင်ပွဲအလီလီ ဆွတ်ခူးဖို့ နွေဦးဘဏ် အကောင့် တစ်သိန်း ရရှိအောင် စည်းရုံးဆောင်ရွက်ကြပါရန် အောက်တိုဘာလ အတွင်းမှာ နွေဦးဖွံဖြိုးရေးဘဏ် SDB ကနွေဦးဘဏ် အကောင့် တစ်သိန်း ကမ်ပိန်းကို အသိပေး ဆိုထားပါတယ်။


နွေဦးဖွံဖြိုးရေးဘဏ်ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တဆင့် "ရန်သူက ရန်သူအလုပ် လုပ်နေချိန်မှာ ဓမ္မဘက်တော်သားတွေကလည်း နိုင်ရာတာဝန်ကိုထမ်းပြီး ပြည်သူ့ အင်အားကို ပြသကြဖို့ လိုအပ်ပါတယ်။ ပြည်သူ့ဘဏ္ဍာ ကာကွယ်တည်ဆောက်ပြီး အောင်ပွဲအလီလီ ဆွတ်ခူးဖို့ အကောင့် တစ်သိန်း ရရှိအောင် စည်းရုံးကြရအောင်" လို့ တိုက်တွန်းထားပါတယ်။


စစ်ကောင်စီ ထိန်းချုပ်ထားသော ဘဏ်စနစ်အတွင်း ငွေကြေးစီးဆင်းမှု ဖြတ်တောက်ရန်၊ ရန်ပုံငွေရှာဖွေရန်နှင့် တော်လှန်ရေးအလွန်ကာလတွင် ယုံကြည်စိတ်ချရတဲ့ ဘဏ်စနစ် အသင့်ဖြစ်စေရန် ရည်ရွယ်ပြီး နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) တည်ထောင်ထားခြင်း ဖြစ်ပါတယ်။


ယခုအခါ နွေဦးဖွံဖြိုးရေးဘဏ်တွင် Australian Dollar (AUD), Malaysian Ringgit (MYR), British Pound (GBP), Euro (EUR), Japan Yen (JPY), Korean Won (KRW) စတဲ့ ငွေကြေးအမျိုးအစားအသစ် မျိုးကို စတင်မိတ်ဆက် ဝန်ဆောင်မှု ပေးနေပြီ ဖြစ်ပါတယ်။


========================


📌📌 ၅။ ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်မှ ဒေသခံ ဦးကို စစ်တပ်ကဖမ်းဆီးနှိပ်စက်၊ သေဆုံးသွားသူ၏ ရုပ်အလောင်းကို မိသားစုထံပြန်မပေးဘဲ ဖျောက်ဖျက်


အောက်တိုဘာ ၂၂။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ် ပုဏ္ဏားကြီးကျေးရွာက ဒေသခံ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် နှိပ်စက်ခဲ့ရာကနေ သေဆုံးသွားတဲ့အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို မိသားစုထံပြန်မပေးဘဲ ဖျောက်ဖျက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်က ချပ်သင်းစံပြကျေးရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အောက်တိုဘာ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ပုဏ္ဏားကြီးကျေးရွာကိုရောက်ရှိလာကာ အပြစ်မဲ့ရွာသား ဦးကို ဖမ်းဆီးခဲ့ပြီး ကျေးရွာအတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို ရိက္ခာအဖြစ် ယူဆောင်သွားခဲ့တယ်လို့ Kotaungbo Revolution KTB-R က အသိပေးထုတ်ပြန်ထားပါတယ်။


ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရွာသားတွေထဲက ဦးကို ညှင်းပမ်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့အတူ မနက် နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ညှင်းပမ်းနှိပ်စက်ခံရမှုကြောင့် သေဆုံးသွားတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကိုတော့ မိသားစုဝင်တွေထံ ပြန်မပေးဘူးလို့ သိရပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်တာကိုခံရသူတွေဟာ ပုဏ္ဏားကြီးကျေးရွာက အသက် ၄ဝ အရွယ် ဦးစိန်လင်း၊ ဦးကျော်အေး ၃၅ နှစ်၊ ဦးမြင့်လွင် ၄ဝ နှစ်၊ ဦးအောင်ခင်တင့် ၃၄ နှစ်၊ ဦးမြင့်သောင်း ၆ဝ နှစ်၊ ဦးငွေစိုး ၃၇ နှစ်၊ ဦးဌေးအောင် ၄ဝ နှစ်၊ ကိုကျော်ခန့်နိုင် ၁၇ နှစ်တို့ဖြစ်တယ်လို့ Kotaungbo Revolution KTB-R က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ တီးတိန်မြို့နယ် သိုင်းငင်းရွာ စစ်စခန်းမှ စစ်သားတစ်ဦး CDF CDM -Siyin တပ်ဖွဲ့ထံအလင်းဝင်


အောက်တိုဘာ ၂၂။

ချင်းပြည်နယ် တီးတိန်းမြို့နယ်မှာရှိတဲ့ သိုင်းငင်းရွာ စစ်စခန်းက စစ်သားတစ်ဦး CDF CDM -Siyin တပ်ဖွဲ့ထံ အလင်းဝင် လာတယ်လို့ Civic Defense Militia - CDM -Siyin က ထုတ်ပြန်လိုက်ပါတယ်။

Civic Defense Militia - CDM -Siyin တပ်ဖွဲ့ထံ အလင်းဝင်လာသူဟာ စစ်ကောင်စီတပ်ရင်း ခလရ ၂၆၉ တပ်က တပ်သားတစ်ဦးဖြစ်ပြီး အောက်တိုဘာ ၂ဝ ရက်နေ့က အလင်းဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုအလင်းဝင်လာတဲ့သူကို ပြည်သူ့ကာကွယ်ရေးအဖွဲက အားရကျေနပ်မှုအပြည်နဲ့ ကြိုဆိုခဲ့တဲ့အပြင် လွတ်မြောက်နယ်မြေကိုရောက်တဲ့အထိ လုံခြုံစိတ်ချစွာနေထိုင်နိုင်ဖို့လည်း စီစဉ်ပေးထားတယ်လို့ CDF CDM -Siyin က အသိပေး ထားပါတယ်။ 

အဆုံးသတ်တိုက်ပွဲနီးကပ်လာတာနဲ့အမျှ ပြည်သူ့ရင်ခွင်ဆီ အချိန်မီအလင်းဝင်လိုတဲ့ မည်သူ့ကိုမဆို CDF CDM -Siyin အနေနဲ့ အားပေးထောက်ခံကြိုဆိုနေမှာဖြစ်ကြောင်းလည်း ဖိတ်ခေါ်ထားပါတယ်။ 

ဒါ့အပြင် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာမယ်ဆိုရင်လည်း အနည်းဆုံး ကျပ်သိန်း ၅ဝ နဲ့အထက် ထောက်ပံ့ပေးမှာဖြစ်ပြီး ပစ္စည်းအမျိုးအစားနဲ့အရေအတွက်ပေါ်မူတည်ပြီး ဆုကြေးငွေ ထပ်မံချီးမြင့်ပေးမယ်လို့ Civic Defense Militia - CDM -Siyin က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ ကရင်ပြည်နယ် တပ်မဟာ နယ်မြေအတွင်း ဖြစ်ခဲ့သောတိုက်ပွဲတွင် စစ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာရ


အောက်တိုဘာ ၂၂။

ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်အုပ်ချုပ်မှုဒေသ တပ်မဟာ နယ်မြေမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာရသွားတယ်လို့ KNU မူတြော်စဉ်က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၂ဝ ရက်နေ့က ဘူးသိုမြို့နယ် ကဝါကျိုးမှာ စခန်းချနေတေဲ့ စစ်ကောင်စီစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ- လက်အောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ခွဲတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၈ ရက်‌နေ့ နံနက်ပိုင်းကလည်း လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စုအတွင်း နယ်မြေကျူးကျော် တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုလည်း KNLA တပ်မဟာ- လက်အောက်က တပ်ရင်း၊ တပ်ခွဲတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး ဦးဒဏ်ရာရရှိသွားတယ်လို့ အသိပေးထားပါတယ်။  


ဒါ့အပြင် အောက်တိုဘာလ ၁၇ ရက်နေ့မှာလည်း KNLA တပ်မဟာ လက်အောက်က တပ်ရင်း၊ တပ်ခွဲတွေဟာ  ဒွယ်လိုးမြို့နယ် မယ်ဝေဒေသအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘလယ်လူစခန်းကို တိုက်ခိုက်ခဲ့ရာမှာလည်း  စစ်သား ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

 

အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း နယ်မြေကျူးကျော်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေစခန်းချရာ ခေါ်ဒေါခိုနဲ့ ထို့ညိုခီးစခန်းတွေကို တိုက်ခိုက်ခဲ့ရာမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံးပြီး ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ KNU မူတြော်စဉ်က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၈။ စစ်ကောင်စီတပ် အထိုင် နေရာကို CDF ကန်ပက်လက်က ထပ်မံ စီးနင်းတိုက်ခိုက် ထိခိုက်သေဆုံးမှု ရှိဟုဆို


အောက်တိုဘာ ၂၂။

ချင်းပြည်နယ် တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်မှာ စစ်ကောင်စီတပ် အထိုင်ချနေတဲ့ နေရာ ခုကို တပြိုင်တည်း စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF (ကန်ပက်လက်) က သတင်းထုတ်ပြန် ထားပါတယ်။


အောက်တိုဘာလ ၂၀ ရက် မနက် နာရီခန့်က ကန်ပတ်လက် မြို့ပေါ်မှ ထွေအုပ်ရုံး၊ အထကကျောင်း၊ ရန်အောင်စေတီနဲ့ မြို့နယ်ပညာရေးရုံးတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့တာလို့  CDF (ကန်ပက်လက်) က ဆိုပါတယ်။


နာရီဝန်းကျင် ကြာခဲ့တဲ့ ဖက် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးတာ ရှိနိုင်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောထားပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းကလည်း ကန်ပက်လက် မြို့တွင်း စစ်ကောင်စီတပ် အထိုင်နေရာ ခုကို စီးနင်းပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။


စစ်ရေးတင်းမာနေတဲ့ ကန်ပက်လက်မှာ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာအနီးအနားကို ပြည်သူတွေအနေနဲ့ သွားလာတာ မလုပ်ဖို့ ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ကြေညာထားပါတယ်။


========================


📌📌 ၉။ စစ်ကောင်စီ ဖျက်ဆီးခဲ့တဲ့ ဘီးလင်းမြို့နယ်ထဲက ကျေးရွာလမ်းတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ပြန်လည်ပြင်ဆင်


အောက်တိုဘာ ၂၂။

အကြမ်းဖက် စစ်ကောင်စီတပ်က လာရောက်ဖျက်ဆီးခဲ့တဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာနဲ့ ခဲမောက်ကျေးရွာမှ လမ်းများကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြန်လည် ပြင်ဆင်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့ နာရီခန့်က စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူ အပါအဝင် အင်အားအများအပြားနဲ့ လုံခြုံရေးယူပြီး မြေတူးစက် စီးနဲ့ ခဲမောက်နှင့် ဒေါက်ရပ်ကျေးရွာကြားတွင် တစ်နေရာ ခဲမောက် ကျေးလက်ဆေးပေးခန်း အနီးတွင် တစ်နေရာ အလျှား ၁၅ ပေ၊ အနက် ပေ၊ အကျယ် ပေ ခန့် တူးပြီး အဲဒီလမ်းပိုင်းကို ဖျက်ဆီးပစ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။


အဆိုပါလမ်းပိုင်းများကို စစ်ကောင်စီတပ်မှ လာရောက်ဖျက်ဆီးချိန်တွင် KNLA နှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက် မောင်းထုတ်ခဲ့တယ်လို့ အောက်တိုဘာ ၂၁ ရက်နေ့က တောကျီးကန်း စစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီတပ်မှ ဖျက်ဆီးခဲ့တဲ့ အဆိုပါ လမ်းပိုင်းများကို တောကျီးကန်း စစ်ကြောင်း၊ တပင်ရွှေထီး စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များက အောက်တိုဘာ ၂၂ ရက် နေ့လည်က ပြန်လည်ပြင်ဆင်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။


အဆိုပါလမ်းများဟာ ကျေးရွာ ၁၀ ရွာထက်မနည်း ဒေသခံပြည်သူလူထုရဲ့ စားဝတ်နေရေး အဓိက မှီခိုအားထားနေရတဲ့ လမ်းများဖြစ်တာကြောင့် အခက်အခဲဖြစ်မှာကို စိုးရိမ်ခဲ့ရပေမယ့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက နောက်တစ်ရက်မှာပဲ ပြန်ပြင်ပေးခဲ့တယ်လို့ ရွာသားတစ်ဦးက  ဆိုပါတယ်။


စစ်ကောင်စီတပ်အနေဖြင့် မွန်ပြည်နယ် သထုံခရိုင်တွင် သထုံ၊ ဘီးလင်း၊ ကျိုက်ထို အတွင်းရှိ ကျေးရွာများမှ လမ်းများကိုလည်း ဖျက်ဆီးခဲ့ဖူးပြီး ဆန် ဆေးဝါးနဲ့ စက်သုံးဆီ စတာတွေကို သယ်ယူခွင့် ကန့်သတ်ခဲ့တာတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment